Return to Video

ပျားပန်းခပ်လှုပ်ရှားနေတဲ့ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်က ပန်းခြံတစ်ခု

  • 0:01 - 0:03
    ကျွန်တော့အိပ်မက်က
    New York City မှာ
  • 0:03 - 0:05
    ပထမဆုံး ကမ္ဘာ့ မြေအောက်ပန်းခြံတစ်ခု
    ဆောက်ဖို့ပါ
  • 0:05 - 0:08
    ဒီတော့တစ်ယောက်ယောက်
    ဘာလို့ မြေအောက်ပန်းခြံဆောက်ချင်နေခဲ့တာလဲ
  • 0:08 - 0:11
    နောက် ဘာဖြစ်လို့ New York City မှာပါလိမ့်
  • 0:11 - 0:13
    ဒီဘယ်ဘက်က ဂျစ်တစ်တစ်
    သတ္တဝါလေး (၃) ကောင်ကတော့
  • 0:13 - 0:16
    ကျွန်တော့ရဲ့ အဖွား၊ (၅)နှစ်တုန်းက၊
  • 0:16 - 0:17
    နောက်ပြီး သူ့အစ်မနဲ့ အစ်ကို
  • 0:17 - 0:19
    (၁၁)နှစ် နဲ့ (၉)နှစ်တုန်းကပါ။
  • 0:19 - 0:21
    ဒီဓာတ်ပုံက သူတို့တွေ အမေရိကကို
  • 0:21 - 0:23
    အခြေချဖို့ အီတလီက
    မထွက်ခင်လေးမှာ ရိုက်ခဲ့တာပါ
  • 0:23 - 0:25
    လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်ကပေါ့။
  • 0:25 - 0:27
    အဲဒီတုန်းက မျာပြားလှတဲ့
    အခြေချဖို့ လာသူတွေလိုပဲ
  • 0:27 - 0:30
    သူတို့ဟာ New York Cityမှာရှိတဲ့
    Lower East Side ကိုရောက်ခဲပြီး
  • 0:30 - 0:32
    ဆန်းပြားတဲ့ လူမျိုးစုံရှိရာအရပ်ကို
  • 0:32 - 0:33
    တွေ့ကြုံလိုက်ရတာပေါ့။
  • 0:33 - 0:35
    သူတို့မျိုးဆက်မှာ အံ့ဩဖို့ကောင်းတာက
  • 0:35 - 0:38
    သူတို့ဟာ ဒီမရင်းနှီးတဲ့ ဒေသအသစ်မှာ
  • 0:38 - 0:40
    ဘဝသစ် ထူထောင်ရုံတင်မကပဲ
  • 0:40 - 0:42
    တကယ့်ကို မြို့တော်ကိုပါ တည်ဆောက်
    နေကြတယ်ဆိုတာပါ
  • 0:42 - 0:45
    ဒီဆယ်စုနှစ်တွေနဲ့ ဒီသမိုင်းကြောင်းက
    ကျွန်တော့ကို
  • 0:45 - 0:46
    အမြဲစွဲမက်နေစေတာပေါ့
  • 0:46 - 0:48
    ပြီး အဖွားကိုNew York
    မြို့ဟောင်းနဲ့ ပတ်သက်တဲ့
  • 0:48 - 0:50
    အဖြစ်အပျက်တွေကို အများကြီးပြောပြဖို့
  • 0:50 - 0:52
    နားပူနားဆာ လုပ်ခဲ့တယ်
  • 0:52 - 0:54
    ဒါပေမဲ့ သူကမကြာခဏပဲ
    အရေးမစိုက်သလိုလုပ်လုပ်ပြီး၊
  • 0:54 - 0:57
    အသားလုံးတွေ၊ အီတလီခေါက်ဆွဲတွေ
    ထပ်စားဖို့ပဲ ပြောပြောနေတယ်
  • 0:57 - 0:58
    ဒီတော့ ကျွန်တော်ကြားချင်တဲ့
  • 0:58 - 1:01
    သမိုင်းကြောင်းကို ကြားရဖို့က တော်တော့ကို
    ကြုံတောင့်ကြုံခဲပါ
  • 1:01 - 1:03
    ကျွန်တော် ကြုံနေရတဲ့
    New York City က
  • 1:03 - 1:05
    အဆောက်အအုံတော်တော်
    ထူထပ်တယ်လို့ ခံစားမိတယ်
  • 1:05 - 1:06
    ကလေးဘဝထဲက အမြဲတမ်းသိခဲ့တာက
  • 1:06 - 1:08
    ပြောင်းလဲမှုလုပ်ချင်တယ်၊
    တစ်နည်းနည်းနဲ့
  • 1:08 - 1:10
    ကမ္ဘာကြီးကို ပိုလှ၊
    ပိုစိတ်ဝင်စားစရာကောင်း၊
  • 1:10 - 1:11
    ပိုထိုက်တန်စေချင်တယ်။
  • 1:11 - 1:13
    ဘယ်လိုလဲလို့တော့ တကယ်ပဲမသိခဲ့ပါဘူး
  • 1:13 - 1:15
    ပထမ နိူင်ငံခြားမှာ အလုပ်လုပ်ချင်တာလို့ ထင်ခဲ့တယ်
  • 1:15 - 1:17
    ဒါကြောင့် ကင်ညာက
    ယူနီဆက်မှာ အလုပ်ဝင်လုပ်ခဲ့တယ်
  • 1:17 - 1:20
    ကျွန်တော် ဘယ်လိုဖြစ်မှန်း မသိအောင်
    ဖြစ်နေတာက ကျွန်တော်ဟာ
  • 1:20 - 1:23
    ကိုယ့်မွေးမြေရဲ့ နိူင်ငံရေးထက်
    ကင်ညာက နိူင်ငံရေးကို ပိုသိနေတယ်ဆိုတာပါ
  • 1:23 - 1:25
    New York City အလုပ်လုပ်ခဲ့တယ်
  • 1:25 - 1:27
    ဒါပေမဲ့ ချက်ချင်းပဲ
    အစိုးရ ဗျူရိုကရေစီစနစ်ရဲ့ ကြန့်ကြာတာကို
  • 1:27 - 1:30
    အားလိုအားမရဖြစ်မိတယ်။
  • 1:30 - 1:32
    Google မှာတောင်မှ
    အလုပ်လုပ်လိုက်သေးတယ်
  • 1:32 - 1:35
    အဲဒီမှာ ခပ်မြန်မြန်ပဲ အများညီ
    "ဤ" ကျွဲဖတ် ဖြစ်သွားပြီး
  • 1:35 - 1:37
    နည်းပညာက လူမှု
    ပြဿနာအားလုံးကို ဖြေရှင်းပေးနိူင်တယ်လို့
  • 1:37 - 1:40
    စိတ်ပါလက်ပါကို ယုံကြည်သွားတာပေါ့
  • 1:40 - 1:44
    ဒါပေမဲ့ ကမ္ဘာကြီးကို ပိုကောင်းအောက်
    ဖန်တီးခဲ့တယ်လို့ ကျွန်တော် မခံစားမိပါဘူး
  • 1:44 - 1:46
    ၂၀၀၉ခုနှစ်တုန်းက ကျွန်တော့မိတ်ဆွေ၊
  • 1:46 - 1:47
    အခု စီးပွားဖက် James Ramsey က
  • 1:47 - 1:51
    ကျွန်တော့ကို တော်တော်လက်ဖျား ခါလောက်တဲ့
    နေရာတစ်ခုကို လက်တို့ခဲ့တယ်
  • 1:51 - 1:52
    ဒါက ဒီနေရာပေါ့ဗျာ။
  • 1:52 - 1:54
    ဒါကအရင်တုန်းက ထရော်လီ ဂိတ်ဟောင်းကြီးပါ
  • 1:54 - 1:57
    Williamsburg တံတာ;ကို ကျော်ဖြတ်ပြီး
  • 1:57 - 1:59
    Brooklyn ကနေ Manhattan မန်ဟာတန်ကို
  • 1:59 - 2:01
    သွားတဲ့ ခရီးသည်တွေအတွက် ဘူတာရုံဖြစ်ပြီး
  • 2:01 - 2:04
    (၁၉၀၈) နဲ့ (၁၉၄၈) အတွင်းမှာ ဖွင့်ခဲ့တာပေါ့။
  • 2:04 - 2:06
    ကျွန်တော့ အဖိုးအဖွားတွေ အဲဒီဒေသတစ်ဝိုက်မှာ
  • 2:06 - 2:08
    နေထိုင်နေတူန်းကာလကပေါ့ဗျာ။
  • 2:08 - 2:10
    နောက်ပြီး ကျွန်တော်တို့သိလိုက်ရတာက
  • 2:10 - 2:12
    အဲဒီနေရာက ၁၉၄၈မှာလုံးဝ
    စွန့်ပစ်ခံလိုက်ရတယ်တဲ့
  • 2:12 - 2:15
    ဒီတွေ့ရှိမှုကြောင့်
    အရမ်းစိတ်ဝင်စားသွားပြီး ကျွန်တော်တို့ကို
  • 2:15 - 2:18
    ဒီနေရာကို ဆွဲခေါ်စေဖို့
    သက်ဆိုင်ရာကို ပန်ကြားခဲ့တယ်
  • 2:18 - 2:19
    နောက်ဆုံးတော့
    ကြည့်ခွင့်ရခဲ့တယ်
  • 2:19 - 2:22
    ဒါက ကျွန်တော်တို့
    တွေ့ခဲ့ကြတာပေါ့
  • 2:22 - 2:23
    ဒီတော့ ဒီဓာတ်ပုံဟာ တကယ် မတရားဘူးဗျာ။
  • 2:23 - 2:26
    ဒီကို ခင်ဗျားတို့ရောက်ရင်ရမယ့်
    မယုံနိူင်စရာမှော်ဆန်တဲ့
  • 2:26 - 2:28
    ခံစားချက်က စိတ်ကူးကြည့်ဖို့
    သိပ်မလွယ်လှဘူးပေါ့
  • 2:28 - 2:32
    ဒါက မြို့ကြီးတစ်မြို့ရဲ့
    အရမ်းကျပ်နေတဲ့ နေရာအောက်ဘက်
  • 2:32 - 2:35
    တည့်တည့်မှာရှိနေတဲ့ မသုံးမသေးတဲ့
    မြေကွက်ရဲ့ ဘောလုံးကွင်းပါ
  • 2:35 - 2:38
    နောက် ခင်ဗျားဟာ ရှေးဟောင်းသုသေသန
    တူးဖေါ်မှုတစ်ခုပေါ်က
  • 2:38 - 2:39
    Indiana Jones နီးပါး ခံစားရတာပေါ့
  • 2:39 - 2:41
    အနုစိတ်အကုန်လုံး အဲဒီမှာရှိတုန်းပဲ
  • 2:41 - 2:43
    ဒါဟာတကယ်ပဲ တော်တော်လေး
    အံ့ဩစရာကောင်းပါတယ်
  • 2:43 - 2:45
    အခုဒီနေရာကိုယ်၌က Lower East Side ရဲ့
  • 2:45 - 2:47
    အချက်အချာနေရာမှာ တည်ရှိနေတာပေါ့။
  • 2:47 - 2:49
    နောက် မြို့ထဲက လူအထူထပ်ဆုံး
    ဒီပတ်ဝန်းကျင်တွေထဲက
  • 2:49 - 2:51
    တစ်ခုဟာ ယနေ့ထိတိုင် ရှိနေတုန်းပါပဲ။
  • 2:51 - 2:53
    New York Cityဟာ အခြားမြို့ကြီးတွေလိုပဲ
  • 2:53 - 2:55
    နေထိုင်သူတစ်ယောက်မှာ
    စိမ်းစိုတဲ့နေရာလပ် ၃ပုံ၂ပုံရှိပါတယ်
  • 2:55 - 2:58
    ဒီပတ်ဝန်းကျင်မှာတော့
    စိမ်းစိုတဲ့နေရာလပ် ၁၀ ပုံ ၁ ပုံပါ
  • 2:58 - 3:00
    ဒီတော့ ချက်ချင်းပဲ ဒီနေရာကိုယူပြီး
  • 3:00 - 3:02
    အများပြည်သူ သုံးလို့ရတာ
    တစ်ခုခုဖြစ်လာအောင်
  • 3:02 - 3:03
    ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ တွေးမိတယ်
  • 3:03 - 3:05
    စိန်းလန်းဖို့ အလားအလာတောင်
    ပါသေးတယ်
  • 3:05 - 3:08
    အစီအစဉ်က တိုတိုပြောရရင်
    သဘာဝနေရောင်ကို မြေအောက်ကိုဆွဲယူဖို့ပါ
  • 3:08 - 3:10
    လမ်းအထက်က နေရောင်ကို စုယူပြီး
  • 3:10 - 3:13
    ဒါကို၏ မြို့ရဲ့စင်္ကြန်လမ်းတွေအောက်ဘက်
    ချိန်ထိုးပေးလိုက်တယ်ဆိုတဲ့
  • 3:13 - 3:15
    ရိုးရှင်းတဲ့ နည်းကိုသုံးပြီးတော့ပေါ့။
  • 3:15 - 3:17
    အောက်ဘက်က ထိုးကျလာတဲ့ အလင်းရောင်နဲ့အတူ
    သစ်ပင်ကြီးငယ်တွေလည်း
  • 3:17 - 3:20
    ရှင်သန်ဖို့ အခွင့်အလမ်းဖြစ်တာပေါ့၊
    ပြောင်းလဲနိူင်တာပေါ့။
  • 3:20 - 3:22
    ဒီနည်းနဲ့ ခင်ဗျားတို့ ဒီနေ့
    ဒီလိုပုံပေါက်နေတဲ့
  • 3:22 - 3:24
    နေရာတစ်ခုကို ဒီလိုမျိုးပုံစံပေါက်တဲ့
  • 3:24 - 3:26
    တစ်ခုခုအဖြစ်ကို
  • 3:26 - 3:28
    ပြောင်းလဲနိူင်တာပေါ့ဗျာ။
  • 3:28 - 3:32
    ၂၀၁၁ခုနှစ်မှာ ဒီပုံရိပ်တွေကို
    ပထမဆုံး ဖြန့်ချီခဲ့ပါတယ်
  • 3:32 - 3:33
    ရယ်စရာကောင်းတာက
  • 3:33 - 3:35
    လူတော်တော်များများက ပြောတာက
    " အိုး ဒါက High Line
  • 3:35 - 3:37
    မြေအောက် ဘူတာရုံအတိုင်းပဲနော်"တဲ့ဗျာ။
  • 3:37 - 3:42
    ဒီတော့ ချစ်စနိူးအမည်ကလေးဟာ
    Lowline လို့အပြီးသတ်ဖြစ်လာခဲ့ပြီး၊
  • 3:42 - 3:43
    ဒါနဲ့ပဲ စွဲမြဲသွားခဲ့တော့တာပေါ့ဗျာ။
  • 3:43 - 3:46
    ဒီလိုနဲ့ Lowline ဟာမွေးဖွားလာခဲ့ပါတယ်။
  • 3:46 - 3:48
    သိသာတာက လူတွေက နည်းပညာဘယ်ပုံ ပေါက်နေပြီး
  • 3:48 - 3:50
    ဘယ်လိုခံစားနေလိမ့်မလဲဆိုတာကို
  • 3:50 - 3:51
    အများကြီး ပိုသိချင်နေကြသေးတယ်လေ။
  • 3:51 - 3:53
    ဖြစ်နိူင်သမျှ ကျွန်တော်တို့
    စဉ်စားမိတာထက်
  • 3:53 - 3:55
    တကယ်အများကြီးပိုပြီး
    စိတ်ဝင်တစားရှိခဲ့တယ်
  • 3:55 - 3:58
    ဒါကြောင့်အရူးတစ်ယောက်လို
    အလုပ်ကထွက်ပြီး ဒီပရောဂျက်ကို
  • 3:58 - 4:00
    လုံးလုံး အာရုံစိုက်ဖို့
    ဆုံးဖြတ်လိုက်တယ်
  • 4:00 - 4:02
    ဒါကကုန်လှောင်ရုံတစ်ခုမှာ
    ကျွန်တော်တို့အဖွဲ့နဲ့
  • 4:02 - 4:04
    နည်းပညာဆိုင်ရာ သရုပ်ပြပွဲတစ်ခု
  • 4:04 - 4:06
    ပြင်ဆင်နေတာပေါ့။
  • 4:06 - 4:09
    ဒါကနည်းပညာကို ပြသဖို့ တည်ဆောက်ထားတဲ့
  • 4:09 - 4:11
    နေရောင်ခြည်သုံးပေါင်းမိုးရဲ့ အောက်ဘက်ပါ
  • 4:11 - 4:14
    အဲဒီ အလယ်တည့်တည်မှာ
    နေရာင်ခြည်သုံး စလောင်းတစ်ခုကို တွေ့နိူင်တယ်
  • 4:14 - 4:16
    ဒါက ဒီကုန်လှောင်ရုံမှာစုပေါင်းတပ်ဆင်ထားတဲ့
  • 4:16 - 4:18
    ခင်းကျင်းမှု အပြည့်အစုံပါ။
  • 4:18 - 4:21
    နေရောင်ခြည်သုံး ပေါင်းမိုးကို
    ခေါင်းပေါ်မှာ တွေ့နိူင်ပါတယ်
  • 4:21 - 4:22
    အလင်းတန်းက စီးဝင်နေပါတယ်။


  • 4:22 - 4:24
    အောက်မှာ လုံးဝကိုအရှင်ဖြစ်နေတဲ့
    စိမ်းလန်းတဲ့နေရာလပ်ပါ
  • 4:24 - 4:26
    ဒါကြောင့် သီတင်းပတ် အနည်းငယ်အတွင်းမှာ
  • 4:26 - 4:29
    လူတွေ သောင်းချီ ကျွန်တော်တို့
    ခင်းကျင်းထားတာကို လာကြည့်ခဲ့တယ်
  • 4:29 - 4:31
    နောက် အဲဒီအချိန်ကတည်းက
    ပြည်တွင်းနဲ့တစ်ကမ္ဘာလုံးက
  • 4:31 - 4:33
    ဒီဇိုင်းဝါသနာအိုးတွေ
    အကြားမှာရှိတဲ့ ကျွန်တော်တို့ကို
  • 4:33 - 4:36
    ထောက်ခံသူတွေ အရေအတွက်ဟာ တိုးပွားလာပါပြီ
  • 4:36 - 4:38
    ဒါက Line ရဲ့အပေါ်လက်တည့်တည့် နေရာက ပတ်ဝန်းကျင်က
  • 4:38 - 4:40
    တင်ဆက်မှုကလေးတစ်ခုပါ။ တစ်ခုပါ။
  • 4:40 - 4:42
    ပြီး နောင်လာမယ့် ၁ နှစ်မှာဖြစ်လာမယ့်
  • 4:42 - 4:45
    အဓိကကပြောင်းလဲတိုးတက်မှု
    နောက်ပိုင်းမှာ ဘယ်ပုံပေါက်နေမယ်
  • 4:45 - 4:46
    ဆိုတာကို တင်ဆက်ထားတာ တစ်ခုပါ။
  • 4:46 - 4:49
    ပတ်ဝန်းကျင်က ဘယ်လိုလူနေထူထပ်တယ်ဆိုတာ
    ခံစားနေရဆဲပဲဆိုတာနဲ့
  • 4:49 - 4:51
    စိမ်းစိုတဲ့နေရာတွေ
    နည်းပါးနေတာကို သတိပြုလိုက်ပါ
  • 4:51 - 4:54
    ကျွန်တော့်အဆိုက ဒီပတ်ဝန်းကျင်ရဲ့
    အောက်ဘက်က စိမ်းစိုတဲ့ နေရာလပ်ရဲ့
  • 4:54 - 4:57
    ဘောလုံးကစားကွင်းတစ်ခု
    ဖြည့်ပေးမယ့် တကယ့်အရာပါ
  • 4:57 - 4:59
    ဒါပေမဲ့ ပိုပြီးအရေးကြီးတာက
  • 4:59 - 5:03
    တစ်ဟုန်ထိုး အဆင့်မြင့်မွမ်းမံနေတဲ့ ဒေသမှာ
    တကယ့်ကို လူ့အဖွဲ့အစည်း အရင်းခံတဲ့
  • 5:03 - 5:05
    ဆုံချက်တစ်ခုကို အစပျိုးပေးလိမ့်မယ်ဆိုတာပါ။
  • 5:05 - 5:07
    ကဲ အခု ကျွန်တော်တို့အနီးကပ် အာရုံစိုက်နေတာက
  • 5:07 - 5:10
    သမူဟဖြစ်တဲ့နည်းလမ်းတစ်ခုမှာ
    ဂေဟစနစ်တစ်ခုလုံးကို ခြုံငုံပြီး
  • 5:10 - 5:13
    တကယ့် ပြောင်းလဲစေတဲ့အပေါ်မှာ New York City
  • 5:13 - 5:14
    ဘယ်လို ချိတ်ဆက်မလဲဆိုတာကိုပါ။
  • 5:14 - 5:16
    ဒီမှာတော့ နေရာလပ်ဆီ လူတွေကို ဘယ်လိုဘယ်ပုံ
  • 5:16 - 5:18
    ဖိတ်ကြားလိမ့်မယ်ဆိုတာ တင်ဆက်ထားတာပါ
  • 5:18 - 5:21
    ဒီတော့ ခင်ဗျားတို့တွေ့မြင်ရတာက
    သင်္ကေတဆန်တဲ့ ဝင်ပေါက်ပါ။
  • 5:21 - 5:23
    ဒီကနေကျွန်တော်တို့ တကယ်ကိုပဲ
    လမ်းကို အလွှာလိုက်ခွာထုတ်ပြီး
  • 5:23 - 5:26
    မြို့တော်ရဲ့ သမိုင်းဝင်အလွာတွေကို
    လှစ်ဟပြပြီး
  • 5:26 - 5:28
    ဒီပူနွေးတဲ့မြေအောက်ကွက်လပ်ထဲ
    ဖိတ်မှာပါ
  • 5:28 - 5:30
    ဆောင်းရာသီအလယ်မှာ အပြင်မှာ
    အပြတ်အသတ် အေးခဲနေချိန်မှာပါ
  • 5:30 - 5:32
    နောက်ပိတ်ဆုံး ခင်ဗျားသွားချင်တဲ့နေရာက
  • 5:32 - 5:35
    လဟာပြင်ကွက်လပ်တစ်ခု ဒါမှမဟုတ်
    လဟာပြင် ပန်းခြံတစ်ခု ဖြစ်ပါလိမ့်မယ်
  • 5:35 - 5:37
    Lowline က တကယ့်ကို လေးရာသီ ပန်းခြံပါ
  • 5:37 - 5:39
    မြို့တော်ရဲ့ နားခိုရာတစ်ခု ဖြစ်လိမ့်မယ်
    ဒါကြောင့်
  • 5:39 - 5:41
    တွေးမိချင်တာက Lowline ဟာ
    တကယ်တော့
  • 5:41 - 5:44
    ကျွန်တော့ မိသားစုရဲ့ ပြည့်ဝတဲ့
    ဇာတ်လမ်းကို ယူလာပေးတယ်လို့ပါ
  • 5:44 - 5:46
    အကယ်၍များ ကျွန်တော့
    ဘိုးဘွားတွေနဲ့ မိဘတွေဟာ တကယ်ပဲ
  • 5:46 - 5:49
    မြို့တော်ကို တစ်နှံ့တစ်လျား
    ဆောက်တာကို အာရုံစိုက်ခဲ့တယ်ဆိုရင်
  • 5:49 - 5:51
    ကျွန်တော့မျိုးဆက်ကတော့
    ရှိပြီးသား နေရာလွတ်တွေကို
  • 5:51 - 5:53
    ဖော်ယူခြင်း၊ ကျွန်တော်တို့ တူညီမျှဝေထားတဲ့
  • 5:53 - 5:55
    သမိုင်းကို ပြန်ဖော်ထုတ်ခြင်း၊
    လူမှုအဖွဲ့အစည်းကို
  • 5:55 - 5:59
    ပိုစိတ်ဝင်စားစရာဖြစ်အောင်၊ ပိုလှအောင်၊
    ပိုထိုက်တန်အောင် ဘယ်လိုလုပ်မလဲ
  • 5:59 - 6:01
    ပြန်အသစ်ဖြစ်ဖို့အာရုံစိုက်နေတာပဲလို့
    ထင်ပါတယ်
  • 6:01 - 6:03
    ကျေးဇူးတင်ပါတယ်။

  • 6:03 - 6:04
    (လက်ခုပ်သံများ)
Title:
ပျားပန်းခပ်လှုပ်ရှားနေတဲ့ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်က ပန်းခြံတစ်ခု
Speaker:
ဒန် ဘာရာ့(စ်)ချ်
Description:

ဒန် ဘာရာ့(စ်)ချ် နဲ့ ဂျိန်းမ်(စ်) ရမ်ဆေးတို့ဆီမှာ ခပ်ကြောင်ကြောင် အစီအစဉ်တစ်ခုရှိပါတယ်။ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်မှာ စိမ်းလန်းတဲ့ အပင်တွေနဲ့ ပြည့်နှက်နေတဲ့ ပန်းခြံတစ်ခု ဖန်တီးဖို့ပါ။ သူတို့နှစ်ယောက်ဟာ ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်ရှိတဲ့ မြေအောက် အစိမ်းရောင်ကွက်လပ်တစ်ခုဖြစ်တဲ့ Lowline ကို တည်ဆောက်နေကြပါတယ်။ သူတို့တွေဟာ ၁၉၄၈ မှာ စွန့်ပစ်ထားခဲ့တဲ့ ထရော်လီဂိတ်တစ်ခုထဲမှာ ဒါကိုတည်ဆောက်နေတာဖြစ်ပြီး မြေပြင်ပေါ်မှာရှိတဲ့ နေ​ရောင်ခြည်ကို စုယူပြီး၊ ဒါကို အောက်ဘက်ကိုံ ချိန်ထိုးပေးတဲ့ နည်းပညာကို အသုံးပြုပြီးတော့ပေါ့။ ဒါဟာဆိုရင် ဆောင်းရာသီမှာတောင် ရှင်သန်ဖြစ်ထွန်းနိူင်တဲ့ ပန်းခြံတစ်ခုပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:17

Burmese subtitles

Revisions