Return to Video

COVID-19 အတွက် ဝန်းကျင်ဒေသအခြေပြု ဘက်ပေါင်းစုံမှ တုံ့ပြန်မှု

  • 0:01 - 0:02
    မင်္ဂလာ ညနေခင်းပါ။
  • 0:02 - 0:06
    Harlem Children's Zone မှာ အလုပ်လုပ်ရတာ
    ကောင်းချီးပေးခံရမှုပါပဲဗျာ။
  • 0:06 - 0:09
    အာဖရိကန်-အမေရိကန်များ ခေါင်းဆောင်တဲ့
    နေထိုင်ရာအခြေပြု ဘက်ပေါင်းစုံ
  • 0:09 - 0:12
    ဝန်ဆောင်မှုတွေကို စီစဉ်ပေးရာတွင်
    ရှေ့ဆောင် အဖွဲ့အစည်းတစ်ခုပါ။
  • 0:12 - 0:14
    ပုခက်မှ လုပ်ငန်းခွင်အထိပေါ့ဗျာ။
  • 0:14 - 0:17
    ဘက်ပေါင်းစုံဆိုတဲ့ စကားလုံးက ကျနော်တို့
    လုပ်နေတာရဲ့ အဓိကအချက်ပါပဲ။
  • 0:17 - 0:20
    ပါဝင်ကူညီပေးခြင်း အများစုက
    ရှုပ်ထွေးကြီးမားလွန်းတဲ့
  • 0:20 - 0:22
    ပဟေဠိရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ
    အာရုံစိုက်တတ်ကြတယ်။
  • 0:22 - 0:25
    ဒါပေမဲ့ ပဟေဠိကြီးကိုဖြေရှင်းဖို့
    အဲ့တာက မလုံလောက်နိုင်ပါဘူး။
  • 0:25 - 0:27
    ကျနော်တို့က ကျောင်းသားလေးတွေရဲ့
    အိမ်ထဲက အခြေအနေနဲ့
  • 0:27 - 0:29
    အိမ်တွင်းဝန်းကျင်ကို နားမလည်ရင်
  • 0:29 - 0:31
    သူတို့ပညာရေးကိုဖြေရှင်းပေးနိုင်မှာ
    မဟုတ်ဘူး။
  • 0:31 - 0:33
    ပိုကျယ်ပြန့်စွာ ကြည့်ရင်၊
    ကျန်းမာရေး၊ အာဟာရပြည့်ရေး
  • 0:33 - 0:36
    သို့မဟုတ် ပြစ်မှုဆိုင်ရာတရားမျှတရေး
    ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။
  • 0:36 - 0:39
    ကျနော်တို့အတွက် ပြောင်းလဲမှုတစ်ခုဆိုတာ
    ကလေးတစ်ယောက်အတွက် မဟုတ်ဘဲ
  • 0:39 - 0:41
    ဝန်းကျင်ဒေသ တစ်ခုလုံးအတွက်ပါပဲ။
  • 0:41 - 0:44
    ကျနော်တို့ဟာ ကိစ္စအများကြီးကို
    တပြိုင်တည်းလုပ်ရပါတယ်။
  • 0:44 - 0:48
    အဲ့တာ အလုပ်ဖြစ်တာ သက်သေထူပြဖို့
    ကျနော်တို့ဆီမှာ အနှစ်၂၀ စာ ဒေတာရှိတယ်။
  • 0:48 - 0:51
    ကျနော်တို့ရဲ့ ဘေဘီကောလိပ်ကနေ
    ဘွဲ့ရသူ ၇၀၀၀ ရှိသွားပြီ၊
  • 0:51 - 0:55
    ကျနော်တို့ ကျောင်းတွေမှာ လူဖြူ-လူမဲ အောင်
    မြင်မှု ကွာဟချက်ကို အဆုံးသတ်နိုင်ခဲ့ပြီ။
  • 0:55 - 0:58
    ကျနော်တို့ရဲ့ ကျန်းမာရေး အစီအစဉ်ဖြင့်
    အဝလွန်မှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်။
  • 0:58 - 1:02
    ပြီးတော့ ကောလိပ်မှာ စာရင်းသွင်းကြတဲ့
    ကျောင်းသား တစ်ထောင်နား ရောက်နေပြီ။
  • 1:02 - 1:05
    ကျနော်တို့ လက်တွဲယက်လုပ်ထားတဲ့ ဝန်ဆောင်မှု
    ကွန်ယက်က သိပ်ကျစ်လစ်တာမို့
  • 1:05 - 1:08
    ဘယ်သူမှာမှ အက်ကြောင်းထဲကနေ
    ထွက်ကျ မသွားနိုင်ပါဘူး။
  • 1:08 - 1:11
    ကျနော်တို့ဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေကို
    လှုံ့ဆော်နိုင်ခဲ့ကြတယ်။
  • 1:11 - 1:13
    US တဝှမ်းမှာ ကျနော်တို့ရဲ့
    လူမှုအသိုင်းအဝန်း ၅၀၀ ကျော်ရှိနေကာ
  • 1:14 - 1:15
    နိုင်ငံ ၇၀ ကျော်တို့ဟာ
  • 1:15 - 1:18
    ကျနော်တို့အဖွဲ့အစည်းရဲ့ ပုံစံကို
    လေ့လာဖို့ လာခဲ့ကြတယ်။
  • 1:18 - 1:21
    ခင်ဗျားတို့ သိကြတဲ့အတိုင်း
    ကမ္ဘာဂြိုလ်ဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ
  • 1:21 - 1:24
    ပြဿနာတွေကို ပုံးတွေထဲမှာ သပ်သပ်ရပ်ရပ်
    သိမ်းပေးထားတာ မဟုတ်ပါဘူး။
  • 1:24 - 1:27
    ဒါကြောင့် ဖြေရှင်းနည်းတွေဟာလည်း
    ဘက်ပေါင်းစုံ ထည့်စဉ်းစားပြီး
  • 1:27 - 1:29
    အားလုံးခြုံငုံမိဖို့ လိုပါတယ်။
  • 1:29 - 1:32
    အခုဆို ကျနော်တို့ဟာ ကမ္ဘာ့ရောဂါကပ်ကြီးကို
    ရင်ဆိုင်နေကြရပါတယ်။
  • 1:33 - 1:37
    ကျနော်တို့ အရင်တည်းက သိရှိခဲ့ကြတဲ့ အမှန်
    တရားကို COVID-19 က ဖွင့်ထုတ်ပြလိုက်ပါတယ်။
  • 1:37 - 1:39
    ကျနော်တို့ထဲက အဆင်းရဲဆုံးလူတွေဟာ
    သူတို့ရဲ့ အသက်တွေနဲ့
  • 1:39 - 1:42
    နေထိုင်မှုဘဝတွေနဲ့ အမြင်ဆုံး တန်ဖိုးကို
    ပေးဆပ်နေကြရတယ်။
  • 1:42 - 1:46
    အာဖရိကန်-အမေရိကန်အသိုင်းအဝန်းမှာ
    ဒါကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး၊
  • 1:46 - 1:50
    ကျနော်တို့ဟာ လူဖြူပြည်သူများနဲ့စာရင်
    COVID-19 ကြောင့် သေဆုံးကြရမယ့်
  • 1:50 - 1:51
    အလားအလာဟာ ၃.၆ ဆ ပိုများပါတယ်။
  • 1:51 - 1:55
    ကျနော်တို့နိုင်ငံထဲက ကပ်ရောဂါဗဟိုချက်
    နယူးယောက်မြို့မှာ အဲဒီလိုကျန်းမာရေး
  • 1:55 - 1:57
    မမျှတမှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။
  • 1:57 - 2:00
    ကျန်းမာရေးဆိုင်ရာ မမျှတမှုရဲ့
    သက်ရောက်မှုကို ပိုဆိုးဝါးစေတာက
  • 2:00 - 2:03
    သိသိသာသာကြီး ပျက်စီးလာနေတဲ့ စီးပွားရေး
    အခြေအနေပါ။
  • 2:03 - 2:05
    Harlem ထဲက မိသားစုလေးခုထဲက တစ်ခုဆီမှာ
  • 2:05 - 2:06
    စားနပ်ရိက္ခာ ပြတ်တောက်နေပြီး
  • 2:06 - 2:11
    မိသားစု ၅၇% တို့ကျတော့ ဝင်ငွေမရှိ
    သို့မဟုတ် အလုပ်မရှိကြောင်း ပြောကြတယ်။
  • 2:11 - 2:15
    Harlem Children's Zoneရဲ့ အလုပ်တွေကို
    ပိုနားလည်နိုင်ဖို့အတွက်
  • 2:15 - 2:17
    ဇာတ်လမ်းတစ်ခုကို ကျနော် ပြောပြချင်တယ်၊
  • 2:17 - 2:19
    နှစ်တန်း ကျောင်းသားလေး
    Sean ရဲ့ အကြောင်းပေါ့။
  • 2:20 - 2:22
    Sean က သိပ်ချောတဲ့လူမည်း ကောင်လေးတစ်ယောက်၊
  • 2:22 - 2:26
    သူ့အပြုံးလေးက သူရှိနေတဲ့ ဘယ်နေရာကိုမဆို
    ထိန်လင်းသွားစေမှာပါ။
  • 2:26 - 2:28
    မတ်လတုန်းက ကွာရန်တင်းကာလ စတင်တော့၊
  • 2:29 - 2:32
    Sean ဟာ အွန်လိုင်းကျောင်းကို
    မတက်တာကို ကျနော်တို့သတိထားမိတယ်။
  • 2:32 - 2:34
    ဒါနဲ့ နည်းနည်း စုံစမ်းကြည့်လိုက်တော့
  • 2:34 - 2:38
    Sean ရဲ့ အမေကို COVID ရောဂါနဲ့ ဆေးရုံတင်
    လိုက်ရတာကို ကျနော်တို့ သိလာရပါတယ်။
  • 2:38 - 2:42
    ဒါကြောင့် Sean ဟာ အိမ်မှာပဲ သူ့အဘွားနဲ့
    သူ့ရဲ့မွေးချင်း ကလေးငယ်လေးနဲ့ပဲ
  • 2:42 - 2:44
    နေနေခဲ့ရတယ်။
    Sean အဖေက ထောင်ထဲ ရောက်နေတော့
  • 2:44 - 2:47
    Sean ကပဲ အားလုံးကို
    ပံ့ပိုးပေးသူ ဖြစ်လာခဲ့တယ်။
  • 2:47 - 2:48
    အဘွားခမျာလည်း ရုန်းကန်နေခဲ့ရတယ်။
  • 2:48 - 2:51
    အိမ်မှာ စားနပ်ရိက္ခာ
    များများစားစား မရှိခဲ့ဘူး။
  • 2:51 - 2:53
    ကလေးအနှီးလည်း နည်းခဲ့ပြီး
  • 2:53 - 2:55
    Sean ထံမှာ ကွန်ပျူတာလည်း မရှိခဲ့ဘူး။
  • 2:55 - 2:56
    Sean အမေ ဆေးရုံက ဆင်းလာတော့
  • 2:57 - 2:59
    စိန်ခေါ်မှုတွေဟာ ပိုလို့ကို ဆိုးလာခဲ့တယ်။
  • 2:59 - 3:01
    အဘွားဆီမှာ ရောဂါအခံတွေ ရှိလို့
  • 3:01 - 3:03
    သူတို့ဟာ အဘွားနဲ့အတူ ဆက်နေဖို့က
    မဖြစ်နိုင်တော့ဘူး။
  • 3:03 - 3:06
    ဒါကြောင့် Sean၊ သူ့မွေးချင်းကလေးငယ်လေးနဲ့
    သူ့တို့အမေတို့ဟာ
  • 3:06 - 3:08
    ခိုကိုးရာ နေရာတစ်ခုဆီ သွားကြရတယ်။
  • 3:08 - 3:12
    Sean ရဲ့ ဇာတ်လမ်းဟာ Harlem Children's Zone
    အတွက် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးပါဗျာ။
  • 3:12 - 3:16
    Sean နဲ့တတိုင်းပြည်လုံးက
    Sean လိုမျိုး ကလေးလေးတွေဟာ
  • 3:16 - 3:19
    ဒီကမ္ဘာကြီးက စီစဉ်ပေးနိုင်တဲ့ အရာတွေ
    အားလုံးကို ရသင့်ရထိုက်တာကို
  • 3:19 - 3:22
    ကျုပ်တို့ သိကြပေမဲ့ မမျှတမှုက အဲဒီအခွင့်
    အရေးကို သူတို့ဆီကနေ လုယူနေပါတယ်။
  • 3:23 - 3:24
    အသားအရောင်ခွဲခြားမှုရဲ့ ရလဒ်နဲ့
  • 3:24 - 3:28
    သမိုင်းတလျှောက်လုံး ရင်းနှီးမြှပ်နှံမှုတွေ
    တချိန်လုံး မလုံလောက်ခဲ့မှုဟာ
  • 3:28 - 3:30
    အခုတော့ COVID-19 ကြောင့်
    ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။
  • 3:31 - 3:33
    ကျနော်တို့ရဲ့ ဘက်ပေါင်းစုံ ပုံစံဟာဖြင့်
  • 3:33 - 3:36
    COVID တိုက်ပွဲထဲတွင် Harlem Children's
    Zone ရဲ့ အနေအထားဟာ တမူထူးခြားပါတယ်။
  • 3:36 - 3:39
    Harlem ဒေသထဲမှာ ကျွန်တော်တို့ရရှိခဲ့တဲ့
    အောင်မြင်မှုကို ကြည့်ကြည့်ရင်
  • 3:39 - 3:41
    မလုပ်မနေရ ကိစ္စမျိုးဖြစ်လို့
  • 3:41 - 3:44
    ကျနော်တို့က အလုပ်ဖြစ်တဲ့အရာကို
    သိရှိနေကြလို့ ဒါကို တစ်နိုင်ငံလုံးကို
  • 3:44 - 3:46
    မျှဝေပေးဖို့က ကျနော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။
  • 3:46 - 3:50
    ကျနော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွက်
    COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ထူရေး
  • 3:50 - 3:52
    ဘက်စုံ တုံ့ပြန်မှုကို
    ပြုစုနိုင်ခဲ့ကြပါပြီ၊
  • 3:52 - 3:54
    ကျနော်တို့ လူမှုအသိုင်းအဝန်းမှာ
    အခြေခံခဲ့ပြီး
  • 3:54 - 3:58
    အဓိကလိုအပ်ချက် နယ်ပယ် ၅ ခုကို
    အာရုံစိုက်ပေးကာ
  • 3:58 - 4:00
    Sean လို မိသားစုတွေကို
    ကူညီထောက်ပံ့နေတဲ့ အစီအစဉ်ပါ။
  • 4:01 - 4:02
    အဲ့နယ်ပယ် ၅ ခုကတော့
  • 4:02 - 4:05
    တစ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ။
  • 4:05 - 4:08
    ကျနော်တို့မိသားစုများက ငွေသားကို ချက်ချင်း
    လက်ငင်း လိုအပ်နေတာ ကျနော်တို့သိတယ်။
  • 4:08 - 4:11
    နှစ်။ ကျနော်တို့ထဲက ထိခိုက်နစ်နာလွယ်သူ
    တို့ကို ကာကွယ်ပေးဖို့ပါ။
  • 4:11 - 4:14
    ကျနော်တို့ မိသားစုတွေဟာ မရှိမဖြစ်လိုအပ်တဲ့
    ပစ္စည်းတွေနဲ့
  • 4:14 - 4:16
    သတင်းအချက်အလက်တွေ
    ရရှိပိုင်ခွင့် ရှိကြရမယ်။
  • 4:16 - 4:18
    အစားအစာနဲ့ နှာခေါင်းစည်းတွေ
  • 4:18 - 4:21
    အသေအချာ ရွေးထားတဲ့ ရင်းမြစ်စာရင်းနဲ့
  • 4:21 - 4:23
    လူထုကျန်းမာရေး အစီအစဉ် စသဖြင့်ပေါ့လေ။
  • 4:23 - 4:26
    သုံး။ ဒီဂျစ်တယ်အရ ကွာဟမှုကို
    ပေါင်းကူးပေးဖို့ပါ။
  • 4:26 - 4:29
    အင်တာနက်ဟာ အခြေခံ ရပိုင်ခွင့်ဖြစ်တယ်လို့
    ကျနော်တို့ ယုံကြည်တယ်။
  • 4:29 - 4:32
    ဒါကြောင့် ကျနော်တို့မိသားစုတွေ
    ချိတ်ဆက်နိုင်စွမ်း ရှိကြတာ၊
  • 4:32 - 4:34
    ကျောင်းနေအရွယ် ကလေးရှိတဲ့
    အိမ်ထောင်စုတိုင်းထဲတွင်
  • 4:34 - 4:37
    သင့်တော်တဲ့ သင်ကြားရေးကိရိယာတွေ
    ရှိတာကို အာမခံပေးဖို့ လိုပါတယ်။
  • 4:37 - 4:39
    လေး။ ပညာရေး ဆုံးရှုံးမှု လုံးဝမရှိရေး။
  • 4:39 - 4:43
    ကျောင်းသား မျိုးဆက်တစ်ခုလုံးဟာ
    ပညာရေးနှစ် တစ်နှစ်လုံး ဆုံးရှုံးရမယ့်
  • 4:43 - 4:45
    အန္တရာယ်မျိုးရှိနေတာကို
    ကျနော်တို့ သိကြပါတယ်။
  • 4:45 - 4:47
    ကျနော်တို့ စီစဉ်ထုတ်လွှင့်ပေးကြတဲ့
  • 4:47 - 4:49
    အွန်လိုင်း ပို့ချချက်တွေ
    အရည်အသွေး မြင့်ဖို့အပြင်
  • 4:49 - 4:53
    ကျောင်းပြန်ဖွင့်ရင် လုံခြုံစွာ ကျောင်းပြန်
    တက်နိုင်ဖို့ကို အာမခံပေးဖို့ လိုပါတယ်။
  • 4:53 - 4:56
    ငါး။ စိတ်ကျန်းမာရေး အကျပ်အတည်း
    လျော့နည်းစေရန် ကူညီပေးရေး။
  • 4:56 - 4:59
    ဒီမျိုးဆက်ဟာ အန္တရာယ်များတဲ့ စိတ်ဖိစီးမှု
    တွေ အလုံးအရင်းနဲ့ ရင်ဆိုင်ရမှာမို့
  • 4:59 - 5:02
    PTSD ဆိုင်ရာ ပြဿနာတွေ
    ကြုံကြရမှာကို စိုးရိမ်ရပါတယ်။
  • 5:02 - 5:05
    ကျနော်တို့ မိသားစုတွေဆီမှာ တယ်လီဖုန်းဖြင့်
    ကျန်းမာရေးဝန်ဆောင်မှုနဲ့
  • 5:06 - 5:08
    တခြားအွန်လိုင်း ကူညီမှုတွေရရှိမှာကို
    အာမခံပေးရမယ်။
  • 5:08 - 5:10
    US မြို့ကြီး ခြောက်မြို့မှာ ကျနော်တို့ရဲ့
  • 5:10 - 5:13
    အရမ်းမိုက်တဲ့ ပါတနာ‌ခြောက်ဖွဲ့ရှိကြပြီး
  • 5:13 - 5:15
    သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံကိုယူပြီး
  • 5:15 - 5:18
    သူတို့အသိုင်းအဝန်းနဲ့ လိုက်ဖက်အောင်
    ပြုပြင် ဆောင်ရွက်နေကြပါတယ်။
  • 5:18 - 5:20
    အဲ့မြို့တွေက Oakland, Minneapolis
  • 5:20 - 5:24
    Chicago, Detroit, Newark နဲ့
    Atlanta တို့ ဖြစ်ကြပါတယ်။
  • 5:24 - 5:25
    အဲ့ဒီပါတနာတွေအပြင်
  • 5:25 - 5:28
    ကျနော်တို့မှာ နိုင်ငံတော်အဆင့်
    ပါတနာ သုံးခုလည်း ရှိသေးရာ၊
  • 5:28 - 5:31
    သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံနဲ့
    နည်းဗျူဟာတွေကို သူတို့ရဲ့
  • 5:31 - 5:32
    ကွန်ယက်မှတစ်ဆင့် ဝေမျှရင်း
  • 5:32 - 5:34
    ကျနော်တို့ရဲ့ အကျိုးသက်ရောက်မှုကို
  • 5:34 - 5:37
    မူဝါဒကို ရှင်းပြပေးခြင်းဖြင့်
    ပိုပြီး ထိရောက်လာစေပါမယ်။
  • 5:37 - 5:39
    ကျနော်တို့ဟာ အဆင့် သုံးဆင့်မှာ
    သက်ရောက်မှု ရှိလာပါမယ်။
  • 5:40 - 5:43
    လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုကို
    Harlem ဒေသထဲမှာ
  • 5:43 - 5:46
    ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ
  • 5:46 - 5:47
    အကျိုးရလဒ်တွေ တသီကြီးကို
  • 5:47 - 5:49
    လူသုံးသောင်းအထိ ခံစားနေကြရပြီ။
  • 5:50 - 5:53
    လူမှုအသိုင်းအဝန်းအဆင့် သက်ရောက်မှု
    အနေနဲ့က မြို့ကြီး ၆ မြို့မှာ
  • 5:54 - 5:56
    ကျနော်တို့ရဲ့အရမ်းမိုက်တဲ့
    ပါတနာတွေကနေတစ်ဆင့်
  • 5:56 - 5:58
    နောက်ထပ် လူပေါင်း ခုနှစ်သောင်းတို့
    ခံစားကြရမှာပါ။
  • 5:58 - 6:00
    ပြီးတော့ နိုင်ငံတော်အဆင့် သက်ရောက်မှုက
  • 6:00 - 6:02
    မူဝါဒကို ရှင်းပြခြင်းဖြင့်သာ မကဘဲ၊
  • 6:02 - 6:05
    လုပ်နိုင်စွမ်းကို စကေးကြီးဖြင့်
    တည်ထောင်ပေးမှုပါ။
  • 6:05 - 6:07
    COVID-19နဲ့ ကျနော်တို့ လူ့အသိုင်းအဝန်းကို
  • 6:07 - 6:11
    ဒုက္ခပေးနေတဲ့ စိတ်ပျက်မှု၊ မမျှတမှုတွေ
    အတွက် ကျနော်တို့ရဲ့ အဖြေကတော့
  • 6:11 - 6:14
    နေထိုင်ရာဒေသတွင်း ဘက်ပေါင်းစုံ
    ဝန်ဆောင်မှုတွေ စီစဉ်ပေးခြင်းပဲ ဖြစ်တယ်။
  • 6:15 - 6:17
    ကျနော်တို့ဟာ မျှော်လင့်ချက်တွေ
    ပျောက်မသွားသေးပါဘူး။
  • 6:17 - 6:21
    ဒီစစ်ပွဲရှေ့တန်းမှာ ကျနော်တို့နဲ့ လက်တွဲ
    ပါဝင်ဖို့ ခင်ဗျားတို့ကို ဖိတ်ခေါ်ပါတယ်။
  • 6:21 - 6:23
    ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Title:
COVID-19 အတွက် ဝန်းကျင်ဒေသအခြေပြု ဘက်ပေါင်းစုံမှ တုံ့ပြန်မှု
Speaker:
Kwame Owusu-Kesse
Description:

အကျပ်အတည်းအတွင်း ပါဝင်ကူညီပေးရာတွင် မကြာခဏဆိုသလို ကြီးမားရှုပ်ထွေးတဲ့ ပြဿနာကြီးရဲ့အစိတ်အပိုင်း တစ်ခုတည်းကိုသာ အာရုံစိုက်တတ်ကြတယ်။ ပိုကျယ်ပြန့်တဲ့ လူမှုစီးပွားအခြေအနေတွေကို ထည့်သွင်းဖြေရှင်းဖို့ ပျက်ကွက်တတ်ကြတယ်။ Kwame Owusu-Kesse ဟာ Harlem Children's Zone တွင် ဝန်ဆောင်မှုများရဲ့ ကွန်ယက်ကို အတူတကွ ယက်လုပ်ပေးရင်း လူမှုအသိုင်းအဝန်းတွေ နာလန်ထူလာပြီး ပြန်လည် ရပ်တည်နိုင်ဖို့ ကမ္ဘာ့ကပ်ရောဂါကို ဘက်ပေါင်းစုံနည်းလမ်းတွေနဲ့ ချဉ်းကပ်ဖြေရှင်းပေးနေပုံကို ပြောပြထားပါတယ်။ သူတို့အဖွဲ့ရဲ့ COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ပြန်ထူရေး ဘက်ပေါင်းစုံ တုံ့ပြန်မှုဟာ အဓိကအကျဆုံး လိုအပ်ချက် နယ်ပယ်ငါးခုကို အာရုံစိုက်ထားပြီး သူတို့ရဲ့ အစီအစဉ်တွေကို US နိုင်ငံတဝှမ်းလုံးအထိ တိုးချဲ့ကျင့်သုံးလိုကြပါတယ်။ (ရည်ရွယ်ချက်ကြီးမားတဲ့ ဒီအစီအစဉ်ဟာ TED ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုအတွက် လှုံဆော်ရန်နဲ့ ငွေကြေးထောက်ပံ့ပေးရေး Audacious Project ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:36

Burmese subtitles

Revisions