ဧရာမစွမ်းပကားကြီးမားတဲ့ စက်ရုပ်သေးသေးလေးတွေ
-
0:02 - 0:04Mark Miskin- ဒါက rotifer ပါ။
-
0:04 - 0:07ဆံပင်လောက် ဗျစ်ရှိတဲ့ မိုက်ခရိုအကောင်ပါ။
-
0:07 - 0:10သူတို့ဟာ ကမ္ဘာပေါ် နေရာတိုင်းမှာ၊ ရေငံ၊
ရေချိုနေရာတိုင်းမှာ နေနိုင်ကြပြီး -
0:10 - 0:12ဒီအကောင်လေးဟာ စားစရာကို ရှာဖွေနေတယ်။
-
0:12 - 0:15ကျွန်တော် အဲဒါကို ပထမဆုံးအကြိမ်
မြင်ခဲ့တာကို မှတ်မိနေသေးတယ်၊ -
0:15 - 0:19ကျွန်တော် ရှစ်နှစ်လောက်ရှိခဲ့ပြီး ကျွန်
တော့် အရမ်း အံ့အားသင့်သွားတယ်။ -
0:19 - 0:21လုံးဝကို မယုံနိုင်အောင် သေးတဲ့ အကောင်ပါ၊
-
0:21 - 0:22လိုရင် အမဲလိုက်တယ်၊ ရေကူးနိုင်တယ်၊
-
0:22 - 0:24သူ့ဘဝနဲ့ သူနေထိုင်နေတယ်၊
-
0:24 - 0:27ဒါပေမဲ့ သူ့လောကကြီး တစ်ခုလုံးဟာ
ရေကန်ထဲက ရေတစ်စက်မျှပါ။ -
0:28 - 0:32Paul McEuen- ဒီ rotifer လေးဟာ ကျုပ်တို့ကို
တကယ့်ကို အံ့အားသင့်စရာကို ပြသနေတယ်။ -
0:32 - 0:34သူက ပြောပြနေတာက
ကျုပ်တို့ဟာ စက်တစ်ခုကို -
0:34 - 0:37မျိုးစုံလုပ်ကိုင်နိုင်ပြီး ရှုပ်ထွေးကာ
စမတ်ကျတဲ့အပြင် -
0:37 - 0:40သေးငယ်အောင် ထုပ်ပိုးထားလို့
-
0:40 - 0:43မြင်ဖို့တောင် မလွယ်တဲ့ စက်ကလေးပါ။
-
0:44 - 0:47ကျွန်တော်လို အင်ဂျင်နီယာဟာ
ဒီအကောင်ကြောင့် ဘာပြောရမှန်း မသိဘူး။ -
0:48 - 0:50ဒါမျိုးကို တစ်ယောက်ယောက်
ဖန်တီးပေးနိုင်မလား။ -
0:50 - 0:54အံ့အားသင့်မှုရဲ့ နောက်ကွယ်မှာ
မနာလိုစိတ်လိုဟာမျိုး ခံစားမိပါတယ်။ -
0:54 - 0:58သဘာဝမိခင်ဟာ ဒါမျိုးကို လုပ်နိုင်တယ်၊
ကျုပ်တို့က ဘာဖြစ်လို့ မလုပ်နိုင်ကြတာလဲ။ -
0:58 - 1:01ကျုပ်တို့ဟာ သေးနုပ်တဲ့ စက်ရုပ်တွေကို
ဘာဖြစ်လို့ မတည်ဆောက်နိုင်ကြတာလဲ။ -
1:01 - 1:04ဒီလို စတ်ကူး ပေါ်လာတာ
ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ -
1:04 - 1:06တကယ်တော့၊ ကမ္ဘာ့တဝမ်းမှ သုတေသီတို့က
-
1:06 - 1:09သေးလွန်းလို့ မြင်ဖို့တောင် မလွယ်အောင်ကို
သေးနုပ်တဲ့ -
1:09 - 1:11စက်ရုပ်တွေကို ကြိုးပမ်းနေကြတာ
-
1:11 - 1:14နှစ်အနည်းငယ်လောက် ရှိပါပြီ။
-
1:15 - 1:17ဒီနေ့ ကျုပ်တို့ ခင်ဗျားတို့ကို
ပြောပြချင်တာက -
1:17 - 1:19Cornell University မှာ
-
1:19 - 1:21ပြီးတော့ အခုဆိုရင်
University of Pennsylvania မှာ -
1:21 - 1:24သေးနုပ်တဲ့ စက်ရုပ်တွေကို တည်ဆောက်ဖို့
အားထုတ်နေကြပါတယ်။ -
1:24 - 1:26ဒီတော့ ကျုပ်တို့ရဲ့ ပန်းတိုင်က အဲဒီလိုပါ။
-
1:26 - 1:28အဲဒါကို ကျုပ်တို့ ဘယ်လို လုပ်ကိုင်နေကြလဲ။
-
1:28 - 1:31ကျုပ်တို့ဟာ သေးနုပ်တဲ့
စက်ရုပ်တွေကို ဘယ်လိုများ ဖန်တီးကြမလဲ။ -
1:31 - 1:34ဒီနေရာမှာPablo Picasso က
ပထမဦးဆုံး သဲလွန်စာကို ပေးထားပါတယ်။ -
1:34 - 1:35Picasso မိန့်ကြားခဲ့ဘူးတာက -
-
1:35 - 1:39["ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊
မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။"] -
1:39 - 1:40(ရယ်မောသံများ)
-
1:40 - 1:44"ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊
မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။" -
1:44 - 1:45(ရယ်မောသံများ)
-
1:45 - 1:46အိုကေ။ ဘယ်သူ့ဆီက ခိုးယူရမှာလဲ။
-
1:46 - 1:48ခင်ဗျားတို့ ယုံချင်ယုံ၊
မယုံချင် မယုံကြပါနဲ့၊ -
1:48 - 1:52သေးနုပ်တဲ့ စက်ရုပ်ကို ဖန်တီးဖို့ လိုတဲ့
နည်းပညာ အားလုံး ဒီနေ့ ရှိနေကြပါပြီ။ -
1:52 - 1:55ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းဟာ
တိုးတိုး တိုးတက်လာနေပြီး -
1:55 - 1:57ကိရိယာတွေကို ပိုပိုသေးအောင်
လုပ်နိုင်ကြလို့ -
1:57 - 2:01သူတို့ဟာ ထရန်စစ္စတာ တစ်သန်းလောက်ကို
-
2:01 - 2:04paramecium ဆဲလ်တစ်ခုတည်းလို
အရွယ်အစားထဲမှာကို -
2:04 - 2:06စုပေါင်း ထည့်ပေးနိုင်ကြပါပြီ။
-
2:07 - 2:09အီလက်ထရွန်နစ်နဲ့ သာမကပါဘူး။
-
2:09 - 2:11သူတို့ဟာ သေးနုပ်တဲ့ အာရုံခံကိရိယာတွေ၊
-
2:11 - 2:12LED တွေ၊
-
2:12 - 2:16မြင်မရအောင်ကို သေးနုပ်ကြတဲ့ ဆက်သွယ်ရေး
အထုပ်လေးတွေကို ဖန်တီးနိုင်ကြတယ်။ -
2:16 - 2:18ကျုပ်တို့ လုပ်ချင်တာက အဲဒါမျိုးပါ။
-
2:18 - 2:21ကျုပ်တို့ဟာ အဲဒီနည်းပညာကို
ခိုးယူလိုကြပါတယ်။ -
2:21 - 2:22ဒီမှာ စက်ရုပ် တစ်ခုပါ။
-
2:22 - 2:23(ရယ်မောသံများ)
-
2:23 - 2:26စက်ရုပ်ထဲမှာ အပိုင်း
နှစ်ပိုင်းရှိတာ တွေ့နိုင်တယ်။ -
2:26 - 2:28၎င်းဆီမှာ ဦးခေါင်းနဲ့
ခြေထောက်တွေ ရှိပါတယ်။ -
2:28 - 2:29[အဲဒါတွေကို ခိုးယူပါ- Brains]
-
2:29 - 2:32(ရယ်မောသံများ)
-
2:33 - 2:35ဒါကို ကျုပ်တို့က
ခြေမဲ့ စက်ရုပ်လို့ ခေါ်ကြမယ်၊ -
2:35 - 2:37ထူးဆန်းသလို ထင်စရာဖြစ်နိုင်တယ်၊
-
2:37 - 2:40ဒါပေမဲ့ သူတို့ဟာ သိပ်ကို အားကျစရာတွေပါ။
-
2:40 - 2:43တကယ်တော့၊ ခင်ဗျားတို့ အားလုံးလိုလိုဆီမှာ
လည်း ခြေမဲ့ စက်ရုပ် ရှိပါတယ်။ -
2:44 - 2:48ခင်ဗျားတို့ရဲ့ စမတ်ဖုန်းတွေဟာ ကမ္ဘာပေါ်က
အအောင်မြင်ဆုံး ခြေမဲ့ စက်ရုပ်ပါပဲ။ -
2:48 - 2:52၁၅ နှစ်အတွင်းမှာကို ၎င်းဟာ
တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တယ်။ -
2:52 - 2:53ဒီတော့ လုပ်မရနိုင်စရာ မရှိပါဘူး။
-
2:53 - 2:56အဲဒါဟာ သေးငယ်လှပတဲ့ စက်ပါပဲ။
-
2:56 - 2:57အဲဒါဟာ မယုံနိုင်အောင် ဉာဏ်ထက်တယ်၊
-
2:57 - 3:00အဲဒီမှာ ဆက်သွယ်ရေး ကျွမ်းကျင်မှုတွေ
များပြားလှပါတယ်၊ -
3:00 - 3:03အားလုံးကို ထုပ်ပိုးထားပုံက
ခင်ဗျားတို့ လက်ထဲမှာ ကိုင်ထားနိုင်ပါတယ်။ -
3:03 - 3:05ကျုပ်တို့ကလည်း အဲဒါမျိုး
တစ်ခုခု တည်ဆောက်ချင်ကြတယ်၊ -
3:05 - 3:07ဆဲလ်ရဲ့ အရွယ်အစားလို သေးချင်ပါတယ်၊
-
3:07 - 3:09ခုနက paramecium ဆဲလ် ဆိုက်မျိုးပါ။
-
3:09 - 3:11ဒီမှာ ကြည့်ကြပါ။
-
3:11 - 3:13ဒါဟာ ကျုပ်တို့ရဲ့ ဆဲလ်ဆိုက် စမတ်ဖုန်းပါ။
-
3:13 - 3:15ပုံစံအရလည်း စမတ်ဖုန်းနဲ့ ဆင်ချင်ပါတယ်။
-
3:15 - 3:18ဒါပေမဲ့ အဆ ၁၀၀၀၀ ပိုသေးတယ်။
-
3:18 - 3:20ကျုပ်တို့က အဲဒါကို OWIC လို့ ခေါ်ကြတယ်။
-
3:20 - 3:23[Optical Wireless Integrated Circuits]
-
3:23 - 3:25ဒါကို ကြော်ငြာနေတာလို့ မထင်ကြပါနဲ့ နော်။
-
3:25 - 3:28(ရယ်မောသံများ)
-
3:28 - 3:30ဒါပေမဲ့ ဒါဟာ သိပ်ကို တော်တဲ့ အရာပါ။
-
3:30 - 3:32တကယ်တော့ ဒီ OWIC ထဲမှာ အစိတ်
အပိုင်းလေးတွေ ရှိကြပါတယ်။ -
3:32 - 3:34ဒီ ထိပ်နားဆီမှာ
-
3:34 - 3:37ခင်ဗျားတို့ ဝင်းလက်လျက် မြင်နေရတာက
ကိရိယာထဲက နေရောင်သုံး ဆဲလ်ပါ၊ -
3:37 - 3:40ခလယ်မှာ ရှိတဲ့ သေးတဲ့ ပတ်လမ်းကြောင်းကို
၎င်းက နှိုးပေးတာပါ။ -
3:40 - 3:43အဲဒီ ပတ်လမ်းကြောင်းက
သေးနုပတဲ့ LED ကို မောင်းနှင်ပေးနိုင်လို့ -
3:43 - 3:46လင်းလိုက်မှိတ်လိုက် OWIC ကို
ခင်ဗျားတို့နဲ့ ဆက်သွယ်နိုင်မယ်။ -
3:46 - 3:48ခင်ဗျားတို့ ဆဲလ်ဖုန်းနဲ့ မတူဘဲ
-
3:48 - 3:49OWIC ဟာ အလင်းကိုသုံးပြီး ဆက်သွယ်တယ်၊
-
3:49 - 3:52သေးငယ်တဲ့ ပိုးစုန်းကြူးနဲ့ တူပါတယ်။
-
3:52 - 3:55အခု ပြောပြနေတဲ့ ဒီ OWIC တွေရဲ့
သဘောကျစရာ အချက်က -
3:55 - 3:57တစ်ချိန်မှာ တစ်ခုစီ လုပ်ပေးကြတာ မဟုတ်ဘဲ
-
3:57 - 3:59အပိုင်းအစအားလုံးကို အတူတူ
ဂဟေဆော်လို့ ရပါတယ်။ -
3:59 - 4:01အလုံးအရင်းနဲ့ တပြိုင်နက်တည်း
ထုတ်လုပ်နိုင်ကြတယ်။ -
4:01 - 4:03ဥပမာ၊ ဒီလို OWIC တစ်သန်းလောက်ကို
-
4:03 - 4:06လေးလက်မ ဝေဖာပေါ်တွင်
တပ်ဆင်ပေးနိုင်ကြတယ်။ -
4:06 - 4:08ခင်ဗျားတို့ရဲ့ ဖုန်းထဲမှာ အက်ပ်
အမျိုးမျိုး ပါရှိသလိုပဲ၊ -
4:08 - 4:11ကျုပ်တို့ဟာ OWIC
အမျိုးမျိုးကို လုပ်နိုင်ကြတယ်။ -
4:11 - 4:12တစ်ခုက ဗို့အား တိုင်းပေးမယ် ဆိုပါစို့၊
-
4:12 - 4:14တချို့က အပူချိန်ကို တိုင်းပေးကြမယ်၊
-
4:14 - 4:18ဒါမှမဟုတ် အလင်းရောင်ကို မှိတ်ပြလျက်
ဒီမှာ ရှိနေတာ ခင်ဗျားကို အချက်ပေးနိုင်တယ်။ -
4:18 - 4:21ဒီတော့ ဒီသေးနုပ်ကြတဲ့ ကိရိယာတွေ
သိပ်ကို အသုံးဝင်ကြပါတယ်။ -
4:21 - 4:24ခင်ဗျားတို့ကို သူတို့အကြောင်း နည်းနည်လေး
အသေးစိတ် ပြောပြချင်တယ်။ -
4:24 - 4:27ဒါပေမဲ့၊ အစပိုင်းတွင် ကျွန်တော်
တစ်ခုခုကို ပြောဖို့ လိုသေးတယ်။ -
4:27 - 4:31ခင်ဗျားတို့ သိချင်မှသိမယ့် ပဲနိကြေးပြား
အကြောင်း နည်းနည်း ပြောပြပါ့မယ်။ -
4:31 - 4:33ဒါဟာ နည်းနည်းလေး ပိုဟောင်းတဲ့ ပဲနိပါ။
-
4:33 - 4:35၎င်းရဲ့ ကျောဘက်မှာ Lincoln အထိမ်းအမှတ်
ရဲ့ ပုံရှိပါတယ်။ -
4:35 - 4:37ဒါပေမဲ့ ခင်ဗျားတို့ မသိနိုင်တဲ့ ပမထအရာက
-
4:37 - 4:40အဲဒါကို ချဲ့ကြည့်မယ်ဆိုရင်၊
အဲဒါရဲ့ အလယ်ဗဟိုမှာ တွေ့မြင်ရမှာက -
4:40 - 4:42Abraham Lincoln ကိုယ်တိုင်ကိုပါ၊
-
4:42 - 4:45Lincoln အထိမ်းအမှတ် ကိုယ်၌ထဲက
အတိုင်းပါပဲ။ -
4:45 - 4:47ခင်ဗျားတို့ သေချာပေါက် မသိကြတာက၊
-
4:47 - 4:49ရှေ့ဆက်ပြီး ချဲ့ကြည့်ဦးမယ်ဆိုရင်--
-
4:49 - 4:51(ရယ်မောသံများ)
-
4:51 - 4:55ခင်ဗျားတို့ဟာ Abe Lincoln ရဲ့
ရင်ဘတ်ပေါ်မှာ တကယ့် OWIC ကို မြင်ကြရမှာပါ။ -
4:55 - 4:57(ရယ်မောသံများ)
-
4:57 - 4:59တကယ့်တကယ် အံ့အားသင့်စရာ အချက်က
-
4:59 - 5:03ခင်ဗျားတို့ ဘယ်လောက်ပဲ စူးစိုက်ကြည့်ကြည့်
အဲဒါကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပါဘူး။ -
5:03 - 5:05ဗလာမျက်စိနဲ့ ဘယ်လိုမှ မြင်မရနိုင်ဘူး။
-
5:05 - 5:07ဒီ OWIC တွေက သိပ်ကို သေးနုပ်ကြပြီး
-
5:07 - 5:10ကျုပ်တို့က တပြိုင်နက်တည်း များစွာကို
ထုတ်လုပ်ပေးနိုင်လို့ -
5:10 - 5:13အဲဒီ OWIC တစ်ခုစီရဲ့ တန်ဖိုးဟာ
ပဲနိတောင် မရှိပါဘူး။ -
5:13 - 5:17တကယ်တမ်းတွင် ဒီပြသမှုထဲက ဈေးအကြီးဆုံး
အရာက "OWIC" လို့ -
5:17 - 5:18ရေးမှတ်ထားတဲ့ စတီကာလေးပါ။
-
5:18 - 5:21(ရယ်မောသံများ)
-
5:23 - 5:25အဲဒါက ရှစ်ဆင့်လောက် ကုန်ကျပါတယ်။
-
5:25 - 5:27(ရယ်မောသံများ)
-
5:27 - 5:31အခုတော့ ကျုပ်တို့ဟာ အကြောင်းအမျိုးမျိုး
ကြောင့် သိပ်ကို စိတ်လှုပ်ရှားနေကြပါတယ်။ -
5:31 - 5:34ဥပမာ၊ ကျုပ်တို့ဟာ ၎င်းတို့ကို သေးနုပ်တဲ့
စမတ်တဲဂ်တွေလို သုံးနိုင်ကြတယ်၊ -
5:34 - 5:36လက်ဗွေထက်တောင် ပိုပြီး
ဖေါ်ထုတ်ပေးနိုင်တဲ့ အရာပါ။ -
5:36 - 5:39လက်တွေ့တွင် ၎င်းတို့ကို
အခြား ကုသရေးကိရိယာများထဲကို ထည့်ပေးလျက် -
5:39 - 5:41တခြား အချက်အလက်တွေကို ပြပေးနိုင်တယ်၊
-
5:41 - 5:44အဲဒါတွေကို ဦးနှောက်ထဲတောင်
ထည့်ပေးပြီး နျူရွန်း တစ်ခုစီကို -
5:44 - 5:46နားထောင်ကြည့်ဖို့ စဉ်းစားနေကြတယ်။
-
5:46 - 5:48ဒီ OWIC တွေထဲမှာ
လွဲမှားနေတာဆိုလို့ တစ်ခုပဲ ရှိပါတယ်၊ -
5:49 - 5:51အဲဒါက စက်ရုပ် မဟုတ်ခြင်းပါပဲ။
-
5:51 - 5:52အဲဒါဟာ ဦးခေါင်း သက်သက်ပါ။
-
5:52 - 5:53(ရယ်မောသံများ)
-
5:53 - 5:55ဒီတော့ စက်ရုပ်ရဲ့ တစ်ဝက်ဟာ ဘယ်လိုမှ
-
5:55 - 5:58စက်ရုပ်မဖြစ်နိုင်တာကို ကျုပ်တို့
သဘောတူကြရမှားပါ။ -
6:00 - 6:02ခြေထောက် မပါဘူးဆိုရင်၊ တကယ်တမ်းတွင်
ဘာမှ မရှိတဲ့ သဘောပါပဲ။ -
6:03 - 6:06MM: အိုကေ၊ စက်ရုပ်ကို တည်ဆောက်ချင်ရင်
ခြေထောက်တွေလည်း လိုအပ်တယ်ပေါ့။ -
6:06 - 6:09ဒီနေရာမှာ ရှိနှင့်ပြီးသား နည်းပညာတချို့ကို
-
6:09 - 6:11ခိုးယူဖို့ မဖြစ်နိုင်တာ ရှင်းလာတယ်။
-
6:11 - 6:14စက်ရုပ် သေးသေးအတွက် ခြေထောက် တပ်ပေး
ချင်ရင်၊ လှုပ်ပေးရမယ့် အပိုင်း လိုအပ်မယ်။ -
6:14 - 6:17ပြီးတော့ တောင်းဆိုချက်တွေ အများကြီးကိုပါ
ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်။ -
6:17 - 6:19သူတို့ဟာ ဗို့အားနည်းရပါမယ်။
-
6:19 - 6:21ပြီးတော့ ပါဝါနည်းနည်း သုံးဖို့ လိုအပ်မယ်။
-
6:21 - 6:23ဒါပေမဲ့ အရေးကြီးဆုံးက သေးနုပ်ရန်ပါ။
-
6:23 - 6:27ကိုယ်က ဆဲလ်အရွယ် စက်ရုပ် တည်ဆောင်ချင်ရင်
ဆဲလ်အရွယ် ခြေထောက်တွေလည်း လိုအပ်လိမ့်မည်။ -
6:27 - 6:29ဒီနေ့တွင် အဲဒါ ဘယ်လို ဆောက်လုပ်ရမှန်း
ဘယ်သူမှ မသိပါဘူး။ -
6:29 - 6:32တောင်းဆိုချက် အားလုံးနဲ့ ကိုက်ညီမယ့်
နည်းပညာမျိုး မရှိသေးပါဘူး။ -
6:32 - 6:34ကျုပ်တို့ စက်ရုပ်အတွက်
ခြေထောက် လုပ်ပေးရန် -
6:34 - 6:36အသစ်အဆန်း တစ်ခုခု ပြုလုပ်ကြရမယ်။
-
6:36 - 6:38ဒီတော့ ကျုပ်တို့ တည်ဆောက်ခဲ့ကြတာက
ဒီလိုဟာပါ။ -
6:38 - 6:41ဒါက လှုပ်ရှားစေမယ့် ကိရိယာပါ၊
အခု ကျွန်တော် ဗို့အား ပေးကြည့်မယ်။ -
6:41 - 6:44ဗို့အားပေးရင် လှုပ်ရှားစက်က
ကောက်ကွေးလျက် တုံ့ပြန်ပါတယ်။ -
6:44 - 6:45ဒါ ကြည့်ရတာ သိပ်မထင်ရှားပေမဲ့၊
-
6:45 - 6:49ကျုပ်တို့က စခရင်ပေါ်မှာ သွေးနီဆဲလ်ကို တင်
ပေးလိုက်ရင် အဲဒါဟာ ဒီလောက် ကြီးမှာပါ၊ -
6:49 - 6:51မယုံနိုင်လောက်အောင်
သေးနုပ်တဲ့ ကွေးကောက်မှုပါ။ -
6:51 - 6:53မယုံနိုင်အောင်ကို သေးကြပေမဲ့၊
-
6:53 - 6:56ဒီကိရိယာဟာ ကောက်နိုင် ဖြောင့်နိုင်ပြီး
ကျိုးမှာကို ဘာမှ မစိုးရိမ်ရပါဘူး။ -
6:56 - 6:58ဒါကို ကျုပ်တို့ ဘယ်လို လုပ်နိုင်ကြလဲ။
-
6:58 - 7:00လှုပ်ရှားစက် ပလက်တီနံနဲ့ လုပ်ထားပြီး
-
7:00 - 7:01အထူဟာ အက်တမ် အနည်းငယ်လေးတင်ပါ။
-
7:01 - 7:04အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့၊
ပလက်တီနံကို ယူပြီး ရေထဲနှစ်လိုက်ကာ -
7:04 - 7:06ဗို့အားနဲ့ ဆက်ပေးလိုက်ပါက၊
-
7:06 - 7:08ရေထဲက အက်တမ်တွေဟာ ပလက်တီနံရဲ့
မျက်နှာပြင်မှာ -
7:08 - 7:09သုံးလိုက်တဲ့ ဗို့အားကို လိုက်ပြီး
-
7:09 - 7:11ကပ်လိုက် ခွာလိုက် လုပ်နေကြမှာပါ။
-
7:11 - 7:13ဒါက စွမ်းအားကို ဖန်တီးပေးနိုင်လို့
-
7:13 - 7:16ကျုပ်တို့ ဗို့အားနဲ့ ထိန်းချုပ်နိုင်မယ့်
လှုပ်ရှားမှုကို ရနိုင်တယ်။ -
7:16 - 7:19ဒီထဲမှာ အရေးကြီးဆုံးက
အားလုံး လွန်စွာမှ ပါးလွှားဖို့ပါပဲ။ -
7:19 - 7:21အဲဒီလိုဆိုရင် ကျုပ်တို့ရဲ့ လှုပ်ရှားစက်ဟာ
-
7:21 - 7:23သေးနုပ်တဲ့ အရာတွေကို
ကွေးပေးပေမဲ့၊ မကျိုးပျက်စေဘဲ -
7:23 - 7:26ပြောခဲ့သလို အက်တမ်ရဲ့ ကပ်မှု
သို့မဟုတ် ခွာမှုမှ ရမယ့် -
7:26 - 7:27စွမ်းအားကို အသုံးနိုင်မှာပါ။
-
7:27 - 7:30ဒါကို ကျုပ်တို့ဟာ တစ်ခုချင်းစီ
ပြုလုပ်ဖို့ မလိုအပ်ပါဘူး၊ -
7:30 - 7:31အထက်က OWIC တွေလိုပဲ၊
-
7:31 - 7:34ကျုပ်တို့ဟာ အလုံးအရင်းနဲ့ တပြိုင်နက်တည်း
ထုတ်လုပ်နိုင်တယ်။ -
7:34 - 7:36ဒီမှာ လှုပ်ရှားစက် နှစ်ထောင်လောက် ရှိပြီး
-
7:36 - 7:38ကျွန်တော်ဘက်မှ ဗို့အားကို
ထည့်ပေးလိုက်တာနဲ့ -
7:38 - 7:40၎င်းတို့အားလုံးဟာ လှုပ်ယမ်းကြမယ်၊
-
7:40 - 7:43အနာဂတ် စက်ရုပ်ရဲ့ ခြေထောက်နဲ့
သိပ်ကို တူတာ မြင်နိုင်ကြပါတယ်။ -
7:43 - 7:46(ရယ်မောသံများ)
-
7:46 - 7:49ဒီတော့ ကျုပ်တို့ဆီမှာ အခုတော့
ဦးနှောက်ရော၊ ခွန်အားပါ ရှိလာပါပြီ။ -
7:49 - 7:51ပြီးတော့ စမတ်တွေနဲ့ လှုပ်ရှား
စက်တွေလည်း ရှိနေပါပြီ။ -
7:51 - 7:53OWIC တွေဟာ ဦးနှောက်တွေပါ။
-
7:53 - 7:55သူတို့ဟာ အာရုံခံကိရိယာတွေ၊ ပါဝါ ထုတ်လုပ်
ပေးမယ့် စက်တွေ၊ -
7:55 - 7:59အလင်းကို သုံးပြီး အသွားအပြန် ဆက်သွယ်ရေး
စနစ်လည်း ဖြစ်နိုင်ကြပါတယ်။ -
7:59 - 8:00ပလက်တီနံ အချပ်က ကြွက်သားတွေပါ။
-
8:00 - 8:02စက်ရုပ်ကို လှုပ်ရှား လည်ပတ်စေမှာပါ။
-
8:02 - 8:04အဲဒီအစိတ်အပိုင်း နှစ်ခုကို
ယူပြီး ပေါင်းပေးလိုက်ကာ -
8:04 - 8:07ကျုပ်တို့ရဲ့ သေးနုပ်တဲ့ စက်ရုပ်ကို
တည်ဆောက်နိုင်ပြီ။ -
8:07 - 8:10ဦးစွာ ကျုပ်တို့ တည်ဆောက်ချင်တာက
ရိုးရှင်းမယ့် အရာတစ်ခုပါ။ -
8:10 - 8:13ဒီစက်ရုပ်က သုံးစွဲသူရဲ့ ထိန်းချုပ်မှုဖြင့်
လမ်းလျှောက်နိုင်တယ်။ -
8:13 - 8:15ခလယ်မှာ နေရောင်ဆဲလ်တချို့နဲ့
ဝိုင်ယာတွေ တပ်ထားပါတယ်။ -
8:15 - 8:16အဲဒါ OWIC ပါပဲ။
-
8:16 - 8:19၎င်းတို့ကို ပလက်တီနံ အလွှာပါတဲ့
ခြေထောက်နဲ့ ချိတ်ဆက်ပေးထားပြီး -
8:19 - 8:21ဒီမှာ ထိပ်ပေါ် တင်ထားတဲ့ ချပ်ပြားတွေက
-
8:21 - 8:24ခြေထောက်တွေကို ဘယ်လို ကွေးရမယ်၊
ဘယ်လိုပုံစံ ဖြစ်ရမယ် ပြောပေးပါတယ်။ -
8:24 - 8:27စိတ်ကူးက နေရောင်သုံး ဆဲလ်အမျိုးမျိုးကို
လေဆာရောင်ချည်နဲ့ ပစ်ပေးရင်း -
8:27 - 8:29ကိုယ် လှုပ်ရှားစေချင်တဲ့
ခြေထောက်ကို ရွေးနိုင်ပြီး -
8:29 - 8:31စက်ရုပ်ကို လမ်းလျှောက်စေမှာပါ။
-
8:31 - 8:34ဒါတွေကိုလည်း ကျုပ်တို့ဟာ
တစ်ခုချင်းစီ ထုတ်လုပ်တာ မဟုတ်ပါဘူး။ -
8:34 - 8:36တပြိုင်နက်တည်း
အလုံးအရင်းနဲ့ ထုတ်လုပ်ကြတာပါ။ -
8:36 - 8:39လေးလက်မဝေဖာပေါ်တွင် စက်ရုပ်
တစ်သန်းလောက်ကို တည်ဆောက်နိုင်ကြတယ်။ -
8:39 - 8:41ဥပမာအဖြစ်၊ ဘယ်ဘက် ပုံဟာ
ချီပ် တစ်ခုပါ၊ -
8:41 - 8:44ပြီးတော့ အဲဒီချီပ်ထဲတွင်
စက်ရုပ် ၁၀၀၀၀ ခန့် ရှိပါတယ်။ -
8:44 - 8:46အဲဒါဟာ ကျုပ်တို့ရဲ့
မာခရိုကမ္ဘာကြီးထဲမှာ ကျတော့၊ -
8:46 - 8:49ဒါဟာ မိုက်ခရိုပရိုဆက်ဆာ ဒါမှမဟုတ်
အဲဒါမျိုး တစ်ခုခုနဲ့ တူသလိုပါပဲ။ -
8:49 - 8:52ဒါပေမဲ့ အဲဒီချီပ်ကို ယူပြီး အဏုကြည့်
ကိရိယာနဲ့ ကြည့်ကြည့်ပါက၊ -
8:52 - 8:56ကျုပ်တို့ဟာ ထောင်သောင်းချီ ရှိကြတဲ့
စက်ရုပ် အသေးလေးတွေကို မြင်ကြရမှာပါ။ -
8:56 - 8:58လောလောဆယ်မှာ၊ အဲဒီ စက်ရုပ်တွေဟာ
ပြားချပ်နေကြတယ်။ -
8:58 - 9:01ကျုပ်တို့က ဆောက်လုပ်ပေးခဲ့တဲ့ မျက်နှာပြင်
ပေါ်မှာ ကပ်နေကြတုန်းပါပဲ။ -
9:01 - 9:04သူတို့ လမ်းလျှောက်နိုင်ဖို့အတွက်
လွှတ်ပေးဖို့ လိုပါတယ်။ -
9:04 - 9:07ကျုပ်တို့ ခင်ဗျားတို့ကို စက်ရုပ် စစ်တပ်ကို
စေလွှတ်ပုံ ပြပေးချင်တာပါ၊ -
9:07 - 9:11ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ထဲမှာ သိပ်ကို
အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ပါကြတယ်၊ -
9:11 - 9:13တကယ့်ကို ကြောက်မက်စရာဟာတွေပါ၊
-
9:13 - 9:16အဲတော့ ကျုပ်တို့ဟာ အိမ်ဖြူတော်မှ အနည်းဆုံး
တစ်မိုင်လောက် ဝေးဖို့ လိုတယ်။ -
9:16 - 9:18အဟုတ်နော်။ သူတို့က
ခုလေးတင် ခွင့်ပြုပေးလိုက်တယ်။ -
9:18 - 9:19ဒီတော့-
-
9:19 - 9:21(ရယ်မောသံများ)
-
9:21 - 9:24ကျုပ်တို့ဟာ အဲဒီအစား
ရုပ်ရှင်ကို ပြပေးမယ်။ (ရယ်မောသံများ) -
9:24 - 9:28အခု မြင်ကြရမှာကို စက်ရုပ်တွေကို
ဖြန့်ချပေးမယ့် နောက်ဆုံး အဆင့်ပါပဲ။ -
9:28 - 9:30ကျုပ်တို့ စက်ရုပ်တွေရဲ့ အောက်မှာ ရှိနေတဲ့
-
9:30 - 9:32အရာကို ဖယ်ရှားပစ်ဖို့ ဓာတု
ပစ္စည်းတွေကို သုံးနေကြတယ်။ -
9:32 - 9:36အဲဒါ အရည်ပျော်သွားတာနဲ့ စက်ရုပ်တွေဟာ
နောက်ဆုံး ပုံသဏ္ဌာန်ကို ဆောင်လာကြမှာပါ။ -
9:36 - 9:38အခု ခင်ဗျားတို့ မြင်နေရတာက
၉၀% လောက်ကို ရှိပါ့မယ်၊ -
9:38 - 9:41ကျုပ်တို့ ဆောက်လုပ်ခဲ့ကြတဲ့ စက်ရုပ်
၁၀၀၀၀ ထဲက အားလုံးနီးပါးပါပဲ၊ -
9:41 - 9:44လိုအပ်တဲ့ နေရာမှာ ချပေးလျက်
ထိန်းချုပ်နိုင်ကြမှာပါ။ -
9:44 - 9:47စက်ရုပ်တွေကို ကောက်ယူပြီး
သူတို့အတွက် နေရာတွေ စီစဉ်ပေးနိုင်တယ်။ -
9:47 - 9:50ဘယ်ဘက်က ရုပ်ရှင်ကို ကြည့်ရင်
စက်ရုပ်တချို့ကို ရေထဲမှာ တွေ့မြင်နိုင်တယ်။ -
9:50 - 9:52ကျွန်တော်ဟာ ပစ်ပက် တစ်ခု ယူလာပြီး
-
9:52 - 9:54၎င်းတို့ အားလုံးကို စုပ်ယူနိုင်တယ်။
-
9:54 - 9:57နောက်မှာ စက်ရုပ်တွေကို ပစ်ပက်ထဲမှနေပြီး
ပြန်မှုတ်ထုတ်လိုက်ရင်၊ -
9:57 - 9:58အနေတော်ပဲ။
-
9:58 - 10:00တကယ်တော့၊ ဒီစက်ရုပ်တွေဟာ သေးလွန်းလို့
-
10:00 - 10:03ခင်ဗျားတို့ ဝယ်နိုင်တဲ့
ဘယ်ဆေးထိုးအပ်ထဲကို မဆို -
10:03 - 10:05ဖြတ်သွားနိုင်အောင် သေးကြတယ်။
-
10:05 - 10:06ဟုတ်တယ်၊ ခင်ဗျားတို့က
-
10:06 - 10:09ကိုယ့်ကိုယ်ကို စက်ရုပ်တွေ အများကြီးကို
ထိုးပေးလို့ ရနိုင်တယ်။ -
10:09 - 10:11(ရယ်မောသံများ)
-
10:11 - 10:12သူတို့ဟာ အခုအထဲကို ရောက်နေကြပီ ထင်တယ်။
-
10:12 - 10:14(ရယ်မောသံများ)
-
10:15 - 10:18ညာဘက်မှာက ရေကန်ငယ်ထဲက
စက်ရုပ်ပါ။ -
10:18 - 10:20ခင်ဗျားတို့ တစ်စက္ကန့်လောက် စောင့်ကြပါ။
-
10:20 - 10:22အူးပ်!
-
10:22 - 10:26ခင်ဗျားတို့ မြင်လိုက်လား။ ငါးမန်းကောင်
မဟုတ်ခဲ့ဘူး။ အဲဒါဟာ paramecium ပါ။ -
10:26 - 10:29ဒီတော့ ဒီအရာတွေ နေထိုင်ရာ
ကမ္ဘာက အဲဒါမျိုးပါ။ -
10:29 - 10:31ကောင်းပြီ၊ ဒါတွေဟာ ကောင်းမွန်တဲ့ အရာပါ၊
-
10:31 - 10:33ဒါပေမဲ့ ဒီနေရာမှာ
ခင်ဗျားတို့ စဉ်းစားနိုင်ကြတာက -
10:33 - 10:35"သူတို့ဟာ လမ်းကော လျှောက်နိုင်ကြမလား?"
-
10:35 - 10:39မသူတို့ အဲဒါကို လုပ်နိုင်စွမ်း ရှိကြရမယ်။
ပိုတောင် သာကြပါတယ်။ ကျွန်တော် ရှာကြည့်မယ်။ -
10:39 - 10:42ဟောဒီမှာ စက်ရုပ်၊ ပြီးတော့ ဒီမှာက
အလယ်မှာ ရှိတဲ့ နေရောင်စု ဆဲလ်ပါ။ -
10:42 - 10:43ဟိုမှာ မြင်ကြရတဲ့ စတုဂံပုံလေးတွေပါ။
-
10:43 - 10:46ဆလိုက်ရဲ့ ထိပ်နားကပ်နေတဲ့
နေရောင်စု ဆဲလ်ကို ကြည့်နေကြပါ။ -
10:46 - 10:49ဟိုမှာမြင်ရတဲ့ အဖြူရောင် အစက်ကလေးလေ?
အဲဒါက လေဆာ နေရာပါ။ -
10:49 - 10:52အဲဒီ လေဆာကို ခလုတ်နှိပ်ပေးကြတာနဲ့
စက်ရုပ်တွေပေါ်က နေရောင်စု ဆဲလ်တွေ -
10:52 - 10:54ဘယ်လို ဖြစ်လာကြမှာကို စောင့်ကြည့်နေကြပါ။
-
10:58 - 10:59ကဲ၊ သူတို့ စပြီးသွားကြပြီ!
-
10:59 - 11:01(လက်ခုပ်သံများ)
-
11:02 - 11:03တွေ့ကြတယ် နော်!
-
11:03 - 11:07(လက်ခုပ်သံများ)
-
11:08 - 11:11စက်ရုပ်ဟာ စတင်ပြီး လမ်းလျှောက်ရင်း
မိုက်ခရိုကမ္ဘာကို လည်ပတ်တော့မယ်။ -
11:11 - 11:14ဒီရုပ်ရှင်ထဲမှာ သိပ်ကို
မှတ်သားစရာ ကောင်းတာက- -
11:14 - 11:17ဒီရုပ်ရှင်ထဲက စက်ရုပ်တွေကို
ထိန်းချုပ်လှုပ်ရှားစေနေတာက ကျွန်တော်ပါပဲ။ -
11:17 - 11:22တကယ်ပြောရရင်၊ လွန်ခဲ့တဲ့ ခြောက်လလုံး သေး
နုပ်ကြတဲ့ စက်ရုပ်တွေ လေဆာနဲ့ ပစ်နေခဲ့တာပါ။ -
11:22 - 11:24သူတို့ကို လှုပ်ရှားလည်ပတ်စေဖို့ အတွက်ပါ။
-
11:24 - 11:26အဲဒါဟာ ကျွန်တော့ အလုပ်ဖြစ်ခဲ့တယ်။
-
11:26 - 11:29အဲဒါဟာ ကမ္ဘာပေါ်က အနှစ်ခြိုက်ဆုံး
အလုပ်ပါပဲ။ -
11:29 - 11:30(ရယ်မောသံများ)
-
11:30 - 11:32ကျွန်တော်ဟာ အရမ်းကို
စိတ်လှုပ်ရှားမိခဲ့တယ်။ -
11:32 - 11:35ဘယ်လိုမှ မဖြစ်နိုင်တဲ့
အရာကို လုပ်နိုင်သလိုပါပဲ။ -
11:35 - 11:38အဲဒီခံစားရမှုဟာ ကျွန်တော် ငယ်ငယ်တုန်းက
rotifer ကို အဏုကြည့်စက်ထဲ -
11:38 - 11:40မြင်ခဲ့ရတုန်းက ခံစားမှုအတိုင်းပါပဲ။
-
11:40 - 11:44အခုတော့ ကျွန်တော်ဟာ ဖခင်တစ်ယောက်ပါ၊
သုံးနှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ -
11:44 - 11:47တစ်နေ့ကျရင် သူဟာလည်း ကျွန်တော့လိုပဲ
အဏုကြည့်စက်ထဲ ကြည့်နိုင်ပါမယ်။ -
11:48 - 11:49ကျွန်တော် မကြာခဏ တွေးမိတာက-
-
11:50 - 11:51သူဟာ ဘာကိုများ မြင်ရမှာလဲ?
-
11:51 - 11:53မိုက်ခရိုကမ္ဘာကြီးကို
စောင့်ကြည့်နေမယ့် အစား၊ -
11:53 - 11:57ကျုပ်တို့ လူသားတွေဟာ ကမ္ဘာကြီးကို
ပြောင်းလဲနိုင်မယ့် နည်းပညာတွေ ရှိနေပါပြီ၊ -
11:57 - 12:00လိုအပ်သလို တုံ့ပြန်နိုင်ကြပြီး
ပြုပြင်စီမံနိုင်ကြပါတယ်။ -
12:00 - 12:04နှစ် ၃၀ အတွင်းမှာ၊ ကျွန်တော့သား ကြီးလာရင်
ကျုပ်တို့ ဘာတွေ ပြုလုပ်နိုင်ကြမလဲ။ -
12:05 - 12:09မိုက်ခရိုစက်ရုပ်တွေဟာ ကျုပ်တို့ရဲ့
သွေးစီးကြောင်းထဲမှာ နေထိုင်နေကြမှာလား၊ -
12:09 - 12:10သာမန် ဘက်တီးရီးယားတွေလိုလေ?
-
12:10 - 12:14သူတို့ဟာ ကျုပ်တို့ သီးနှံတွေပေါ် နေထိုင်
ကြပြီး ဖျက်ကောင်တွေကို ပထုတ်ကြမှာလား? -
12:14 - 12:18ကျွန်ုပ်တို့ ကူးစက်ရောဂါရှိလာရင် ပြပေးလျက်
ကင်ဆာ ဆဲလ်တွေကို တစ်ခုစီ သတ်ပေးကြမှာလား? -
12:20 - 12:21PM: နောက်တစ်ခု အားရစရာက၊
-
12:21 - 12:24ခင်ဗျားတို့ဟာ အဲဒီ တော်လှန်ရေးထဲမှာ
ပါဝင်နိုင်ကြမှာပါ။ -
12:24 - 12:26နောက် ဆယ်နှစ်ခန့်လောက်မှာ၊
-
12:26 - 12:30ခင်ဗျားတို့က iPhone 15x Moto
ဒါမှမဟုတ် နောက်တစ်ခုခုကို ဝယ်ရင်၊ -
12:30 - 12:31(ရယ်မောသံများ)
-
12:31 - 12:34အဲဒါနဲ့အတူ စက်ရုပ်တွေ ထောင်ချီပါမယ့်
ဘူးလေးတစ်ဘူးလည်း ပါလာပြီး -
12:34 - 12:37ဖုန်းထဲက အက်ပ်တစ်ခုနဲ့ ခင်ဗျားတို့
ထိန်းချုပ်ပေးနိုင်ကြမှာပါ။ -
12:37 - 12:41ဒီတော့ ခင်ဗျားတို့ကိုယ်တိုင်
paramecium ကို စီးချင်ရင် ရပါတယ်။ -
12:41 - 12:45ခင်ဗျားတို့ ဆန္ဒရှိရင် စက်ရုပ်ကပွဲကိုတောင်
စီစဉ်ဆင်နွှဲနိုင်မှာပါ၊ -
12:46 - 12:47လုပ်ပေးနိုင်မှာပါ။
-
12:47 - 12:48(ရယ်မောသံများ)
-
12:48 - 12:52ပြီးတော့ ကျွန်တော့အနေနဲ့ လာမယ့်အနာဂတ်နဲ့
ပတ်သက်ပြီး သိပ်ကို စိတ်လှုပ်ရှားမိတယ်။ -
12:52 - 12:53MM: ကျေးဇူးတင်ပါတယ်။
-
12:53 - 12:57(လက်ခုပ်သံများ)
- Title:
- ဧရာမစွမ်းပကားကြီးမားတဲ့ စက်ရုပ်သေးသေးလေးတွေ
- Speaker:
- Paul McEuen, Marc Miskin
- Description:
-
စက်ရုပ်ပညာရှင်တွေ ဖြစ်ကြတဲ့ Paul McEuen နဲ့ Marc Miskin တို့နဲ့အတူ မိုက်ခရိုကမ္ဘာကြီးကို လေ့လာရင်း ဆဲလ်တစ်ခုအရွယ်ရှိပြီး သေးနုပ်တဲ့ ခြေထောက်တွေနဲ့ စက်ရုပ်တွေကို အလုံးအရင်းအဖြစ် ထုတ်လုပ်နိုင်ပုံကို ရှင်းပြထားတာကို ကြည့်ရှုကြရမှာဖြစ်ပြီး အဲဒီလို စက်ရုပ် အသေးလေးတွေကို သီးနှံရောဂါတွေကို ကာကွယပေးရန် ဒါမှမဟုတ် သင့်ဦးနှောက်ကို နျူရွန် တစ်ခုရဲ့ အဆင့်မှာကို လေ့လာဖို့ သုံးနိုင်ပုံကို အံ့အားသင့်ဖွယ် သိရှိလာကြရပါလိမ့်မည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:10
Myo Aung approved Burmese subtitles for Tiny robots with giant potential | ||
Myo Aung edited Burmese subtitles for Tiny robots with giant potential | ||
Sanda Aung accepted Burmese subtitles for Tiny robots with giant potential | ||
Sanda Aung edited Burmese subtitles for Tiny robots with giant potential | ||
Myo Aung edited Burmese subtitles for Tiny robots with giant potential | ||
Myo Aung edited Burmese subtitles for Tiny robots with giant potential | ||
Myo Aung edited Burmese subtitles for Tiny robots with giant potential | ||
Myo Aung edited Burmese subtitles for Tiny robots with giant potential |