Return to Video

ရှုဒေါင့်စုံ ဗီဒီယိုက ရုပ်ရှင်ရိုက်ကူးမှုကို အတိုင်းအတာ အသစ်သို့ မြှင့်တင်ပေးနိုင်ပုံ

  • 0:01 - 0:03
    ကျွန်တော်ဟာ ရုပ်ရှင်ရိုက်ရတာကို
    ကြိုက်ပါတယ်။
  • 0:05 - 0:09
    ရုပ်ရှင်ကားတွေ ပေါ်ထွန်းလာခဲ့ကြတာ
    နှစ်ပေါင်း တစ်ရာကျော်ပါပြီ။
  • 0:10 - 0:14
    ရုပ်ရှင်ရိုက်ကူးတဲ့ ပညာရဲ့ အခြေခံဟာ
    မပြောင်းလဲခဲ့သလောက်ပါပဲ။
  • 0:15 - 0:19
    ကင်မရာကို ရိုက်ကွင်းရှေ့မှာ ချထားပြီး
    "ရိုက်တော့" ခလုတ်နှိပ်ရတာ မပြောင်းလဲသေးပါ။
  • 0:19 - 0:23
    ရုပ်ရှင်ရိုက်ရတာ ရှေ့တန်း အတွေ့အကြုံ
    တစ်ခုဖြစ်နေဆဲ ဖြစ်ပြီး
  • 0:23 - 0:26
    ရုပ်ရှင်ကို ဖန်တီးမှုဆီတွင်
    အကြောင်းအရာ တစ်ခုကို
  • 0:26 - 0:30
    ဦးတည် လိုက်နာရင်း ဖန်တီးတီထွင်ပေးနိုင်တဲ့
    စွမ်းပကား ရှိပါတယ်။
  • 0:30 - 0:33
    ကျွန်တော်တို့ရဲ့ ရှေ့မှာ ပြားချပ်နေတဲ့
    ပုံရိပ်ဟာ ရှိမြဲရှိနေကြပေမဲ့
  • 0:33 - 0:35
    ဇာတ်လမ်းကို ရှုစားနိုင်ကြတုန်းပါပဲ။
  • 0:35 - 0:37
    ဒီထဲမှာ မှားတာ ဘာမှ မရှိပါဘူး။
  • 0:37 - 0:41
    ကျွန်တော်ဟာ ရုပ်ရှင်ကြည့်ရတာကို ကြိုက်တယ်၊
    ရုပ်ရှင်ရုံတွေကို သွားလေ့ ရှိပါတယ်။
  • 0:41 - 0:43
    ဒီလို အတွေ့အကြုံတွေဟာ
    သိပ်ကို စိတ်လှုပ်ရှားဖွယ်ရာတွေပါ။
  • 0:43 - 0:47
    ရုပ်ရှင် ပုံရိပ်တစ်ခုနဲ့ ဆက်စပ်နေတဲ့ စိတ်
    ခံစားမှုဆိုင်ရာ အနုပညာနဲ့ လက်မှုပညာဟာ
  • 0:47 - 0:51
    ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်
    ပေးနိုင်အောင်ကို အားကောင်းနိုင်ပါတယ်။
  • 0:51 - 0:54
    ကျုပ်တို့ အနေနဲ့ သိချင်ကြတဲ့ အချက်က၊
  • 0:54 - 0:58
    ရုပ်ရှင်ထံမှ အတွေ့အကြုံက ပြားချပ်နေတဲ့
    ပိတ်ကားနောက်မှာ ဘယ်လိုလုပ် ရှိနိုင်တာလဲ။
  • 0:58 - 1:00
    အကြောင်းအရာတွေကို ကြည့်ရှုကြမယ့်
    လာမယ့် မျိုးဆက်အတွက်
  • 1:00 - 1:03
    ကျုပ်တို့ဟာ အကြောင်းအရာတွေကို
    ဘယ်လို ဖန်တီးပေးကြရမလဲ။
  • 1:04 - 1:06
    အစဉ်အလာအရ၊ ကျုပ်တို့က
    ရိုက်ကွင်းကို စိတ်ကူးရာတွင်
  • 1:06 - 1:10
    ကျုပ်တို့ဟာ မြင်ရတဲ့ ဘောင်အကွက်နဲ့
    စီစဉ် နေရာချထားပုံကို ကြည့်ကြပါတယ်။
  • 1:10 - 1:14
    ကျုပ်တို့ဟာ မြင်ကွင်းရဲ့ နက်ရှိုင်းမှုနဲ့
    ပုံတွေရွေ့ရှားပုံ ဖန်တီးပုံကို စဉ်းစားရတယ်
  • 1:14 - 1:18
    ကင်မရာရဲ့ ရွှေ့လျားမှုအရ ရှေ့ပိုင်း၊
    နောက်ပိုင်း အရာတွေကို စဉ်းစားကြရတယ်။
  • 1:18 - 1:22
    ဒီနေ့တွင် ရှိနေကြတဲ့ နည်းပညာများနဲ့
    VR မျက်မှန်တွေ၊
  • 1:22 - 1:25
    AR မျက်မှန်တွေ၊ စမတ် ကိရိယာတွေ ရှိနေကြလို့
  • 1:25 - 1:29
    ဖက်သုံးဖက်ကို ပြနိုင်ပြီး ကြိုက်တဲ့ နေရာဆီ
    လုံးဝ လွတ်လပ်စွာ သွားလာနိုင်ကြတယ် ဆိုတော့၊
  • 1:29 - 1:31
    ပရိသတ်တို့ အနေနဲ့ ပြသပေးနေတာကို
    ရှုဒေါင့် အများအပြားမှ
  • 1:31 - 1:34
    ခံစားကြည့်ရှုနိုင်အောင်
    လုပ်ပေးနိုင်စွမ်း ရှိပါတယ်။
  • 1:35 - 1:38
    ဒီနေရာမှာ ကျုပ်တို့ စဉ်းစားဖို့ လိုတာက
    ဒီနည်းပညာကို ယူပြီး
  • 1:38 - 1:40
    လုပ်နိုင်စွမ်း အားလုံးနဲ့အတူ၊
  • 1:40 - 1:45
    ရိုက်ကွင်း အတွင်းထဲ ရှိနေသလို ခံစားရအောင်
    ဘယ်လို လုပ်ကိုင်ကြမလဲ ဆိုတာပါ။
  • 1:45 - 1:49
    မယုံကြည်နိုင်ဖွယ် တကယ့်
    ဇာတ်ကောင်တွေလို ခံစားရတဲ့
  • 1:49 - 1:53
    ဗီဒီယိုဂိမ်းတွေ၊ ကွန်ပျူတာမှ ဖန်တီးပေးတဲ့
    ဇာတ်ကောင်တွေကို ပြောနေတာ မဟုတ်ပါဘူး။
  • 1:53 - 1:55
    ကျုပ်တို့ဟာ ဇာတ်စင်ပေါ်မှာ သရုပ်ဆောင်ကြတဲ့
  • 1:55 - 1:58
    တကယ့် ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုကို
    ပြောနေကြတာပါ။
  • 1:58 - 2:02
    ကျုပ်တို့က ဇာတ်ကောင်တွေကို
    ဘယ်လို ရိုက်ယူကြမလဲ၊
  • 2:02 - 2:04
    ပြီးတော့ တကယ့်မြင်ကွင်းကို ဘယ်လို
    ဖမ်းယူကြမလဲ၊
  • 2:04 - 2:07
    အဲဒီထဲကို ပရိသိတ်ကို
    နှစ်မြှုပ်ပစ်နိုင်ဖို့ အတွက်ပါ။
  • 2:07 - 2:10
    အခုတော့ ကျုပ်တို့ဟာ ၃၆၀ ဒီဂရီ
    ဗီဒီယိုကို အသုံးပြုနိုင်ကြရာ၊
  • 2:10 - 2:12
    ကင်မရာကို ရိုက်ကွင်း အထဲမှာ ထားရှိပေးပြီး
  • 2:12 - 2:16
    ကိုယ့်ပတ်ပတ်လည်ရှိ လှပတဲ့မြင်ကွင်းကျယ်
    ပုံကို ဖန်တီးနိုင်ကြပါပြီ။
  • 2:16 - 2:17
    ဒါပေမဲ့ အဲဒီရှူထောင့်ကနေ ကြည့်ရင်၊
  • 2:17 - 2:20
    ရုပ်ရှင်ရိုက်ကူးမှုဟာ ရှေ့မျက်နှာစာကို
    ရိုက်ကူးမှု ဖြစ်နေတုန်းပါပဲ။
  • 2:20 - 2:23
    မြင်ကွင်း အတွင်းထဲ
    အပြည့်အဝ နှစ်မြှုပ်ပေးနိုင်ဖို့
  • 2:23 - 2:27
    ဖြစ်နိုင်သမျှ နေရာတွေမှ လာကြတဲ့
    အလင်းရောင်တွေကို ဖမ်းယူရန် လိုအပ်ပါမယ်။
  • 2:27 - 2:32
    ကျုပ်တို့ဟာ ဇာတ်စင်ကို များပြားလှတဲ့
    အာရုံကိရိယာတွေနဲ့ ဝန်းရံပေးကြရမယ်၊
  • 2:32 - 2:36
    အလင်းရောင်ကို ဖမ်းယူဖို့
    အတတ်နိုင်စွမ်း အားထုတ်ရင်း
  • 2:36 - 2:40
    ကျုပါတို့အနေနဲ့ နောက်ပိုင်းမှာ အတွင်း
    ထဲကို ပြန်ပြီး ဝင်နိုင်စွမ်း ရှိရပါမယ်။
  • 2:40 - 2:41
    အဲဒီလို စီစဉ်ပြင်ဆင်မှုထဲတွင်
  • 2:41 - 2:44
    ရှေ့ပိုင်း ဒါမှမဟုတ်
    နောက်ခံပိုင်း မရှိတော့ပဲ
  • 2:44 - 2:45
    ကင်မရာကို ချထားတဲ့ နေရာ မရှိပေမဲ့
  • 2:46 - 2:49
    ဖြစ်နိုင်တဲ့ နေရာများမှ လှုပ်ရှားမှုတွေနဲ့
    အလင်း​ရောင်ကို ဖမ်းယူကြမယ့်
  • 2:49 - 2:52
    အာရုံခံကိရိယာတွေ ရာနဲ့ချီ ရှိနေကြမယ်။
  • 2:53 - 2:55
    အသစ်သောနည်းပညာဆိုင်ရာတိုးတက်မှုများဖြင့်
  • 2:55 - 2:58
    3D ဓာတ်ပုံကို စကြည့်နိုင်ပြီး
  • 2:58 - 3:01
    ရှုထောင့်မျိုးစုံမှ အလင်းကိုဖမ်းယူခြင်း၊
  • 3:01 - 3:03
    အရာဝတ္ထုကို ပြန်လည်တည်ဆောက်နိုင်ခြင်း
    လုပ်နိုင်ကြပါပြီ။
  • 3:04 - 3:06
    ဒါက ရုပ်လုံးကြွ ဓာတ်ပုံနဲ့တူပါတယ်။
  • 3:06 - 3:09
    အခုဆိုရင် အဲဒီလို နည်းပညာ
    တိုးတက်မှုတွေနဲ့အတူ
  • 3:09 - 3:13
    ဗီဒီယိုကို ပြားချပ်နေတဲ့
    ပုံရိပ်လို မဟုတ်ဘဲ
  • 3:13 - 3:14
    ထုထည်ပုံအဖြစ် ရိုက်နိုင်ကြတယ်။
  • 3:14 - 3:17
    အဲဒါကို ကျုပ်တို့က
    "ရှုဒေါင့်စုံ ဗီဒီယို" လို့ ခေါ်ကြပြီး
  • 3:17 - 3:21
    ၎င်းဟာ ဇာတ်စင်ပေါ်က လှုပ်ရှားမှုတိုင်းကို
  • 3:21 - 3:23
    ရုပ်လုံးကြွ လွှမ်းခြုံပြီး
    ဖမ်းယူနိုင်စွမ်း ရှိတယ်။
  • 3:23 - 3:25
    ဒါနဲ့ voxel ဆိုတာက ဘာလဲ။
  • 3:26 - 3:29
    voxel ဆိုတဲ့ဟာက
    ရုပ်လုံးကြွ pixel နဲ့ တူပြီး
  • 3:29 - 3:35
    ပြားချပ်နေတဲ့ ပုံရိပ်ပြားအစား
    ရောင်စုံ လင်းထိန်းနေတဲ့
  • 3:35 - 3:38
    ရုပ်လုံးကြွ ကုဗတုံးလို မြင်နိုင်ရပြီး
  • 3:38 - 3:40
    x၊ y၊ နဲ့ z ဆိုတဲ့ ကိုဩဒီနိတ်တွေနဲ့ပါ။
  • 3:41 - 3:45
    ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဇာတ်စင်ကို
    ဘယ်ရှုဒေါင့်မှမဆို
  • 3:45 - 3:46
    ရိုက်ကူးနိုင်လာစေပါတယ်။
  • 3:47 - 3:51
    အဲဒါကြောင့်မို့လို့ များပြားလှတဲ့
    ရှုဒေါင့်များမှ မြင်ရနိုင်တဲ့
  • 3:51 - 3:54
    နစ်မြုပ်သလိုခံစားရတဲ့ ဇာတ်စင်ကို
    ဖေါ်ထုတ်နိုင်စေတယ်။
  • 3:54 - 3:59
    အဲဒီလို လုပ်နိုင်ရန် မယုံနိုင်ဖွယ် များတဲ့
    အချက်အလက်တွေ စီမံနိုင်ဖို့ လိုအပ်လာတယ်။
  • 3:59 - 4:04
    ကျုပ်တို့ဟာ များပြားလှတဲ့ ကင်မရာများမှ
    အလင်းရောင်ကို ဖမ်းယူလျက်
  • 4:04 - 4:06
    အဲဒီလို အချက်အလက်တွေကို စုစည်းပေးရတယ်။
  • 4:07 - 4:10
    အဲဒီလို လုပ်ကိုင်ပြသပေးနိုင်ဖို့ အတွက်၊
  • 4:10 - 4:15
    ကျုပ်တို့ များပြားလှတဲ့ ကင်မရာတွေကို
    တပ်ဆင်ပေးထားတဲ့
  • 4:16 - 4:18
    ဇာတ်စင်နဲ့
  • 4:18 - 4:23
    ရုပ်ရှင်ဆိုင်ရာတွေကို အပြည့်အဝ စမ်းသပ်ဖို့
    အတော်လေး ကြီးမားတဲ့ စင်မြင့် လိုအပ်ပါတယ်။
  • 4:24 - 4:29
    အခု ပြောပြတဲ့ဟာက စိတ်ကူးရူးလို့ ထင်ရပေမဲ့
    ကျုပ်တို့ တကယ့်ကို အဲဒီလို လုပ်ခဲ့ကြပါတယ်။
  • 4:29 - 4:31
    လွန်ခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ
  • 4:31 - 4:35
    ကျုပ်တို့ဟာ ထုထယ် ကင်မရာ ခန်းမကြီးကို
    ဆောက်လုပ်နေခဲ့ကြတယ်။
  • 4:36 - 4:39
    အဲဒီ စင်မြင့်ဟာ စတုရန်းပေ ၁၀၀၀၀ ကျယ်ပါတယ်၊
  • 4:39 - 4:42
    ဘယ်နေရာမှမဆို လှုပ်ရှားမှုကို
    ဖမ်းယူနိုင်ခဲ့ပါတယ်။
  • 4:43 - 4:45
    ကျုပ်တို့ဟာ ကင်မရာတွေ
    ရာချီကို ဖြန့်ချခဲ့ကြပါတယ်၊
  • 4:45 - 4:48
    များပြားလှတဲ့ အချက်အလက်တွေ ပို့ပေးခဲ့ကြရာ
  • 4:48 - 4:52
    Intel စူပါကွန်ပျူတာတွေက
    စီမံကိုင်တွယ်ပေးခဲ့ကြပါတယ်။
  • 4:53 - 4:56
    ခုနက ပြောပြခဲ့တဲ့ စတုရန်း ပေ ၁၀၀၀၀
    အထိ ရှိနေခြင်းက
  • 4:56 - 4:59
    ကျုပ်တို့အား ဘယ်လို လှုပ်ရှားမှုမျိုးကို
    မဆို ပြုလုပ်ခွင့် ပေးခဲ့သလို
  • 4:59 - 5:02
    ဘယ် သရုပ်ဖေါ်မှုမျိုးကို မဆို
    လုပ်ပြခွင့် ပြုခဲ့တယ်။
  • 5:02 - 5:05
    အဲဒီ အရွယ်အစား ဘရော့ဒ်ဝေးရှိ ပျမ်းမျှ
    အရွယ်အစားမျိုးပါ။
  • 5:05 - 5:07
    ကျုပ်တို့က အဲဒါကို
    Intel Studio များလို ခေါ်ကြပြီး
  • 5:07 - 5:10
    အဲဒါဟာ ကမ္ဘာပေါ်က အကြီးမားဆုံး
    ထုထယ် ဇာတ်စင်ကြီး ဖြစ်ပြီး
  • 5:10 - 5:14
    ပရိသတ်ကို နှစ်မြှုပ်ပေးမယ့် မီဒီယာ
    ရုပ်ရှင် မျိုးဆက်သစ် ဖန်တီးရေး
  • 5:14 - 5:17
    နည်းပညာကို အသုံးပြုရန်နဲ့ စူးစမ်းဖို့
    ရည်မှန်းခဲ့ကြတာပါ။
  • 5:18 - 5:21
    ဒါနဲ့ ဒီလို စိတ်ကူးတွေကို စမ်းသပ်ကြည့်ဖို့
  • 5:22 - 5:27
    ဒါတွေကို စမ်းကြည့်ဖို့ ဘယ်လို ဇာတ်စင်ကို
    ပထမဆုံး စမ်းကြည့်မလဲ စဉ်းစားနေခဲ့ကြတယ်။
  • 5:27 - 5:30
    ဒါနဲ့ ကျုပ်တို့ဟာ Western ဇာတ်စင်ကို
    ရွေးခဲ့ကြတယ်။
  • 5:30 - 5:35
    ကျုပ်တို့ဟာ မြင်းတွေကို ယူလာကြတယ်၊
    ဒီဇိုင်နာတွေ၊ အမှိုက်သရိုက်တွေ၊
  • 5:35 - 5:39
    Western ဇာတ်စင် အပြည့်အဝကို
    ဖန်တီးဖို့ လိုတာတွေ အားလုံးပါပဲ။
  • 5:39 - 5:42
    ဒါပေမဲ့ ဒီတစ်ကြိမ်မှာ
    ကင်မရာဟာ အထဲမှာ မရှိခဲ့ဘူး။
  • 5:42 - 5:46
    အပြင်ပတ်လည်မှာ တပ်ဆင်ထားခဲ့တဲ့
    ကင်မရာတွေ အားလုံး အနီးမှာ
  • 5:46 - 5:48
    ဘယ်လိုမှ မလှုပ်ခဲ့ကြပါဘူး။
  • 5:48 - 5:51
    သရုပ်ဆောင်ကြသူတို့အတွက်
    စိန်ခေါ်မှုဟာ ကြီးမားခဲ့တယ်။
  • 5:51 - 5:57
    ရှုဒေါင့်မျိုးစုံမှ မြင်ရဖို့အတွက် သူတို့က
    ချောမွေ့စွာ သရုပ်ဆောင်ပြရန် လိုအပ်ခဲ့တယ်။
  • 5:58 - 6:02
    ဘာတစ်ခုကိုမှ ဝှက်ထားလို့မရ၊ မြင်မရတဲ့
    လုပ်ဆောင်ချက် မရှိတော့ဘူး။
  • 6:03 - 6:06
    အရာတိုင်းကို ဖမ်းယူလျက်
    အရာတိုင်းကို မြင်ကြရမှာပါ။
  • 6:06 - 6:09
    အဲဒီလို ဖမ်းယူမှုမှ ထွက်ပေါ်လာတဲ့ဟာက
  • 6:09 - 6:11
    ကျုပ်တို့ရဲ့ အနာဂတ် ရုပ်ရှင်မျိုးပါ--
  • 6:11 - 6:14
    ကျုပ်တို့ မျက်စိရှေ့မှာ များပြားလှတဲ့
    လုပ်နိုင်စွမ်းတွေ ပေါ်ပေါက်လာကြပါတယ်။
  • 6:14 - 6:18
    အဲဒါဟာ ဇာတ်စင် တစ်ခုလုံးကို
    ရုပ်လုံးကြွပုံစံ စကန်ဖတ်သလိုပါပဲ။
  • 6:18 - 6:21
    ကျုပ်တို့ဟာ အဲဒီနေရာအတွင်းမှာ လည်ပတ်
    ကြည့်ရှုနိုင်ခဲ့ကြတယ်။
  • 6:22 - 6:23
    ဒီနည်းပညာထဲမှာက
  • 6:23 - 6:26
    ပိတ်ကား တစ်ခုခုထံမှ လာတဲ့
    အလင်းရောင်ကို မြင်ရမှု မဟုတ်တော့ဘဲ
  • 6:26 - 6:29
    အလင်းရောင်ထဲကို ဝင်ပြီး
    လှည့်လည်ရသလို
  • 6:29 - 6:31
    ဇာတ်စင် အတွင်းမှာ လည်ရသလိုပါ။
  • 6:31 - 6:34
    ဒါက အဖြစ်အပျက် တစ်ခုခုကို ပြောပြဖို့
  • 6:34 - 6:37
    ဇာတ်လမ်း တစ်ခုခု ဖန်တီးဖို့ ရေတွက်မရ
    နိုင်တဲ့ အလားအလာတွေကို ဖွင့်ပေးပါတယ်။
  • 6:38 - 6:41
    ကိုယ်က ပြောပြချင်တာအတွက် အလားအလာတွေ
  • 6:41 - 6:44
    ကိုယ့်ဇာတ်လမ်း တစ်ခုခုကို အထဲမှာ
    ထည့်သွင်းပေးဖို့
  • 6:44 - 6:47
    ဒါမှမဟုတ် အခြားပုံပြင်တွေကို
    လိုက်ကြည့်ဖို့အတွက် အလားအလာတွေပါ။
  • 6:47 - 6:50
    ကျုပ်တို့ရဲ့ နောက်ဆုံး ကြိုးပမ်းမှုကို
    အခု ကြည့်ရှုကြပါစို့။
  • 6:50 - 6:51
    (ဂီတ)
  • 6:51 - 6:54
    အခု ခင်ဗျားတို့ မြင်ရတာက
    ထုထယ် ဗီဒီယို စစ်စစ်ပါ၊
  • 6:54 - 6:56
    ဇာတ်စင်ပေါ်မှာ ကင်မရာရယ်လို့
    လုံးဝ မရှိခဲ့ပါဘူး။
  • 6:56 - 6:58
    (ဂီတ)
  • 6:58 - 7:00
    ကျုပါတို့ဟာ အပြည့်အဝ ထိန်းချုပ်ထားပါတယ်
  • 7:00 - 7:01
    (တေးဂီတ၊ တိုက်ခိုက်မှုအသံ)
  • 7:02 - 7:03
    ပြီးတော့ နေရာနဲ့ အချိန်ပါ။
  • 7:03 - 7:10
    (တေးဂီတ၊ တိုက်ခိုက်မှုအသံ)
  • 7:14 - 7:17
    ထပ်ပြီး ပြောချင်သေးတာက ကင်မရာတစ်လုံးမှာ
    အဲဒီမှာ မရှိခဲ့ခြင်းကိုပါ။
  • 7:17 - 7:20
    အရာတိုင်းကို ပတ်ပတ်လည် ရှုဒေါင့်မျိုးစုံမှ
    ဖမ်းယူခဲ့တာပါ။
  • 7:20 - 7:22
    အဲဒါ အတော့်ကို ကြည့်ကောင်းတယ်နော်၊
  • 7:22 - 7:26
    ဒါပေမဲ့ မြင်းရဲ့ မျက်လုံးကနေ မြင်ရနိုင်တဲ့
    ရှုခင်းကို ကြည့်ချင်တယ် ဆိုရင်ကော။
  • 7:27 - 7:29
    ကျုပ်တို့ အဲဒါကို လုပ်ပြနိုင်ကြတယ်။
  • 7:29 - 7:30
    (မြင်းခုန်ပြေးနေခြင်း)
  • 7:30 - 7:34
    အခု ခင်ဗျားတို့ မြင်ရတာက
    ခုနက မြင်ခဲ့ရတဲ့ အဖြစ်အပျက်ပဲ၊
  • 7:34 - 7:37
    ဒါပေမဲ့ မြင်းရဲ့မျက်လုံးမှ မြင်ရတဲ့ ပုံပါ။
  • 7:37 - 7:41
    လုပ်နိုင်တဲ့ အလားအလာတွေ
    အကန့်အသတ် မရှိပါဘူး။
  • 7:41 - 7:42
    (လက်ခုပ်သံများ)
  • 7:42 - 7:44
    ကျေးဇူးတင်ပါတယ်။
  • 7:44 - 7:47
    (လက်ခုပ်သံများ)
  • 7:47 - 7:51
    ဒီတော့ဒါဟာ ဖန်တီးရှင်များအတွက်
    ပုံပြင် ပြောပြလိုသူတွေအတွက်
  • 7:51 - 7:53
    ဒါဟာ ပုံပြင် ပြောပြဖို့
    ရုပ်ရှင် ပြုလုပ်ဖို့ အတွက်
  • 7:53 - 7:56
    တကယ့်ကို ကြီးမားတဲ့ ပတ္တူစကို
    ဖွင့်ပေးလိုက်ပါတယ်။
  • 7:56 - 7:58
    ပရိသတ် အနေနဲ့ ကျတော့ကော။
  • 7:58 - 8:00
    ဒါကို ပရိသတ်ကနေပြီး တစ်မျိုးတစ်ဖုံ
    ဘယ်လိုများ ခံစားရမလဲ။
  • 8:00 - 8:03
    ရှိနိုင်ကြတဲ့ အလားအလာတွေကို
    စူးစမ်းကြည့်ဖို့
  • 8:03 - 8:05
    ကျုပ်တို့ဟာ Paramount Pictures နဲ့
    မိတ်ဖက်ပြီး
  • 8:05 - 8:09
    ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ဝန်းကျင်မှာ
    နှစ်မြှုပ်ရေး မီဒီယာကို စူးစမ်းလိုခဲ့တယ်။
  • 8:09 - 8:11
    ဒါရိုက်တာ Randal Kleiser နဲ့အတူ
  • 8:11 - 8:16
    ၁၉၇၈ တုန်းက ကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊
  • 8:16 - 8:17
    "Grease" ကို ပြန်ရိုက်ကူးခဲ့ကြတယ်။
  • 8:17 - 8:20
    ခင်ဗျားတို့ထဲက တချို့က သိချင်သိကြမှာပါ။
  • 8:20 - 8:23
    နှစ် ၄၀ ကြာသွားပြီဖြစ်တဲ့ ရုပ်ရှင်၊
    အံ့ဖွယ်အတွေ့အကြုံပါ။
  • 8:23 - 8:30
    ကျုပ်တို့ရဲ့ ပန်းတိုင်က အဲဒီနာမည်ကြီး
    ဇာတ်လမ်းနဲ့ အက ရုပ်ရှင်ကို
  • 8:30 - 8:32
    ယူပြီး ပိုပြီး နက်ရှိုင်းစွာ
    ခံစားနိုင်ရအောင်၊
  • 8:32 - 8:35
    ပရိသတ်တို့ထဲကို
    ပိုနက်ရှိုင်းစွာ နှစ်မြှုပ်ပေးဖို့ပါ။
  • 8:35 - 8:37
    ခင်ဗျားတို့ဟာ ရုပ်ရှင်ကို ကြည့်ရုံတင်မကဘဲ
  • 8:37 - 8:41
    အဲဒီထဲကို ဝင်နိုင်ပြီး
    ဇာတ်ကောင်တွေနဲ့အတူ ကနိုင်ကြမယ်၊
  • 8:41 - 8:43
    သူတို့နဲ့အတူ ကပွဲထဲ ပါဝင်နိုင်မှာကို
    စိတ်ကူးကြည့်ကြပါ။
  • 8:43 - 8:48
    ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ တကယ့်ကိုပဲ
    ပြားချပ်နေတဲ့ ပိတ်ကားအစား
  • 8:48 - 8:51
    ရုပ်ရှင် ရိုက်ကူးမှုထဲမှာရော
    အကြောင်းအရာ ဖန်တီးမှုထဲကိုပါ
  • 8:51 - 8:53
    များစွာမှ ကြွယ်ဝပြည့်စုံအောင်
    လုပ်နိုင်ကြပါမယ်။
  • 8:53 - 8:55
    ပိတ်ကားပေါ်မှာသာ ကြည့်နေဖို့ မလိုပါဘူး။
  • 8:56 - 8:58
    သရုပ်ဆောင်ကြသူတွေကို
    ဒီစင်ပေါ်ကို ယူဆောင်ကြပါစို့။
  • 9:04 - 9:06
    တကယ်တော့ သူတို့ဟာ ဒီကို လာကြမှာ မဟုတ်ပေမဲ့
  • 9:07 - 9:08
    ကျုပ်ရဲ့ iPad ကို သုံးပါမယ်။
  • 9:08 - 9:09
    (ရယ်သံများ)
  • 9:09 - 9:11
    ဆော်ရီးပဲ။
  • 9:11 - 9:15
    ကျွန်တော်ဟာ iPad ကိုသုံးပြီး
    အရှိတရားအတုကို ဖန်တီးပါမယ်။
  • 9:15 - 9:20
    ဒီကိရိယာတွေဆီမှာ ကိုယ်ပိုင်ကန့်သတ်ချက်တွေ
    ရှိ​နေကြလို့
  • 9:21 - 9:23
    ဒေတာကို တွက်ချက်ရာတွင် အားနည်းလို့
  • 9:23 - 9:25
    ကျုပ်တို့ဟာ ပြတ်သားမှုကို လျှော့ပေးရပါမယ်။
  • 9:27 - 9:31
    ကျွန်တော် အခုလုပ်ပေးနေတာက
    နေရာကို မှတ်ပေးနေတာပါ၊
  • 9:31 - 9:36
    လူတိုင်း ဘယ်နေရာမှာ ပေါ်လာရမှာကို
    တိကျစွာ သတ်မှတ်ပေးနေတာပါ။
  • 9:42 - 9:43
    အိုကေ။
  • 9:44 - 9:46
    ကျုပ်တို့က သူတို့ကို ဒီမှာ ရှိစေလိုပါတယ်။
  • 9:46 - 9:52
    (လက်ခုပ်သံများ)
  • 9:52 - 9:54
    John Travolta ဒါမှမဟုတ် --
  • 9:54 - 9:55
    (ရယ်သံများ)
  • 9:55 - 9:56
    သူရဲ့ ဗားရှင်း တစ်ခုဆိုပါစို့။
  • 9:56 - 9:58
    ကြည့်ကြရအောင်။
  • 9:58 - 9:59
    (ဗီဒီယို) အမျိုးသမီး - ဟေ့။
  • 9:59 - 10:01
    အမျိုးသား - အဲဒါကို ဒီလို
    လုပ်ပြီးသွားတာလား။
  • 10:01 - 10:02
    အမျိုးသမီး- ရှင့်အလှည့်။
  • 10:02 - 10:05
    အမျိုးသား - ဟေ့ လူတွေ။
    ဒါကို စစ်ဆေးကြည့်ကြပါ။
  • 10:05 - 10:07
    (သီချင်း - ‘‘ငါလိုချင်တာ မင်းပဲ’’)
  • 10:07 - 10:09
    ဒန်နီ - စန္ဒီ!
  • 10:09 - 10:11
    စန္ဒီ - အဲဒီအကြောင်း ပြောပြပါဦး။
  • 10:12 - 10:16
    (သီချင်းဆို) ကျွန်မ ချမ်းလိုက်တာ။
    သူတို့ဟာ ပွားများလာနေကြတယ်။
  • 10:17 - 10:21
    ကျွန်တော် မထိန်းနိုင်တော့ဘူး။
  • 10:21 - 10:25
    'ခင်ဗျားဆီက ရတဲ့ စွမ်းအင်ကြောင့်
  • 10:25 - 10:27
    လျှပ်စီးလိုက်နေသလိုပါပဲ။
  • 10:27 - 10:28
    (ဗီဒီယို ပြီးဆုံး)
  • 10:28 - 10:33
    (လက်ခုပ်သံများနှင့် အားပေးသံများ)
  • 10:33 - 10:35
    Diego Prilusky- ကျေးဇူးတင်ပါတယ်။
  • 10:35 - 10:37
    (လက်ခုပ်သံများနှင့် အားပေးသံများ)
  • 10:38 - 10:39
    ဒီတော့ ခင်ဗျားတို့ မြင်ကြရတဲ့အတိုင်း
  • 10:40 - 10:44
    ကျုပ်တို့ဟာ အကြောင်းအရာကို
    အစဉ်အလာပုံစံနဲ့ ခံစားနိုင်ကြသလို
  • 10:44 - 10:46
    နှစ်မြှုပ်ခံလျက် ခံစားနိုင်ကြပါတယ်။
  • 10:46 - 10:48
    တကယ်ပါ၊ အလားအလာသစ်တွေ ပေါ်လာကြပါပြီ။
  • 10:48 - 10:52
    ကျုပ်တို့ဟာ ရုပ်ရှင်တွေကို ပြောင်းဖို့၊
    အစားထိုးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။
  • 10:52 - 10:54
    အဲဒါတွေကို ကျုပ်တို့က မြှင့်တင်ပေးလိုတာပါ။
  • 10:54 - 10:59
    နည်းပညာတွေက ပြားချပ်နေတဲ့ ပိတ်ကားထက် ကျော်
    လွန်တဲ့ အလားအလာတွေကို ဖွင့်ပေးနေကြတယ်။
  • 11:00 - 11:04
    ကျုပ်တို့ဟာ ဒီထဲကို နစ်မြုပ်နေကြပြီး ရုပ်
    ရှင် ရိုက်ကူးဖို့ကို စိတ်လှုပ်ရှားနေကြတယ်။
  • 11:04 - 11:07
    ကျုပ်တို့ဟာ ခေတ်သစ်ထဲကို
    ထိုးဖောက်ဝင်ကြတော့မယ်။
  • 11:07 - 11:10
    ကျုပ်တို့ဟာ နှစ်မြှုပ်စေမယ့် ပုံပြင်ပြောပြ
    နည်းရဲ့ အလားအလာအသစ်များဆီကို
  • 11:10 - 11:12
    တံခါးများကို ဖွင့်ပေးရင်း
  • 11:13 - 11:18
    နှစ်မြှုပ်ရေး မီဒီယာထဲ ရုပ်ရှင် ရိုက်ကူး
    မှုကို စူးစမ်း ရှာကြံနေကြတာပါ။
  • 11:18 - 11:20
    ကျုပ်တို့ဟာ တကယ့်ကိုပဲ
    အစမှာတင် ရှိနေကြတုန်းပါ။
  • 11:21 - 11:24
    ခင်ဗျားတို့ အားလုံးကို ကျုပ်တို့နဲ့
    လက်တွဲပါဝင်ကြရန် ဖိတ်ကြားပါတယ်။
  • 11:24 - 11:25
    ကျေးဇူးတင်ပါတယ်။
  • 11:25 - 11:30
    (လက်ခုပ်သံများ)
Title:
ရှုဒေါင့်စုံ ဗီဒီယိုက ရုပ်ရှင်ရိုက်ကူးမှုကို အတိုင်းအတာ အသစ်သို့ မြှင့်တင်ပေးနိုင်ပုံ
Speaker:
Diego Prilusky
Description:

ရုပ်ရှင် ရိုက်ကူးသူ Diego Prilusky က ဒီဟောပြောခန်းနဲ့ ဒီမိုပြပွဲထဲတွင် ရုပ်ရှင်ရိုက်ကူးမှုရဲ့ အနာဂတ် အခန်းကဏ္ဍဖြစ်တဲ့ ရှုဒေါင့်စုံ ဗီဒီယို၊ ကင်မရာ ထောင်ချီတို့က အလင်းရောင်နဲ့ လှုပ်ရှားမှုတွေကို ရှုဒေါင့်အသီးသီးမှနေပြီး ရိုက်ကူးဖမ်းယူကြမယ့် အကြောင်းကို တင်ဆက်ထားပါတယ်။ အဲဒီနည်းပညာ အသစ်ကနေပြီး ပရိသတ်ကို နှစ်မြှုပ်ပစ်မယ့် ပုံပြင် တင်ဆက်မှု ပုံစံသစ်ကို ယူဆောင်ပေးမှာကို နားထောင်ရင်း တချိန်တုန်းက ကျော်ကြားခဲ့ဘူးတဲ့ "Grease" ဆိုတဲ့ ကပွဲရုပ်ရှင်ကို နည်းသစ်ဖြင့် Prilusky မှ ပြန်လည်အသက်သွင်းလျက် ရှုဒေါင့်စုံ ဗီဒီယိုမျိုးဖြင့် ရိုက်ထားတာကို ပြသပေးမှာကို ခံစားကြည့်နိုင်ကြမှာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:43

Burmese subtitles

Revisions