Return to Video

ဘာကြောင့် စာအုပ်တွေ ဒီမှာ ဆက်ရှိနေကြဦးမှာလဲ။

  • 0:00 - 0:03
    ကျွန်တော် လူတွေကို စာအုပ်တွေ
    ငှားပေမဲ့ တကယ်ကျတော့ စည်းမျဉ်းက
  • 0:03 - 0:07
    "ဒီစာအုပ်ကို ခင်ဗျား နောက်ထပ် မြင်ဖို့
    လုံးဝ မရည်ရွယ်ရင် မှငှားပါနဲ့"။
  • 0:07 - 0:08
    [ အသေးအဖွဲလေး]
  • 0:08 - 0:10
    [ ဧရာမ စိတ်ကူး]
  • 0:13 - 0:17
    စာအုပ်တစ်အုပ်ရဲ့ အထည်ဒြပ်ရှိတဲ့
    အရာဝတ္ထုက လူတစ်ဦးလိုလိုပါ။
  • 0:17 - 0:19
    ဆိုလိုတာက အနှောင့်ရှိတယ်
    ကျောရိုးရှိတယ််
  • 0:19 - 0:20
    မျက်နှာ တစ်ခုရှိတယ်။
  • 0:20 - 0:23
    တကယ်ဆိုရင် သင့်မိတ်ဆွေလိုလို ဖြစ်နိုင်တယ်။
  • 0:23 - 0:26
    စာအုပ်တွေဟာ အခြား ဆက်သွယ်
    ရေးနည်းလမ်းက မလုပ်နိုင်တဲ့
  • 0:26 - 0:28
    လူသား အတွေ့အကြုံကို မှတ်တမ်းတင်တယ်။
  • 0:28 - 0:29
    စာအုပ်တွေ မရှိခင်တုန်းက
  • 0:29 - 0:32
    ရှေးဟောင်း ယဉ်ကျေးမှုတွေဟာ
    အကြောင်းအရာတွေကို အရိုးတွေ၊
  • 0:32 - 0:36
    ကျောက်တုံးတွေ(သို့) ကိုယ့်မှာ ရှိတာတွေ
    ​ပေါ်မှာ ထစ်ရာတွေနဲ့ မှတ်တမ်းတင်တယ်။
  • 0:36 - 0:40
    ကျွန်တော်တို့ သိကြတဲ့ ပထမဆုံး စာအုပ်တွေဟာ
    ရှေးဟောင်း ရောမမှာ ပေါ်ပေါက်ခဲ့တယ်။
  • 0:40 - 0:42
    codex ခေါ်တဲ့ စကားရပ်ကို လိုက်နာတယ်။
  • 0:42 - 0:45
    ၎င်းတို့မှာ လေးလံတဲ့
    သစ်သားပိုင်း နှစ်ခုရှိပြီး
  • 0:45 - 0:46
    ဒါက အဖုံးဖြစ်လာတယ်။
  • 0:46 - 0:50
    ဒီနောက်မှာ ကြားထဲက စာမျက်နှာတွေကို
    အတော်လေး အလွယ်တကူ
  • 0:50 - 0:54
    သယ်ယူပိုဆောင်လိုရအောင်
    တစ်ဘက်ခြမ်းအတိုင်း ချုပ်လိုက်တယ်။
  • 0:54 - 0:57
    အားလုံးကို လက်နဲ့ အပြီးအစီး
    လုပ်ရတာပါ။
  • 0:57 - 0:59
    ဒါက စာရေးလို့ ကျွန်တော်တို့
    သိကြတာရဲ့ အလုပ်ဖြစ်လာခဲ့တယ်။
  • 0:59 - 1:03
    ရှင်းရှင်းပြောရရင် ဇိမ်ခံပစ္စည်းတွေပါ။
  • 1:03 - 1:06
    ဒီနောက် ၁၅ ရာစုအလယ်မှာ Johannes
    Gutenberg ဆိုတဲ့ ပုံနှိပ်တိုက်ပိုင်ရှင်က
  • 1:06 - 1:12
    စာအုပ်တစ်အုပ်ကို အလုံးအရင်းနဲ့
    ထုတ်လုပ်ဖို့ နည်းလမ်းကို တီထွင်ခဲ့တယ်။
  • 1:12 - 1:13
    ခေတ်မီ စာပုံနှိပ်စက်ပါ။
  • 1:13 - 1:15
    ဒီအချိန် မတိုင်ခင်ကတော့
  • 1:15 - 1:19
    စာအုပ်တွေကို ကြီးမားတဲ့ ပရိသတ်အနေနဲ့
    အသုံးပြုတာမျိုး မရှိခဲ့ဘူး။
  • 1:19 - 1:24
    စာအုပ်အဖုံးတွေကို ၁၉ ရာစု အစောပိုင်းမှာ
    စတင် အသုံးပြုလာခဲ့ပြီး
  • 1:24 - 1:27
    စာအုပ်အပေါ်ဖုံးတွေလို့ ခေါ်ခဲ့တယ်။
  • 1:27 - 1:29
    ဒါတွေပေါ်မှာ ကြော်ငြာတာက အမြဲလိုလိုပါတယ်၊
  • 1:29 - 1:31
    ဒီတော့ လူတွေက ဒါတွေကို ချွတ်ပြီး
    လွင့်ပစ်လေ့ရှိတယ်။
  • 1:31 - 1:35
    ၁၉ ရာစုကနေ ၂၀ ရာစု အပြောင်း
    ရောက်တော့မှပဲ
  • 1:35 - 1:40
    စာအုပ် အဖုံးတွေထဲမှာနဲ့ အဖုံးတွေကိုယ်၌မှာ
    စိတ်ဝင်စားစရာဒီဇိုင်းတွေကို
  • 1:40 - 1:41
    တွေ့မြင်နိုင်တော့တယ်။
  • 1:42 - 1:44
    ဥပမာ ကျွန်တော် အဖုံးကို ကြည့်ပြီး
    တွေးမိတာက
  • 1:44 - 1:45
    "ငါ ဒါကို ဖတ်ချင်တယ်၊
  • 1:46 - 1:47
    ဒါက ငါ့ကို စိတ်ဝင်စားစေတယ်"ပေါ့။
  • 1:47 - 1:51
    အထည်ဒြပ်ရှိတဲ့ စာအုပ်ကိုယ်၌က
    နည်းပညာ တိုးတက်မှုကိုသာမက ၎င်းနဲ့
  • 1:51 - 1:54
    ၎င်းရဲ့နည်းပညာ အပိုင်းအစတစ်ခု
    ဆိုတာကိုပါ ကိုယ်စားပြုတယ်။
  • 1:54 - 1:57
    လူတွေ အရင်က ရှိခဲ့တာတိုင်းနဲ့ မတူတဲ့
  • 1:57 - 2:01
    သုံးစွဲသူ ကြားခံစနစ်တစ်ခုကို ပေးတယ်။
  • 2:01 - 2:04
    ဒါကို ပရိသတ်ဆီကို ပို့ပေးဖို့
    အကောင်းဆုံးနည်း ဖြစ်တုန်းလားလို့
  • 2:04 - 2:06
    သင် စောဒကတက်နိုင်တယ်။
  • 2:07 - 2:10
    ကျွန်တော် ယုံကြည်တာက အထည်ဒြပ်ရှိတဲ့
    စာအုပ်တစ်အုပ်ရဲ့အဓိက ရည်ရွယ်ချက်က
  • 2:10 - 2:13
    ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကို
    မှတ်တမ်းတင်ဖို့၊
  • 2:13 - 2:19
    စင်တစ်စင်၊ စာကြည့်တိုက်တစ်တိုက်နဲ့
    အိမ်တစ်လုံးမှာ ထားဖို့၊
  • 2:19 - 2:24
    အနာဂတ်မျိုးဆက်တွေအတွက်
    သူတို့ ဘယ်က လာတယ်ဆိုတာ နားလည်ဖို့၊
  • 2:24 - 2:27
    လူတွေဟာ အလားတူ အခြေအနေတွေတချို့ကို
    ဖြတ်ကျော်ခဲ့ကြပြီး
  • 2:27 - 2:29
    ဖြတ်ကျော်နေဦးမယ်ဆိုတာကိုပါ။
  • 2:29 - 2:32
    ဒါက စာရေးသူနဲ့ သင်ဟာ
    အပြန်အလှန်ဆွေးနွေးတာမျိုးပါ။
  • 2:32 - 2:36
    သင့်မှာ ရှိတဲ့ လူသား ဆက်နွယ်မှုတစ်ခုက
    စခရင်တစ်ခုပေါ်မှာထက်
  • 2:36 - 2:39
    ပုံနှိပ်ထားတဲ့ စာအုပ်တစ်အုပ်မှာ
    အများကြီး ပိုတယ်လို့ ထင်တယ်။
  • 2:39 - 2:42
    လူတွေဟာ စာအုပ်ကို ကိုင်ထားတဲ့၊
    စာမျက်နှာကို လှန်တဲ့၊
  • 2:42 - 2:47
    ဇာတ်လမ်းတစ်ခုထဲမှာ သူတို့တိုးတက်မှုကို
    မှတ်သားတဲ့ အတွေ့အကြုံကို လိုချင်ကြတယ်။
  • 2:47 - 2:50
    ဒီနောက် ဒါအားလုံးအနက်
    သင့်မှာ ရှိတာက စာအုပ်တစ်အုပ်ရဲ့ အနံ့ပါ။
  • 2:50 - 2:54
    စာရွက်ပေါ်က မင်အသစ်
    (သို့) အိုဟောင်းလာတဲ့ စာရွက် အနံ့ပေါ့။
  • 2:55 - 2:57
    ဒါကို အခြားအရာတွေကနေ
    သင် မရဘူးလေ။
  • 2:57 - 3:01
    စာအုပ်ကိုယ်၌ဟာ သိတဲ့အတိုင်း
    ခလုတ်တစ်ခုနဲ့ ပိတ်လို့မှမရတာ။
  • 3:01 - 3:04
    ဒါက သင့်လက်ထဲမှာ ကိုင်ထားပြီး
    ကိုယ်နဲ့မကွာ သယ်သွားလို့ရတဲ့
  • 3:04 - 3:05
    ဇာတ်လမ်းတစ်ပုဒ်လေ။
  • 3:05 - 3:08
    ဒါက စာအုပ်တွေကို သိပ် အဖိုးတန်အောင်
    လုပ်တဲ့ အစိတ်အပိုင်းဖြစ်ပြီး
  • 3:08 - 3:13
    ကာလတစ်လျှောက်လုံး စာအုပ်တွေကို
    အဖိုးတန်အောင် လုပ်မယ်လို့ ထင်တယ်။
  • 3:13 - 3:15
    စာအုပ်စင်တစ်စင်ဟာ ပြောရရင်
  • 3:15 - 3:16
    သင့်ထက် ကြာကြာခံဖို့ လုပ်ထားတာ။
    (ရယ်သံ)
  • 3:16 - 3:18
    သင်ဘယ်သူပဲ ဖြစ်နေနေပါ။
Title:
ဘာကြောင့် စာအုပ်တွေ ဒီမှာ ဆက်ရှိနေကြဦးမှာလဲ။
Speaker:
Chip Kidd
Description:

အီလက်ထရွန်းနစ် စာအုပ်တွေ တိုးလာပေမဲ့ အထည်ဒြပ်ရှိတဲ့ စာအုပ်တွေ ဘယ်ကိုမှ ထွက်သွားကြမှာမဟုတ်ပါ။ ဂရပ်ဖစ် ဒီဇိုင်းပညာရှင် Chip Kidd ကနေပြီး ဘာကြောင့် စာအုပ်တွေရဲ့ ဒီဇိုင်းက ဒီလောက် တာရှည်ခံလဲဆိုတာကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
03:32

Burmese subtitles

Revisions