USကိုရောက်ပြီးလေးနှစ်ကြာတော့
တခြား၁၆နှစ်အရွယ်တွေလို
ကားမောင်းလိုင်စင်လျှောက်ဖို့သွားခဲ့တယ်။
စာရေးကို "လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်း၊
green card" ကိုပြတော့
"ဒါကအတု"လို့ပြောတယ်။
"ဒီကိုနောက်ထပ်မလာခဲ့နဲ့" လို့လည်း
ပြောသေးတယ်။
ကျွန်တော် "အမေရိကမှာတရားမဝင်နေထိုင်ခဲ့တယ်"
ဆိုတာသိရှိလိုက်ရတာပါ။
အခုလည်း တရားမဝင် ဒီမှာရှိနေတုန်းပါ။
သတင်းစာဆရာ၊ ရုပ်ရှင်ရိုက်ကူးသူ
ကျွန်တော်ကဇာတ်လမ်းတွေမှာမွေ့လျော်သူပါ။
ကျွန်တော် သိလိုက်ရတာက
လူဝင်မှုနဲ့ပတ်သတ်ပြီး
လူအများစုနားမလည်နိုင်တာက
သူတို့ကိုယ်တိုင် အကြောင်းကို
သူတို့ နားမလည်ကြဘူးဆိုတာပါ။
သူတို့မိသားစု ပြောင်းရွေ့ခဲ့တဲ့
ဖြစ်စဉ်ဟောင်းတွေနဲ့ green cardတွေ၊
တံတိုင်းတွေ မပေါ်ခင်က
ဖြတ်သန်းလာရပုံ၊
နိုင်ငံသားဖြစ်မှုအပေါ် သူတို့
နားလည်ခြင်းက ပုံသွင်းလိုက်တာကိုပါ။
ကျွန်တော်ကဖိလစ်ပိုင်မှာမွေးခဲ့တယ်။
၁၂နှစ်သားအရွယ်မှာ အမေက "သူမရဲ့မိဘ၊
ကျွန်တော့်ရဲ့အဘိုးအဘွား"
"tagalogလို loloနဲ့ lola"
သူတို့နဲ့နေဖို့ ကျွန်တော့်ကို USပို့တယ်။
အဘိုး ရဲ့နာမည်က Teofilo တဲ့
သူအမေရိကမှာ" တရားဝင်အခြေချပြီး
နိုင်ငံသားအဖြစ်ခံယူလိုက်တဲ့အချိန်မှာ"
"Cheers ဆိုတဲ့ TVအစီအစဉ်က Ted Danson" ကို
သဘောကျပြီး
Teofilo ကနေTed လို့ နာမည်ပြောင်းလိုက်တယ်။
ဒီထက်ပိုပြီး အမေရိကန်မဆန်နိုင်တော့ဘူး။
Lolo ရဲ့ အကြိုက်ဆုံးသီချင်းက
Frank Sinatraရဲ့ "My Way" ဖြစ်ပြီး
"တစ်ဦးတည်းသောမြေးဖြစ်တဲ့ ကျွန်တော့်ကို
အမေရိကကို ဘယ်လိုခေါ်ရမလဲ အဖြေရှာတဲ့အခါ"
သူ့နည်းသူ့ဟန်နဲ့လုပ်ဖို့
ဆုံးဖြတ်ခဲ့တယ်။
Lolo ပြောပုံအရ "ကျွန်တော်ဒီရောက်ဖို့
လွယ်ကူရိုးရှင်းတဲ့နည်း"မရှိဘူး။
ဒါကြောင့်"Lolo လို တစ်နာရီ၈ဒေါ်လာပဲရတဲ့
လုံခြုံရေးအစောင့်တစ်ယောက်"အတွက်
"အတော်များတဲ့ငွေပမာဏဖြစ်တဲ့ဒေါ်လာ၄၅၀၀"ကို
green cardအတုလုပ်ဖို့နဲ့
"ကျွန်တော့်ကို US ခေါ်လာပေးမယ့်
မှောင်ခိုသမား"ကိုပေးဖို့
ပိုက်ဆံစုနိုင်ခဲ့တယ်။
အဲဒီလိုနဲ့ ဒီကိုရောက်လာတယ်။
လူတွေက သူတိုဘိုးဘေးဘီဘင်တွေဟာ"အမေရိကကို
မှန်ကန်တဲ့နည်းလမ်းနဲ့လာတာ"လို့
ပြောတာ အကြိမ်ပေါင်းမရေတွက်နိုင်ဘူး။
"မှန်ကန်တဲ့နည်းလမ်း"ဆိုတာက
အခြေချနေထိုင်သူတွေရဲ့ ပထမဆုံးသင်္ဘော
ကျောက်ချရပ်နားချိန်မှစ၍
ပြောင်းလဲသွားခဲ့တယ်။
ကျွန်တော်တို့သိတဲ့အတိုင်း အမေရိကဟာ
"နယ်မြေအပိုင်းအစတစ်ခု"ထက်ပိုတယ်။
အခု 'အမေရိကပိုင်နယ်မြေတွေ"ဟာ
"ယခင်ကအခြားနိုင်ငံပိုင်နယ်မြေတွေ"နဲ့
ဖွဲ့စည်းထားလို့ပဲဖြစ်ပါတယ်။
အမေရိကဟာ ရွှေ့ပြောင်းနေထိုင်တွေနဲ့
ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခု"ထက်ပိုတယ်။
ရွှေ့ပြောင်းနေထိုင်တွေမဟုတ်တဲ့
အမေရိကန်အုပ်စုနှစ်ခု"ရှိတယ်။
မျိုးတုံးသတ်ဖြတ်မှုလုပ်ငန်းများတွင်
အသတ်ခံခဲ့ရတဲ့
ဒေသခံအမေရိကန်တွေနဲ့
တိုင်းပြည်တည်ဆောက်ရန်ပြန်ပေးဆွဲခံရပြီး၊
ကျွန်ပြုခံခဲ့ရတဲ့
အာဖရိကန်အမေရိကန်တွေပဲဖြစ်တယ်။
ဒါအားလုံးထက် အမေရိကဟာ စိတ်ကူးတစ်ခုပါ။
ဒါပေမဲ့ လက်တွေ့မကျဘဲ
မပြည့်စုံတဲ့တစ်ချက်ကတော့
ပထမဆုံးအခြေချနေထိုင်သူတွေက
နိုင်ငံသားဖြစ်မှုကို စိုးရိမ်ခြင်းမရှိဘဲ
လွတ်လပ်စွာ လာရောက်နိုင်ခဲ့ခြင်းပဲဖြစ်တယ်။
ဒီတော့ သင် ဘယ်ကနေလာခဲ့တာလဲ။
ဘယ်လိုရောက်လာခဲ့တာလဲ။
ဘယ်သူကငွေပေးချေပေးတာလဲ။
အမေရိကတစ်ဝှမ်းက ရှေရိုးဆန်သူတွေေ
တိုးတက်နေသူတွေ၊
အထက်တန်းကျောင်းသားတွေနဲ့
အငြိမ်းစားတွေရှေ့ မတူညီတဲ့လူတွေရှေ့မှာ
ဒီမေးခွန်းတွေကို မေးခဲ့တယ်။
အသားအရောင်မတူတဲ့သူတစ်ယောက်"အနေနဲ့
"ကျွန်တော်ဘယ်ကလာလဲ"လို့
အမြဲတမ်းအမေးခံခဲ့ရတယ်။
ဒါကြောင့်ကျွန်တော်လူဖြူတွေကိုလည်း
"သူတို့ဘယ်ကလာလဲ"လို့မေးခဲ့တယ်။
Georgia တက္ကသိုလ်ကကျောင်းသားတစ်ယောက်ကို
ဘယ်ကလာလဲလို့မေးပြီးတဲ့အခါ
"ကျွန်တော်ကအမေရိကန်"လို့သူကပြောတယ်။
"ကျွန်တော်သိပါတယ်။ ဒါပေမဲ့
ခင်ဗျားဘယ်ကလာလဲ။" ဆိုတော့
"ကျွန်တော်ကလူဖြူ"ပါလို့သူကပြန်ပြောတယ်။
"လူဖြူဆိုတာ နိုင်ငံမဟုတ်ဘူးလို့"
ကျွန်တော်ပြန်ပြောခဲ့တယ်။
"မင်းရဲ့ဘိုးဘေးတွေက ဘယ်ကလဲ။"
သူကပခုံးတွန့်ပြီးပြန်ပြောတော့
ကျွန်တော်ပြောခဲ့တယ်။
"ကောင်းပြီ။ မင်းဘယ်ကနေလာခဲ့ပါသလဲ။
ဒီကိုဘယ်လိုရောက်လာတာလဲ။
ဘယ်သူကငွေပေးချေပေးတာလဲ။"
သူမဖြေနိုင်ခဲ့ဘူး။
ဒီအခြေခံမေးခွန်းသုံးခုကိုမဖြေဘဲနဲ့
အမေရိကန်တစ်ယောက်အနေနဲ့
အမေရိကန်အကြောင်းပြောနိုင်မယ်လို့မထင်ဘူး။
လူဝင်မှုကြီးကြပ်ရေးဟာ
အမေရိကရဲ့အသက်သွေးကြောပဲဖြစ်တယ်။
မူလကိုလိုနီ၁၃နိုင်ငံမှအခြေချသူတွေ၊
တော်လှန်ရေးသမားတွေနဲ့
အမေရိကကိုမညှာမတာသိမ်းပိုက်အုပ်ချုပ်ဖူးတဲ့
ဥရောပကသန်းပေါင်းများစွာသော
အခြေချနေထိုင်သူတွေကနေ နိုင်ငံကို
ဘယ်လိုပြန်တည်ဆောက်ခဲ့တယ်
ဆိုတာတွေကြောင့်ဖြစ်တယ်။
ဌာနေရင်း အမေရိကန်တွေက
ကိုယ်ပိုင်မျိုးနွယ်စုအထောက်အထားတွေနဲ့
ဒီမှာရှိနေခဲ့ကြပေမဲ့
"၁၉၂၄ Indian Citizenship Act"မတိုင်ခင်အထိ
အမေရိကန်နိုင်ငံသားအဖြစ်သတ်မှတ်မခံခဲ့ရဘူး။
အမေရိကန်လူမည်းတွေတိုက်ပွဲဝင်ခဲ့တဲ့
1964 Civil Rights Act" ဟာ
နှစ်ပေါင်း၄၀ကြာခဲ့တဲ့
" America's race-based exclusionary
system"ကိုအဆုံးသတ်ပေးတဲ့
"1965 Immigration and National Act"ကို
ဖြစ်စေခဲ့တယ်။
ကျွန်တော်ဒီမှာ ဒီလိုပဲဆက်သွားလို့ရတယ်။
ဒါပေမဲ့ ကျွန်တော်ပြောချင်တဲ့အချက်က
အရင်ကဖြစ်ဖြစ်၊အခုဖြစ်ဖြစ်
ပြောင်းရွှေ့အခြေချနေထိုင်သူတွေက
အမေရိကန်သမိုင်းရဲ့
အရေးပါတဲ့အစိတ်အပိုင်းတွေကို
ဘယ်လောက်သိလဲဆိုတာပဲ။
ဒီသမိုင်းကြောင်းတွေက တကယ့် အမေရိကန်
နိုင်ငံသားဖြစ်မှုစမ်းသပ်မှာ ဘယ်လောက်ပါလဲ။
ခင်ဗျားတို့တွေ့ဖူးကြလား။
အများစုက နှုတ်ဖြေစာမေးပွဲတစ်ခုဖြစ်ကာ
အစိုးရအရာရှိတွေက လျှောက်ထားသူတွေကို
မေးခွန်းတွေ ၁၀ခုကနေ အခု၁၀၀အထိ မေးကြတယ်။
စာမေးပွဲအောင်ဖို့ လျှောက်ထားသူတွေက
အနည်းဆုံးမေးခွန်း၆ခုမှန်ရမယ်။
တစ်လောက ဒီစာမေးပွဲကိုကျွန်တော်ကြည့်ပြီး
သိသာထင်ရှားတဲ့မေးခွန်းတွေကို
ဘယ်လိုမျိုးလက်ခံနိုင်တဲ့
အဖြေလိုချင်တာလဲဆိုတာတွေးပြီးတော့
ကျွန်တော်စိတ်ပျက်သွားခဲံတယ်။
"the Statue of Liberty"အကြောင်းနဲ့
အဲဒါဘယ်နေရာမှာလဲဆိုတဲ့မေးခွန်းပါတယ်။
Ellis Island အကြောင်း၊
အမေရိကန် ပြည်ထောင်စုက
ရွှေ့ပြောင်းနေထိုင်တဲ့
နိုင်ငံဆိုတဲ့အကြောင်းနဲ့
"မရေမတွက်နိုင်တဲ့ရွှေ့ပြောင်း
ဆန့်ကျင်မှု ဥပဒေတွေ ပြဌာန်းခဲ့တာပါ။
ဒေသခံအမေရိကန်သမိုင်းကြောင်း မပါဘူး။
"Martin Luther King, Jr.
ဘာလုပ်ခဲ့သလဲ"ဆိုတဲ့မေးခွန်းပါပေမဲ့
အာဖရိကန်အမေရိကန်တွေရဲ့ မဖူလုံခြင်းနဲ့
တာဝန်မဲ့တဲ့အကြောင်းအရာတွေ"
အများဆုံးပါတယ်။
ဥမာတစ်ခုပြောပြမယ်။
အမေရိကသမိုင်းကြောင်းအပိုင်းက
မေးခွန်းနံပါတ် ၇၄ မှာ လျှောက်ထားသူတွေကို
ပြည်တွင်းစစ်ဖြစ်စေတဲ့ပြဿနာတစ်ခုကို
ပြောပြခိုင်းတယ်။
လက်ခံနိုင်တဲ့အဖြေသုံးခု ရှိတယ်။
ကျွန်စနစ်၊
ပြည်နယ်များ၏အခွင့်အရေးများ၊
စီးပွားရေးဆိုင်ရာအကြောင်းအရာတွေပဲဖြစ်တယ်။
Lola နဲ့Lolo က ဒီမေးခွန်းကို
ဖြေနိုင်ခဲ့ရဲ့လား။
သူတို့ဒီမေးခွန်းကိုသိရင်တောင်
ဒီနောက်က သမိုင်းကြောင်းကို
နားလည်နိုင်ပါ့မလား။
အမေရိကန်ဖြစ်လာဖို့ ဒီစာမေးပွဲဖြေခဲ့ရတဲ့
ကျွန်တော်ရဲ့ဦးလေး၊အဒေါ်၊ဝမ်းကွဲတွေနဲ့
သန်းပေါင်းများစွာသော ပြောင်းရွေ့
နေထိုင်သူတွေ"ရော နားလည်နိုင်မလား။
ဒီကိုမရောက်ခင် ပြောင်းရွှေ့နေထိုင်သူတွေက
အမေရိကအကြောင်းဘာသိသလဲ။
ဘယ်လိုနိုင်ငံသားဖြစ်ဖို့လျှောက်ထားကြတာလဲ။
ကျွန်တော်တို့ဖြစ်ချင်တဲ့
နိုင်ငံသားပုံစံနဲ့ရော ကိုက်ညီမှုရှိရဲ့လား။
အဲဒါကိုတွေးကြည့်ပါ။
ကျွန်တော်တော့အများကြီးတွေးဖြစ်တယ်။
ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားဆိုတာ
ဘယ်လိုမျိုးလဲ။
အမေရိကမှာ နှစ်ရာချီပြီး ရောက်နေခဲ့တဲ့
လူမည်းတွေနဲ့ဒေသခံတွေ"တောင်မရနိုင်သေးတာကို
လွန်ခဲ့တဲ့ ၂၆နှစ် ကျွန်တော်ဒီကို
စရောက်စဉ်ကကျွန်တော်ဘယ်လိုလုပ်ပြီး
တောင်းဆိုလို့ရမှာလဲ။
ကျွန်တော်ကြိုက်တဲ့ စာရေးဆရာထဲက
တစ်ယောက်က Toni Morrison ပါ။
ကျွန်တော် ဒီကိုတရားမဝင်ရောက်နေတယ်
ဆိုတာမသိခင် အရင်နှစ်၊ ၁၉၉၆မှာ
ရှစ်တန်းတွေက Morrison ရဲ့ ပထမဆုံး စာအုပ်
"The Bluest Eye" ကို
ဖတ်ရတယ်။
ချက်ချင်းပဲ စာအုပ်ကကျွန်တော့်ကို ခက်ခဲတဲ့
မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးစေတယ်။
စာအုပ်အလယ်လောက်မှာပါတဲ့
ငယ်ရွယ်တဲ့လူမည်းမိန်းကလေး
Pecola Breedlove က
ဘာကြောင့်အပြာရောင်မျက်လုံးတွေလိုချင်တာလဲ။
သူ့ကိုဒါတွေလိုချင်အောင်ဘယ်သူပြောလဲ။
သူက ဒါတွေကိုဘာလို့ယုံကြည်တာလဲ။
Morrison ကလူတစ်ယောက်ဟာ
"the master narrative" ဆိုတာကို
အညံ့ခံရင်ဘယ်လိုဖြစ်မယ်ဆိုတာပုံဖော်ဖို့
ဒီစာအုပ်ကိုရေးခဲ့တာလို့ပြောတယ်။
"အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာဖွင့်ဆိုသူနဲ့ပဲ
သက်ဆိုင်တယ်"လို့ Morrison က ပြောတယ်။
ကျွန်တော် ဒီကိုတရားမဝင်ရောက်နေတာကို
သိရတော့
ဥပဒေအရရော၊ဒီမှာမွေးတာမဟုတ်တဲ့အတွက်ကြောင့်
တရားဝင်နိုင်ငံသား မဖြစ်နိုင်ပေမဲ့
နောက်တစ်မျိုးနဲ့နိုင်ငံသားဖြစ်ခွင့်
ရနိုင်သေးတယ်ဆိုပြီးယုံကြည်ထားတယ်။
နိုင်ငံသားဆိုတာ
ပါဝင်ဆင်နွှဲခြင်းလို့သဘောထားပြီး
ကျွန်တော်ထိတွေ့ဆက်ဆံတယ်။
ကျွန်တော့်ကိုသဘောမကျတဲ့
အမေရိကန်တွေနဲ့တောင် ကျွန်တော်ပေါင်းတယ်။
နိုင်ငံသားဆိုတာ
အထောက်အကူပြုခြင်းလို့သဘောထားပြီး
လူမှုအသိုင်းအဝိုင်းကို
ကျွန်တော်တတ်နိုင်သလောက်ကူညီပေးမယ်။
အထောက်အထားမဲ့ စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ တစ်ခုရှိတာက
အမေရိကန်နိုင်ငံသားအများစုကို
အလုပ်ခန့်ထားတယ်။
နိုင်ငံသားဆိုတာ ပညာပေးခြင်းလို့သဘောထားတယ်။
အတိတ်အကြောင်းနဲ့ပစ္စုပ္ပန်ကို
ဘယ်လိုရောက်လာလဲဆိုတာ တခြားလူတွေက
ကိုယ့်ကိုပညာလာပေးမှာကိုစောင့်လို့မရဘူး။
ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်အနီးအနားကလူတွေကို
ပညာပေးနိုင်ရမယ်။
နိုင်ငံသားဆိုတာ
ကိုယ့်ထက်ကြီးမြတ်တဲ့အရာလို့ခံယူပြီး
ကျွန်တော်တို့ဟာတစ်ဦးချင်းနဲ့
စုပေါင်းပြီးတော့
အမေရိကရဲ့ဇာတ်ကြောင်းကို
ပြန်ရေးနေကြတယ်လို့ထင်တယ်။
အဓိပ္ပါယ်ဖွင့်ဆိုခံခဲ့ရတဲ့သူတွေက
အဓိပ္ပါယ်ဖွင့်ဆိုတဲ့သူတွေ ဖြစ်နေကြပြီ။
သူတို့က"မေးဖို့လိုအပ်တဲ့
မေးခွန်းတွေ"ကိုမေးနေကြတယ်။
ဒီပြန်လည်ဖွင့်ဆိုချက်ရဲ့ အဓိကအပိုင်းက
အမေရိကန်ဆိုတာဘယ်သူလဲဆိုတာတင်မက
ဘာကနိုင်ငံသားဖြစ်စေတာလဲ
စတာတွေကို
အဓိပ္ပါယ်ဖွင့်ဆိုပုံဖြစ်တယ်။
ဒါကကျွန်တော့်အတွက်တော့
အချင်းချင်းတာဝန်သိစိတ်လို့ပဲ မြင်တယ်။
ဒါကြောင့် ကိုယ့်ရဲ့ဇာတ်ကြောင်းကို
စဉ်းစားကြည့်ပါ။
မေးကြည့်ပါ။
ငါဘယ်ကလာတာလဲ။
ငါဒီကိုဘယ်လိုရောက်လာတာလဲ။
ဘယ်သူကငွေပေးချေပေးခဲ့တာလဲ။