WEBVTT 00:00:00.775 --> 00:00:03.081 ကျွန်တော်ဟာ ရုပ်ရှင်ရိုက်ရတာကို ကြိုက်ပါတယ်။ 00:00:05.174 --> 00:00:09.373 ရုပ်ရှင်ကားတွေ ပေါ်ထွန်းလာခဲ့ကြတာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ 00:00:10.370 --> 00:00:14.029 ရုပ်ရှင်ရိုက်ကူးတဲ့ ပညာရဲ့ အခြေခံဟာ မပြောင်းလဲခဲ့သလောက်ပါပဲ။ 00:00:15.092 --> 00:00:19.430 ကင်မရာကို ရိုက်ကွင်းရှေ့မှာ ချထားပြီး "ရိုက်တော့" ခလုတ်နှိပ်ရတာ မပြောင်းလဲသေးပါ။ 00:00:19.454 --> 00:00:22.699 ရုပ်ရှင်ရိုက်ရတာ ရှေ့တန်း အတွေ့အကြုံ တစ်ခုဖြစ်နေဆဲ ဖြစ်ပြီး 00:00:22.723 --> 00:00:25.859 ရုပ်ရှင်ကို ဖန်တီးမှုဆီတွင် အကြောင်းအရာ တစ်ခုကို 00:00:25.883 --> 00:00:30.062 ဦးတည် လိုက်နာရင်း ဖန်တီးတီထွင်ပေးနိုင်တဲ့ စွမ်းပကား ရှိပါတယ်။ 00:00:30.086 --> 00:00:33.311 ကျွန်တော်တို့ရဲ့ ရှေ့မှာ ပြားချပ်နေတဲ့ ပုံရိပ်ဟာ ရှိမြဲရှိနေကြပေမဲ့ 00:00:33.311 --> 00:00:35.267 ဇာတ်လမ်းကို ရှုစားနိုင်ကြတုန်းပါပဲ။ 00:00:35.324 --> 00:00:36.761 ဒီထဲမှာ မှားတာ ဘာမှ မရှိပါဘူး။ 00:00:36.876 --> 00:00:40.634 ကျွန်တော်ဟာ ရုပ်ရှင်ကြည့်ရတာကို ကြိုက်တယ်၊ ရုပ်ရှင်ရုံတွေကို သွားလေ့ ရှိပါတယ်။ 00:00:40.658 --> 00:00:43.369 ဒီလို အတွေ့အကြုံတွေဟာ သိပ်ကို စိတ်လှုပ်ရှားဖွယ်ရာတွေပါ။ 00:00:43.369 --> 00:00:47.135 ရုပ်ရှင် ပုံရိပ်တစ်ခုနဲ့ ဆက်စပ်နေတဲ့ စိတ် ခံစားမှုဆိုင်ရာ အနုပညာနဲ့ လက်မှုပညာဟာ 00:00:47.159 --> 00:00:51.004 ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုကို လှုံ့ဆော် ပေးနိုင်အောင်ကို အားကောင်းနိုင်ပါတယ်။ 00:00:51.178 --> 00:00:53.534 ကျုပ်တို့ အနေနဲ့ သိချင်ကြတဲ့ အချက်က၊ 00:00:53.558 --> 00:00:57.511 ရုပ်ရှင်ထံမှ အတွေ့အကြုံက ပြားချပ်နေတဲ့ ပိတ်ကားနောက်မှာ ဘယ်လိုလုပ် ရှိနိုင်တာလဲ။ 00:00:57.694 --> 00:01:00.407 အကြောင်းအရာတွေကို ကြည့်ရှုကြမယ့် လာမယ့် မျိုးဆက်အတွက် 00:01:00.431 --> 00:01:03.264 ကျုပ်တို့ဟာ အကြောင်းအရာတွေကို ဘယ်လို ဖန်တီးပေးကြရမလဲ။ 00:01:03.500 --> 00:01:06.288 အစဉ်အလာအရ၊ ကျုပ်တို့က ရိုက်ကွင်းကို စိတ်ကူးရာတွင် 00:01:06.288 --> 00:01:09.656 ကျုပ်တို့ဟာ မြင်ရတဲ့ ဘောင်အကွက်နဲ့ စီစဉ် နေရာချထားပုံကို ကြည့်ကြပါတယ်။ 00:01:09.656 --> 00:01:13.662 ကျုပ်တို့ဟာ မြင်ကွင်းရဲ့ နက်ရှိုင်းမှုနဲ့ ပုံတွေရွေ့ရှားပုံ ဖန်တီးပုံကို စဉ်းစားရတယ် 00:01:13.662 --> 00:01:17.857 ကင်မရာရဲ့ ရွှေ့လျားမှုအရ ရှေ့ပိုင်း၊ နောက်ပိုင်း အရာတွေကို စဉ်းစားကြရတယ်။ 00:01:18.354 --> 00:01:21.965 ဒီနေ့တွင် ရှိနေကြတဲ့ နည်းပညာများနဲ့ VR မျက်မှန်တွေ၊ 00:01:21.989 --> 00:01:24.705 AR မျက်မှန်တွေ၊ စမတ် ကိရိယာတွေ ရှိနေကြလို့ 00:01:24.705 --> 00:01:28.700 ဖက်သုံးဖက်ကို ပြနိုင်ပြီး ကြိုက်တဲ့ နေရာဆီ လုံးဝ လွတ်လပ်စွာ သွားလာနိုင်ကြတယ် ဆိုတော့၊ 00:01:28.724 --> 00:01:31.244 ပရိသတ်တို့ အနေနဲ့ ပြသပေးနေတာကို ရှုဒေါင့် အများအပြားမှ 00:01:31.244 --> 00:01:33.954 ခံစားကြည့်ရှုနိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ 00:01:34.515 --> 00:01:38.305 ဒီနေရာမှာ ကျုပ်တို့ စဉ်းစားဖို့ လိုတာက ဒီနည်းပညာကို ယူပြီး 00:01:38.329 --> 00:01:39.897 လုပ်နိုင်စွမ်း အားလုံးနဲ့အတူ၊ 00:01:39.921 --> 00:01:45.301 ရိုက်ကွင်း အတွင်းထဲ ရှိနေသလို ခံစားရအောင် ဘယ်လို လုပ်ကိုင်ကြမလဲ ဆိုတာပါ။ 00:01:45.325 --> 00:01:49.119 မယုံကြည်နိုင်ဖွယ် တကယ့် ဇာတ်ကောင်တွေလို ခံစားရတဲ့ 00:01:49.143 --> 00:01:52.835 ဗီဒီယိုဂိမ်းတွေ၊ ကွန်ပျူတာမှ ဖန်တီးပေးတဲ့ ဇာတ်ကောင်တွေကို ပြောနေတာ မဟုတ်ပါဘူး။ 00:01:52.835 --> 00:01:55.365 ကျုပ်တို့ဟာ ဇာတ်စင်ပေါ်မှာ သရုပ်ဆောင်ကြတဲ့ 00:01:55.389 --> 00:01:57.894 တကယ့် ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုကို ပြောနေကြတာပါ။ 00:01:58.127 --> 00:02:02.104 ကျုပ်တို့က ဇာတ်ကောင်တွေကို ဘယ်လို ရိုက်ယူကြမလဲ၊ 00:02:02.128 --> 00:02:04.380 ပြီးတော့ တကယ့်မြင်ကွင်းကို ဘယ်လို ဖမ်းယူကြမလဲ၊ 00:02:04.404 --> 00:02:06.914 အဲဒီထဲကို ပရိသိတ်ကို နှစ်မြှုပ်ပစ်နိုင်ဖို့ အတွက်ပါ။ 00:02:06.914 --> 00:02:09.769 အခုတော့ ကျုပ်တို့ဟာ ၃၆၀ ဒီဂရီ ဗီဒီယိုကို အသုံးပြုနိုင်ကြရာ၊ 00:02:09.769 --> 00:02:12.215 ကင်မရာကို ရိုက်ကွင်း အထဲမှာ ထားရှိပေးပြီး 00:02:12.239 --> 00:02:15.643 ကိုယ့်ပတ်ပတ်လည်ရှိ လှပတဲ့မြင်ကွင်းကျယ် ပုံကို ဖန်တီးနိုင်ကြပါပြီ။ 00:02:15.643 --> 00:02:17.321 ဒါပေမဲ့ အဲဒီရှူထောင့်ကနေ ကြည့်ရင်၊ 00:02:17.321 --> 00:02:20.472 ရုပ်ရှင်ရိုက်ကူးမှုဟာ ရှေ့မျက်နှာစာကို ရိုက်ကူးမှု ဖြစ်နေတုန်းပါပဲ။ 00:02:20.472 --> 00:02:23.259 မြင်ကွင်း အတွင်းထဲ အပြည့်အဝ နှစ်မြှုပ်ပေးနိုင်ဖို့ 00:02:23.283 --> 00:02:27.327 ဖြစ်နိုင်သမျှ နေရာတွေမှ လာကြတဲ့ အလင်းရောင်တွေကို ဖမ်းယူရန် လိုအပ်ပါမယ်။ 00:02:27.351 --> 00:02:32.057 ကျုပ်တို့ဟာ ဇာတ်စင်ကို များပြားလှတဲ့ အာရုံကိရိယာတွေနဲ့ ဝန်းရံပေးကြရမယ်၊ 00:02:32.081 --> 00:02:35.908 အလင်းရောင်ကို ဖမ်းယူဖို့ အတတ်နိုင်စွမ်း အားထုတ်ရင်း 00:02:35.932 --> 00:02:39.684 ကျုပါတို့အနေနဲ့ နောက်ပိုင်းမှာ အတွင်း ထဲကို ပြန်ပြီး ဝင်နိုင်စွမ်း ရှိရပါမယ်။ 00:02:39.708 --> 00:02:41.226 အဲဒီလို စီစဉ်ပြင်ဆင်မှုထဲတွင် 00:02:41.250 --> 00:02:43.774 ရှေ့ပိုင်း ဒါမှမဟုတ် နောက်ခံပိုင်း မရှိတော့ပဲ 00:02:43.798 --> 00:02:45.490 ကင်မရာကို ချထားတဲ့ နေရာ မရှိပေမဲ့ 00:02:45.514 --> 00:02:49.031 ဖြစ်နိုင်တဲ့ နေရာများမှ လှုပ်ရှားမှုတွေနဲ့ အလင်း​ရောင်ကို ဖမ်းယူကြမယ့် 00:02:49.055 --> 00:02:51.911 အာရုံခံကိရိယာတွေ ရာနဲ့ချီ ရှိနေကြမယ်။ 00:02:53.021 --> 00:02:55.099 အသစ်သောနည်းပညာဆိုင်ရာတိုးတက်မှုများဖြင့် 00:02:55.123 --> 00:02:57.687 3D ဓာတ်ပုံကို စကြည့်နိုင်ပြီး 00:02:57.711 --> 00:03:00.558 ရှုထောင့်မျိုးစုံမှ အလင်းကိုဖမ်းယူခြင်း၊ 00:03:00.582 --> 00:03:03.272 အရာဝတ္ထုကို ပြန်လည်တည်ဆောက်နိုင်ခြင်း လုပ်နိုင်ကြပါပြီ။ 00:03:03.534 --> 00:03:05.716 ဒါက ရုပ်လုံးကြွ ဓာတ်ပုံနဲ့တူပါတယ်။ 00:03:06.457 --> 00:03:09.132 အခုဆိုရင် အဲဒီလို နည်းပညာ တိုးတက်မှုတွေနဲ့အတူ 00:03:09.156 --> 00:03:12.553 ဗီဒီယိုကို ပြားချပ်နေတဲ့ ပုံရိပ်လို မဟုတ်ဘဲ 00:03:12.577 --> 00:03:14.069 ထုထည်ပုံအဖြစ် ရိုက်နိုင်ကြတယ်။ 00:03:14.093 --> 00:03:16.989 အဲဒါကို ကျုပ်တို့က "ရှုဒေါင့်စုံ ဗီဒီယို" လို့ ခေါ်ကြပြီး 00:03:17.013 --> 00:03:20.608 ၎င်းဟာ ဇာတ်စင်ပေါ်က လှုပ်ရှားမှုတိုင်းကို 00:03:20.632 --> 00:03:23.083 ရုပ်လုံးကြွ လွှမ်းခြုံပြီး ဖမ်းယူနိုင်စွမ်း ရှိတယ်။ 00:03:23.138 --> 00:03:25.282 ဒါနဲ့ voxel ဆိုတာက ဘာလဲ။ 00:03:26.193 --> 00:03:29.296 voxel ဆိုတဲ့ဟာက ရုပ်လုံးကြွ pixel နဲ့ တူပြီး 00:03:29.320 --> 00:03:34.616 ပြားချပ်နေတဲ့ ပုံရိပ်ပြားအစား ရောင်စုံ လင်းထိန်းနေတဲ့ 00:03:34.640 --> 00:03:37.901 ရုပ်လုံးကြွ ကုဗတုံးလို မြင်နိုင်ရပြီး 00:03:37.925 --> 00:03:40.328 x၊ y၊ နဲ့ z ဆိုတဲ့ ကိုဩဒီနိတ်တွေနဲ့ပါ။ 00:03:41.000 --> 00:03:44.810 ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဇာတ်စင်ကို ဘယ်ရှုဒေါင့်မှမဆို 00:03:44.834 --> 00:03:46.142 ရိုက်ကူးနိုင်လာစေပါတယ်။ 00:03:46.976 --> 00:03:51.409 အဲဒါကြောင့်မို့လို့ များပြားလှတဲ့ ရှုဒေါင့်များမှ မြင်ရနိုင်တဲ့ 00:03:51.409 --> 00:03:53.985 နစ်မြုပ်သလိုခံစားရတဲ့ ဇာတ်စင်ကို ဖေါ်ထုတ်နိုင်စေတယ်။ 00:03:54.009 --> 00:03:58.929 အဲဒီလို လုပ်နိုင်ရန် မယုံနိုင်ဖွယ် များတဲ့ အချက်အလက်တွေ စီမံနိုင်ဖို့ လိုအပ်လာတယ်။ 00:03:58.953 --> 00:04:03.866 ကျုပ်တို့ဟာ များပြားလှတဲ့ ကင်မရာများမှ အလင်းရောင်ကို ဖမ်းယူလျက် 00:04:03.890 --> 00:04:06.115 အဲဒီလို အချက်အလက်တွေကို စုစည်းပေးရတယ်။ 00:04:06.573 --> 00:04:09.752 အဲဒီလို လုပ်ကိုင်ပြသပေးနိုင်ဖို့ အတွက်၊ 00:04:09.776 --> 00:04:15.132 ကျုပ်တို့ များပြားလှတဲ့ ကင်မရာတွေကို တပ်ဆင်ပေးထားတဲ့ 00:04:16.051 --> 00:04:18.044 ဇာတ်စင်နဲ့ 00:04:18.068 --> 00:04:23.242 ရုပ်ရှင်ဆိုင်ရာတွေကို အပြည့်အဝ စမ်းသပ်ဖို့ အတော်လေး ကြီးမားတဲ့ စင်မြင့် လိုအပ်ပါတယ်။ 00:04:24.099 --> 00:04:28.733 အခု ပြောပြတဲ့ဟာက စိတ်ကူးရူးလို့ ထင်ရပေမဲ့ ကျုပ်တို့ တကယ့်ကို အဲဒီလို လုပ်ခဲ့ကြပါတယ်။ 00:04:29.003 --> 00:04:31.011 လွန်ခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ 00:04:31.035 --> 00:04:35.432 ကျုပ်တို့ဟာ ထုထယ် ကင်မရာ ခန်းမကြီးကို ဆောက်လုပ်နေခဲ့ကြတယ်။ 00:04:36.059 --> 00:04:39.210 အဲဒီ စင်မြင့်ဟာ စတုရန်းပေ ၁၀၀၀၀ ကျယ်ပါတယ်၊ 00:04:39.234 --> 00:04:42.424 ဘယ်နေရာမှမဆို လှုပ်ရှားမှုကို ဖမ်းယူနိုင်ခဲ့ပါတယ်။ 00:04:42.704 --> 00:04:45.266 ကျုပ်တို့ဟာ ကင်မရာတွေ ရာချီကို ဖြန့်ချခဲ့ကြပါတယ်၊ 00:04:45.290 --> 00:04:47.806 များပြားလှတဲ့ အချက်အလက်တွေ ပို့ပေးခဲ့ကြရာ 00:04:47.830 --> 00:04:51.734 Intel စူပါကွန်ပျူတာတွေက စီမံကိုင်တွယ်ပေးခဲ့ကြပါတယ်။ 00:04:52.695 --> 00:04:56.059 ခုနက ပြောပြခဲ့တဲ့ စတုရန်း ပေ ၁၀၀၀၀ အထိ ရှိနေခြင်းက 00:04:56.083 --> 00:04:59.445 ကျုပ်တို့အား ဘယ်လို လှုပ်ရှားမှုမျိုးကို မဆို ပြုလုပ်ခွင့် ပေးခဲ့သလို 00:04:59.469 --> 00:05:01.963 ဘယ် သရုပ်ဖေါ်မှုမျိုးကို မဆို လုပ်ပြခွင့် ပြုခဲ့တယ်။ 00:05:01.963 --> 00:05:04.668 အဲဒီ အရွယ်အစား ဘရော့ဒ်ဝေးရှိ ပျမ်းမျှ အရွယ်အစားမျိုးပါ။ 00:05:04.967 --> 00:05:07.455 ကျုပ်တို့က အဲဒါကို Intel Studio များလို ခေါ်ကြပြီး 00:05:07.479 --> 00:05:10.476 အဲဒါဟာ ကမ္ဘာပေါ်က အကြီးမားဆုံး ထုထယ် ဇာတ်စင်ကြီး ဖြစ်ပြီး 00:05:10.500 --> 00:05:14.054 ပရိသတ်ကို နှစ်မြှုပ်ပေးမယ့် မီဒီယာ ရုပ်ရှင် မျိုးဆက်သစ် ဖန်တီးရေး 00:05:14.078 --> 00:05:17.121 နည်းပညာကို အသုံးပြုရန်နဲ့ စူးစမ်းဖို့ ရည်မှန်းခဲ့ကြတာပါ။ 00:05:18.498 --> 00:05:20.855 ဒါနဲ့ ဒီလို စိတ်ကူးတွေကို စမ်းသပ်ကြည့်ဖို့ 00:05:21.966 --> 00:05:26.855 ဒါတွေကို စမ်းကြည့်ဖို့ ဘယ်လို ဇာတ်စင်ကို ပထမဆုံး စမ်းကြည့်မလဲ စဉ်းစားနေခဲ့ကြတယ်။ 00:05:27.339 --> 00:05:29.892 ဒါနဲ့ ကျုပ်တို့ဟာ Western ဇာတ်စင်ကို ရွေးခဲ့ကြတယ်။ 00:05:30.354 --> 00:05:34.929 ကျုပ်တို့ဟာ မြင်းတွေကို ယူလာကြတယ်၊ ဒီဇိုင်နာတွေ၊ အမှိုက်သရိုက်တွေ၊ 00:05:34.953 --> 00:05:38.648 Western ဇာတ်စင် အပြည့်အဝကို ဖန်တီးဖို့ လိုတာတွေ အားလုံးပါပဲ။ 00:05:38.672 --> 00:05:41.584 ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကင်မရာဟာ အထဲမှာ မရှိခဲ့ဘူး။ 00:05:42.306 --> 00:05:46.219 အပြင်ပတ်လည်မှာ တပ်ဆင်ထားခဲ့တဲ့ ကင်မရာတွေ အားလုံး အနီးမှာ 00:05:46.243 --> 00:05:48.111 ဘယ်လိုမှ မလှုပ်ခဲ့ကြပါဘူး။ 00:05:48.423 --> 00:05:51.265 သရုပ်ဆောင်ကြသူတို့အတွက် စိန်ခေါ်မှုဟာ ကြီးမားခဲ့တယ်။ 00:05:51.289 --> 00:05:57.049 ရှုဒေါင့်မျိုးစုံမှ မြင်ရဖို့အတွက် သူတို့က ချောမွေ့စွာ သရုပ်ဆောင်ပြရန် လိုအပ်ခဲ့တယ်။ 00:05:57.653 --> 00:06:02.170 ဘာတစ်ခုကိုမှ ဝှက်ထားလို့မရ၊ မြင်မရတဲ့ လုပ်ဆောင်ချက် မရှိတော့ဘူး။ 00:06:02.700 --> 00:06:05.612 အရာတိုင်းကို ဖမ်းယူလျက် အရာတိုင်းကို မြင်ကြရမှာပါ။ 00:06:05.703 --> 00:06:08.931 အဲဒီလို ဖမ်းယူမှုမှ ထွက်ပေါ်လာတဲ့ဟာက 00:06:08.931 --> 00:06:10.885 ကျုပ်တို့ရဲ့ အနာဂတ် ရုပ်ရှင်မျိုးပါ-- 00:06:10.909 --> 00:06:14.440 ကျုပ်တို့ မျက်စိရှေ့မှာ များပြားလှတဲ့ လုပ်နိုင်စွမ်းတွေ ပေါ်ပေါက်လာကြပါတယ်။ 00:06:14.440 --> 00:06:17.721 အဲဒါဟာ ဇာတ်စင် တစ်ခုလုံးကို ရုပ်လုံးကြွပုံစံ စကန်ဖတ်သလိုပါပဲ။ 00:06:17.745 --> 00:06:21.483 ကျုပ်တို့ဟာ အဲဒီနေရာအတွင်းမှာ လည်ပတ် ကြည့်ရှုနိုင်ခဲ့ကြတယ်။ 00:06:21.507 --> 00:06:22.669 ဒီနည်းပညာထဲမှာက 00:06:22.693 --> 00:06:26.433 ပိတ်ကား တစ်ခုခုထံမှ လာတဲ့ အလင်းရောင်ကို မြင်ရမှု မဟုတ်တော့ဘဲ 00:06:26.457 --> 00:06:29.062 အလင်းရောင်ထဲကို ဝင်ပြီး လှည့်လည်ရသလို 00:06:29.086 --> 00:06:30.785 ဇာတ်စင် အတွင်းမှာ လည်ရသလိုပါ။ 00:06:30.809 --> 00:06:33.722 ဒါက အဖြစ်အပျက် တစ်ခုခုကို ပြောပြဖို့ 00:06:33.746 --> 00:06:37.404 ဇာတ်လမ်း တစ်ခုခု ဖန်တီးဖို့ ရေတွက်မရ နိုင်တဲ့ အလားအလာတွေကို ဖွင့်ပေးပါတယ်။ 00:06:37.799 --> 00:06:41.178 ကိုယ်က ပြောပြချင်တာအတွက် အလားအလာတွေ 00:06:41.202 --> 00:06:44.030 ကိုယ့်ဇာတ်လမ်း တစ်ခုခုကို အထဲမှာ ထည့်သွင်းပေးဖို့ 00:06:44.054 --> 00:06:47.001 ဒါမှမဟုတ် အခြားပုံပြင်တွေကို လိုက်ကြည့်ဖို့အတွက် အလားအလာတွေပါ။ 00:06:47.120 --> 00:06:49.962 ကျုပ်တို့ရဲ့ နောက်ဆုံး ကြိုးပမ်းမှုကို အခု ကြည့်ရှုကြပါစို့။ 00:06:49.986 --> 00:06:51.058 (ဂီတ) 00:06:51.082 --> 00:06:54.145 အခု ခင်ဗျားတို့ မြင်ရတာက ထုထယ် ဗီဒီယို စစ်စစ်ပါ၊ 00:06:54.145 --> 00:06:56.391 ဇာတ်စင်ပေါ်မှာ ကင်မရာရယ်လို့ လုံးဝ မရှိခဲ့ပါဘူး။ 00:06:56.415 --> 00:06:57.948 (ဂီတ) 00:06:57.948 --> 00:06:59.891 ကျုပါတို့ဟာ အပြည့်အဝ ထိန်းချုပ်ထားပါတယ် 00:06:59.915 --> 00:07:01.490 (တေးဂီတ၊ တိုက်ခိုက်မှုအသံ) 00:07:01.514 --> 00:07:03.312 ပြီးတော့ နေရာနဲ့ အချိန်ပါ။ 00:07:03.336 --> 00:07:10.336 (တေးဂီတ၊ တိုက်ခိုက်မှုအသံ) 00:07:13.848 --> 00:07:17.169 ထပ်ပြီး ပြောချင်သေးတာက ကင်မရာတစ်လုံးမှာ အဲဒီမှာ မရှိခဲ့ခြင်းကိုပါ။ 00:07:17.193 --> 00:07:19.867 အရာတိုင်းကို ပတ်ပတ်လည် ရှုဒေါင့်မျိုးစုံမှ ဖမ်းယူခဲ့တာပါ။ 00:07:19.891 --> 00:07:22.042 အဲဒါ အတော့်ကို ကြည့်ကောင်းတယ်နော်၊ 00:07:22.066 --> 00:07:26.301 ဒါပေမဲ့ မြင်းရဲ့ မျက်လုံးကနေ မြင်ရနိုင်တဲ့ ရှုခင်းကို ကြည့်ချင်တယ် ဆိုရင်ကော။ 00:07:26.676 --> 00:07:29.042 ကျုပ်တို့ အဲဒါကို လုပ်ပြနိုင်ကြတယ်။ 00:07:29.066 --> 00:07:30.462 (မြင်းခုန်ပြေးနေခြင်း) 00:07:30.486 --> 00:07:33.755 အခု ခင်ဗျားတို့ မြင်ရတာက ခုနက မြင်ခဲ့ရတဲ့ အဖြစ်အပျက်ပဲ၊ 00:07:33.779 --> 00:07:37.200 ဒါပေမဲ့ မြင်းရဲ့မျက်လုံးမှ မြင်ရတဲ့ ပုံပါ။ 00:07:37.224 --> 00:07:40.882 လုပ်နိုင်တဲ့ အလားအလာတွေ အကန့်အသတ် မရှိပါဘူး။ 00:07:41.360 --> 00:07:42.361 (လက်ခုပ်သံများ) 00:07:42.385 --> 00:07:43.544 ကျေးဇူးတင်ပါတယ်။ 00:07:43.568 --> 00:07:46.975 (လက်ခုပ်သံများ) 00:07:46.999 --> 00:07:50.606 ဒီတော့ဒါဟာ ဖန်တီးရှင်များအတွက် ပုံပြင် ပြောပြလိုသူတွေအတွက် 00:07:50.606 --> 00:07:53.122 ဒါဟာ ပုံပြင် ပြောပြဖို့ ရုပ်ရှင် ပြုလုပ်ဖို့ အတွက် 00:07:53.146 --> 00:07:56.102 တကယ့်ကို ကြီးမားတဲ့ ပတ္တူစကို ဖွင့်ပေးလိုက်ပါတယ်။ 00:07:56.126 --> 00:07:57.621 ပရိသတ် အနေနဲ့ ကျတော့ကော။ 00:07:57.645 --> 00:08:00.411 ဒါကို ပရိသတ်ကနေပြီး တစ်မျိုးတစ်ဖုံ ဘယ်လိုများ ခံစားရမလဲ။ 00:08:00.478 --> 00:08:02.606 ရှိနိုင်ကြတဲ့ အလားအလာတွေကို စူးစမ်းကြည့်ဖို့ 00:08:02.606 --> 00:08:04.830 ကျုပ်တို့ဟာ Paramount Pictures နဲ့ မိတ်ဖက်ပြီး 00:08:04.830 --> 00:08:08.841 ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ဝန်းကျင်မှာ နှစ်မြှုပ်ရေး မီဒီယာကို စူးစမ်းလိုခဲ့တယ်။ 00:08:09.109 --> 00:08:11.253 ဒါရိုက်တာ Randal Kleiser နဲ့အတူ 00:08:11.277 --> 00:08:15.705 ၁၉၇၈ တုန်းက ကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ 00:08:15.705 --> 00:08:17.460 "Grease" ကို ပြန်ရိုက်ကူးခဲ့ကြတယ်။ 00:08:17.484 --> 00:08:19.862 ခင်ဗျားတို့ထဲက တချို့က သိချင်သိကြမှာပါ။ 00:08:19.886 --> 00:08:22.982 နှစ် ၄၀ ကြာသွားပြီဖြစ်တဲ့ ရုပ်ရှင်၊ အံ့ဖွယ်အတွေ့အကြုံပါ။ 00:08:23.454 --> 00:08:29.890 ကျုပ်တို့ရဲ့ ပန်းတိုင်က အဲဒီနာမည်ကြီး ဇာတ်လမ်းနဲ့ အက ရုပ်ရှင်ကို 00:08:29.914 --> 00:08:32.129 ယူပြီး ပိုပြီး နက်ရှိုင်းစွာ ခံစားနိုင်ရအောင်၊ 00:08:32.129 --> 00:08:34.606 ပရိသတ်တို့ထဲကို ပိုနက်ရှိုင်းစွာ နှစ်မြှုပ်ပေးဖို့ပါ။ 00:08:34.630 --> 00:08:37.216 ခင်ဗျားတို့ဟာ ရုပ်ရှင်ကို ကြည့်ရုံတင်မကဘဲ 00:08:37.240 --> 00:08:40.622 အဲဒီထဲကို ဝင်နိုင်ပြီး ဇာတ်ကောင်တွေနဲ့အတူ ကနိုင်ကြမယ်၊ 00:08:40.646 --> 00:08:43.335 သူတို့နဲ့အတူ ကပွဲထဲ ပါဝင်နိုင်မှာကို စိတ်ကူးကြည့်ကြပါ။ 00:08:43.335 --> 00:08:48.008 ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ တကယ့်ကိုပဲ ပြားချပ်နေတဲ့ ပိတ်ကားအစား 00:08:48.032 --> 00:08:50.935 ရုပ်ရှင် ရိုက်ကူးမှုထဲမှာရော အကြောင်းအရာ ဖန်တီးမှုထဲကိုပါ 00:08:50.935 --> 00:08:53.259 များစွာမှ ကြွယ်ဝပြည့်စုံအောင် လုပ်နိုင်ကြပါမယ်။ 00:08:53.259 --> 00:08:55.114 ပိတ်ကားပေါ်မှာသာ ကြည့်နေဖို့ မလိုပါဘူး။ 00:08:56.002 --> 00:08:58.416 သရုပ်ဆောင်ကြသူတွေကို ဒီစင်ပေါ်ကို ယူဆောင်ကြပါစို့။ 00:09:04.065 --> 00:09:06.244 တကယ်တော့ သူတို့ဟာ ဒီကို လာကြမှာ မဟုတ်ပေမဲ့ 00:09:06.658 --> 00:09:08.362 ကျုပ်ရဲ့ iPad ကို သုံးပါမယ်။ 00:09:08.386 --> 00:09:09.387 (ရယ်သံများ) 00:09:09.411 --> 00:09:10.562 ဆော်ရီးပဲ။ 00:09:10.586 --> 00:09:15.252 ကျွန်တော်ဟာ iPad ကိုသုံးပြီး အရှိတရားအတုကို ဖန်တီးပါမယ်။ 00:09:15.276 --> 00:09:20.109 ဒီကိရိယာတွေဆီမှာ ကိုယ်ပိုင်ကန့်သတ်ချက်တွေ ရှိ​နေကြလို့ 00:09:21.113 --> 00:09:23.118 ဒေတာကို တွက်ချက်ရာတွင် အားနည်းလို့ 00:09:23.142 --> 00:09:25.482 ကျုပ်တို့ဟာ ပြတ်သားမှုကို လျှော့ပေးရပါမယ်။ 00:09:27.016 --> 00:09:30.913 ကျွန်တော် အခုလုပ်ပေးနေတာက နေရာကို မှတ်ပေးနေတာပါ၊ 00:09:30.937 --> 00:09:35.777 လူတိုင်း ဘယ်နေရာမှာ ပေါ်လာရမှာကို တိကျစွာ သတ်မှတ်ပေးနေတာပါ။ 00:09:42.188 --> 00:09:43.339 အိုကေ။ 00:09:43.783 --> 00:09:45.788 ကျုပ်တို့က သူတို့ကို ဒီမှာ ရှိစေလိုပါတယ်။ 00:09:45.907 --> 00:09:52.304 (လက်ခုပ်သံများ) 00:09:52.328 --> 00:09:53.637 John Travolta ဒါမှမဟုတ် -- 00:09:53.661 --> 00:09:54.662 (ရယ်သံများ) 00:09:54.686 --> 00:09:56.476 သူရဲ့ ဗားရှင်း တစ်ခုဆိုပါစို့။ 00:09:56.476 --> 00:09:57.837 ကြည့်ကြရအောင်။ 00:09:57.837 --> 00:09:59.238 (ဗီဒီယို) အမျိုးသမီး - ဟေ့။ 00:09:59.238 --> 00:10:01.301 အမျိုးသား - အဲဒါကို ဒီလို လုပ်ပြီးသွားတာလား။ 00:10:01.301 --> 00:10:02.447 အမျိုးသမီး- ရှင့်အလှည့်။ 00:10:02.471 --> 00:10:04.615 အမျိုးသား - ဟေ့ လူတွေ။ ဒါကို စစ်ဆေးကြည့်ကြပါ။ 00:10:04.615 --> 00:10:06.985 (သီချင်း - ‘‘ငါလိုချင်တာ မင်းပဲ’’) 00:10:07.366 --> 00:10:08.539 ဒန်နီ - စန္ဒီ! 00:10:08.844 --> 00:10:11.181 စန္ဒီ - အဲဒီအကြောင်း ပြောပြပါဦး။ 00:10:12.031 --> 00:10:15.951 (သီချင်းဆို) ကျွန်မ ချမ်းလိုက်တာ။ သူတို့ဟာ ပွားများလာနေကြတယ်။ 00:10:16.554 --> 00:10:20.940 ကျွန်တော် မထိန်းနိုင်တော့ဘူး။ 00:10:20.964 --> 00:10:25.228 'ခင်ဗျားဆီက ရတဲ့ စွမ်းအင်ကြောင့် 00:10:25.252 --> 00:10:27.261 လျှပ်စီးလိုက်နေသလိုပါပဲ။ 00:10:27.261 --> 00:10:28.261 (ဗီဒီယို ပြီးဆုံး) 00:10:28.261 --> 00:10:33.497 (လက်ခုပ်သံများနှင့် အားပေးသံများ) 00:10:33.497 --> 00:10:35.214 Diego Prilusky- ကျေးဇူးတင်ပါတယ်။ 00:10:35.238 --> 00:10:37.485 (လက်ခုပ်သံများနှင့် အားပေးသံများ) 00:10:37.509 --> 00:10:39.341 ဒီတော့ ခင်ဗျားတို့ မြင်ကြရတဲ့အတိုင်း 00:10:40.039 --> 00:10:43.961 ကျုပ်တို့ဟာ အကြောင်းအရာကို အစဉ်အလာပုံစံနဲ့ ခံစားနိုင်ကြသလို 00:10:43.985 --> 00:10:45.729 နှစ်မြှုပ်ခံလျက် ခံစားနိုင်ကြပါတယ်။ 00:10:46.014 --> 00:10:47.926 တကယ်ပါ၊ အလားအလာသစ်တွေ ပေါ်လာကြပါပြီ။ 00:10:48.195 --> 00:10:52.157 ကျုပ်တို့ဟာ ရုပ်ရှင်တွေကို ပြောင်းဖို့၊ အစားထိုးဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ 00:10:52.230 --> 00:10:54.348 အဲဒါတွေကို ကျုပ်တို့က မြှင့်တင်ပေးလိုတာပါ။ 00:10:54.372 --> 00:10:59.189 နည်းပညာတွေက ပြားချပ်နေတဲ့ ပိတ်ကားထက် ကျော် လွန်တဲ့ အလားအလာတွေကို ဖွင့်ပေးနေကြတယ်။ 00:10:59.769 --> 00:11:04.094 ကျုပ်တို့ဟာ ဒီထဲကို နစ်မြုပ်နေကြပြီး ရုပ် ရှင် ရိုက်ကူးဖို့ကို စိတ်လှုပ်ရှားနေကြတယ်။ 00:11:04.465 --> 00:11:06.950 ကျုပ်တို့ဟာ ခေတ်သစ်ထဲကို ထိုးဖောက်ဝင်ကြတော့မယ်။ 00:11:06.974 --> 00:11:10.376 ကျုပ်တို့ဟာ နှစ်မြှုပ်စေမယ့် ပုံပြင်ပြောပြ နည်းရဲ့ အလားအလာအသစ်များဆီကို 00:11:10.376 --> 00:11:11.899 တံခါးများကို ဖွင့်ပေးရင်း 00:11:13.122 --> 00:11:17.733 နှစ်မြှုပ်ရေး မီဒီယာထဲ ရုပ်ရှင် ရိုက်ကူး မှုကို စူးစမ်း ရှာကြံနေကြတာပါ။ 00:11:18.118 --> 00:11:20.452 ကျုပ်တို့ဟာ တကယ့်ကိုပဲ အစမှာတင် ရှိနေကြတုန်းပါ။ 00:11:20.806 --> 00:11:24.009 ခင်ဗျားတို့ အားလုံးကို ကျုပ်တို့နဲ့ လက်တွဲပါဝင်ကြရန် ဖိတ်ကြားပါတယ်။ 00:11:24.150 --> 00:11:25.301 ကျေးဇူးတင်ပါတယ်။ 00:11:25.325 --> 00:11:30.436 (လက်ခုပ်သံများ)