Return to Video

အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ အဆင့်လေးဆင့်။

  • 0:01 - 0:04
    ကျွန်ုပ်တို့ဟာ လူ့သမိုင်းမှာ
    ကြီးမားတဲ့တိုးတက်မှုကို ကြုံနေရတာပါ
  • 0:04 - 0:08
    လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း
    ကမ္ဘာ့စီးပွားရေးစျေးကွက် ကျယ်ပြန့်မှုဟာ
  • 0:08 - 0:13
    ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကို
    အလွန်အမင်းဆင်းရဲမှုကနေ ကယ်တင်ခဲ့ပါတယ်
  • 0:13 - 0:16
    သို့သော် မျက်ကွယ်ပြုမရနိုင်တဲ့
    ကျရှုံးမှုကြီးတခုကိုလည်း ရင်ဆိုင်နေရပါတယ်
  • 0:16 - 0:18
    လူတွေကို ဆင်းရဲတွင်းကဆွဲတင်ဖို့
    ကြိုးပမ်းမှုဟာ
  • 0:18 - 0:21
    ဆင်းရဲမှုဒဏ် အပြင်းထန်ဆုံးခံစားနေရသူတွေကို
    ဆွဲမခေါ်နိုင်ခဲ့ပါဘူး
  • 0:21 - 0:23
    အလွန်အမင်းဆင်းရဲနွမ်းပါးသူတွေပေါ့
  • 0:23 - 0:27
    အလွန်အမင်းဆင်းရဲသူတွေဆိုတာ ငွေကြေးဆိုင်ရာ
    အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့တင်ပြောလို့မရပါဘူး
  • 0:27 - 0:29
    ကျနော်တို့ရင်းနှီးကျွမ်းဝင်နေတာမျိုး-
  • 0:29 - 0:32
    တစ်နေ့ နှစ်ဒေါ်လာအောက် ဝင်ငွေရှိရင်
    အလွန်ဆင်းရဲတယ်ပေါ့
  • 0:32 - 0:35
    ပိုင်ဆိုင်မှုတွေ မရှိတာ ထက်လည်းပိုပါတယ်
  • 0:35 - 0:37
    ခြံမွေးတိရစ္ဆာန်
    သို့မဟုတ် မြေယာမျိုးပေါ့
  • 0:37 - 0:41
    အလွန်အမင်းဆင်းရဲတယ်ဆိုတာ သင့်ဂုဏ်သိက္ခာ
    ဖယ်ရှားခံလိုက်ရတာပါပဲ
  • 0:41 - 0:43
    သင့်ရည်ရွယ်ချက်၊ သင့်တန်ဖိုးတွေရောပေါ့
  • 0:43 - 0:45
    သီးသန့်နေတာကို ဆိုလိုပါတယ်
  • 0:45 - 0:48
    သင်ဟာ သင့်အသိုင်းအဝိုင်းအတွက်
    ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာတာမို့ပါ
  • 0:48 - 0:51
    ကောင်းမွန်တဲ့အနာဂတ်ကို မျှော်မှန်း
    မရနိုင်တာကို ဆိုလိုပါတယ်
  • 0:51 - 0:54
    သင်နဲ့ သင့်မိသားစုအတွက်ပေါ့
  • 0:54 - 0:56
    ၂၀၁၉ခုနှစ် နှစ်ကုန်အထိ
  • 0:56 - 1:01
    ကမ္ဘာတစ်ဝှမ်း အလွန်အမင်းဆင်းရဲသူ
    သန်းပေါင်း ၄၀၀လောက် ရှိပါတယ်
  • 1:01 - 1:05
    ဒါဟာ အမေရိကန်ပြည်‌ထောင်စုနဲ့ ကနေဒါ
    နှစ်နိုင်ငံပေါင်းလူဦးရေထက် ပိုများပါတယ်
  • 1:06 - 1:08
    ပြီးတော့ ကပ်ဘေးတစ်ခုခုများ ကျခဲ့ရင်
  • 1:08 - 1:12
    ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ်
    လူကြောင့်ဖြစ်တဲ့‌ဘေး တစ်ခုခုပေါ့
  • 1:12 - 1:15
    အဲလိုဖြစ်ရင် ဒီအရေအတွက်ဟာ
    သိသိသာသာ ထိုးတက်သွားပါတယ်
  • 1:16 - 1:20
    ကျနော့် အဖေ Fazle Abed ဟာ
    ကုမ္ပဏီဝန်ထမ်းအလုပ်ကို စွန့်ခဲ့ပါတယ်
  • 1:20 - 1:23
    BRACကို ဒီဘင်္ဂလားဒေရှ့်နိုင်ငံမှာ
    ၁၉၇၂ခုနှစ်က တည်ထောင်ဖို့ပါ
  • 1:23 - 1:26
    ဘင်္ဂလားဒေ့ရှ်ဟာ
    သင်္ဘောပျက်ကြီးတစ်စင်းဖြစ်ခဲ့တယ်
  • 1:26 - 1:29
    အပျက်အစီးများတဲ့ ဆိုင်ကလုန်းကို
    ကြုံခဲ့ရတယ်
  • 1:29 - 1:31
    သူ့နောက်မှာ လွတ်လပ်ရေးအတွက်
    ရက်စက်ကြမ်းတမ်းတဲ့စစ်ပွဲပေါ့
  • 1:32 - 1:35
    အဆင်းရဲတကာ့ အဆင်းရဲဆုံးတွေနဲ့ တွဲလုပ်ရင်း
    ကျနော့အဖေ သဘောပေါက်လာတာက
  • 1:35 - 1:40
    ဆင်းရဲခြင်းဆိုတာ ဝင်ငွေနဲ့ ပိုင်ဆိုင်မှု
    မရှိတာထက် ပိုတယ် ဆိုတာပါ
  • 1:40 - 1:42
    မျှော်လင့်ချက်မဲ့နေတာလည်း ဆင်းရဲခြင်းပါပဲ
  • 1:43 - 1:45
    လူတွေက ဆင်းရဲတွင်းထဲ ပိတ်မိနေခဲ့ပါတယ်
  • 1:45 - 1:49
    ဘာလို့ဆိုတော့ သူ့တို့အခြေအနေက ဒီထက်
    ပိုကောင်းလာစရာမရှိဘူးလို့ ခံစားရလို့ပေါ့
  • 1:49 - 1:52
    ဆင်းရဲခြင်းဆိုတာ သူတို့အဖို့ နေနဲ့ လလိုပဲ
  • 1:52 - 1:54
    ဘုရားသခင်ပေးထားတဲ့ အရာတစ်ခုပေါ့
  • 1:55 - 1:57
    ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအမံတွေ
    အောင်မြင်ဖို့ဆိုရင်
  • 1:57 - 2:01
    သူတို့ဟာ မျှော်လင့်ချက်နဲ့ ကိုယ်ပိုင်
    တန်ဖိုးတွေကို ထည့်ပေးဖို့လိုအပ်ပါတယ်
  • 2:01 - 2:03
    ဒါမှလည်း အကူအညီအနည်းငယ်နဲ့
  • 2:03 - 2:06
    လူတွေဟာ သူတို့ကိုယ်တိုင်
    ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှာဖြစ်ပါတယ်
  • 2:06 - 2:09
    BRAC ဟာ ဘွဲ့ရသည်အထိထောက်ပံ့တဲ့နည်းကို
    ရှေ့ဆောင် ကျင့်သုံးခဲ့တယ်
  • 2:09 - 2:13
    ဝင်ငွေချို့တဲ့မှုကို ဖြေရှင်းပေးတဲ့
    အလွန်အမင်းဆင်းရဲမှုအတွက် အဖြေတစ်ခုပါ
  • 2:13 - 2:15
    မျှော်လင့်ချက် ကင်းမဲ့မှုကို ရောပေါ့
  • 2:15 - 2:18
    ဒီနည်းဟာ အဓိကအားဖြင့် အမျိုးသမီးတွေအတွက်
    အလုပ်ဖြစ်ပါတယ်
  • 2:18 - 2:21
    ဘာလို့ဆို အမျိုးသမီးတွေဟာ အလွန်အမင်း
    ဆင်းရဲမှုဒဏ် အခံရဆုံးသူတွေမို့ပါ
  • 2:21 - 2:25
    သူတို့ နဲ့ သူတို့မိသားစုတွေကိုပါ
    ကယ်ထုတ်နိုင်ခြေ အများဆုံးသူတွေပါ
  • 2:25 - 2:26
    ဆင်းရဲတွင်းကနေပေါ့
  • 2:26 - 2:27
    နှစ်နှစ်တာ ကာလအတွင်းမှာ
  • 2:27 - 2:29
    ကျနော်တို့ အဓိက လေးမျိုးကို လုပ်ဆောင်ပါတယ်
  • 2:29 - 2:33
    ပထမက အမျိုးသမီးရဲ့အခြေခံလိုအပ်ချက်တွေ
    ကျနော်တို့ ပံ့ပိုးပေးတယ်
  • 2:33 - 2:36
    သူ့ကို အစားအသောက် ဒါမှမဟုတ် ငွေသား
    ပေးခြင်းဖြင့်ပေါ့
  • 2:36 - 2:38
    ဒါဟာ ရှင်သန်ဖို့အတွက် အခြေခံအကျဆုံးကို
    ပေးတာပဲပေါ့
  • 2:38 - 2:41
    ဒုတိယက သူကို ကောင်းမွန်တဲ့ အလုပ်အကိုင်
    ပေးနိုင်ဖို့ ကြိုးပမ်းတယ်
  • 2:41 - 2:44
    သူကို ခြံမွေးတိရစ္ဆာန်လို
    ပိုင်ဆိုင်မှုတွေ ပေးခြင်းနဲ့
  • 2:44 - 2:47
    အဲဒီကနေ ဝင်ငွေရအောင် သူတို့ကို
    လေ့ကျင့်ပေးခြင်းဖြင့်ပေါ့
  • 2:47 - 2:50
    တတိယအနေနဲ့က သူ ရလာတဲ့ဝင်ငွေကို
    သူကိုယ်တိုင် စုဆောင်း စီမံ
  • 2:50 - 2:52
    ရင်းနှီးမြှုပ်နှံတတ်အောင် လေ့ကျင့်ပေး
    ပါတယ်
  • 2:52 - 2:56
    ပြီးတော့ စတုတ္ထအနေနဲ့ သူ့ကို
    လူ့အသိုင်းအဝိုင်းထဲ ပေါင်းစည်းပေးပါတယ်
  • 2:56 - 2:58
    ပထမ သူနဲ့တူတဲ့ အမျိုးသမီးအစုအဖွဲ့
    တွေနဲ့ပေါ့
  • 2:58 - 3:00
    ပြီးတော့ သူ့ရဲ့အသိုင်းအဝိုင်းနဲ့ပေါ့
  • 3:00 - 3:04
    ဒီအဆင့်တစ်ခုစီဟာ အခြားတစ်ခုရဲ့
    အောင်မြင်မှုအတွက် အခရာကျပါတယ်
  • 3:04 - 3:08
    သို့သော် အဓိကစွမ်းအားကတော့ မျှော်လင့်ချက်
    ပြီးတော့ ဖြစ်နိုင်ခြေရှိမှုအလားအလာပါ
  • 3:08 - 3:12
    အမျိုးသမီးတွေဟာ သူတို့လက်ခံရရှိတဲ့ အနီးကပ်
    ပို့ချမှုတွေကတစ်ဆင့် တိုးတက်လာကြတယ်
  • 3:12 - 3:14
    ကျနော် Jorina ဆိုတဲ့ အမျိုးသမီးအကြောင်း
    ပြောပြပါမယ်
  • 3:14 - 3:19
    Jorinaကို ဘင်္ဂလားဒေ့ရှ် ‌မြောက်ပိုင်းက
    ဝေးသီတဲ့ရွာကလေး တစ်ရွာမှာမွေးခဲ့တယ်
  • 3:19 - 3:20
    တစ်ခါမှ ကျောင်းမနေဖူးပါဘူး
  • 3:20 - 3:25
    အသက်၁၅နှစ်မှာ နိုင်လိုမင်းထက်ပြုတတ်တဲ့
    အမျိုးသားနဲ့ အိမ်ထောင်ချပေးခြင်းခံရတယ်
  • 3:25 - 3:27
    နောက်ဆုံးမှာ သူ့အမျိုးသားက သူ့ကို
    ပစ်ထားခဲ့တယ်
  • 3:27 - 3:29
    သူ့မှာ ဝင်ငွေလည်းမရှိတဲ့အပြင်
  • 3:29 - 3:33
    ကျောင်းမနေရသေးတဲ့ အလွန်အမင်း
    အာဟာရချို့တဲ့နေတဲ့ ကလေးနှစ်‌ယောက်နဲ့ပေါ့
  • 3:33 - 3:35
    အကူအညီတောင်းလို့ရမည့်သူကလည်း မရှိဆိုတော့
  • 3:35 - 3:37
    မျှော်လင့်ချက်မဲ့နေခဲ့တာပေါ့
  • 3:37 - 3:42
    Jorinaဟာ BRACရဲ့ ဘွဲ့ရသည်ထိထောက်ပံ့တဲ့
    အစီအစဥ်ကို ၂၀၀၅ခုနှစ်မှာ ဝင်ခဲ့တယ်
  • 3:42 - 3:44
    သူ့အနေနဲ့ တစ်ပတ်ကို တစ်ဒေါ်လာရတယ်
  • 3:44 - 3:45
    နွားနှစ်ကောင်ရတယ်
  • 3:45 - 3:47
    စွန့်ဦးထွင်လုပ်ငန်းသင်တန်း အပြင်
  • 3:47 - 3:49
    သင်တန်းနည်းပြတစ်ယောက်ကလည်း တပတ်ကို
    တစ်ကြိမ် လာကြည့်ပေးတယ်
  • 3:49 - 3:51
    သူဟာ ပိုင်ဆိုင်မှုတွေ တစ်စတစ်စ တိုးလာတယ်
  • 3:51 - 3:53
    ဒါပေမယ့် အရေးကြီးဆုံးကတော့
  • 3:53 - 3:57
    သူဟာ သူနဲ့ သူ့ကလေးတွေအတွက် ပိုမို
    ကောင်းမွန်တဲ့ အနာဂတ်ကို မှန်းလာနိုင်တယ်
  • 3:57 - 4:00
    ခင်ဗျားတို့ Jorinaရဲ့ရွာကို ဒီနေ့
    သွားကြည့်ကြည့်မယ် ဆိုရင်
  • 4:00 - 4:04
    သူဟာ သူ့ဒေသမှာ အကြီးဆုံးကုန်စုံဆိုင်
    ဖွင့်ထားတာကို တွေ့ပါလိမ့်မယ်
  • 4:04 - 4:07
    သူဝယ်ထားတဲ့မြေတွေကို ဂုဏ်ယူစွာနဲ့
    ခင်ဗျားတို့ကို ပြလိမ့်မယ်
  • 4:07 - 4:09
    သူ ဆောက်ထားတဲ့ အိမ်ရောပေါ့
  • 4:09 - 4:12
    ကျနော်တို့ ၂၀၀၂ခုနှစ်မှာ ဒီအစီအစဥ်ကို
    စကတည်းက ဆိုရင် လက်ရှိမှာ
  • 4:12 - 4:14
    ဘင်္ဂလားဒေ့ရှ်က အမျိုးသမီး ၂သန်းခန့်ဟာ
  • 4:14 - 4:18
    သူတို့နဲ့ သူတို့မိသားစုတွေကိုပါ အလွန်အမင်း
    ဆင်းရဲမှုက ဆွဲတင်နိုင်ခဲ့တယ်
  • 4:18 - 4:21
    ဒါဟာ လူဦးရေ ၉ သန်းနီးပါး ရှိပါတယ်
  • 4:21 - 4:25
    အိမ်ထောင်စုတစ်စုအတွက် ‌
    ဒေါ်လာ၅၀၀သာ ကုန်ကျတဲ့ ဒီအစီအစဥ်ဟာ
  • 4:25 - 4:26
    ၂ နှစ်ပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်
  • 4:26 - 4:29
    ဒါပေမဲ့ အကျိုုးသက်ရောက်မှုကတော့ ဒိထက်မက
    ပိုပါတယ်
  • 4:29 - 4:32
    London School of Economicsက သုတေသီတွေ
    တွေ့ရှိခဲ့တာက
  • 4:32 - 4:35
    ဒီအစီအစဥ်မှာပါဝင်ပြီးနောက် ၇ နှစ်ကြာတဲ့အထိ
  • 4:35 - 4:39
    ၉၂ရာခိုင်နှုန်းသော ပါဝင်ခဲ့သူတွေဟာ ဆက်လက်
    ထိန်းထားနိုင်ခဲ့ တိုးမြှင့်နိုင်ခဲ့ကြပါတယ်
  • 4:39 - 4:43
    သူတို့ရဲ့ ဝင်ငွေ၊ ပိုင်ဆိုင်မှုတွေနဲ့
    စားသုံးမှုတွေကိုပေါ့
  • 4:43 - 4:45
    Esther Duflo နဲ့ Abhijit Banerjeeဆိုတဲ့
  • 4:45 - 4:48
    မနှစ်က နိုဘယ်ဆုရခဲ့တဲ့ MIT စီးပွားရေး
    ပညာရှင်နှစ်‌ယောက်ဟာ
  • 4:48 - 4:51
    နိုင်ငံပေါင်းစုံပါဝင်တဲ့ သုံးသပ်ချက်တွေကို
    ဦးဆောင်ခဲ့ကြပါတယ်
  • 4:51 - 4:54
    ဘွဲ့ရခြင်းဟာ အထိရောက်ဆုံးနည်းတွေထဲက
    တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်
  • 4:54 - 4:57
    ဆင်းရဲမှုဝဲသြဃကနေ ရုန်းထွက်နိုင်ဖို့ပေါ့
  • 4:57 - 4:59
    သို့သော် ကျနော့်အဖေဟာ ကျေနပ်ခြင်းမရှိပါဘူး
  • 4:59 - 5:02
    လူအချို့အတွက် အလုပ်ဖြစ်ခဲ့တဲ့ ဖြေရှင်းချက်
    တခုကို ရှာတွေခဲ့တာကိုပေါ့
  • 5:02 - 5:06
    သူက အမြဲသိချင်ခဲ့တာက ထိုက်သင့်သလောက်
    ရည်မှန်းချက်ကြီးရဲ့လား ဆိုတာကိုပေါ့
  • 5:06 - 5:07
    အတိုင်းအတာပမာဏ အရပေါ့
  • 5:07 - 5:11
    ဒါကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ကျနော်တို့
    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်တော့
  • 5:11 - 5:14
    ကျနော်တို့ တစ်ကမ္ဘာလုံးအတိုင်းအတာထိ
    တိုးပြီး လုပ်နိုင်မလား သူသိချင်လာပါတယ်
  • 5:14 - 5:17
    ပြီးတော့ အဲ့ဒိမှာ အစိုးရတွေလည်း
    ပါရမယ်ပေါ့
  • 5:17 - 5:20
    အစိုးရတွေဟာ ‌ဒေါ်လာဘီလီယံပေါင်းများစွာ
    လျာထားသုံးစွဲကြတယ်
  • 5:20 - 5:22
    ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအစီအစဥ်တွေ
    အတွက်ပေါ့
  • 5:22 - 5:25
    ဒါပေမဲ့ အဲဒီက ငွေအများအပြားဟာ လေလွင့်
    ကုန်ပါတယ်
  • 5:25 - 5:28
    ဘာလို့လဲဆိုတော့ ဒီအစီအစဥ်တွေဟာ
    အဆင်းရဲဆုံးသူတွေဆီ မရောက်ပါဘူး
  • 5:28 - 5:32
    ရောက်ခဲ့ရင်တောင်မှပဲ ထိရောက်တဲ့ ရေရှည်
    အကျိူးသက်ရောက်မှု မရှိပါဘူး
  • 5:32 - 5:36
    ကျနော်တို့ဟာ အစိုးရတွေနဲ့ ပူးပေါင်း‌
    ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်
  • 5:36 - 5:40
    ဘွဲ့ရသည်ထိ ထောက်ပံ့တဲ့အစီအစဥ်ကို
    လက်ခံတိုးမြှင့်လုပ်ဆောင်ရာမှာ ကူညီဖို့ပေါ့
  • 5:40 - 5:43
    ‌ဒေါ်လာဘီလီယံများစွာရဲ့ သက်ရောက်မှုကို
    တိုးမြှင့်ပေးမှာဖြစ်ပါတယ်
  • 5:43 - 5:48
    အလွန်အမင်းဆင်းရဲမှုကို တိုက်ဖျက်ဖို့
    သူတို့ ဘတ်ဂျက်ချထားတဲ့ ငွေတွေပေါ့
  • 5:48 - 5:51
    ကျနော်တို့ အစီအစဥ်က နောက်ထပ်လူ ၂၁ သန်းကို
    ကူညီဖို့ပါ
  • 5:51 - 5:54
    အလွန်အမင်းဆင်းရဲနွမ်းပါးမှုကနေ သူတို့
    ကိုယ်တိုင် ရုန်းထွက်နိုင်အောင်ပါ
  • 5:54 - 5:58
    နောက်ထပ် ၆နှစ်အတွင်း နိုင်ငံပေါင်း
    ၈ နိုင်ငံမှာ လုပ်ဆောင်သွားမှာပါ
  • 5:58 - 6:02
    နိုင်ငံတနိုင်ငံစီမှာ ရှိနေမည့် BRAC
    အဖွဲ့တွေရဲ့ အကူအညီနဲ့ပေါ့
  • 6:02 - 6:08
    ၂၀၁၉ ဇူလိုင်လမှာ ကျနော့်အဖေမှာ ရောဂါ
    ကျွမ်းပြီးဖြစ်တဲ့ ဦးနှောက်ကင်ဆာတွေ့ပါတယ်
  • 6:08 - 6:10
    အသက်ရှင်ဖို့ ၄လပဲ အချိန်ရပါတယ်
  • 6:10 - 6:16
    ၄၇ နှစ်ကြာ BRAC ကို ဦးဆောင်ပြီးနောက်
    အဖွဲ့အစည်းကနေ အနားယူခဲ့တုန်းက
  • 6:16 - 6:18
    အဖေက ကျနော်တို့ကို သတိပေးဖူးပါတယ်
    သူ့တစ်သက်မှာတဲ့
  • 6:18 - 6:22
    အကောင်းမြင်မှုဟာ စိတ်ပျက်အားငယ်မှုအပေါ်
    အမြဲ အနိုင်ယူတာကို သူတွေ့ရတယ်တဲ့
  • 6:22 - 6:25
    သင့်အနေနဲ့ လူတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု
    ရှိလာအောင် လုပ်ပေးလိုက်မယ်ဆိုရင်
  • 6:25 - 6:29
    အဆင်းရဲဆုံးသူတွေတောင်မှ သူတို့ဘဝကို
    ပြောင်းလဲပစ်နိုင်ပါတယ်
  • 6:29 - 6:32
    ကျနော့်အဖေဟာ ဒီဇင်ဘာလမှာ ကွယ်လွန်သွားပါတယ်
  • 6:33 - 6:37
    သူဟာ လူသန်းပေါင်းများစွာ ကိုယ့်ကိုကိုယ်
    ယုံကြည်မှုရှိလာအောင် လုပ်ဆောင်ပေးခဲ့တယ်
  • 6:37 - 6:39
    သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အဖေဟာ
  • 6:39 - 6:44
    နောက်ထပ်လူသန်းပေါင်းများစွာအတွက် ဆက်လက်
    လုပ်ဆောင်ပေးဖို့ ကျနော်တို့ကို မှာခဲ့ပါတယ်
  • 6:44 - 6:47
    ဒီအခွင့်အလမ်းကို ကျနော်တို့ ရယူကြရမှာ
    ဖြစ်ပါတယ်
  • 6:47 - 6:51
    ဒါ့ကြောင့်မို့ အလွန်အမင်းဆင်းရဲမှုမရှိတဲ့
    ကမ္ဘာကို စိတ်ကူးယဥ်နေတာ ခုက ရပ်ကြပါစို့
  • 6:51 - 6:54
    ပြီး‌တော့ အဲဒီလိုမျိုးကမ္ဘာကို ကျနော်တို့
    အတူတကွ တည်ဆောက်ကြပါစို့
  • 6:54 - 6:55
    ကျေးဇူးတင်ပါတယ်။
Title:
အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့ အဆင့်လေးဆင့်။
Speaker:
Shameran Abed
Description:

ကမ္ဘာတစ်ဝန်းမှာ အနည်းဆုံး လူဦီးရေ သန်း ၄၀၀နီးပါးဟာ အလွန်အမင်းဆင်းရဲနွမ်းပါးမှုအခြေအနေမှာ နေနေကြရပါတယ်- မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာတွေကို လုယူသွားတဲ့ အလွန် ထိခိုက်လွယ်တဲ့ ငွေကြေးနဲ့ လူမှုဘဝဆိုင်ရာ အခြေအနေမျိုးပါ။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်‌ရေးကို အဓိကထားတဲ့ နိုင်ငံတကာဖွံဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BRACမှာ Shameran Abed နဲ့ အဖွဲ့ဟာ လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းက ကူညီဆွဲတင်ခဲ့ပြီး အခွင့်အလမ်းတွေပြည့်နှက်နေတဲ့ဘဝတွေကို ကူညီဖန်တီးပေးနိုင်ပြီးဖြစ်တဲ့ ရှုထောင့်ပေါင်းစုံပါဝင်တဲ့ အစီအစဥ်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။ လာမည့် ၆နှစ်အတွင်း နောက်ထပ်လူဦးရေ ၂၁ သန်းကို ဘဝကိုပြောင်းလဲစေမယ့်အစီအစဥ်ထဲကို ဆွဲခေါ်လာနိုင်မယ့် အစိုးရတွေနဲ့ မိတ်ဖက်အဖြစ်လုပ်ဆောင်မယ့် သူတို့ရဲ့ ရဲဝံ့တဲ့ အဲ့ဒိအစီအစဥ်အကြောင်း လေ့လာကြည့်ရ‌အောင်ပါ။ (ဒီရည်မှန်းချက်ကြီးတဲ့ အစီအစဥ်ဟာ ကမ္ဘာ့အပြောင်းအလဲကို တွန်းအားပေး ငွေကြေးထောက်ပံ့ပေးမယ့် TEDရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်တဲ့ Audacious Project ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:09

Burmese subtitles

Revisions