ဒါက ဘာလဲ ခန့်မှန်းနိုင်ကြမလား။
သတ္တဝါတွေကို ဖန်နဲ့ ပြုလုပ်ထားတဲ့ နေရာ
ရှိပါတယ်လို့ ကျွန်မက ပြောရင်ကော။
ကျွန်မတို့ မမြင်ကြရပေမဲ့
အာကာသယာဉ်မှူးတွေ တချိန်လုံး
မြင်နိုင်ကြရတဲ့
ဇီဝပုံစံတွေ ရှိတယ် ဆိုရင်ကော။
မြင်မရတဲ့ အဲဒီဖန်ကောင်တွေဟာ ဝေးလံလှတဲ့
ဂြိုဟ်ပေါ်က အကောင်တွေ မဟုတ်ကြပါဘူး။
သူတို့က diatoms တွေပါ-
အလင်းကို စုပ်ယူနိုင်တဲ့
ဆဲလ်တစ်ခုတည်းပါ ရေညှိဖြစ်ပြီး
အောက်ဆီဂျင် ထုတ်လုပ်ရန်နဲ့ ဂြိုဟ်ပေါ်မှာ
တိမ်တွေ မွေးထုတ်ပေးရန်ကို တာဝန်ယူထားကြပြီး
ခုနက ပြောခဲ့သလို ဖန်နဲ့ ပြုလုပ်ထားတဲ့
သိပ်ကို ရှုပ်ထွေး လှပတဲ့ ဂျီဩမေတြီ
ပုံစံကို ဆောင်ကြပါတယ်။
အာကာသထဲကနေပြီး သမုဒ္ဒရာရဲ့ ရောင်စုံ
မျက်နှာပြင်ထဲ အဲဒါတွေကို မြင်ရနိုင်ပါတယ်။
သူတို့ သေသွားတဲ့ အခါမှာ၊
သူတို့ရဲ့ ဖန်အိမ်လေးတွေဟာ သမုဒ္ဒရာရဲ့
အနက်ပိုင်းထဲကို ကျဆင်းသွားရင်း
လေထုထဲက ကာဗွန်ကို ထုတ်ယူပြီး
သူတို့ရဲ့ သင်္ချိုင်းဆီ ဆင်းသွားကြတာမို့
သမုဒ္ဒရာတွေထဲမှာ တွေ့ရတဲ့ ကာဗွန်ထဲက
တော်တော်များများက သူတို့ထံမှပါ။
ကျုပ်တို့ဟာ သူစိမ်းဂြိုလ်ပေါ်မှာ
နေထိုင်နေကြတယ်၊
ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ လေ့လာကြရဦးမယ့်
နားလည်မရတဲ့ သတ္တဝါတွေ အများကြီးပါ၊
အကောင် အများအပြားတို့ဟာ ကျုပ်တို့
ကမ္ဘာကြီးရဲ့ အစွန်းအဖျားမှာ နေထိုင်ကြလို့
ကျုပ်တို့ မမြင်ရ၊ နားလည်မရနိုင်ပါဘူး။
အဲဒီလို အစွန်းအဖျားဒေသ
တစ်ခုက အန္တာတိကတိုက်ပါ။
ကျုပ်တို့က အန္တာတိကအကြောင်းကို
စဉ်းစားကြရာတွင်
ပင်ဂွင်း အကောင်အချို့မှလွဲပြီး
သက်ရှိတွေ မရှိတဲ့
လွင်ပြင်ကြီးလို့ နေရာကို မြင်ယောင်မိကြတယ်။
အဲဒီလိုအစား အန္တာတိကကို
ဝင်ရိုးစွန်း အိုအေစစ်လို မြင်သင့်ပြီး
ရေတွက် မရနိုင်တဲ့ အံ့မခန်း စိတ်ဝင်စားဖွယ်
အကောင်တွေရဲ့ နေအိမ်ကြီးပါ။
ဘာဖြစ်လို့ အဲဒီအကောင်တွေကို ကျုပ်တို့ဟာ
သတင်းကားတွေထဲမှာ မမြင်ကြရတာလဲ။
သူတို့ဟာ ဆီးနှင်းတွေနဲ့
ရေခဲလွှာအောက်မှာ နစ်မြုပ်နေကြလို့
ကျုပ်တို့ မြင်မရနိုင်ပါဘူး။
သူတို့က ပိုးမွှားတွေပါ။
ပင်လယ်ရေခဲရဲ့ အောက်မှာ၊
ရေခဲမြစ်ကြီးတွေထဲ နစ်မြုပ်နေကြတဲ့
သေးနုပ်တဲ့ အကောင်တွေဖြစ်ကြပြီး
ရေခဲမြစ်တွေထဲက ရေအိုင်တွေထဲမှာ
ရေကူးနေထိုင်ကြတာပါ။
အဲဒီအကောင်တွေဟာ သတင်းကားတွေထဲမှာ
မြင်နေကျ အကောင်တွေနဲ့စာရင်
ဆွဲဆောင်မှု မရှိကြဘူးလို့
ဘယ်လိုမှ ပြောမရနိုင်ပါဘူး။
ဒါပေမဲ့ မမြင်ရတဲ့ အရာတွေကို စူးစမ်းဖို့
လူတွေကို ဘယ်လို တိုက်တွန်းရမလဲ။
ကျွန်မဟာ မကြာခင်တုန်းက
ငါးပတ်ကြာ အန္တာတိကတိုက်ကို
စူးစမ်းရေးခရီး ထွက်ခဲ့ပြီး သေးနုပ်ကြတဲ့
အကောင်တွေရဲ့ ဘဝကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။
ပစ္စည်းမျိုးစုံ ၁၈၅ ပေါင်ကို သယ်ပြီး
ကျွန်မဟာ စစ်လေယာဉ်ကို တက်စီးခဲ့လို့
အဏုကြည့်ကိရိယာတွေဖြင့်
ကွင်းဆင်း လေ့လာရင်း
ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြပေမဲ့
ကျုပ်တို့ မသိကျွမ်းကြတဲ့
သေးနုပ်တဲ့ အကောင်တွေရဲ့ ဘဝကို
ရုပ်ရှင် ရိုက်ပေးရင်း သူတို့ဂေဟာစနစ်ကို
နားလည်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
မြင်မရတဲ့ အဲဒီလို အကောင်တွေကို
ရုပ်ရှင် ရိုက်နိုင်ဖို့
ကျွန်မဟာ သူတို့ နေထိုင်တဲ့ နေရာကို
မြင်ဖို့ လိုအပ်ခဲ့တယ်၊
ရေခဲထုရဲ့ အနက်ပိုင်းဆီသို့
ငုပ်ကြည့်ဖို့ လိုအပ်ခဲ့တယ်။
နှစ်စဉ်ဆိုသလို ပင်လယ်ရေခဲတွေဟာ အန္တာတိက
ရဲ့ အရွယ်အစားကို နှစ်ဆနီးပါး ချဲ့ပေးကြတယ်။
အောက်ပိုင်းမှာ ဖြစ်ပျက်နေတာကို
မြင်ရဖို့အတွက်
ကျွန်မဟာ ကိုးပေထူတဲ့ ရေခဲထုထဲကို
သတ္တုပြွန်ဖြင့် ဆင်းလိုက်တော့မှ
ပင်လယ်ကြမ်းပြင်နဲ့ ခေါင်းမိုးရေခဲထု
အကြားမှာ မျောလျက် ရှိနေတဲ့
သက်ရှိအကောင်တွေနဲ့ ပြည့်နေတဲ့
ဂေဟာစနစ်ကို တွေ့မြင်နိုင်ခဲ့တယ်။
ကျွန်မကို အပြင်မှနေပြီး
မြင်ရပုံက ဒီလိုမျိုးပါ။
အဲဒါ လုံးဝကို အံ့အားသင့်စရာကြီးပါ။
ကျွန်မ တွေ့မြင်ခဲ့ရတဲ့ အကောင်တချို့
ဒီလို ကြည်နူးဖွယ်ရာ ပုစွန်စေ့နဲ့ တူခဲ့ပြီး
လှပတဲ့ ဂျီဩမေတြီ ပုံစံ
diatom တွေ အများကြီးပါပဲ။
အဲဒီနောက်မှာ ကျွန်မဟာ Dry Valleys
ဒေသမှာ နှစ်ပတ်လောက်
စခန်းချခဲ့ပြီး စူးစမ်းခဲ့သေးတယ်။
အန္တာတိကရဲ့ ၉၈ ရာခိုင်နှုန်းဟာ
ရေခဲဖုံးလွှမ်းနေပြီး
Dry Valleys ဟာ မျက်စိနဲ့ မြင်ရနိုင်တဲ့
အကျယ်ပြန့်ဆုံး သဘာဝ နေရာဖြစ်ပြီး
ရေခဲအောက်မှာ ရှိတဲ့ တိုက်ကြီးရဲ့
အနေအထားဟာ အဲဒီလိုပဲ ရှိမှာပါ။
ကျွန်မဟာ Blood Falls မှာ ဘက်တီးရီးယား
နမူနာတွေကို စုယူခဲ့တယ်။
ရေခဲမြစ်ထဲကနေ ထိုးထွက်နေတဲ့
သံအောက်ဆိုက် တောင်ကုန်း ဖြစ်ပြီး
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သက်ရှိ လုံးဝ
မရှိဘူးလို့ ယူဆခဲ့ကြတဲ့ နေရာဖြစ်တယ်။
ကျွန်မက ရေခဲမြစ်ရဲ့ အပေါ်ကို တက်ခဲ့ပြီး
အောက်ဘက်ကို တူးကြည့်ခဲ့ရာ
ရေခဲအလွှာတွေ အကြားမှာ နစ်မြုပ်
နေကြလျက် နေထိုင်နေကြတဲ့
အကောင်တွေကို မရေမတွက်
နိုင်အောင်ကို မြင်ခဲ့တယ်။
cryoconite တွင်းများလို ခေါ်ကြပြီး၊
အမည်းရောင် သေးနုပ်တဲ့ အညစ်အကြေးတွေကို
ရေခဲမြစ်ပေါ်ကို မှုတ်ပစ်လိုက်တဲ့ နောက်မှာ
အမြုပ်ထနေတဲ့ တွင်းများထဲကို
ပျော်ကျသွားပြီး ပြန်ခဲ့သွားခြင်းဖြင့်
ရေခဲမြစ်ထဲ ရှိခဲ့ဘူးတဲ့ အညစ်အကြေး
ချိုင့်ခွက် ရာချီ ထိန်းသိမ်းပေးထားသလိုပါ။
စကြာဝဠာ ကျွန်းလေးတွေနဲ့တူပြီး
မတူကွဲပြားတဲ့ ဂေဟာစနစ် ကိုယ်စီနဲ့ပါ။
ကျွန်မ ရှာတွေ့ခဲ့တဲ့
အကောင်တချို့များဆိုရင်၊
ချစ်စရာလေး ဒီ tardigrade ပုံစံ --
ကျွန်မ အရမ်းကို ကြိုက်တဲ့ဟာပါ၊
ခြေဖဝါးပါတဲ့ ဝက်ဝံကလေးနဲ့ ဆင်တူပါတယ်။
သူ့ကို ရေဝက်ဝံလို့လည်း ခေါ်ကြသေးတယ်၊
သူတို့ဟာ စူပါပါဝါကို
ပိုင်ဆိုင်ကြလို့ နာမည်ကြီးပါတယ်၊
အာကာသထဲက လေဟာနယ် အပါအဝင်၊
လွန်ကဲ ပြင်းထန်တဲ့
အခြေအေနေမျိုးထဲမှာတောင်
ရှင်သန် နေထိုင်နိုင်ကြတယ်။
သူတို့ကို မြင်ရဖို့အတွက် အာကာသ သို့မဟုတ်
အန္တာတိကကို သွားဖို့ မလိုပါဘူး။
ဒီကမ္ဘာဂြိုဟ် တစ်ဝမ်းလုံးမှာ၊ လူသွားလမ်း
တွေမှအစ ပန်းခြံတွေအဆုံး
ရေညှိထဲမှာ သူတို့ နေထိုင်ကြတာပါ။
မြင်မရတဲ့ အဲဒီလို အကောင်လေးတွေ ထောင်ချီ
အပေါ်ကနေပြီး ကျုပ်တို့ လမ်းလျှောက်ကြတာပါ။
အချို့တို့ကို သိရှိကြတယ်လို့ ထင်ရပေမဲ့
nematodes ကောင်တွေလို ထူးဆန်းကြတယ်။
မြွေလည်း မဟုတ် တီကောင်လည်း မဟုတ်တဲ့
nematodes တွေဟာ သူ့နည်းသူပုံစံနဲ့ပါ။
တီကောင်လို ပြန်မပွားနိုင်ဘူး၊
မြေွလို တွာမသွားနိုင်ဘူး။
ဒါပေမဲ့ သူတို့ပါးစပ်ထဲမှာ
ဓါးမြှောင်လို အပ်တွေ ရှိကြလို့
သူတို့ရဲ့ သားကောင်ကို ထိုးဖောက်ပြီး
အတွင်းပိုင်းကို စုပ်ယူနိုင်ကြတယ်။
ဒီဂြိုဟ်ပေါ်ရှိ လူတစ်ဦးချင်းစီအတွက်
nematodes အကောင် ၅၇ ဘီလီယံကျ ရှိတယ်။
အကောင်တချို့များဆိုရင် ဘာနဲ့တူမှန်း
ပြောဖို့ ခက်ပေမဲ့
သူတို့ရဲ့ အံ့အားသင့်ဖွယ်
ဘဝမျိုးနဲ့ နေထိုင်နေကြတာပါ။
အံ့သြဖွယ်သရဖူပါတဲ့ ဒီ rotifer အကောင်တွေရဲ့
ပါးစပ်တွေဟာ Roomba ပုံစံမျိုးပါ၊
ciliate ကောင်တွေရဲ့ အစာချေစနစ်က ထုတ်
ချင်းပေါက်မို့လို့ အားလုံးကို မြင်ရတယ်၊
cyanobacteria ကောင်တွေကျတော့ ဖဲကြိုးလေးနဲ့
တူပြီး စမ်းသပ်ခွက်ထဲ ပျံ့ကျဲလျက်ပါ။
လူကြိုက်များတဲ့ မီဒီယာထဲမှာ
မကြာခဏ တွေ့မြင်ကြရတာက
အီလက်ထရွန် အဏုကြည့်ကိရိယာနဲ့
သေးနုပ်တဲ့ အကောင်တွေကို
ရိုက်ထားတဲ့ ကြောက်စရာ
အကောင်နဲ့တူတဲ့ ပုံတွေပါ။
အဲဒီလို အကောင်တွေဟာ သွားလေရာ
နေရာတိုင်းမှာ ရှိနေကြပေမဲ့
သူတို့ရဲ့ လှုပ်ရှားသွားလာပုံကို မမြင်ရရင်
သူတို့ရဲ့ဘဝကို ဘာမှ သိမရနိုင်ဘူး။
သူတို့ရဲ့ နေ့စဉ်ဘဝက ဘယ်လိုမျိုးလဲ။
သူတို့ဟာ သူတို့ဝန်းကျင်ထဲမှာ
ဘယ်လိုတုံ့ပြန် နေထိုင်ကြတာလဲ။
ရှင်တို့ဟာ တိရစ္ဆာန်ရုံထဲက ပင်ဂွင်းငှက်ရဲ့
ဓာတ်ပုံကိုပဲ မြင်ခဲ့ရပြီး
ပင်ဂွင်းတွေ လမ်းလျှောက်ပုံ၊
ရေခဲပေါ် လျှောစီးကြပုံ မမြင်ခဲ့ဘူးရင်
ပင်ဂွင်းတွေကို အပြည့်အဝနားလည် မရနိုင်ဘူး။
သေးနုပ်တဲ့ အကောင်တွေ
လှုပ်ရှားပုံကို မြင်ရခြင်းအားဖြင့်
မြင်မရနိုင်တဲ့ အဲဒီအကောင်လေးတွေကို
အတွင်းကျကျ ပိုသိလာနိုင်ကြမှာပါ။
အန္တာတိကတိုက်ထဲကနဲ့ ကျုပ်တို့ အိမ်နောက်ဖေး
က မြင်မရနိုင်တဲ့ ဘဝကို မှတ်တမ်းတင်မပေးရင်
ကမ္ဘာကြီးပေါ်မှာ ဘယ်လောက်များတဲ့ အကောင်တွေ
နဲ့ အတူနေထိုင်ရတာ ကျုပ်တို့ မသိနိုင်ပါဘူး။
အဲဒီလိုဆိုရင် ကျွန်မတို့ဆီမှာ ထူးဆန်းပေမဲ့
ချစ်စရာကောင်းတဲ့ ဂြိုဟ်ရဲ့
ကားချပ်ပုံ အပြည့်အဝကို
မသိရှိကြသေးတဲ့ သဘောပါပဲ။
ကျေးဇူးတင်ပါတယ်။