အလင်းရောင်က စကြ၀ဠာ အကြောင်း ကျွန်ုပ်တို့ကို သင်ကြားပေးနိုင်ပုံ - Pete Edwards
-
0:07 - 0:09ကျုပ်တို့ စကြ၀ဠာကြီး
ဘယ်တုန်းက ဘယ်လို ပေါ်လာခဲ့လဲ။ -
0:09 - 0:11ဒီပုံစံမျိုး ဘယ်လိုများ ဖြစ်ပေါ်လာခဲ့လဲ။
-
0:11 - 0:13ဘယ်လိုများ အဆုံးသွားသမလဲ။
-
0:13 - 0:15လူသားတွေက သူတို့ ပေါ်ထွန်းလာခဲ့ကြတဲ့
-
0:15 - 0:18အချိန်ကတည်းက ဒီမေးခွန်းတွေကို ဆွေးနွေး
လာခဲ့ကြပေမဲ့ သဘောမတူနိုင်ခဲ့ကြပါ။ -
0:18 - 0:22ယနေ့ခေတ်မှာ အာကာသဗေဒပညာရှင်တွေက
အဖြေတွေရှာကြံဖို့ ကြိုးပမ်းအားထုတ်နေကြတယ်။ -
0:22 - 0:27ဒီလိုနက်နဲတဲ့ မေးခွန်းတွေကို တစ်ဦးဦးက
ပြီးပြည့်စုံစွာ ဖြေပေးမှာ မျှော်လင့်မရပါ။ -
0:27 - 0:32ပြီးတော့ စကြ၀ဠာလို ကြီးမားပြီး အများစုကို
ကျွန်ုပ်တို့ ရောက်ဘူးကြမှာ မဟုတ်တဲ့ -
0:32 - 0:34နေရာတွေကို စူးစမ်း လေ့လာရေးကိစ္စ
ဘယ်လိုများ လုပ်နိုင်မလဲ။ -
0:34 - 0:36အဖြေဟာ အလင်းရောင်ပါ။
-
0:36 - 0:38အလှမ်းဝေးတဲ့ စကြ၀ဠာရဲ့ ဒေသတွေမှ
အလင်းရောင်ဟာ -
0:38 - 0:40ကျုပ်တို့ထံ ရောက်ဖို့
နှစ်ဘီလီယံချီ ကြာပေမဲ့၊ -
0:40 - 0:44၎င်းက သူမတူထူးခြားတဲ့ သတင်းအချက်အလက်
ခြောက်မျိုး ယူဆောင်လာရာ၊ ပေါင်းလိုက်ရင် -
0:44 - 0:47၎င်းတို့ကို ဖွေရှာတတ်တဲ့
နက္ခတပညာရှင်တွေ ဩချကြရမယ့် -
0:47 - 0:49အချက်အလက်များစွာကို
ဖွင့်ချပြပေးနိုင်မှာပါ။ -
0:49 - 0:52နေရောင်ကို သက်တန့်အဖြစ်
ခွဲခြမ်းထုတ်ယူနိုင်သလို -
0:52 - 0:56အလှမ်းဝေးတဲ့ အရာတွေမှ အလင်းရောင်ကို
ခွဲခြမ်းလိုက်ရင် ၎င်းရဲ့ ဇစ်မြစ်အလိုက် -
0:56 - 0:58ကွဲပြားတဲ့ အရောင်တွဲပုံစံတွေကို
ဖွင့်ထုတ်ပြပေးပါမယ်။ -
0:58 - 1:02ထူးခြားကြတဲ့ အဲဒီအလင်း ဘားကုဒ်က
၀တ္ထုတစ်ခုရဲ့ ဖွဲ့စည်းမှုကို သာမက -
1:02 - 1:06၎င်း၌ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့
အပူချိန်နဲ့ ဖိအားကိုပါ ဖော်ပြပေးနိုင်တယ်။ -
1:06 - 1:09အလင်းရောင်ထံမှ ကျုပ်တို့ ရှာတွေ့နိုင်တာ
ဒီထက်တောင် ပိုပါတယ်။ -
1:09 - 1:12အကယ်၍ သင် ရထာစင်္ကြံပေါ်မှာ ရပ်ခဲ့ဖူးရင်၊
သတိ ပြုမိခဲ့မှာက -
1:12 - 1:15ရထား အသံဟာ ၎င်းရဲ့လားရာအရပ်ပေါ်
မူတည်ကာ သံစဉ်ဟာ သင့်ထံ -
1:15 - 1:17ချည်းကပ်လာချိန် တဖြည်းဖြည်း
မြင့်လာပြီး၊ -
1:17 - 1:20ဝေးရာသို့ ထွက်သွားချိန်မှာ တဖြည်းဖြည်း
နိမ့်ဆင်းသွားတာကိုပါ။ -
1:20 - 1:23ဒါက ရထားလတ်မှတ်ရောင်းက အလုပ်သစ်
အတွက် လေ့ကျင့်နေလို့တော့ မဟုတ်ပါ။ -
1:23 - 1:26အမှန်တော့ ဒါဟာ Doppler effect ဆိုတဲ့
သက်ရောက်မှု ကြောင့်ပါ။ -
1:26 - 1:30ချည်းကပ်လာတဲ့ အရာထံမှ
အသံလှိုင်းတွေက ဖိသိပ်ခံကြရပြီး -
1:30 - 1:33ဝေးရာသို့ ထွက်သွားတဲ့ အရာထံမှ
အဲဒီလှိုင်းတွေဟာ ဆွဲဆန့်ခံရကြလို့ပါ။ -
1:33 - 1:36ဒါပေမဲ့၊ အဲဒါက နက္ခတဗေဒသမားတွေနဲ့
ဘယ်လိုများ ပတ်သတ်နိုင်သလဲ။ -
1:36 - 1:41အသံဟာ လေဟာကို ဖြတ်မသွားနိုင်လို့ အာကာသမှာ
သင်ဟာ ကိုယ့်အော်သံကိုတောင် မကြားနိုင်ပါ။ -
1:41 - 1:46ဒါပေမဲ့ Doppler effect က မြန်လွန်းစွာ ရွေ့
လျားနေတဲ့ အရာရဲ့ အလင်းနဲ့လည်း ဆိုင်ပါတယ်။ -
1:46 - 1:48အကယ်၍ ကျုပ်တို့ထံ လာနေရင် ပိုတိုတဲ့
-
1:48 - 1:51လှိုင်းအလျားကြောင့် အလင်းရောင်ကို
ပိုပြာလာစေမယ်။ -
1:51 - 1:53ထိုစဉ် ဝေးရာကို ရွေ့နေတဲ့ အရာမှ
အလင်းရောင်က -
1:53 - 1:56အနီဘက်ယိမ်းလျက် လှိုင်းအလျား
ပိုရှည်သွားပါလိမ့်မယ်။ -
1:56 - 1:59ဒီတော့ အဝေးကြည့် မှန်ပြောင်းနဲ့
ရှုမှတ်နိုင်တဲ့ အရာဝတ္ထုမှ အလင်းရဲ့ -
1:59 - 2:03ဒေါ့ပလာ ရွေ့လျားမှုအရအရ၊ ကျုပ်တို့ဟာ
အဲဒါကို ဘာနဲ့လုပ်ထားသလဲ၊ -
2:03 - 2:06၎င်းရဲ့ အပူချိန်က ဘာလောက်လဲ၊ ၎င်းအပေါ်
ကျရောက်နေတဲ့ ဖိအားကို သိနိုင်သလို၊ -
2:06 - 2:09ဒါက ရွေ့လျားနေမနေ၊ ရွေ့လျားနေရင်
ဘယ်ကို ဘယ်လောက် လျင်မြန်စွာ သိနိုင်တယ်။ -
2:09 - 2:13အဲဒီလို ခြောက်ခုသော အလင်းရဲ့ တိုင်တာမှု
တွေ၊ အလင်းရောင်ရဲ့ အချက်ခြောက်ချက်လို -
2:13 - 2:16စကြ၀ဠာရဲ့သမိုင်းကို
ဖော်ထုတ် ပြသပေးကြပါတယ်။ -
2:16 - 2:21အလှမ်းဝေးတဲ့ ကြယ်စုတွေထံမှ အလင်းရောင်ကို
ပထမဆုံး လေ့လာခဲ့သူက Edwin Hubble ဖြစ်ပြီး -
2:21 - 2:24သူမြင်တွေ့ရတဲ့ အလင်းရောင်ဟာ
အနီဘက်ကို ရွှေ့နေခဲ့တယ်။ -
2:24 - 2:26အလှမ်းဝေးတဲ့ ကြယ်စုတွေဟာ
အားလုံးပဲ ကျုပ်တို့ထံမှ ဝေးရာဆီ -
2:26 - 2:30ရွေ့လျားနေပြီး ပိုဝေးတဲ့ ကြယ်စုတွေက
ပိုမြန်မြန် ဝေးဝေးသွားနေကြတယ်။ -
2:30 - 2:33Hubble ကမှ ကျုပ်တို့ရဲ့ စကြဝဠာ
ပြန့်ကားလာနေကြောင်းကို တွေ့ခဲ့ရာ၊ -
2:33 - 2:36Big Bang သီအိုရီအတွက်
ပထမ သက်သေခံချက် ဖြစ်လာခဲ့တယ်။ -
2:36 - 2:40တွေ့မြင်ရတဲ့ စကြ၀ဠာဟာ တချိန်လုံးပဲ
ကျစ်လစ်သိပ်သည်းခဲ့တဲ့ အမှတ်တနေရာမှ -
2:40 - 2:43အဆက်မပြတ် ပြန့်ကားလာခဲ့နေကြောင်း
ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့ -
2:43 - 2:45ဒီသီအိုရီရဲ့ အရေးပါဆုံး
ဟောကိန်းတွေထဲမှ တစ်ခုက -
2:45 - 2:50ရှေးဦး စကြ၀ဠာထဲတွင် ဟိုက်ဒြိုဂျင်နှင့်
ဟီလီယံ ဓာတ်ငွေ့ နှစ်မျိုးတို့ဟာ -
2:50 - 2:52သုံးချိုး တစ်ချိုး ပါဝင်ခဲ့ခြင်းပါပဲ။
-
2:52 - 2:55ပြီးတော့ အဲဒီဟောကိန်းကိုလည်း
အလင်းရောင်းနဲ့ စမ်းသပ်နိုင်တယ်။ -
2:55 - 3:00ကျုပ်တို့က စကြ၀ဠာကို အစွန်းအဖျားရှိ
ဆိတ်ငြိမ်ရပ်ဝန်းမှ အလင်းရောင်ကို လေ့လာပြီး -
3:00 - 3:04ခွဲထုတ်လိုက်ရင် ဓာတ်ငွေ့နှစ်မျိုးရဲ့ အစအန
ကို ခုနကအချိုးအတိုင်း တကယ်ပဲ တွေ့ရမှာပါ။ -
3:04 - 3:07ဒါ Big Bangရဲ့ နောက်ထပ် အောင်ပွဲတစ်ရပ်ပါ။
-
3:07 - 3:10သို့သော်လည်း ဖြေရှင်းရဦးမယ့် ပဟေဠိတွေ
အများကြီး ကျန်နေကြတုန်းပါ။ -
3:10 - 3:12မြင်ရတဲ့ စကြ၀ဠာဟာ ပြန့်ကားနေကြောင်း
ကျုပ်တို့ သိသော်လည်း -
3:12 - 3:14ဒြပ်ဆွဲခြင်းက ဘရိတ်အုပ်သလို ရှိရပါမယ်။
-
3:14 - 3:18ဒါပေမဲ့၊ အဝေးရှိ သေကြတော့မယ့် ကြယ်တွေရဲ့
အလင်းရောင်ကို မကြာမီက တိုင်းကြည့်ရာ -
3:18 - 3:21၎င်းတို့မှာ ခန့်မှန်းခဲ့ရသည်ထက်ကို
ပိုဝေးနေကြောင်း သိရတယ်။ -
3:21 - 3:24ဒီလိုဆို စကြ၀ဠာပြန့်ကားခြင်းဟာ
တကယ့်ကို ပိုအရှိန်ရလာတေယ်။ -
3:24 - 3:27တစ်ခုခုက ၎င်းကို တွန်းကန်နေသလို
ထင်စရာရှိပြီး -
3:27 - 3:30အဲဒါဟာ စကြာဝဠာရဲ့ ၂/၃ အထိရှိပြီး
တဖြည်းဖြည်းခြင်း ၎င်းကို ဆုတ်ဖြဲနေတဲ့ -
3:30 - 3:34မှောင်မည်းနေတဲ့ စွမ်းအင်ဘဲ ဖြစ်တယ်လို့
သိပ္ပံပညာရှင် အများက ယူဆကြတယ်။ -
3:34 - 3:39ရုပ်ဒြပ်တွေ ပြုမူကြပုံ ကျုပ်တို့ရဲ့ အသိပညာ
တွေနဲ့ ကျုပ်တို့ ကိရိယာတွေရဲ့ တိကျမှုရဲ့ -
3:39 - 3:42ကျေးဇူးကြောင့် အဝေးမှ ကြယ်တွေကို
လေ့လာကြည့်ရုံဖြင့် စကြ၀ဠာအကြောင်းကို -
3:42 - 3:45တို့တွေ တွေးဖူးတာထက်ကို
များစွာမှ ပိုသိရှိလာနိုင်ကြပါတယ်။ -
3:45 - 3:48ဒါပေမဲ့ Dark Energyရဲ့ သဘာဝလို
အခြား ဆန်းကြယ်တဲ့ အရာတွေကို -
3:48 - 3:51ကျုပ်တို့က မီးမောင်းထိုးပြလျက် ရှင်းပြ
ပေးကြရဦးမှာပါ။
- Title:
- အလင်းရောင်က စကြ၀ဠာ အကြောင်း ကျွန်ုပ်တို့ကို သင်ကြားပေးနိုင်ပုံ - Pete Edwards
- Description:
-
သင်ခန်းစာအပြည့်အစုံကြည်ရန်- http://ed.ted.com/lessons/what-light-can-teach-us-about-the-universe-pete-edwards။
လူသားဟာ စကြ၀ဠာကိုကြည့်ရှုလာခဲ့တာ ကြာလှပြီဖြစ်လျက် အဲဒါ ဘယ်လိုများ စတင်ခဲ့ပါလိမ့်၊ အဲဒါဟာ ဘယ်လိုများ နိဂုံးချုပ်သွားမှာလဲ ဆိုတဲ့ ဧရာမ မေးခွန်းကြီးတွေကို ထုတ်မေးလာနေခဲ့ပါတယ်။ အာကာသဗေဒဆိုင်ရာ ပညာရှင်တို့က အဖြေတွေကို ခက်ခက်ခဲခဲ ရှာဖွေနေကြရပေမဲ့၊ သူတို့ စတင်ခဲ့ကြတာက ဘယ်နေရာမှ ပါလိမ့်။ အဖြေဟာ အလင်းရောင်ပါ။ Pete Edwards ကနေပြီး သူမတူကွဲပြား ထူးခြားကြတဲ့ သတင်းအချက်အလက် ခြောက်မျိုးကို ခွဲခြားထောက်ပြနိုင်ခဲ့ရာ၊ အဲဒါတွေကို အတူတူ ပေါင်းစည်းလိုက်တဲ့ အခါမှာ နက္ခတဗေဒပညာရှင်များအတွက် အံဩမင်သက်လောက်အောင်ကို များပြားလှတဲ့ အချက်အလက်တွေကို ဖွင့်ထုတ်ပြသပေးနိုင်ကြတာကို တွေ့မြင်ကြရမှာပါ။
သင်ခန်းစာတင်ဆက်သူ- Pete Edwards၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Bevan Lynch။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:07
sann tint edited Burmese subtitles for What light can teach us about the universe - Pete Edwards | ||
sann tint edited Burmese subtitles for What light can teach us about the universe - Pete Edwards | ||
sann tint approved Burmese subtitles for What light can teach us about the universe - Pete Edwards | ||
Myo Aung accepted Burmese subtitles for What light can teach us about the universe - Pete Edwards | ||
Myo Aung edited Burmese subtitles for What light can teach us about the universe - Pete Edwards | ||
Myo Aung edited Burmese subtitles for What light can teach us about the universe - Pete Edwards | ||
Myo Aung edited Burmese subtitles for What light can teach us about the universe - Pete Edwards | ||
Myo Aung edited Burmese subtitles for What light can teach us about the universe - Pete Edwards |