Return to Video

သင်ဂရုစိုက်သောအရာများကို ပိုတော်လာအောင်လုပ်နည်း။

  • 0:01 - 0:05
    အများစုဟာ ဘာပဲလုပ်လုပ် အကောင်းဆုံး
    လုပ်ဖို့ ကြိုးစားရင်း ဘဝကိုဖြတ်သန်းကြတယ်။
  • 0:05 - 0:07
    ကိုယ်အလုပ်၊ မိသားစု၊ ကျောင်း
  • 0:07 - 0:09
    အခြားဘာပဲဖြစ်ဖြစ်ပါ။
  • 0:09 - 0:11
    ဒီလိုခံစားတယ်၊
    အကောင်းဆုံးကြိုးစားတယ်
  • 0:12 - 0:15
    ဒါပေမဲ့ ကာလအတန်ကြာတုန်းက
    သဘောပေါက်မိလာတာက
  • 0:15 - 0:19
    ကျွန်တော့်အတွက် အရေးကြီးဆုံးအရာတွေမှာ
    အရမ်းပိုကောင်း မလာတာကိုပါ၊
  • 0:19 - 0:22
    ခင်ပွန်း (သို့) မိတ်ဆွေ (သို့)
  • 0:22 - 0:24
    အလုပ်အကိုင်
    (သို့) အသင်းဖော်ဖြစ်ဖြစ်ပါ။
  • 0:24 - 0:26
    ဒါတွေကို အချိန်အများကြီး အကုန်ခံ
  • 0:26 - 0:29
    ကြိုးစားလုပ်တာတောင် ဒါတွေမှာ အများကြီး
  • 0:29 - 0:30
    တိုးတက်မလာခဲ့ဘူး။
  • 0:31 - 0:35
    စကားပြောဆိုမှုတွေနဲ့ ဒီတိုးတက်မှု
    ဆိတ်သုဉ်းတဲ့
  • 0:35 - 0:37
    သုတေသနကနေ နားလည်ခဲ့ပြီးနောက်
    ကြိုးစားလုပ်ပေမဲ့
  • 0:37 - 0:39
    အတော်လေး သာမန်သာဖြစ်သွားတာပဲ။
  • 0:39 - 0:42
    ဒီတော့ ဘာကြောင့် ဖြစ်တာလဲဆိုတာထဲက
    ထိုးထွင်းအမြင်တစ်ချို့နဲ့
  • 0:42 - 0:43
    ဘာလုပ်နိုင်လဲဆိုတာ မျှဝေချင်တယ်။
  • 0:44 - 0:47
    ကျွန်တော် သိခဲ့ရတာက
    နယ်ပယ်တိုင်းက အထိရောက်ဆုံး
  • 0:47 - 0:49
    လူတွေနဲ့ အသင်းတွေဟာ ကျွန်တော်တို့
  • 0:49 - 0:50
    အားလုံးလည်း အတုယူနိုင်တာကိုလုပ်တယ်
  • 0:51 - 0:55
    သူတို့ဟာ ဇုန်နှစ်ခုအတွင်း မှန်မှန်
    တစ်လှည့်စီပြောင်းရင်း ဘဝကို ဖြတ်သန်းကြတယ်၊
  • 0:55 - 0:57
    သင်ယူမှုဇုန်နဲ့ စွမ်းဆောင်မှုဇုန်ပါ။
  • 0:58 - 1:01
    သင်ယူမှုဇုန်က ရည်မှန်းချက်
    တိုးတက်ဖို့ လိုတဲ့အခါမှာပါ။
  • 1:01 - 1:04
    ဒီနောက် တိုးတက်မှုအတွက် ပုံစံချတဲ့
    လုပ်ဆောင်မှုတွေ ပြုကြတယ်၊
  • 1:04 - 1:06
    မပိုင်နိုင်သေးတာကို အာရုံစိုက်ရင်း၊
  • 1:06 - 1:09
    ဆိုလိုတာက အမှားတွေပြုဖို့
    မျှော်လင့်ဖို့လိုတယ်၊
  • 1:09 - 1:11
    ဒါတွေကနေ သင်ယူမယ်လို့ သိရင်းပါ။
  • 1:11 - 1:15
    ကျွန်တော်တို့ စွမ်းဆောင်မှုဇုန်မှာရှိစဉ်
    ကျွန်တော်တို့လုပ်တာနဲ့ အရမ်းကွာတယ်၊
  • 1:15 - 1:19
    ဒါက ကျွန်တော်တို့ ရည်ရွယ်တာကို တတ်နိုင်
    သမျှ အကောင်းဆုံး စီမံဖို့ လိုတဲ့အခါမှာပါ။
  • 1:19 - 1:22
    ဒီနောက် ကိုယ်ပိုင်နိုင်ပြီးသားအပေါ်မှာ
    အာရုံစိုက်ကာ
  • 1:22 - 1:24
    အမှားအနည်းဆုံး ဖြစ်အောင်ကြိုးစားတယ်။
  • 1:25 - 1:27
    ဇုန်နှစ်ခုစလုံးဟာ ဘဝရဲ့အစိတ်အပိုင်း
    ဖြစ်သင့်ပေမဲ့
  • 1:27 - 1:31
    သူတို့တစ်ခုစီကို ဘယ်အချိန်မှာ
    ကိုယ်ဖြစ်ချင်တာကို ရည်မှန်းချက်တွေ၊
  • 1:31 - 1:33
    အာရုံစိုက်မှု၊ မျှော်လင့်ချက်တွေနဲ့
    ရှင်းတာဟာ
  • 1:33 - 1:36
    ပိုကောင်းစွာ ဆောင်ရွက်ဖို့
    ပိုကောင်းစွာ တိုးတက်ဖို့ကူပေးတယ်
  • 1:36 - 1:39
    စွမ်းဆောင်မှုဇုန်က လက်ငင်း
    စွမ်းဆောင်မှုကို အများဆုံးလုပ်ကာ
  • 1:39 - 1:41
    သင်ယူမှုဇုန်က တိုးပွားမှု၊
    အနာဂတ်စွမ်းပကားကို
  • 1:41 - 1:42
    အများဆုံးလုပ်ပေးတယ်။
  • 1:43 - 1:45
    အတော်များများ
    အလုပ်ကြိုးစားပေမဲ့ အများကြီး
  • 1:45 - 1:47
    မတိုးတက်တဲ့ အကြောင်းရင်းက
  • 1:47 - 1:51
    စွမ်းဆောင်မှုဇုန်မှာ အချိန်အားလုံး
    နီးပါးကို ကုန်ဆုံးတတ်ကြလို့ပါ။
  • 1:52 - 1:53
    ဒါက တိုးပွားမှုကို ဟန့်တားကာ
  • 1:53 - 1:56
    ဖြစ်ချင်တော့ ရေရှည်မှာ
    စွမ်းဆောင်မှုကိုရောပါ။
  • 1:58 - 2:00
    ဒီတော့ သင်ယူမှုဇုန်က ဘာနဲ့တူလဲ။
  • 2:01 - 2:03
    ရှေးဟောင်း ဂရိက နိုင်ငံရေးခေါင်းဆောင်၊
  • 2:03 - 2:06
    အဟောပြောဆရာကြီးနဲ့ ရှေ့နေတစ်ဦးဖြစ်သူ
    Demosthenes ကိုကြည့်ပါ။
  • 2:06 - 2:10
    ကြီးကျယ်သူဖြစ်လာဖို့ သူ့အချိန်တွေကို
    သူ့ စွမ်းဆောင်မှုဇုန်ဖြစ်မယ့်
  • 2:10 - 2:12
    ဟောပြောသူနဲ့ ရှေ့နေဖြစ်တာမှာပဲ
  • 2:12 - 2:15
    မသုံးခဲ့ဘူး။
  • 2:15 - 2:17
    ဒီအစား တိုးတက်မှုအတွက် ပုံစံချတဲ့
    လုပ်ဆောင်မှုတွေလုပ်တယ်
  • 2:18 - 2:19
    တကယ် အများကြီး လေ့လာခဲ့တာပါ။
  • 2:19 - 2:22
    ဆရာသမားတွေဆီက လမ်းညွှန်မှုနဲ့
    ဥပဒေနဲ့ ဒဿနိကကို လေ့လာခဲ့တယ်။
  • 2:22 - 2:26
    ဒါပေမဲ့ ရှေ့နေလုပ်တာဟာ အခြာလူတွေကို
    နားချဖို့ပါဝင်တာ သူသဘောပေါက်မိတော့
  • 2:26 - 2:29
    ပြောင်မြောက်တဲ့ ဟောပြောချက်တွေနဲ့
    သရုပ်ဆောင်တာကို
  • 2:29 - 2:30
    လေ့လာခဲ့တယ်။
  • 2:31 - 2:35
    တမင်မဟုတ်ပဲ ပခုံးပင့်ပင့်နေတဲ့
    အကျင့်ဟောင်းကိုဖျောက်ဖို့
  • 2:35 - 2:37
    သူ့ဟောပြောချက်တွေကို
    မှန်ရှေ့မှာ လေ့ကျင့်ခဲ့ပြီး
  • 2:37 - 2:40
    သူပခုံးပင့်ရင် နာကျင်အောင်လို့
  • 2:40 - 2:42
    မျက်နှာကျက်ကနေ ဓားတစ်လက်
  • 2:42 - 2:43
    ဆိုင်းထားတယ်။
  • 2:43 - 2:45
    (ရယ်သံများ)
  • 2:45 - 2:47
    စကားမပီပေမဲ့ ပိုပြီး ပီသစွာပြောဖို့
  • 2:47 - 2:50
    ပါးစပ်ထဲမှာ ကျောက်ခဲတွေနဲ့
    ဟောပြောချက်တွေကို လေ့ကျင့်ခဲ့တယ်။
  • 2:51 - 2:52
    အနှောင့်အယှက်ကင်းပြီး
  • 2:52 - 2:54
    သူတစ်ပါးကို အနှောင့်အယှက်မဖြစ်ဖို့
  • 2:54 - 2:56
    မြေအောက်ခန်း ဆောက်ခဲ့တယ်။
  • 2:56 - 2:58
    အဲဒီအချိန်က ခုံရုံးတွေဟာ
    အရမ်းဆူညံတာကြောင့်
  • 2:58 - 3:00
    သူ့အသံကို လှိုင်းတွေရဲ့ ဟိန်းသံအထက်ကို
  • 3:00 - 3:02
    ပစ်လွှတ်ရင်း သမုဒ္ဒရာနားမှာ လေ့ကျင့်တယ်။
  • 3:03 - 3:05
    သင်ယူမှုဇုန်က သူ့လုပ်ဆောင်မှုတွေဟာ
  • 3:05 - 3:08
    သူ့ရဲ့စွမ်းဆောင်မှုဇုန်၊
    ခုံရုံးက လုပ်ဆောင်မှုတွေနဲ့
  • 3:08 - 3:09
    အရမ်းကွာခြားတယ်။
  • 3:10 - 3:11
    သင်ယူမှုဇုန်မှာ
  • 3:11 - 3:14
    Dr. Anders Ericsson ခေါ်တဲ့
    တမင် အလေ့အကျင့်ကိုလုပ်ခဲ့တယ်။
  • 3:14 - 3:17
    ဒီမှာပါဝင်တာက စွမ်းရည်တွေကို ပေါင်းစပ်
    ကျွမ်းကျင်မှုတွေအဖြစ် ပိုင်းခြင်း၊
  • 3:17 - 3:20
    တိုးတက်ဖို့လုပ်နေတဲ့ ကျွမ်းကျင်မှုအခွဲကို
    ရှင်းလင်းမှုပါ။
  • 3:20 - 3:22
    ဥပမာ ပခုံးတွေကို လျော့ချခြင်း၊။
  • 3:22 - 3:25
    ဇိမ်ကျတဲ့ဇုန်အပြင်ဘက်က၊
    လက်ရှိလုပ်နေတာတွေရဲ့အလွန်
  • 3:25 - 3:27
    စိန်ခေါ်မှုရဲ့ မြင့်မားတဲ့
  • 3:27 - 3:29
    အဆင့်တစ်ခုဆီ အပြည့်အဝ အာရုံစိုက်ခြင်း၊
  • 3:29 - 3:32
    ထပ်ကျော့ခြင်း၊ ညှိခြင်းနဲ့အတူ
    မကြာခဏ တုံပြန်မှုကို အသုံးပြုခြင်း၊
  • 3:32 - 3:35
    ကျွမ်းကျင်တဲ့ နည်းပြရဲ့
    လမ်းညွှန်မှုကို အထူးစိတ်ဝင်စားခြင်းပါ။
  • 3:35 - 3:37
    တိုးတက်ဖို့ စီစဉ်ထားတဲ့ လုပ်ဆောင်မှုတွေဟာ
  • 3:37 - 3:39
    သီးသန့် နယ်ပယ်ဖြစ်ပြီး
  • 3:39 - 3:41
    ဒီလုပ်ဆောင်မှုတွေက ဘာဆိုတာ
    ဆရာကြီးတွေ၊ နည်းပြတွေသိကြပြီး
  • 3:41 - 3:43
    ပါရဂူမြောက် တုံ့ပြန်မှု ပေးနိုင်လို့ပါ။
  • 3:44 - 3:47
    ဒါက သင်ယူမှုဇုန်က လေ့ကျင့်တဲ့
    အမျိုးအစားဖြစ်ပြီး
  • 3:47 - 3:49
    အဓိကတိုးတက်မှုဆီ ဦးတည်စေပါတယ်၊
  • 3:49 - 3:51
    ဒါက တာဝန်လုပ်ဆောင်မှု ကာလသာမဟုတ်ပါဘူး။
  • 3:52 - 3:55
    ဥပမာ သုတေသနက ပြနေတာက
    အလုပ်တစ်ခုလုပ်ပြီး
  • 3:55 - 3:56
    ပထမတစ်နှစ်၊ နှစ်နှစ်မှာ
  • 3:56 - 3:59
    စွမ်းဆောင်မှုဟာ အမြဲတမ်း တန့်သွားတယ်။
  • 3:59 - 4:02
    ဒါက သင်ကြားရေး၊ ဆေးဘက်ဆိုင်ရာ၊
    သူနာပြုခြင်းနဲ့ အခြားနယ်ပယ်တွေမှာ
  • 4:02 - 4:04
    မှန်တယ်လို့ ပြဆိုထားပြီး
  • 4:04 - 4:07
    ဖြစ်တဲ့အကြောင်းက အတော်ကောင်းပြီ၊
    လုံလောက်ပြီလို့
  • 4:07 - 4:09
    တွေးမိတာနဲ့
  • 4:09 - 4:11
    သင်ယူမှုဇုန်မှာ အချိန်ကုန်တာ
    ရပ်လိုက်လို့ပါ။
  • 4:11 - 4:13
    တစ်ချိန်လုံး အလုပ်လုပ်တာ၊
    စွမ်းဆောင်တာမှာပဲ
  • 4:13 - 4:14
    အာရုံစိုက်ကြတယ်၊
  • 4:14 - 4:17
    ဖြစ်သွားတာက တိုးတက်ဖို့
    ထူးကဲတဲ့နည်းမဟုတ်တာပါ။
  • 4:17 - 4:20
    ဒါပေမဲ့ သင်ယူမှုဇုန်မှာ ဆက်လက်အချိန်ကုန်ခံ
    သူတွေကတော့
  • 4:20 - 4:22
    တကယ် အမြဲ ဆက်လက် တိုးတက်ပါတယ်။
  • 4:22 - 4:25
    အတော်ဆုံး အရောင်သမားတွေဟာ
    အနည်းဆုံးတစ်ပတ်တစ်ခါ
  • 4:25 - 4:27
    တိုးတက်မှု ရည်မှန်းချက်နဲ့
    လုပ်ဆောင်မှုတွေလုပ်ကြတယ်။
  • 4:27 - 4:29
    အသိသုတကျယ်ပြန့်ဖို့ စာတွေဖတ်၊
  • 4:29 - 4:32
    လုပ်ဖော်တွေ၊ နယ်ပယ်
    ကျွမ်းကျင်သူတွေနဲ့တိုင်ပင်၊
  • 4:32 - 4:35
    နည်းပရိယာယ်သစ်တွေ စမ်း၊
    တုံ့ပြန်မှုနဲ့ ထင်ဟပ်မှုတောင်းခံကြတယ်။
  • 4:35 - 4:37
    အတော်ဆုံး စစ်တုရင်သမားတွေဟာ
  • 4:37 - 4:41
    စစ်တုရင် မကစားပဲအချိန်အများကြီး
    ကုန်ဆုံးကြတယ်၊
  • 4:41 - 4:42
    သူတို့ရဲ့ စွမ်းဆောင်မှုဇုန်မှာဆိုပေမဲ့
  • 4:43 - 4:46
    စစ်တုရင်ပဂေးကြီးတွေ ရွှေ့တဲ့ အကွက်တွေကို
    ခန့်မှန်း၊စိစစ်ဖို့ကြိုးစားရင်းပါ
  • 4:47 - 4:51
    ကျွန်တော်တို့ဟာ နာရီပေါင်းများစွာ
    ကွန်ပြူတာမှာ
  • 4:51 - 4:53
    စာရိုက်ကာ ကုန်းဆုံးလောက်တယ်၊
  • 4:53 - 4:54
    ပိုမြန်မလာဘူးလေ၊
  • 4:54 - 4:58
    ဒါပေမဲ့ လက်ရှိ စိတ်ချနေတဲ့
    အမြန်နှုန်းထက်
  • 4:58 - 5:01
    ၁၀% ကနေ ၂၀ % ပိုမြန်မြန်ရိုက်ဖို့
    တစ်နေ့ကို ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ
  • 5:01 - 5:02
    ကုန်ဆုံးမယ်ဆိုရင်
  • 5:02 - 5:04
    ပိုမြန်လာပါလိမ့်မယ်၊
  • 5:04 - 5:07
    အထူးသဖြင့် ကိုယ်လုပ်နေတဲ့
    အမှားတွေကို ရှာပြီး
  • 5:07 - 5:09
    ဒီစကားလုံးတွေကို ရိုက်တာ လေ့ကျင့်ရင်ပေါ့။
  • 5:09 - 5:11
    ဒါက တမင်တကာ လေ့ကျင့်မှုပါ။
  • 5:12 - 5:14
    ကျွန်တော်တို့ဘဝရဲ့ ဘယ်အပိုင်းတွေ
  • 5:14 - 5:16
    ဖြစ်နိုင်တာက ပိုအရေးစိုက်တာတွေဟာ
  • 5:16 - 5:18
    ကြိုးစားလုပ်ပေမဲ့ အများကြီး
    မတိုးတက်နေတဲ့အကြောင်းက
  • 5:18 - 5:21
    ကျွန်တော်တို့ စွမ်းဆောင်မှုဇုန်မှာ
    အမြဲရှိလို့လား
  • 5:23 - 5:26
    ကဲ စွမ်းဆောင်မှုဇုန်က တန်ဖိုးမရှိဘူးလို့
    ပြောဖို့မဟုတ်ပါဘူး။
  • 5:26 - 5:27
    အရမ်းတန်ဖိုးရှိပါတယ်။
  • 5:27 - 5:29
    ဒူးခွဲစိတ်ဖို့လိုတော့
    ခွဲစိတ်ဆရာဝန်ကို မပြောခဲ့တာက
  • 5:29 - 5:32
    "အဲဒီနေရာနား ဖောက်၊
    ခင်ဗျားမသိတာကို အာရုံစိုက်"
  • 5:32 - 5:33
    (ရယ်သံများ)
  • 5:33 - 5:35
    "ခင်ဗျားအမှားတွေကနေ သင်ယူကြမယ်လေ"
  • 5:36 - 5:39
    အလုပ်လုပ်တာတော်မယ်လို့ ခံစားမိတဲ့
    ခွဲစိတ်ဆရာဝန်ကိုရှာပြီး
  • 5:39 - 5:41
    အလုပ်ကောင်းတစ်ခု လုပ်စေချင်ခဲ့တာပါ
  • 5:41 - 5:43
    စွမ်းဆောင်မှုဇုန်မှာရှိတာဟာ
  • 5:43 - 5:45
    အရာတွေကို ကိုယ်တတ်နိုင်သလောက်
    အကောင်းဆုံးလုပ်ဖြစ်စေတယ်
  • 5:46 - 5:47
    တက်ကြွစရာလည်း ဖြစ်နိုင်ပြီး
  • 5:47 - 5:51
    နောက် ဘာကို အာရုံစိုက်ရမယ်၊
    သင်ယူမှုဇုန်ကို ဘယ်တော့ပြန်သွားရမယ်ဆိုတာ
  • 5:51 - 5:53
    ရှာဖွေဖို့ သတင်းအချက်အလက်ပေးပါတယ်။
  • 5:53 - 5:55
    မြင့်မားတဲ့ စွမ်းဆောင်မှုအတွက်လမ်းက
  • 5:55 - 5:59
    သင်ယူမှုဇုန်နဲ့ စွမ်းဆောင်မှုဇုန်ကြားမှာ
    တစ်လှည်စီပြောင်းတာပါ၊
  • 5:59 - 6:01
    သင်ယူမှုဇုန်မှာ ကျွမ်းကျင်မှုတွေ
    အကျိုးရှိရှိတည်ဆောက်
  • 6:01 - 6:04
    ကျွမ်းကျင်မှုတွေကို စွမ်းဆောင်မှုဇုန်မှာ
    သုံးတာပါ။
  • 6:05 - 6:07
    ဖျော်ဖြေရေးအတွင်း Beyoncé ခရီးထွက်တဲ့အခါ
  • 6:07 - 6:10
    သူမဟာ စွမ်းဆောင်မှုဇုန်မှာရှိနေပေမဲ့
  • 6:10 - 6:12
    ညစဉ် ဟိုတယ်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့
  • 6:12 - 6:15
    သူမဟာ သင်ယူမှုဇုန်ကို
    ချက်ချင်းပြန်သွားပါတယ်။
  • 6:15 - 6:17
    အခုပဲပြီးသွားတဲ့ ပြပွဲဗီဒီယိုကို
    ကြည့်တယ်။
  • 6:17 - 6:19
    သူမကိုယ်တိုင်နဲ့အကသမားတွေ၊
    ကင်မရာသမားတွေအတွက်
  • 6:20 - 6:22
    တိုးတက်ဖို့ အခွင့်အလမ်းတွေ
    ဖော်ထုတ်တယ်။
  • 6:22 - 6:23
    ပြီးတော့ နောက်မနက်မှာ
  • 6:23 - 6:26
    လူတိုင်းဟာ ပြင်ဆင်ဖို့ပါတဲ့
    မှတ်စု စာရွက်တွေရတယ်၊
  • 6:27 - 6:30
    နောက်တော့ နောင်ဖျော်ဖြေမှုမတိုင်ခင်
    တစ်နေ့တာအတွင်း ဒီအပေါ်မှာ အလုပ်လုပ်ကြတယ်။
  • 6:31 - 6:32
    ဒါက အမြဲတိုးနေတဲ့
  • 6:32 - 6:33
    အစွမ်းတွေအတွက် ကြောင်လိမ်တစ်ခုပါ၊
  • 6:33 - 6:37
    ဒါပေမဲ့ ဘယ်အချိန် သင်ယူဖို့ရှာ၊
    ဘယ်အချိန် လုပ်ဆောင်ဖို့ရှာတာ သိဖို့လိုပြီး
  • 6:37 - 6:39
    နှစ်ခုစလုံးလုပ်ရင်းနဲ့
    အချိန်ကုန်ချင်ရင်တော့
  • 6:39 - 6:41
    သင်ယူမှုဇုန်မှာ အချိန်ပိုကုန်ဆုံးလေလေ
  • 6:41 - 6:42
    ပိုတိုးတက်လာလေပါ။
  • 6:43 - 6:46
    ဒီတော့ သင်ယူမှုဇုန်မှာ ဘယ်လို
    အချိန်ကုန်ဆုံးနိုင်လဲ
  • 6:47 - 6:50
    ပထမက ကျွန်တော်တို့ဟာ
    တိုးတက်နိုင်တယ်ဆိုတာကို
  • 6:50 - 6:52
    ယုံကြည်၊နားလည်ရပါမယ်၊
  • 6:52 - 6:53
    တိုးတက်မှု ခံယူချက်လို့ခေါ်တယ်။
  • 6:53 - 6:57
    ဒုတိယက ဒီသီးခြားကျွမ်းကျင်မှုမှာ
    တိုးတက်ချင်စိတ်ရှိရပါမယ်။
  • 6:57 - 6:59
    ကိုယ်ရဲ့ အရေးကြီးတဲ့
    ရည်ရွယ်ချက် ဖြစ်ရပါမယ်၊
  • 6:59 - 7:01
    အချိန်နဲ့ အားထုတ်မှုလိုလို့ပါ။
  • 7:01 - 7:04
    တတိယက ဘယ်လိုတိုးတက်အောင်လုပ်ဖို့
    စိတ်ကူးတစ်ခုရှိရပါမယ်၊
  • 7:04 - 7:06
    တိုးတက်ဖို့ ကိုယ်ဘာလုပ်နိုင်တယ်၊
  • 7:06 - 7:09
    ကျွန်တော် ဆယ်ကျော်သက်တုန်းက
    ဂစ်တာလေ့ကျင့်ဖူးသလို
  • 7:09 - 7:11
    သီချင်းတွေကို အထပ်ထပ်တီးတာမဟုတ်ပဲ
  • 7:11 - 7:12
    တမင်တကာ လေ့ကျင့်ခြင်းပါ။
  • 7:13 - 7:17
    ပြီးတော့ စတုတ္ထက လောင်းကြေးနိမ့်တဲ့
    အခြေအနေမှာ ရှိရမှာပါ၊
  • 7:17 - 7:19
    အကြောင်းက အမှားတွေကို မျှော်လင့်တယ်ဆိုရင်
  • 7:19 - 7:22
    ဒါတွေလုပ်ခြင်းရဲ့ အကျိုးဆက်ဟာ
    ကြီးမားတာ (သို့) သိပ်သိသာတာတောင်
  • 7:22 - 7:24
    မဖြစ်ရပါဘူး။
  • 7:24 - 7:28
    ကြိုးတန်းလမ်းလျှောက်သမားဟာ
    အောက်မှာ ပိုက်မရှိပဲမလေ့ကျင့်ဘူး၊
  • 7:28 - 7:31
    တံခွန်စိုက်ပြိုင်ပွဲအတွင်း အားကစားသမားဟာ
    အကွက်အသစ်ကို
  • 7:31 - 7:32
    ပထမ စမ်းဖို့ စထွက်မှာမဟုတ်ပါ
  • 7:33 - 7:35
    ဘဝတွေထဲက စွမ်းဆောင်မှုဇုန်မှာ
  • 7:35 - 7:37
    အချိန်အများကြီးကုန်ဆုံးကြတဲ့
    အကြောင်းရင်းတစ်ခုက
  • 7:37 - 7:41
    ကျွန်တော်တို့ ဝန်းကျင်တွေဟာ မကြာခဏပဲ
    မလိုအပ်ပဲ လောင်းကြေးမြင့်နေလို့ပါ။
  • 7:42 - 7:44
    တစ်ဦးနဲ့တစ်ဦး လူမှုရေး
    အရဲစွန့်မှုတွေလုပ်တယ်၊
  • 7:44 - 7:47
    သင်ယူရေးပဲဖြစ်သင့်တဲ့
    ကျောင်းတွေမှာတောင်ပါ၊
  • 7:47 - 7:49
    စံကိုက် စစ်ဆေးမှုတွေကို ပြောနေတာ
    မဟုတ်ပါဘူး၊
  • 7:49 - 7:52
    ဆိုလိုတာက နေ့စဉ်ရဲ့ မိနစ်တိုင်း
  • 7:52 - 7:54
    မူလတန်းကနေ ကောလိပ်ထိ များစွာသော
    ကျောင်းသားတွေဟာ
  • 7:54 - 7:58
    အမှားတစ်ခုလုပ်ရင် အြခားသူတွေက သူတို့ကို
    အထင်သေးကြမယ်လို့ ခံစားကြတာကိုပါ။
  • 7:58 - 8:00
    အမြဲ ဖိစီးနေကြပြီး သင်ယူခြင်းအတွက်
  • 8:00 - 8:02
    လိုအပ်တဲ့ အရဲစွန့်မှုတွေ
    မလုပ်တာ အံ့ဩစရာမရှိဘူး။
  • 8:03 - 8:05
    ဒါပေမဲ့ အမှားတွေဟာ
    မတော်တဆကို မလိုလားအပ်တာလို့
  • 8:05 - 8:06
    သူတို့သိသွားတာက
  • 8:06 - 8:10
    ဆရာတွေ၊ မိဘတွေဟာ
    အဖြေမှန်တွေပဲ ကြားချင်ပြီး
  • 8:10 - 8:12
    အမှားတွေကနေ သင်ယူဖို့
    ဒါတွေကို ကြိုဆိုတာ၊ စစ်ဆေးတာထက်
  • 8:13 - 8:14
    အမှားတွေကို ပယ်ချတာ (သို့)
  • 8:14 - 8:16
    အားလုံးသင်ယူနိုင်တဲ့၊ ပိုစူးစမ်းတဲ့
  • 8:16 - 8:18
    တွေခေါ်ခြင်းကို အားပေးတာထက်
    ကျဉ်းမြောင်းတဲ့
  • 8:18 - 8:19
    တုံ့ပြန်မှုတွေ ရှာတဲ့အခါပါ။
  • 8:19 - 8:22
    အိမ်စာတွေ (သို့) ကျောင်းသာား အလုပ်တွေမှာ
    လေ့ကျင့်တာ၊ အမှားတွေ၊
  • 8:22 - 8:24
    တုံ့ပြန်တာ၊ပြန်နွှေးတာအတွက်သုံးတာထက်
  • 8:24 - 8:28
    နံပါတ်(သို့)အက္ခရာတစ်လုံးတပ်ထားပြီး
    နောက်ဆုံး အဆင့်ဆီ ရေတွက်တဲ့အခါ
  • 8:28 - 8:31
    ကျောင်းဆိုတာ စွမ်းဆောင်မှုဇုံလို့
    သတင်းစကားပို့ပါတယ်။
  • 8:32 - 8:34
    အလုပ်ခွင်တွေမှာလည်း ဒီအတိုင်းပါပဲ။
  • 8:34 - 8:38
    တိုင်ပင်တဲ့ ကုမ္ပဏီတွေမှာ မကြာခဏတွေ့တာက
    ခေါင်းဆောင်တွေက အလုပ်ကောင်း အားပေးဖို့
  • 8:38 - 8:41
    ကျင့်သုံးတဲ့ အပြစ်ကင်း
    လုပ်ဆောင်မှု ယဉ်ကျေးမှုတွေပါ။
  • 8:41 - 8:43
    ဒါပေမဲ့ ဒါက ဝန်ထမ်းတွေကို
    သိတာအတွင်းမှာနေစေကာ
  • 8:44 - 8:45
    အသစ်တွေမစမ်းဖို့
    ဦးတည်တော့
  • 8:45 - 8:47
    ကုမ္ပဏီတွေ ဆန်းသစ်ဖို့နဲ့တိုးတက်ဖို့
    ရုန်းကန်ကာ
  • 8:47 - 8:48
    နောက်ကျကျန်ခဲ့ပါတယ်။
  • 8:50 - 8:52
    ဘယ်အချိန် ဇုန်တစ်ခုစီမှာ ရှိချင်တာလဲဆိုတာ
  • 8:52 - 8:54
    အချင်းချင်း ပြောဆိုခြင်းတွေကနေ
  • 8:54 - 8:57
    တိုးတက်မှုအတွက် နေရာလပ်တွေ
    ဖန်တီးနိုင်ပါတယ်။
  • 8:57 - 9:00
    ဘာကို ပိုတော်အောင်လုပ်ချင်လဲ၊
    ဘယ်လိုလဲ။
  • 9:00 - 9:03
    ဘယ်တော့ အမှားတွေကို စီမံပြီး
    အနည်းဆုံးဖြစ်အောင် လုပ်ချင်တာလဲ။
  • 9:04 - 9:07
    ဒီနည်းဟာ အောင်မြင်မှုက ဘာဆိုတာ၊
    တစ်ဦးနဲ့တစ်ဦး ဘယ်တော့၊ ဘယ်လို
  • 9:07 - 9:09
    အကောင်းဆုံးထောက်ပံ့ရာမှာ
    ပီပြင်မှု ရပါတယ်။
  • 9:10 - 9:13
    ဒါပေမဲ့ စွဲနေတဲ့ မြင့်တဲ့ လောင်းကြေး
    ဝန်းကျင်ထဲရောက်တယ်ထင်ကာ
  • 9:13 - 9:16
    ဒီပြောဆိုမှုတွေ မစနိုင်သေးဘူးလို့
    ခံစားမိရင်ရော။
  • 9:17 - 9:20
    တစ်ဦးချင်းအနေနဲ့ ကျွန်တော်တို့
    လုပ်နိုင်သေးတာ သုံးခုရှိပါတယ်။
  • 9:20 - 9:24
    ပထမ လောင်းကြေးမြင့်တဲ့ ပင်လယ်မှာလောင်းကြေး
    နိမ့်တဲ့ ကျွန်းတွေဖန်တီးနိုင်ပါတယ်။
  • 9:25 - 9:27
    အမှားတွေက အရေးမပါသလောက်ရှိရာမှာ
    ကွက်လပ်တွေရှိပါတယ်။
  • 9:27 - 9:31
    ဥပမာ စိတ်ကူးတွေ ဖလှယ်နိုင် (သို့)
    ခက်ခဲတဲ့စကားစမြည်ပြောနိုင်
  • 9:31 - 9:34
    (သို့) သရုပ်ဆောင်တောင်ပေးနိုင်တဲ့
    ဆရာ (သို့) ယုံကြည်ရတဲ့
  • 9:34 - 9:35
    အဖော်ကို ရှာနိုင်တယ်။
  • 9:35 - 9:39
    ပရောဂျက် တိုးတက်မှုအဖြစ် တုံ့ပြန်မှု
    ဦးစားပေး ဆွေးနွေးပွဲတွေ တောင်းနိုင်တယ်။
  • 9:39 - 9:43
    (သို့) စာဖတ်ချိန်ဖယ်ထားတာ ဗီဒီယိုကြည့်တာ၊
    အွန်လိုင်းသင်တန်းတက်တာတို့လုပ်နိုင်တယ်။
  • 9:43 - 9:45
    ဒါတွေက နမူနာတွေပဲရှိပဲသေးတယ်။
  • 9:45 - 9:50
    ဒုတိယက ကိုယ်မျှော်လင့်တဲ့အတိုင်း
    စီမံဆောင်ရွက်နိုင်ပြီး
  • 9:50 - 9:52
    ဒါပေမဲ့ နောက် Beyoncé လို
    နောက်တစ်ကြိမ် ပိုကောင်းအောင်
  • 9:52 - 9:53
    လုပ်နိုင်တာကို ဆင်ခြင်ကာ
  • 9:53 - 9:56
    ကျွမ်းကျင်သူတွေကို လေ့လာ၊ တုပနိုင်ပါတယ်။
  • 9:56 - 9:59
    လေ့လာမှု ဆင်ခြင်မှုနဲ့
    ပြင်ဆင်မှုဟာ သင်ယူမှုဇုံတစ်ခုပါ။
  • 10:00 - 10:02
    နောက်ဆုံးက ကိုယ်ဘယ်လို ပိုတော်ချင်တာကို
  • 10:03 - 10:06
    မျှဝေရင်း၊ ကိုယ်မသိတာတွေကို မေးမြန်းရင်း
    တုံပြန်မှုကို တောင်းခံရင်း၊
  • 10:06 - 10:09
    ကိုယ့်အမှားတွေနဲ့ သူတို့ဆီက
    သင်ယူတာတွေကိုမျှဝေရင်း
  • 10:09 - 10:11
    သူတို့လည်း ကိုယ်လို အလားတူလုပ်ဖို့
    စိတ်ချနိုင်အောင်
  • 10:11 - 10:13
    အခြားသူတွေအတွက် ဦးဆောင်ပြီး
  • 10:13 - 10:15
    လောင်းကြေးတွေကို ချပေးနိုင်တာပါ။
  • 10:16 - 10:19
    တကယ့်ယုံကြည်မှုက ဆက်လက်
    သင်ယူခြင်းကို ပုံစံချခြင်းပါ။
  • 10:21 - 10:25
    ကျွန်တော်တို့ ဘဝတေွကို လုပ်လိုက်
    စွမ်းဆောင်လိုက်လုပ်နေရင်း
  • 10:25 - 10:27
    ကုန်ဆုံးနေမယ့်အစား
  • 10:27 - 10:30
    စူးစမ်းခြင်း၊ မေးမြန်းခြင်း၊
    နားထောင်ရင်း၊
  • 10:31 - 10:32
    စမ်းသပ်ရင်း၊
  • 10:32 - 10:33
    ပြန်ထွေးရင်း
  • 10:33 - 10:36
    ကြိုးစားရင်း၊ ဖြစ်လာရင်းနဲ့
  • 10:37 - 10:39
    အချိန် ပိုကုန်ဆုံးမယ်ဆိုရင်ရော။
  • 10:40 - 10:43
    ကျွန်တော်တို့ တစ်ဦးစီမှာ တိုးတက်ဖို့
    လုပ်ဆောင်နေတာတစ်ခုခု
  • 10:43 - 10:45
    အမြဲရှိနေမယ်ဆိုရင်ရော။
  • 10:46 - 10:48
    လောင်းကြေးနိမ့်တဲ့ ကျွန်းတွေနဲ့
    ရေထုတွေ
  • 10:48 - 10:49
    ပိုမို ဖန်တီးရင်ရော။
  • 10:50 - 10:52
    ကျွန်တော်တို့ အားထုတ်မှုတွေ
  • 10:52 - 10:55
    ပိုပြီး လက်ငင်းအကျိုးရှိကာ
  • 10:55 - 10:58
    ကျွန်တော်တို့ရဲ့ မဆုံးနိုင်တဲ့တိုးတက်မှု
  • 10:58 - 11:01
    ပိုကောင်းတာထက် အကောင်းဆုံးဖြစ်နိုင်ဖို့
  • 11:01 - 11:04
    ကိုယ်တိုင်နဲ့ အသင်းဖော်တွေအတွင်း
    ဘယ်အချိန်သင်ယူဖို့ရှာ၊
  • 11:04 - 11:06
    ဘယ်အချိန် လုပ်ဆောင်ဖို့ ရှာတာ
    ရှင်းလင်းလာရင်ရော၊
  • 11:07 - 11:08
    ကျေးဇူးတင်ပါတယ်။
Title:
သင်ဂရုစိုက်သောအရာများကို ပိုတော်လာအောင်လုပ်နည်း။
Speaker:
Eduardo BriceĂąo
Description:

အလုပ်တော့ကြိုးစားလုပ်နေတာပဲ၊ ဒါပေမဲ့ တိုးတက်မလာဘူ:လား။ ပညာပေးသူ Eduardo Briceño ကနေပြီး အလုပ်ဖြစ်ဖြစ်၊ မိဘအုပ်ထိန်းမှုဖြစ်ဖြစ်၊ တီထွင်ဖန်တီးတဲ့ ဝါသနာတွေဖြစ်ဖြစ် သင်လုပ်တဲ့ အရာတွေကို ပိုကောင်းဖို့အကြာင်း တွေးကြည့်ဖို့ ရိုးစင်းတဲ့ နည်းလမ်းတစ်ခုကို ဖော်ပြလိုက်ပါတယ်။ ပြီးတော့ သင်ဆက်လက် လေ့လာနိုင်ပြီး အမြဲတမ်း ရှေ့ကိုဆက်နေတယ်လို့ ခံစားစေနိုင်ဖို့ အသုံးဝင်တဲ့ နည်းစနစ်တစ်ချို့ကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:22

Burmese subtitles

Revisions