< Return to Video

ထင်သည်ထက် ရှုပ်ထွေးတဲ့ "လိင်သတ်မှတ်စနစ်"

  • 0:14 - 0:16
    ကျွန်တော့်အမျိုးသမီးက
    သားဦးကိုယ်ဝန်ဆောင်ထားပါတယ်
  • 0:16 - 0:18
    သူမရဲ့ ဗိုက်ပူပူကြီးကို တွေ့တဲ့အခါ
  • 0:18 - 0:21
    မပျက်မကွက်မေးတဲ့
    ဦးဆုံးမေးခွန်းကတော့
  • 0:22 - 0:24
    "သားလေးလား၊ သမီးလေးလား?"
    ဆိုတာပါပဲ
  • 0:24 - 0:26
    ကျွန်ုပ်တို့က လူ့ဇီဝဗေဒကို
    ရင်းနှီးပြီးသားဖြစ်လို့
  • 0:26 - 0:27
    ဒီမေးခွန်းရဲ့နောက်က
  • 0:28 - 0:30
    အခြားယူဆချက်အချို့ကို
    အလေးမမူမိပါဘူး
  • 0:30 - 0:34
    ကလေးက ယောင်္ကျားလေး သို့မဟုတ်
    မိန်းကလေး ဆိုတဲ့ ၅၀/၅၀ အဖြေကို
  • 0:34 - 0:36
    မျှော်လင့်ထားပြီးသားပါ
  • 0:36 - 0:37
    ဒါပေမဲ့ ဘာလို့ အဲ့လိုဖြစ်ရတာလဲ?
  • 0:38 - 0:41
    အဖြေကတော့ ကျွန်ုပ်တို့ မျိုးနွယ်တွေ
    အတွက် ဖြစ်ထွန်းခဲ့တဲ့
  • 0:41 - 0:43
    လိင်သတ်မှတ်စနစ် ကြောင့်ပါ
  • 0:43 - 0:44
    နို့တိုက်သတ္တဝါအများစုအတွက်
  • 0:44 - 0:47
    ကလေးတစ်ဦးရဲ့ လိင်ကို မျိုးရိုးဗီဇအလိုက်
  • 0:47 - 0:48
    XY ခရိုမိုဇုန်းစနစ်နဲ့ သတ်မှတ်ပါတယ်
  • 0:49 - 0:51
    နို့တိုက်သတ္တဝါတွေမှာ
    အမေ့ဆီက နဲ့ အဖေ့ဆီက
  • 0:51 - 0:53
    အမွေရတဲ့ လိင်ခရိုမိုဇုန်း တစ်စုံစီရှိပါတယ်
  • 0:53 - 0:55
    X တစ်စုံ ရပါက မိန်းကလေးဖြစ်ပြီး
  • 0:55 - 0:58
    X နဲ့ Y ရပါက ယောင်္ကျားလေး
    ဖြစ်သွားပါမယ်
  • 0:58 - 1:02
    အမတွေက သူတို့မျိုးဥကိုပေးဖို့ X ပဲရှိပြီး၊
  • 1:02 - 1:05
    အဖိုတွေက သူတို့ရဲ့ သုတ်ဆဲလ်မှ
    X သို့မဟုတ် Y ကို ပေးနိုင်တာကြောင့်
  • 1:05 - 1:07
    လိင်ကို အဖေ့ဆီကရခြင်းဖြစ်ပြီး
  • 1:07 - 1:11
    အမ သို့မဟုတ် အထီး
    ဖြစ်နိုင်ခြေက ၅၀/၅၀ ရှိပါတယ်
  • 1:12 - 1:13
    ဒီစနစ်ကနို့တိုက်သတ္တဝါတွေအတွက်
    ကိုက်ညီပြီး
  • 1:13 - 1:16
    အခြားမျိုးစိတ်ကွဲတိရိစ္ဆာန်တွေအတွက်
    ကိုက်ညီတဲ့
  • 1:16 - 1:19
    အခြားစနစ်တွေကိုလည်း
    တွေ့ရပါတယ်
  • 1:19 - 1:23
    မျိုးရိုးဗီဇနဲ့ဆိုင်သော လိင်သတ်မှတ်တဲ့
    အခြားတိရိစ္ဆန်အုပ်စုတွေလည်း ရှိပေမဲ့
  • 1:23 - 1:25
    အဲ့ဒီစနစ်တွေက ကျွန်ုပ်တို့နဲ့
    အတော် ကွဲပြားနိုင်ပါတယ်
  • 1:25 - 1:29
    ငှက်တွေ နဲ့ တွားသွားသတ္တဝါ အချို့မှာ
    မျိုးရိုးဗီဇနည်းအရ လိင်သတ်မှတ်ပြီး
  • 1:29 - 1:31
    အဖေကြောင့် မဟုတ်ဘဲ
  • 1:31 - 1:33
    အမေကြောင့် လိင်ကွဲပြားစေတာပါ
  • 1:34 - 1:36
    အဲ့ဒီ အုပ်စုတွေမှာ Z လိင်ခရိုမိုဇုန်း
    တစ်စုံက
  • 1:36 - 1:40
    အထီးဖြစ်စေတဲ့အတွက်၊ ဒီအထီးလေးတွေမှာ
    ပြန်ပေးစရာ Z ပဲရှိပါတယ်
  • 1:41 - 1:45
    ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေမှာ ခရိုမိုဇုန်း
    Z တစ်ခုနဲ့ W တစ်ခု စုံတွဲက
  • 1:45 - 1:47
    အမ ဖြစ်စေပါတယ်
  • 1:47 - 1:51
    ဒီစနစ်မှာ အထီး သို့မဟုတ် အမဖြစ်နိုင်ခြေ
    ကလည်း ၅၀/၅၀ ပဲ ရှိဆဲဖြစ်ပြီး၊
  • 1:51 - 1:54
    အမေက သူ့မျိုးဥ တွေထဲကို
    Z သို့မဟုတ် W ထည့်ပေးတဲ့အပေါ်
  • 1:54 - 1:55
    မူတည်ပါတယ်
  • 1:56 - 1:59
    အချို့အုပ်စုတွေမှာ
    မျိုးရိုးဗီဇအရ လိင်သတ်မှတ်တဲ့စနစ် က
  • 1:59 - 2:01
    လုံးဝခြားနားပါတယ်
  • 2:01 - 2:04
    ဥပမာ- ပုရွက်ဆိတ်တွေက လိင်သတ်မှတ်မှု အတွက်
    သိပ်ကို စိတ်ဝင်စားစရာ
  • 2:04 - 2:07
    ကောင်းတဲ့စနစ်တွေထဲက တစ်ခုဖြစ်ပါတယ်
    အကြောင်းက ပုရွက်ဆိတ်အထီးဖြစ်ရင်
  • 2:07 - 2:09
    အဖေ မရှိပါဘူး
  • 2:10 - 2:13
    ပုရွက်ဆိတ်အုံတစ်အုံမှာ အံ့ဩဖွယ်
    လုပ်အားခွဲဝေမှု ရှိပါတယ်
  • 2:13 - 2:15
    ပုရွက်ဆိတ်အုံကိုကာကွယ်ဖို့
    စစ်သည်ပုရွက်ဆိတ်တွေ
  • 2:15 - 2:18
    အစာစုဆောင်းတဲ့ လုပ်သားတွေ၊
    အသိုက်သန့်ရှင်းရေးနဲ့ ကလေးထိန်းလုပ်သားတွေ၊
  • 2:18 - 2:21
    ဘုရင်မတစ်ကောင်နဲ့ မျိုးပွားဖို့
    အထီးအုပ်စုငယ် တို့ရှိပါတယ်
  • 2:22 - 2:25
    ဘုရင်မက မိတ်လိုက်ပြီး၊ အထီးတွေဆီက
    သုတ်တွေကို သိုလှောင်ထားတယ်
  • 2:25 - 2:27
    ဒီစနစ်က ဒီနေရာမှာ အရမ်းစိတ်ဝင်စားစရာ
    ကောင်းလာပါပြီ
  • 2:27 - 2:31
    ဘုရင်မက သိုလှောင်ထားတဲ့ သုတ်တွေကို
    သားဥ မျိုးအောင်ဖို့ သုံးမယ်ဆိုရင်
  • 2:31 - 2:33
    သားဥက အမလေး အဖြစ်
    ကြီးထွားလာမှာ ဖြစ်ပြီး
  • 2:34 - 2:36
    သူမရဲ့ ဥကို မျိုးမဖောက်ခဲ့ရင်
  • 2:36 - 2:39
    ပုရွက်ဆိတ်လေးတော့
    ပေါက်လာမှာ ဖြစ်ပေမဲ့
  • 2:39 - 2:41
    အမြဲတမ်း အထီးလေး ဖြစ်နေမှာပါ
  • 2:41 - 2:44
    ဒါကြောင့် ပုရွက်ဆိတ်ထီးတွေမှာ
    အဖေလုံးဝမရှိနိုင်ပါ
  • 2:44 - 2:48
    ပုရွက်ဆိတ်ထီးတွေက ဗီဇတိုင်းရဲ့ မူပွား
    တစ်ခုအဖြစ်၊ လိင်ဆဲလ်တစ်ခုအနေနဲ့ပဲ
  • 2:48 - 2:50
    အသက်ရှင်ကြပါတယ်
  • 2:50 - 2:52
    ဒီစနစ်ကို haplodiploid စနစ်လို့ ခေါ်ပြီး
  • 2:52 - 2:54
    ပုရွက်ဆိတ်တွေ မှာ သာမက
  • 2:54 - 2:57
    ပျားနဲ့ နကျယ်ကောင်တွေလို အုံကျင်းဖွဲ့
    နေတဲ့ ပိုးမွှားတွေမှာလည်းတွေ့ရတယ်
  • 2:59 - 3:01
    ကျွန်ုပ်တို့ကို ဗီဇအရ လိင်သတ်မှတ်ပြီး၊
  • 3:01 - 3:05
    အလားတူ လိင်သတ်မှတ်တဲ့
    တိရိစ္ဆာန်တွေကိုလည်း သိထားတဲ့အတွက်
  • 3:05 - 3:07
    တိရိစ္ဆာန် အားလုံးအတွက် သူတို့ကလေးတွေကို
  • 3:07 - 3:10
    မျိုးရိုးဗီဇအလိုက် လိင်သတ်မှတ်တယ်လို့
    အလွယ် ယူဆထားမိပါတယ်
  • 3:10 - 3:14
    ဒါပေမဲ့ အချို့ တိရိစ္ဆာန်တွေအတွက်
    အထီးဖြစ်မလား အမ ဖြစ်မလား ဆိုတာကတော့
  • 3:14 - 3:16
    ဗီဇနဲ့ လုံးဝမပတ်သက်ဘဲ
  • 3:16 - 3:19
    အခြားအရာတစ်ခုပေါ် မူတည်ပါတယ်
    ဥပမာ- "ရာသီဥတု" လိုမျိုးပေါ့
  • 3:19 - 3:22
    မိကျောင်းခေါင်းတိုနဲ့ ပင်လယ်လိပ်
    တွေက အဲ့လိုသတ္တဝါတွေပါ
  • 3:23 - 3:26
    ဒီသတ္တဝါတွေမှာ ဖွံ့ဖြိုးဆဲဥမှ
    သန္ဓေသားရဲ့ လိင်က
  • 3:26 - 3:28
    အပူချိန်ပေါ်လိုက်ပြီး ပြောင်းလဲပါတယ်
  • 3:28 - 3:30
    ဒီမျိုးစိတ်တွေမှာ ကလေးတွေရဲ့လိင်က
  • 3:30 - 3:32
    ဥစတင်ဥလိုက်တဲ့ အချိန်ကနေ
  • 3:32 - 3:35
    တောက်လျှောက် မကွဲပြားသေးဘဲ
  • 3:35 - 3:39
    ဖွံ့ဖြိုးနေတဲ့ကာလအလယ် အရေးကြီးတဲ့အချိန်
    ရောက်တဲ့အထိပါပဲ
  • 3:39 - 3:42
    အဲ့ဒီအချိန်မှာ အသိုက်တွင်း အပူချိန်ပေါ်
    လုံးဝမူတည်ပြီး
  • 3:42 - 3:44
    လိင် ကွဲပြားသွားပါတယ်
  • 3:44 - 3:45
    ဥပမာ - ရောင်စုံပင်လယ်လိပ်တွေမှာ
  • 3:45 - 3:48
    အကဲဖြတ် အပူချိန်ထက်
    ပိုနွေးတဲ့ အပူချိန်မှာ
  • 3:48 - 3:50
    အမလေးတွေ ပေါက်စေပြီး
  • 3:50 - 3:52
    အေးတဲ့အပူချိန်က အထီးလေးတွေ
    ပေါက်စေပါတယ်
  • 3:53 - 3:56
    ဒီ ဉာဏ်ကူစကားတိုလေးက
    ဘယ်သူအကြံပြုသလဲ မသိပေမဲ့
  • 3:56 - 3:58
    ရောင်စုံခြယ်ပင်လယ်လိပ်တွေနဲ့ ပတ်သက်လာရင်
    မှတ်မိလွယ်စေပါတယ်
  • 3:58 - 4:01
    အဲ့ဒါကတော့ hot chicks နဲ့ cool dudes ပါ
  • 4:01 - 4:05
    အချို့ အပူပိုင်းဒေသ ငါးတွေအတွက်
    အထီးလား၊ အမလား ဆိုတာကတော့
  • 4:05 - 4:08
    အရွယ်အတော်ရတဲ့အထိ အတည်မဖြစ်သေးပါဘူး
  • 4:08 - 4:11
    Clownfish တွေ အကုန်လုံးက
    စပေါက်ချိန်မှာ အထီးတွေပါ
  • 4:11 - 4:14
    ဒါပေမဲ့ အရွယ်ရောက်ချိန်မှာ
    အမတွေ ဖြစ်သွားပါတယ်
  • 4:14 - 4:18
    သူတို့က အားကြီးသူ အဆင့်အလိုက်နေရာယူတဲ့
    အုပ်စုငယ်တွေအလိုက် နေကြပြီး
  • 4:18 - 4:21
    ခွန်အားအကြီးဆုံး အထီးနဲ့ အမကပဲ
    မျိုးပွားပါတယ်
  • 4:21 - 4:24
    အံ့ဩစရာကောင်းတာက အုပ်စုထဲက
    ခွန်အားကြီးတဲ့ အမ သေသွားတဲ့အခါ
  • 4:24 - 4:28
    အကြီးဆုံးနဲ့ ခွန်အားအရှိဆုံး အထီးက
    အမြန် အမ ဖြစ်သွားပြီး
  • 4:28 - 4:30
    သေသွားတဲ့ အမနေရာကို ဝင်ယူလိုက်ပါတယ်
    အခြား အထီးတွေက
  • 4:30 - 4:32
    အဆင့်အလိုက် အဆင့်တစ်ဆင့်
    တက်သွားပါတယ်
  • 4:33 - 4:35
    သူနဲ့လုံးဝကွဲပြားတဲ့ အခြား ပင်လယ်သတ္တဝါ
  • 4:35 - 4:36
    green spoonworm မှာ
  • 4:37 - 4:38
    အကောင်ပေါက်လေးတွေရဲ့ လိင်က
  • 4:38 - 4:41
    ပတ်ဝန်းကျင်ရဲ့ အခြားကဏ္ဍပေါ်
    လုံးဝမူတည်ပါတယ်
  • 4:41 - 4:44
    ဒီမျိုးစိတ်အတွက်၊ ပိုးလောင်းလေးက
  • 4:44 - 4:47
    ပင်လယ်ကြမ်းပြင်ရဲ့ ဘယ်နေရာကို ကျသလဲ
    အပေါ်မူတည်ပါတယ်
  • 4:47 - 4:51
    ပင်လယ်ကြမ်းပြင်လွတ် ပေါ်ကျရင်
    ပိုးကောင်မလေး ဖြစ်သွားပြီး
  • 4:51 - 4:54
    ပိုးကောင်အမပေါ်ကို ကျရင်တော့
    ပိုးကောင်ထီးလေး ဖြစ်သွားပါတယ်
  • 4:55 - 4:58
    ဒါကြောင့် အချို့မျိုးစိတ်တွေအတွက်
    အထီးလား အမ လား ဆိုတဲ့မေးခွန်းက
  • 4:58 - 5:00
    မျိုးရိုးဗီဇပေါ် မူတည်ပြီး
  • 5:00 - 5:02
    အချို့အတွက်တော့ ပတ်ဝန်းကျင်ပေါ်မှာ
    မူတည်ပါတယ်
  • 5:02 - 5:05
    အချို့ အချို့တွေကျပြန်တော့
    ဒီမေးခွန်းမေးဖို့တောင် မလိုတော့ပါဘူး
  • 5:05 - 5:07
    ဥပမာ - whiptail lizard ကိုကြည့်ပါ
  • 5:07 - 5:10
    ဒီ ကန္တာရ lizard တွေအတွက်
    အဖြေကတော့ လွယ်ပါတယ်
  • 5:10 - 5:12
    မိန်းကလေးပေါ့၊ အမြဲတမ်း မိန်းကလေးပါပဲ
  • 5:12 - 5:16
    သူတို့က အမတွေပဲ ရှိတဲ့
    မျိုးစိတ်ဖြစ်ပြီး၊ ဥတွေ ဥကြပေမဲ့
  • 5:16 - 5:19
    ဒီဥတွေက သူတို့ရဲ့ ကိုယ်ပွား အမလေးတွေသာ
    ပေါက်လာပါတယ်
  • 5:19 - 5:21
    ဒါကြောင့် အမလေး လား၊ အထီးလေး လား?
  • 5:22 - 5:24
    တိရစ္ဆာန်လောက တစ်ခုလုံးမှာ
  • 5:24 - 5:27
    အားလုံးက လိင်သတ်မှတ်မှုစနစ်
    အပေါ် မူတည်ပြီး ကွဲပြားကြပါတယ်
  • 5:27 - 5:30
    လူသားတွေအတွက် ကတော့
    ဒီစနစ်က XY မျိုးရိုးဗီဇစနစ်ပါ
  • 5:30 - 5:32
    ကျွန်တော်နဲ့ အမျိူးသမီးအတွက်ကတော့
  • 5:32 - 5:34
    သားလေးမွေးမယ်လို့ သိလိုက်ရပါပြီ
  • 5:35 - 5:36
    (နမ်းသံ)
Title:
ထင်သည်ထက် ရှုပ်ထွေးတဲ့ "လိင်သတ်မှတ်စနစ်"
Speaker:
Aaron Reedy
Description:

သေးငယ်ရှုပ်ထွေးတဲ့ ခရိုမိုဇုန်းမှ ရိုးရှင်းတယ်လို့ထင်ရတဲ့ ရာသီဥတုလို အရာမျိုးအထိ
လိင်သတ်မှတ်မှု စနစ်များ ဟာ တိရိစ္ဆာန်လောက တစ်လျှောက် အမျိုးမျိုးပြောင်းလဲပါတယ်။ ဇီဝဗေဒပညာရှင်နဲ့ ဆရာဖြစ်သူ Aaron Reedy က မျိုးစိတ်တွေရဲ့ လိင် သတ်မှတ်မှုဆိုင်ရာ အံ့ဩဖွယ်ရာ ကွဲပြားမှုတွေကို ရှင်းလင်းပြသ ပေးသွားမှာဖြစ်ပါတယ်။

Lesson by Aaron Reedy, animation by BuzzCo (http://buzzzco.com).

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:46

Burmese subtitles

Revisions