ထင်သည်ထက် ရှုပ်ထွေးတဲ့ "လိင်သတ်မှတ်စနစ်"
-
0:14 - 0:16ကျွန်တော့်အမျိုးသမီးက
သားဦးကိုယ်ဝန်ဆောင်ထားပါတယ် -
0:16 - 0:18သူမရဲ့ ဗိုက်ပူပူကြီးကို တွေ့တဲ့အခါ
-
0:18 - 0:21မပျက်မကွက်မေးတဲ့
ဦးဆုံးမေးခွန်းကတော့ -
0:22 - 0:24"သားလေးလား၊ သမီးလေးလား?"
ဆိုတာပါပဲ -
0:24 - 0:26ကျွန်ုပ်တို့က လူ့ဇီဝဗေဒကို
ရင်းနှီးပြီးသားဖြစ်လို့ -
0:26 - 0:27ဒီမေးခွန်းရဲ့နောက်က
-
0:28 - 0:30အခြားယူဆချက်အချို့ကို
အလေးမမူမိပါဘူး -
0:30 - 0:34ကလေးက ယောင်္ကျားလေး သို့မဟုတ်
မိန်းကလေး ဆိုတဲ့ ၅၀/၅၀ အဖြေကို -
0:34 - 0:36မျှော်လင့်ထားပြီးသားပါ
-
0:36 - 0:37ဒါပေမဲ့ ဘာလို့ အဲ့လိုဖြစ်ရတာလဲ?
-
0:38 - 0:41အဖြေကတော့ ကျွန်ုပ်တို့ မျိုးနွယ်တွေ
အတွက် ဖြစ်ထွန်းခဲ့တဲ့ -
0:41 - 0:43လိင်သတ်မှတ်စနစ် ကြောင့်ပါ
-
0:43 - 0:44နို့တိုက်သတ္တဝါအများစုအတွက်
-
0:44 - 0:47ကလေးတစ်ဦးရဲ့ လိင်ကို မျိုးရိုးဗီဇအလိုက်
-
0:47 - 0:48XY ခရိုမိုဇုန်းစနစ်နဲ့ သတ်မှတ်ပါတယ်
-
0:49 - 0:51နို့တိုက်သတ္တဝါတွေမှာ
အမေ့ဆီက နဲ့ အဖေ့ဆီက -
0:51 - 0:53အမွေရတဲ့ လိင်ခရိုမိုဇုန်း တစ်စုံစီရှိပါတယ်
-
0:53 - 0:55X တစ်စုံ ရပါက မိန်းကလေးဖြစ်ပြီး
-
0:55 - 0:58X နဲ့ Y ရပါက ယောင်္ကျားလေး
ဖြစ်သွားပါမယ် -
0:58 - 1:02အမတွေက သူတို့မျိုးဥကိုပေးဖို့ X ပဲရှိပြီး၊
-
1:02 - 1:05အဖိုတွေက သူတို့ရဲ့ သုတ်ဆဲလ်မှ
X သို့မဟုတ် Y ကို ပေးနိုင်တာကြောင့် -
1:05 - 1:07လိင်ကို အဖေ့ဆီကရခြင်းဖြစ်ပြီး
-
1:07 - 1:11အမ သို့မဟုတ် အထီး
ဖြစ်နိုင်ခြေက ၅၀/၅၀ ရှိပါတယ် -
1:12 - 1:13ဒီစနစ်ကနို့တိုက်သတ္တဝါတွေအတွက်
ကိုက်ညီပြီး -
1:13 - 1:16အခြားမျိုးစိတ်ကွဲတိရိစ္ဆာန်တွေအတွက်
ကိုက်ညီတဲ့ -
1:16 - 1:19အခြားစနစ်တွေကိုလည်း
တွေ့ရပါတယ် -
1:19 - 1:23မျိုးရိုးဗီဇနဲ့ဆိုင်သော လိင်သတ်မှတ်တဲ့
အခြားတိရိစ္ဆန်အုပ်စုတွေလည်း ရှိပေမဲ့ -
1:23 - 1:25အဲ့ဒီစနစ်တွေက ကျွန်ုပ်တို့နဲ့
အတော် ကွဲပြားနိုင်ပါတယ် -
1:25 - 1:29ငှက်တွေ နဲ့ တွားသွားသတ္တဝါ အချို့မှာ
မျိုးရိုးဗီဇနည်းအရ လိင်သတ်မှတ်ပြီး -
1:29 - 1:31အဖေကြောင့် မဟုတ်ဘဲ
-
1:31 - 1:33အမေကြောင့် လိင်ကွဲပြားစေတာပါ
-
1:34 - 1:36အဲ့ဒီ အုပ်စုတွေမှာ Z လိင်ခရိုမိုဇုန်း
တစ်စုံက -
1:36 - 1:40အထီးဖြစ်စေတဲ့အတွက်၊ ဒီအထီးလေးတွေမှာ
ပြန်ပေးစရာ Z ပဲရှိပါတယ် -
1:41 - 1:45ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေမှာ ခရိုမိုဇုန်း
Z တစ်ခုနဲ့ W တစ်ခု စုံတွဲက -
1:45 - 1:47အမ ဖြစ်စေပါတယ်
-
1:47 - 1:51ဒီစနစ်မှာ အထီး သို့မဟုတ် အမဖြစ်နိုင်ခြေ
ကလည်း ၅၀/၅၀ ပဲ ရှိဆဲဖြစ်ပြီး၊ -
1:51 - 1:54အမေက သူ့မျိုးဥ တွေထဲကို
Z သို့မဟုတ် W ထည့်ပေးတဲ့အပေါ် -
1:54 - 1:55မူတည်ပါတယ်
-
1:56 - 1:59အချို့အုပ်စုတွေမှာ
မျိုးရိုးဗီဇအရ လိင်သတ်မှတ်တဲ့စနစ် က -
1:59 - 2:01လုံးဝခြားနားပါတယ်
-
2:01 - 2:04ဥပမာ- ပုရွက်ဆိတ်တွေက လိင်သတ်မှတ်မှု အတွက်
သိပ်ကို စိတ်ဝင်စားစရာ -
2:04 - 2:07ကောင်းတဲ့စနစ်တွေထဲက တစ်ခုဖြစ်ပါတယ်
အကြောင်းက ပုရွက်ဆိတ်အထီးဖြစ်ရင် -
2:07 - 2:09အဖေ မရှိပါဘူး
-
2:10 - 2:13ပုရွက်ဆိတ်အုံတစ်အုံမှာ အံ့ဩဖွယ်
လုပ်အားခွဲဝေမှု ရှိပါတယ် -
2:13 - 2:15ပုရွက်ဆိတ်အုံကိုကာကွယ်ဖို့
စစ်သည်ပုရွက်ဆိတ်တွေ -
2:15 - 2:18အစာစုဆောင်းတဲ့ လုပ်သားတွေ၊
အသိုက်သန့်ရှင်းရေးနဲ့ ကလေးထိန်းလုပ်သားတွေ၊ -
2:18 - 2:21ဘုရင်မတစ်ကောင်နဲ့ မျိုးပွားဖို့
အထီးအုပ်စုငယ် တို့ရှိပါတယ် -
2:22 - 2:25ဘုရင်မက မိတ်လိုက်ပြီး၊ အထီးတွေဆီက
သုတ်တွေကို သိုလှောင်ထားတယ် -
2:25 - 2:27ဒီစနစ်က ဒီနေရာမှာ အရမ်းစိတ်ဝင်စားစရာ
ကောင်းလာပါပြီ -
2:27 - 2:31ဘုရင်မက သိုလှောင်ထားတဲ့ သုတ်တွေကို
သားဥ မျိုးအောင်ဖို့ သုံးမယ်ဆိုရင် -
2:31 - 2:33သားဥက အမလေး အဖြစ်
ကြီးထွားလာမှာ ဖြစ်ပြီး -
2:34 - 2:36သူမရဲ့ ဥကို မျိုးမဖောက်ခဲ့ရင်
-
2:36 - 2:39ပုရွက်ဆိတ်လေးတော့
ပေါက်လာမှာ ဖြစ်ပေမဲ့ -
2:39 - 2:41အမြဲတမ်း အထီးလေး ဖြစ်နေမှာပါ
-
2:41 - 2:44ဒါကြောင့် ပုရွက်ဆိတ်ထီးတွေမှာ
အဖေလုံးဝမရှိနိုင်ပါ -
2:44 - 2:48ပုရွက်ဆိတ်ထီးတွေက ဗီဇတိုင်းရဲ့ မူပွား
တစ်ခုအဖြစ်၊ လိင်ဆဲလ်တစ်ခုအနေနဲ့ပဲ -
2:48 - 2:50အသက်ရှင်ကြပါတယ်
-
2:50 - 2:52ဒီစနစ်ကို haplodiploid စနစ်လို့ ခေါ်ပြီး
-
2:52 - 2:54ပုရွက်ဆိတ်တွေ မှာ သာမက
-
2:54 - 2:57ပျားနဲ့ နကျယ်ကောင်တွေလို အုံကျင်းဖွဲ့
နေတဲ့ ပိုးမွှားတွေမှာလည်းတွေ့ရတယ် -
2:59 - 3:01ကျွန်ုပ်တို့ကို ဗီဇအရ လိင်သတ်မှတ်ပြီး၊
-
3:01 - 3:05အလားတူ လိင်သတ်မှတ်တဲ့
တိရိစ္ဆာန်တွေကိုလည်း သိထားတဲ့အတွက် -
3:05 - 3:07တိရိစ္ဆာန် အားလုံးအတွက် သူတို့ကလေးတွေကို
-
3:07 - 3:10မျိုးရိုးဗီဇအလိုက် လိင်သတ်မှတ်တယ်လို့
အလွယ် ယူဆထားမိပါတယ် -
3:10 - 3:14ဒါပေမဲ့ အချို့ တိရိစ္ဆာန်တွေအတွက်
အထီးဖြစ်မလား အမ ဖြစ်မလား ဆိုတာကတော့ -
3:14 - 3:16ဗီဇနဲ့ လုံးဝမပတ်သက်ဘဲ
-
3:16 - 3:19အခြားအရာတစ်ခုပေါ် မူတည်ပါတယ်
ဥပမာ- "ရာသီဥတု" လိုမျိုးပေါ့ -
3:19 - 3:22မိကျောင်းခေါင်းတိုနဲ့ ပင်လယ်လိပ်
တွေက အဲ့လိုသတ္တဝါတွေပါ -
3:23 - 3:26ဒီသတ္တဝါတွေမှာ ဖွံ့ဖြိုးဆဲဥမှ
သန္ဓေသားရဲ့ လိင်က -
3:26 - 3:28အပူချိန်ပေါ်လိုက်ပြီး ပြောင်းလဲပါတယ်
-
3:28 - 3:30ဒီမျိုးစိတ်တွေမှာ ကလေးတွေရဲ့လိင်က
-
3:30 - 3:32ဥစတင်ဥလိုက်တဲ့ အချိန်ကနေ
-
3:32 - 3:35တောက်လျှောက် မကွဲပြားသေးဘဲ
-
3:35 - 3:39ဖွံ့ဖြိုးနေတဲ့ကာလအလယ် အရေးကြီးတဲ့အချိန်
ရောက်တဲ့အထိပါပဲ -
3:39 - 3:42အဲ့ဒီအချိန်မှာ အသိုက်တွင်း အပူချိန်ပေါ်
လုံးဝမူတည်ပြီး -
3:42 - 3:44လိင် ကွဲပြားသွားပါတယ်
-
3:44 - 3:45ဥပမာ - ရောင်စုံပင်လယ်လိပ်တွေမှာ
-
3:45 - 3:48အကဲဖြတ် အပူချိန်ထက်
ပိုနွေးတဲ့ အပူချိန်မှာ -
3:48 - 3:50အမလေးတွေ ပေါက်စေပြီး
-
3:50 - 3:52အေးတဲ့အပူချိန်က အထီးလေးတွေ
ပေါက်စေပါတယ် -
3:53 - 3:56ဒီ ဉာဏ်ကူစကားတိုလေးက
ဘယ်သူအကြံပြုသလဲ မသိပေမဲ့ -
3:56 - 3:58ရောင်စုံခြယ်ပင်လယ်လိပ်တွေနဲ့ ပတ်သက်လာရင်
မှတ်မိလွယ်စေပါတယ် -
3:58 - 4:01အဲ့ဒါကတော့ hot chicks နဲ့ cool dudes ပါ
-
4:01 - 4:05အချို့ အပူပိုင်းဒေသ ငါးတွေအတွက်
အထီးလား၊ အမလား ဆိုတာကတော့ -
4:05 - 4:08အရွယ်အတော်ရတဲ့အထိ အတည်မဖြစ်သေးပါဘူး
-
4:08 - 4:11Clownfish တွေ အကုန်လုံးက
စပေါက်ချိန်မှာ အထီးတွေပါ -
4:11 - 4:14ဒါပေမဲ့ အရွယ်ရောက်ချိန်မှာ
အမတွေ ဖြစ်သွားပါတယ် -
4:14 - 4:18သူတို့က အားကြီးသူ အဆင့်အလိုက်နေရာယူတဲ့
အုပ်စုငယ်တွေအလိုက် နေကြပြီး -
4:18 - 4:21ခွန်အားအကြီးဆုံး အထီးနဲ့ အမကပဲ
မျိုးပွားပါတယ် -
4:21 - 4:24အံ့ဩစရာကောင်းတာက အုပ်စုထဲက
ခွန်အားကြီးတဲ့ အမ သေသွားတဲ့အခါ -
4:24 - 4:28အကြီးဆုံးနဲ့ ခွန်အားအရှိဆုံး အထီးက
အမြန် အမ ဖြစ်သွားပြီး -
4:28 - 4:30သေသွားတဲ့ အမနေရာကို ဝင်ယူလိုက်ပါတယ်
အခြား အထီးတွေက -
4:30 - 4:32အဆင့်အလိုက် အဆင့်တစ်ဆင့်
တက်သွားပါတယ် -
4:33 - 4:35သူနဲ့လုံးဝကွဲပြားတဲ့ အခြား ပင်လယ်သတ္တဝါ
-
4:35 - 4:36green spoonworm မှာ
-
4:37 - 4:38အကောင်ပေါက်လေးတွေရဲ့ လိင်က
-
4:38 - 4:41ပတ်ဝန်းကျင်ရဲ့ အခြားကဏ္ဍပေါ်
လုံးဝမူတည်ပါတယ် -
4:41 - 4:44ဒီမျိုးစိတ်အတွက်၊ ပိုးလောင်းလေးက
-
4:44 - 4:47ပင်လယ်ကြမ်းပြင်ရဲ့ ဘယ်နေရာကို ကျသလဲ
အပေါ်မူတည်ပါတယ် -
4:47 - 4:51ပင်လယ်ကြမ်းပြင်လွတ် ပေါ်ကျရင်
ပိုးကောင်မလေး ဖြစ်သွားပြီး -
4:51 - 4:54ပိုးကောင်အမပေါ်ကို ကျရင်တော့
ပိုးကောင်ထီးလေး ဖြစ်သွားပါတယ် -
4:55 - 4:58ဒါကြောင့် အချို့မျိုးစိတ်တွေအတွက်
အထီးလား အမ လား ဆိုတဲ့မေးခွန်းက -
4:58 - 5:00မျိုးရိုးဗီဇပေါ် မူတည်ပြီး
-
5:00 - 5:02အချို့အတွက်တော့ ပတ်ဝန်းကျင်ပေါ်မှာ
မူတည်ပါတယ် -
5:02 - 5:05အချို့ အချို့တွေကျပြန်တော့
ဒီမေးခွန်းမေးဖို့တောင် မလိုတော့ပါဘူး -
5:05 - 5:07ဥပမာ - whiptail lizard ကိုကြည့်ပါ
-
5:07 - 5:10ဒီ ကန္တာရ lizard တွေအတွက်
အဖြေကတော့ လွယ်ပါတယ် -
5:10 - 5:12မိန်းကလေးပေါ့၊ အမြဲတမ်း မိန်းကလေးပါပဲ
-
5:12 - 5:16သူတို့က အမတွေပဲ ရှိတဲ့
မျိုးစိတ်ဖြစ်ပြီး၊ ဥတွေ ဥကြပေမဲ့ -
5:16 - 5:19ဒီဥတွေက သူတို့ရဲ့ ကိုယ်ပွား အမလေးတွေသာ
ပေါက်လာပါတယ် -
5:19 - 5:21ဒါကြောင့် အမလေး လား၊ အထီးလေး လား?
-
5:22 - 5:24တိရစ္ဆာန်လောက တစ်ခုလုံးမှာ
-
5:24 - 5:27အားလုံးက လိင်သတ်မှတ်မှုစနစ်
အပေါ် မူတည်ပြီး ကွဲပြားကြပါတယ် -
5:27 - 5:30လူသားတွေအတွက် ကတော့
ဒီစနစ်က XY မျိုးရိုးဗီဇစနစ်ပါ -
5:30 - 5:32ကျွန်တော်နဲ့ အမျိူးသမီးအတွက်ကတော့
-
5:32 - 5:34သားလေးမွေးမယ်လို့ သိလိုက်ရပါပြီ
-
5:35 - 5:36(နမ်းသံ)
- Title:
- ထင်သည်ထက် ရှုပ်ထွေးတဲ့ "လိင်သတ်မှတ်စနစ်"
- Speaker:
- Aaron Reedy
- Description:
-
သေးငယ်ရှုပ်ထွေးတဲ့ ခရိုမိုဇုန်းမှ ရိုးရှင်းတယ်လို့ထင်ရတဲ့ ရာသီဥတုလို အရာမျိုးအထိ
လိင်သတ်မှတ်မှု စနစ်များ ဟာ တိရိစ္ဆာန်လောက တစ်လျှောက် အမျိုးမျိုးပြောင်းလဲပါတယ်။ ဇီဝဗေဒပညာရှင်နဲ့ ဆရာဖြစ်သူ Aaron Reedy က မျိုးစိတ်တွေရဲ့ လိင် သတ်မှတ်မှုဆိုင်ရာ အံ့ဩဖွယ်ရာ ကွဲပြားမှုတွေကို ရှင်းလင်းပြသ ပေးသွားမှာဖြစ်ပါတယ်။Lesson by Aaron Reedy, animation by BuzzCo (http://buzzzco.com).
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:46
![]() |
sann tint approved Burmese subtitles for Sex determination: More complicated than you thought | |
![]() |
sann tint accepted Burmese subtitles for Sex determination: More complicated than you thought | |
![]() |
sann tint edited Burmese subtitles for Sex determination: More complicated than you thought | |
![]() |
Mie Cho edited Burmese subtitles for Sex determination: More complicated than you thought | |
![]() |
Mie Cho edited Burmese subtitles for Sex determination: More complicated than you thought | |
![]() |
Mie Cho edited Burmese subtitles for Sex determination: More complicated than you thought | |
![]() |
Mie Cho edited Burmese subtitles for Sex determination: More complicated than you thought | |
![]() |
Mie Cho edited Burmese subtitles for Sex determination: More complicated than you thought |