လူသား ဆင့်ကဲဖြစ်စဉ်က အရှိန်မြင့်လာနေလား သို့မဟုတ် နှေးလာနေလား။ Laurence Hurst
-
0:07 - 0:13တိဗက်ကုန်းပြင်မြင့်ဟာ ပင်လယ် ရေမျက်နှာပြင်
အထက် မီတာ ၄၅၀၀ ခန့်မှာ တည်ရှိပြီး -
0:13 - 0:17အောက်ခြေမှာ တွေ့ရတဲ့ အောက်စီဂျင်
ပမာဏရဲ့ ၆၀% သာ ရှိပါတယ်။ -
0:17 - 0:21လည်ပတ်သူတွေနဲ့ အခြေချနေထိုင်သူအသစ်တေွဟာ
ပင်လယ်ပြင်အမြင့် ရောဂါနဲ့ ရုန်းကန်ရပေမဲ့ -
0:21 - 0:25ဒေသရင်း တိဗက်လူမျိုးတွေကတော့
တောင်တွေကို အမြန်ပြေးတက်ကြတယ်။ -
0:25 - 0:28ဒီအရည်အချင်းက လေ့ကျင့်မှုကနေ မဟုတ်ဘဲ
-
0:28 - 0:32သူတို့ခန္ဓာကိုယ်တွေကို အကန့်အသတ်ရှိတဲ့
အောက်စီဂျင်ကို အများဆုံး သုံးနိုင်ဖို့ -
0:32 - 0:35ဗီဇအနည်းငယ်ကို ပြောင်းလဲမှုတွေကနေပါ။
-
0:35 - 0:38ဒီခြားနားမှုတွေဟာ မွေးတည်းက ထင်ရှားတာပါ။
-
0:38 - 0:42တိဗက် ကလေးငယ်တွေဟာ မွေးစဉ် ပျမ်းမျှ
အားဖြင့် ကိုယ်အလေးချိန် ပိုမြင့်ခြင်း၊ -
0:42 - 0:44အောက်စီဂျင် ပြည့်ဝနှုန်း မြင့်ခြင်းရှိပြီး
-
0:44 - 0:49ဒီပတ်ဝန်းကျင်ထဲမှာ မွေးတဲ့ အခြားကလေးတွေထက်
ရှင်ကျန်ဖို့ဖြစ်နိုင်ခြေ အများကြီးပိုတယ်။ -
0:49 - 0:53ဗီဇဆိုင်ရာ ဒီပြောင်းလဲမှုတွေက လွန်ခဲ့တဲ့
နှစ် ၃၀၀၀ (သို့) အဲဒီလောက်ကနေ -
0:53 - 0:57ဆင့်ကဲပြောင်းလဲခဲ့တယ်လို့
ခန်မှန်းရပြီး ဆက်ဖြစ်နေတာပါ။ -
0:57 - 0:59ဒါက ရှည်လျားတဲ့ ကာလတစ်ခုလို့
ထင်ရလောက်ပေမဲ့ -
0:59 - 1:06လူသား လူဦးရေတစ်ခုအတွင်းမှာ အမြဲ ပြောင်းလဲ
ခဲ့တဲ့ အမြန်ဆုံး ပြောင်းလဲမှုတစ်ခုဖြစ်မယ်။ -
1:06 - 1:09လူသား ဆင့်ကဲဖြစ်စဉ်
မပြီးဆုံးသေးတာ ရှင်းပါတယ်။ -
1:09 - 1:11ဒီတော့ အခြားပြောင်းလဲမှု အသစ်တွေက ဘာတွေလဲ။
-
1:11 - 1:17နည်းပညာနဲ့ သိပ္ပံဆိုင်ရာ ဆန်းသစ်မှုတွေက
ဆင့်ကဲဖြစ်စဉ်ကို သက်ရောက်မှာလား။ -
1:17 - 1:18လွန်ခဲ့တဲ့ နှစ်ထောင်အနည်းငယ်အတွင်းမှာ
-
1:18 - 1:23လူဦးရေများစွာထဲမှာ ဒေသတွင်း ဝန်းကျင်တွေနဲ့
ဗီဇဆိုင်ရာ လိုက်ဖက်ညီမှုတွေ ဖြစ်ခဲ့တယ်။ -
1:23 - 1:30ဆိုက်ဘေးရီးယားနဲ့ အာတိတ် အထက်ပိုင်း လူတွေ
လွန်ကဲတဲ့ အအေးမှာ ရှင်ကျန်ဖို့ ပြုပြင်တယ်။ -
1:30 - 1:32သူတို့ဟာ နှင်းကိုက်နာ ဖြစ်ခဲပြီး
-
1:32 - 1:36သုညအောက် အေးချိန်တွေမှာ အခြား
လူတွေထက် လက်တွေကို ပိုကြာကြာ -
1:36 - 1:39ဆက်လက် အသုံးပြုနိုင်တယ်။
-
1:39 - 1:42သူတို့ရဲ့ ဆင့်ကဲရွေးချယ်မှု တစ်ခုက
ပိုမြင့်တဲ့ ဇီဝဖြစ်ပျက်မှုနှုန်း ရှိလို့ -
1:42 - 1:45အပူ ထုတ်လုပ်မှုကို တိုးစေပါတယ်။
-
1:45 - 1:50တောင်ဘက်ရှိ ပိုဝေးတဲ့ အရှေ့တောင် အာရှက
Bajau လူမျိုးတွေဟာ မီတာ ၇၀ ရေငုပ်နိုင်ပြီး -
1:50 - 1:54ရေအောက်မှာ ၁၅ မိနစ်နီးပါး နေနိုင်ကြတယ်။
-
1:54 - 1:58လှည့်လည်နေထိုင်ကြတဲ့ မုဆိုးတွေအဖြစ်
ပင်လယ်မှာ နှစ်ထောင်ချီကာ နေထိုင်ခဲ့ကြတဲ့ -
1:58 - 2:05သူတို့တွေမှာ ရေအောက်မှာ ပိုကြာကြာနေဖို့
ထောက်ကူတဲ့ အောက်စီဂျင် သိုလှောင်မှုတွေလို -
2:05 - 2:09လုပ်ဆောင်တဲ့ ဗီဇပိုင်းအရ
ထူးခြားစွာကြီးတဲ့ သရက်ရွက်တွေရှိတယ်၊ -
2:09 - 2:13ရေနက် ငုပ်တဲ့ ပင်လယ်ဖျံတွေရဲ့
ပြုပြင်ပြောင်းလဲမှုနဲ့ ဆင်တူတာမျိုးပါ။ -
2:13 - 2:16ယှဉ်ကြည်လိုက်ရင် အသက်မပါပုံ
ထင်ရလောက်ပေမဲ့ -
2:16 - 2:20နို့သောက်နိုင်စွမ်းက ဒီလိုမျိုး
နောက်ထပ် ပြုပြင်ပြောင်းလဲမှုပါ။ -
2:20 - 2:23နို့တိုက်သတ္တဝါအားလုံဟာ ကလေးတွေ
အဖြစ် မိခင်နို့ကို သောက်နိုင်တယ်။ -
2:23 - 2:28နို့ဖြတ်ပြီးနောက် နို့ကြေချက်ခွင့်ပေးတဲ့
ဗီဇကို ရပ်စဲပစ်လိုက်တယ်။ -
2:28 - 2:33ဒါပေမဲ့ နို့အတွက် နွားမတွေကို အသုံးပြုတဲ့
ဆာဟာရ အာဖရိကတိုက်ခွဲ၊အရှေ့နဲ့ အနောက်မြောက် -
2:33 - 2:38ဥရောပ အတွင်းက လူစုတွေဟာ DNA မူကွဲတွေမှာ
ရုတ်တရက် တိုးပွားမှုတစ်ခုကို မြင်ရတယ်။ -
2:38 - 2:44ဒါက လွန်ခဲ့တဲ့ ၇၀၀၀ ကနေ နှစ် ၈၀၀၀ ကျော်
ဗီဇ ပိတ်ခံရမှုကို တားဆီးပေးတယ်။ -
2:44 - 2:49အနည်းဆုံး ဥရောပမှာ နို့သောက်ခြင်းက
ပုံမှန် ဗိုက်တာဗင် ဒီ လျော့ကျတဲ့ -
2:49 - 2:53မြောက်ဖက်ကို ရွေ့ခဲ့လို့ ဗီတာမင် D ထုတ်
လုပ်ဖို့ ရင်းမြစ်ဖြစ်တဲ့ နေရောင်ခြည် -
2:53 - 2:57လျော့နည်းလာခဲ့လို့ ကယ်လ်ဆီယံ ရင်းမြစ်
တစ်ခု ဖြစ်လာခဲ့လောက်တယ်။ -
2:57 - 2:59နည်းလမ်းတွေ အမြဲ ရှင်းလင်းခဲ့တာ မဟုတ်ပေမဲ့
-
2:59 - 3:04ပြောင်းလဲမှုအားလုံးက မျိုးပွားနိုင်တဲ့
အရွယ်အထိ လူတွေ ရှင်ကျန်ခွင့် မြှင့်ခဲ့တယ်။ -
3:04 - 3:06သဘာဝ ရွေးချယ်မှုရဲ့
မောင်းနှင်အား ဖြစ်ပြီး၊ -
3:06 - 3:10ဒီဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ပြောင်းလဲမှုတွေ
အာလုံးနောက်ကွယ်က တွန်းအားပါ။ -
3:10 - 3:14တစ်ခါတစ်ရံ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရင်း
ကျွန်ုပ်တို့ရဲ့ ဗီဇတွေက ကျွန်ုပ်တို့ကို -
3:14 - 3:17သတ်ပစ်နိုင်ချိန်မျိုးမှာ ခေတ်ပေါ် ဆေးဝါး
တွေက ဆင့်ကဲရွေးချယ်ရေး -
3:17 - 3:19ဖိအားပေးမှုတွေကို ဖယ်ရှားပစ်လိုက်ပြီး
-
3:19 - 3:21အသက်ရှင်အောင် ကယ်တင်ပေးကြပါတယ်။
-
3:21 - 3:25ပဋိဇီဝဆေးတွေ၊ ကာကွယ်ဆေးတွေ၊
သန့်ရှင်းတဲ့ ရေ၊ ကောင်းမွန်တဲ့ မိလ္လာစနစ် -
3:25 - 3:29အားလုံးက ဗိဇတွေကြားက ခြားနားမှုတွေကို
အရေးပါမှုကို လျော့နည်းလာစေတယ်။ -
3:29 - 3:32အလားတူပဲ ကလေးဘဝ ကင်ဆာတွေကို
ကုသပေးနိုင်ခြင်း၊ -
3:32 - 3:37မိခင်ဆီမှာ ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့
ရောဂါမျိုး ရှိနေလျှင်၊ -
3:37 - 3:41ကလေးရဲ့ ရောင်ရမ်းနေတဲ့ အူအတက်တွေကို
ခွဲစိတ်ထုတ်ယူပြီး မွေးပေးနိုင်ခြင်း စတာတွေ -
3:41 - 3:46အားလုံးက ဆင့်ကဲရွေးချယ်မှုကို ရပ်စဲပစ်
လိုက်ခြင်းဖြင့် မျိုးဆက်ပွားနိုင်တဲ့ -
3:46 - 3:49အရွယ်အထိ ရှင်ကျန်ရစ်ခဲ့ကြတဲ့
လူတွေရဲ့ ဦးရေဟာ တိုးတိုးလာနေပါတယ်။ -
3:49 - 3:52ဒါပေမဲ့ ကမ္ဘာမြေပေါ်က လူတိုင်းမှာ
ခေတ်မီ ဆေးဝါး သုံးခွင့်ရှိတာတောင် -
3:52 - 3:55ဒါက လူသား ဆင့်ကဲဖြစ်စဉ်ရဲ့
နိဂုံးကို ညွှန်ပြနေတာ မဟုတ်ဘူး။ -
3:55 - 4:00အကြောင်းက သဘာဝ ရွေးချယ်ခြင်းအပြင် ဆင့်ကဲ့
ဖြစ်စဉ်ရဲ့ အခြားလက္ခဏာတွေ ရှိလို့ပါ။ -
4:00 - 4:02ခေတ်မီ ဆေးဝါးက သဘာဝ ရွေးချယ်မှုအရ
-
4:02 - 4:06ဖြစ်လာရမယ့် ဗီဇ ပြောင်းလဲမှုရဲ့ အစား
-
4:06 - 4:10ဗီဇဆိုင်ရာ ရွေ့လျားမှု ဆိုတာကို
လုပ်ဆောင်ပေးတာပါ။ -
4:10 - 4:15ဗီဇ ရွေ့လျားမှုနဲ့အတူ လူဦးရေ တစ်ခုအတွင်းက
ဗီဇခြားနားချက်တွေ ကျပန်း ကွဲပြားနိုင်တယ်။ -
4:15 - 4:20ဗီဇဆိုင်ရာအဆင့်မှာ ခေတ်မီ ဆေးဝါးက မျိုးကွဲ
မှုကို အမှန်တကယ် တိုးပွားစေလောက်တယ်။ -
4:20 - 4:24အကြောင်းက ဘေးဖြစ်နိုင်တဲ့ သန္ဓေပြောင်းမှုက
လူတွေကို သတ်မပစ်လို့ ဖယ်ထုတ်မခံခဲ့ရလို့ပါ။ -
4:24 - 4:29ဒါပေမဲ့ ဒီမူကွဲက လူတွေကြားက ကွဲပြားမှု
တွေကို သိသာတဲ့ (သို့) phenotypic -
4:29 - 4:33ပုံစံမျိုးသို့ ပြောင်းလဲသွားမယ်လို့
ပြောရနိုင်ပါ။ -
4:33 - 4:36သီးခြား ပတ်ဝန်းကျင်တစ်ခုအတွက်
ဗီဇဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက -
4:36 - 4:40အလွန် လျင်မြန်စွာ ပေါ်ပေါက်နိုင်လားဆိုတာ
ကို ဗီဇနဲ့မသက်ဆိုင်တဲ့ ပြပြင်မှုတွေကနေ -
4:40 - 4:44သုတေသီတွေလည်း စူးစမ်းနေတယ်။
ဗီဇနဲ့မဆိုင်တဲ့ ပြောင်းလဲခြင်းတွေဆိုပေမဲ့ -
4:44 - 4:49ဗီဇတချို့ကို ဖော်ပြလား၊ ဘယ်တော့ဆိုတာအထိပါ။
-
4:49 - 4:51ဒီပြောင်းလဲမှုတွေဟာ ဘဝ
တစ်သက်တာအတွင်း ဖြစ်ပေါ်နိုင်ပြီး -
4:51 - 4:54သားသမီးဆီတောင် လက်ဆင့်ကမ်းလောက်ပေမဲ့
-
4:54 - 4:59အခုထိတော့ ဗီဇနဲ့မသက်ဆိုင်တဲ့ ပြုပြင်ခြင်း
တွေ မျိုးဆက်များစွာအထိ တကယ် ဆက်ရှိကာ -
4:59 - 5:02လူဦးရေအကြားမှာ ရေရှည် အပြောင်းအလဲတွေကို
ဖြစ်စေနိုင်လား ဆိုတာကိုတော့ -
5:02 - 5:07သုတေသီတွေ ဝိရောဓိဖြစ်နေကြတယ်။
-
5:07 - 5:10လူသား ဆင့်ကဲဖြစ်စဉ်ထဲကို အခြား ထောက်ပံ့
ပေးတဲ့ အချက်တွေလည်း ရှိနိုင်လောက်ပါတယ်။ -
5:10 - 5:14သဘာဝ ရွေးချယ်မှုရဲ့ အမြန်ဆုံးနဲ့ နောက်ဆုံး
အပြောင်းအလဲတွေနဲ့ ယှဉ်ကြည့်ရင်တောင် -
5:14 - 5:17ခေတ်မီ ဆေးဝါးနဲ့ နည်းပညာဟာ
ဆန်းသစ်လွန်းတာမို့လို့ -
5:17 - 5:22ကျွန်ုပ်တို့ ပစ္စုပ္ပန်က အနာဂတ်ကို ဘယ်လို
ပုံဖော်မှာကို အချိန်ကသာ ပြောနိုင်မှာပါ။
- Title:
- လူသား ဆင့်ကဲဖြစ်စဉ်က အရှိန်မြင့်လာနေလား သို့မဟုတ် နှေးလာနေလား။ Laurence Hurst
- Speaker:
- Laurence Hurst
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/is-human-evolution-speeding-up-or-slowing-down-laurence-hurst တွင် ကြည့်ရှုပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ အတွင်းမှာ လူဦးရေများစွာဟာ သူတို့ရဲ့ ဒေသတွင်း ပတ်ဝန်းကျင်တွေနဲ့ မျိုးရိုးဗီဇအရ လိုက်ဖက်အောင် ဆင့်ကဲပြောင်းလဲခဲ့ကြပါတယ်။ ဆိုက်ဘေးရီးယားနဲ့ အာတိတ် အထက်ပိုင်းမှာရှိတဲ့ လူတွေဟာ အလွန်အမင်း အေးစက်မှုထဲမှာ ရှင်ကျန်ဖို့ ထူးခြားစွာ လိုက်ဖက်ညီဖို့ ပြုပြင်ခဲ့ကြရတယ်။ Bajau လူမျိုးတွေဟာ မီတာ ၇၀ ရေငုပ်နိုင်ပြီး ရေအောက်မှာ ၁၅ မိနစ်နီးပါး နေနိုင်ပါတယ်။ ဒီတော့ အခြားသော မကြာမီက ပြောင်းလဲမှုတွေက ဘာတွေလဲ။ ကျွန်ုပ်တို့ရဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေက ကျွန်ုပ်တို့ရဲ့ ဆင့်ကဲဖြစ်စဉ်ကို သက်ရောက်မှု ရှိနိုင်မလား။ Laurence Hurst က စူးစမ်းလေ့လာထားပါတယ်။သင်ခန်းစာကို Laurence Hurst က ပြုစုပြီး Philip Piaget & Rikke Planeta က ရိုက်ကူးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:25
sann tint approved Burmese subtitles for Is human evolution speeding up or slowing down? | ||
sann tint edited Burmese subtitles for Is human evolution speeding up or slowing down? | ||
Myo Aung accepted Burmese subtitles for Is human evolution speeding up or slowing down? | ||
Myo Aung edited Burmese subtitles for Is human evolution speeding up or slowing down? | ||
sann tint edited Burmese subtitles for Is human evolution speeding up or slowing down? | ||
sann tint edited Burmese subtitles for Is human evolution speeding up or slowing down? | ||
sann tint edited Burmese subtitles for Is human evolution speeding up or slowing down? | ||
sann tint edited Burmese subtitles for Is human evolution speeding up or slowing down? |