တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း
-
0:02 - 0:04Gayle King: ထိုင်ပါ၊ Serena. Willams
-
0:04 - 0:07ဒါမှမဟုတ် ထိုင်ပါဦး မေမေ လို့ ပြောရမလား။
-
0:07 - 0:09(ဩဘာသံများ)
-
0:09 - 0:11ဒီတော့ ရှင်တို့လည်း ကျွန်မလိုပဲ ဖြစ်မှာပါ
-
0:11 - 0:14ပြီးခဲ့တဲ့ အပတ်က အဝါရောင် ရေကူးဝတ်စုံနဲ့
-
0:14 - 0:16Serena ဖြန့်လိုက်တာကို မြင်ခဲ့ကြမှာပါ၊
-
0:16 - 0:18ဒါကိုတွေ့တော့ တွေးလို့ရတာက
-
0:19 - 0:22အိုး၊ ကျွန်မတို့ TED အတွက် စင်ပေါ် ထိုင်
တဲ့အထိတောင် သူမစောင့်နိုင်ပါလားနော်" -
0:22 - 0:24ကျွန်မက အရမ်း အတ္တဆန်တာ သိပါတယ်။
-
0:24 - 0:26ဒီပုံအကြောင်း ရှင့်ကို မေးတော့
-
0:26 - 0:29ရှင်က ဘယ်သူမှ ဒီပုံကို ဘယ်သူမှ
မမြင်ရပါဘူးလို့ဆိုတယ်။ -
0:29 - 0:30ဒါက ဘာကို ဆိုလိုတာလဲ။
-
0:30 - 0:33Serena Williams: အင်း၊
တကယ်တော့ ဒါက တိုက်ဆိုင်မှုပါ။ -
0:33 - 0:36ကျွန်မက ခရီးထွက်နေတာ
ကိုယ့်ကိုယ်ကို အချိန်ယူဖို့သက်သက်ပါ၊ -
0:36 - 0:41ကျွန်မရဲ့ အခြေအနေကို စစ်ဆေးနေတာနဲ့
ကျွန်မဘယ်လောက်ခရီးပေါက်လဲဆိုတာ -
0:41 - 0:44သိမြင်ဖို့ အပတ်စဉ် ဓါတ်ပုံရိုက်တဲ့
နေရာမှာ ရှိတဲ့အရာပါ။ -
0:44 - 0:46GK: ၊ မိတ်ဆွေတွေနဲ့ မျှဝေနေတာများလား။
-
0:46 - 0:49SW တကယ်တော့ မဟုတ်ဘူး။
ကျွန်မ ဒါကို သိမ်းထားနေရုံပါ၊ -
0:49 - 0:51အမှန်ဆို လူအများကြီးကို
-
0:51 - 0:53မပြောပြခဲ့ဘူး။
-
0:53 - 0:54ကျွန်မ သိမ်းထားနေတာပါ။
-
0:54 - 0:57လူမှုရေးမီဒီယာတွေဟာ ဘယ်လိုဆိုတာ
ရှင်သိပါတယ်။ ရှင် ခလုတ်မှားနှိပ်တာပါ -
0:57 - 0:58(ရယ်သံများ)
-
0:58 - 1:00GK ဟုတ်တာပေါ့ရှင်။
-
1:00 - 1:03SW ဒါနဲ့ မိနစ် ၃၀ အကြာမှာ
ကျွန်မဖုန်းက အဲလောက်မှ မမြည်တာ -
1:03 - 1:05မိနစ် ၃၀ အကြာမှာ
လွတ်သွားတဲ့ ဖုန်းခေါ်တာ လေးခု၊ -
1:05 - 1:06ဆန်းလိုက်တာဆိုပြီး
-
1:06 - 1:09ကောက်ကိုင်လိုက်တယ်၊
အမလေးတောင် တမိတယ်။ -
1:09 - 1:10ဒါပေမဲ့ ကောင်းတဲ့ ကာလပါ။
-
1:10 - 1:14ပြောရရင် ငါးရက်၊ ခြောက်ရက်
ထပ်စောင့်နေလိုက်တယ်၊ ရတယ်လေ။ -
1:14 - 1:18GK: သိတယ် ဒါက ဆန်းတာကိုး။
Serena သီတင်းပတ် ၂၀ ပဲဆိုတော့ -
1:18 - 1:20သတင်းအချက်တွေက
အများကြီးရှိတာမျိုး မဟုတ်ဘူးပေါ့။ -
1:21 - 1:23SW အတိအကျပဲ၊ ဒါက ကျွန်မ
အဲဒီတစ်ချိန်လုံး လုပ်နေတာလေ။ -
1:23 - 1:25ဒီနောက်ကိုပဲ လိုက်နေတယ်၊
-
1:25 - 1:28၁၈၊ ၁၉ သီတင်းပတ်တိုင်း
ပုံတစ်ပုံရိုက်ပြီး သိမ်းထားတယ်။ -
1:28 - 1:30ဒီမှာ ကျွန်မ အတော်ကို တော်တယ်လေ၊
-
1:30 - 1:34ဒါက ချော်သွားတဲ့ တစ်ခါပေါ့။
-
1:34 - 1:37GK လုပ်ပြန်ပြီ၊ ကဲ ချီးကျူးပါတယ်ရှင်။
-
1:37 - 1:38SW ဟုတ်ကဲ့၊ ကျေးဇူးပါရှင်။
-
1:38 - 1:40GK ရပါတယ်ရှင်။
သတင်းတွေ ရှင်ကြားတော့ -
1:40 - 1:43စိတ်လှုပ်ရှားခဲ့လား၊ ကြောက်လား၊
စိုးရိမ်ခဲ့လား။ -
1:43 - 1:44ဆိုလိုတာက ရှင်ကိုယ်ဝန်ရှိတာလေ။
-
1:44 - 1:49SW: ဒါကို Australian Open မစခင်
နှစ်ရက်ကကြားပြီးသား၊ -
1:49 - 1:51ဒါက ပတ်လည်ပြိုင်ပွဲကြီးတွေထဲက တစ်ပွဲလေ။
-
1:51 - 1:53GK နှစ်ရက်ကြိုပြီး သိနေတာလား။
-
1:53 - 1:55SW ဟုတ်တာပေါ့၊ နှစ်ရက်
မတိုင်ခင်က သိခဲ့တာပါ။ -
1:56 - 1:58ရင်ဖိုခဲ့တာပေါ့။
-
1:58 - 2:00ဘာကိုတွေးရမှန်း သိပ်မသေချာပေမဲ့
-
2:00 - 2:01အဲဒီအခိုက်မှာ လက်ရှိ ကျွန်မအတွက်
-
2:01 - 2:05Australian Open ကို အာရုံစိုက်ဖို့
-
2:05 - 2:06အရမ်းကို အရေးကြီးတာ သိပြီး
-
2:06 - 2:10ဘာလုပ်ရမလဲဆိုတာ လုံးဝ မသေချာခဲ့ဘူး။
-
2:10 - 2:11ဆိုပါတော့ ငါကစားနိုင်ပါ့မလား
-
2:12 - 2:17ဒါဟာ သိပ် အန္တရာယ်များတာ သိတယ်၊
တစ်ခါတစ်လေ ပထမ ၁၂ ပတ်လောက် အတွင်းပေါ့၊ -
2:17 - 2:19ကျွန်မ မေးခွန်းတွေ အများကြီးရှိခဲ့တယ်။
-
2:19 - 2:22GK ဒါပေမဲ့ ကစားတာတင်မက
ရှင် နိုင်ခဲ့သေးတယ်နော်၊ Ms. Williams -
2:22 - 2:25(ဩဘာသံများ)
-
2:25 - 2:26SW ဟုတ်ပါတယ်ရှင်။
-
2:28 - 2:33ဆု ၂၃ ခုလို့ပဲ ပြောပါရစေတော့။
-
2:33 - 2:34SW ကျေးဇူးပါ။
-
2:34 - 2:35(လက်ခုပ်သံများ)
-
2:35 - 2:36GK ကိုယ်ဝန်ဆောင်တုန်းနော်၊
-
2:36 - 2:40SW အင်း၊ နောက်ထပ် အကျောပေးပြိုင်ပွဲ
ရှာနေလားဆိုတော့..နိုး -
2:40 - 2:43GK ရှင်က ကိုယ်ဝန်ရှိမှန်း သိနေတော့
ဒီပွဲမှာ တစ်မူထူး ကစားခဲ့လား။ -
2:43 - 2:45SW ကစားခဲ့တယ်၊ တော်တော်တော့ မလွယ်ဘူး။
-
2:45 - 2:48လူတွေ ကိုယ်ဝန်ရှိတဲ့အခါ ဇာတ်လမ်း
အားလုံးကို ရှင်ကြားဖူးပါတယ်၊ -
2:48 - 2:50ပျို့အန်တာ၊ ပင်ပန်းတာလေ။
-
2:50 - 2:51GK ကိုယ်ဝန်ဆောင် ပျို့အန်လား။
-
2:51 - 2:54SW ဟင့်အင်း၊ ကျွန်မက
ကံကောင်းလွန်းတော့ မဖြစ်ခဲ့ပါဘူး။ -
2:54 - 2:57ဒါပေမဲ့ ဒါတွေက တကယ်ကိုပင်ပန်းပြီး
အရမ်းကို ဖိစီးပါတယ်။ -
2:57 - 3:00ကျွန်မ ရှိသမျှ စွမ်းအားစိုက်ပြီး
-
3:00 - 3:02စက္ကူအိတ်ထဲမှာ ထည့်လိုက်တယ်၊
-
3:02 - 3:03ပြောရရင်၊ အန်ထုတ်တာပေါ့။
-
3:03 - 3:06ဘာလို့ဆို တကယ့်ကို ကိုယ့်မှာ
အပိုခံစားမှုတွေ -
3:06 - 3:09အပိုဟာတွေလုပ်ဖို့
အချိန်မရှိဘူးလို့ ခံစားမိလို့ပါ။ -
3:09 - 3:11အကြောင်းက ကိုယ်ဝန်ဟုတ်၊ မဟုတ်
ဘယ်သူမှ မသိဘူးလေ၊ -
3:11 - 3:13ကျွန်မက ဒီပြိုင်ပွဲ နိုင်ဖို့ယူဆထားပြီး
-
3:13 - 3:15ကျွန်မ တက်တဲ့ ပြိုင်ပွဲတိုင်း
-
3:15 - 3:16နိုင်ဖို့ မျှော်လင့်တာလေ။
-
3:16 - 3:19ကျွန်မ မနိုင်ရင် သတင်းတွေထက်
တကယ့်ကို ပိုကြီးတယ်။ -
3:19 - 3:21ဟုတ်တယ်၊ ရှင်မနိုင်တဲ့အခါ
သတင်းက ကြီးတော့တာပဲ။ -
3:21 - 3:24SW ဟုတ်တယ် ကျွန်မရောလေ။
ကျွန်မဟာ တကယ်ပဲ အပျက်သဘောမြင်တယ်။ -
3:24 - 3:27အဲဒီအခိုက်မှာ ကျွန်မခံစားနေရတဲ့
ခံစားမှုတွေ -
3:27 - 3:29မျိုသိပ်ထားရတာမျိုးတွေနဲ့
-
3:29 - 3:33ငါ့အတွက် နောက်တစ်ဆင့်မှာ
ဘာလုပ်ဖို့ဆိုတာကို ကြံဆတာပါ။ -
3:33 - 3:35GK ရှင့်မှာ ထောက်ခံမှုများကြီး၊
အချစ်တွေအများကြီးပါ။ -
3:35 - 3:38ကျွန်မ ဒီကိုလာနေတုန်းကတောင်
လူတွေက လေဆိပ်မှာ တားခဲ့တယ်။ -
3:38 - 3:42"ကျွန်မ သွားတဲ့နေရာ မှန်းကြည့်"လို့
လေယာဉ်မယ်နဲ့ လေယာဉ်မှူးကို ပြောတော့ -
3:42 - 3:44သူတို့က "အမလေး၊ သူမကိုယ်ဝန်
ရှိတာ အရမ်းဝမ်းသာတယ်"တဲ့ -
3:44 - 3:46ရှင့်မှာ တစ်ယူသန်
အမေရိကန်တွေ အမြဲရှိတယ် -
3:46 - 3:49အဲဒီအသွားမှာ တစ်ယောက်က ကျွန်မကို
Ilie Nastase အကြောင်း ပြောနေတယ် -
3:49 - 3:53အတော့ကို မညှာမတာ၊ မဆီလျော်တဲ့
လူမျိုးရေးအကြောင်းတွေ ပြောတဲ့သူလေ။ -
3:53 - 3:54ရှင်သူ့ကို တုံ့ပြန်ထားတယ်။
-
3:54 - 3:56သူပြောတာကို ဂုဏ်တောင် မဖော်တော့ပါဘူး။
-
3:56 - 3:58ဒါပေမဲ့ ရှင်တုံ့ပြန်ခဲ့တယ်၊ ဘာလို့လဲ။
-
3:58 - 4:01SW အင်း တော်တော် မဆီလျော်တဲ့
မှတ်ချက်တွေ ရှိတယ်ထင်တယ်။ -
4:01 - 4:03ဒါတင်မက ကျွန်မဟာ အဖော်တွေနဲ့
ကျွန်မနဲ့ တွဲလုပ်သူတွေရဲ့ -
4:03 - 4:05ထောက်ခံမှုရထားပါတယ်။
-
4:05 - 4:07ကြေးစားဖြစ်တာ နှစ် ၂၀ နီးပါး ဆိုတော့
-
4:07 - 4:09အမျိုးသမီးတွေကို ထောက်ပံ့ဖို့က
သိပ် အရေးကြီးတယ်။ -
4:10 - 4:12အမျိုးသမီးငယ်တွေ အဝတ်လဲခန်း ထဲဝင်လာ၊
-
4:12 - 4:15ဒီ ကျွန်မနဲ့ ဓာတ်ပုံတွဲရိုက်မယ် ဆိုတာ
-
4:15 - 4:16ကျွန်မအတွက်တော့ ငါဟာ
-
4:16 - 4:19ခေါင်းဆောင်ကောင်း သူတို့အတွက်
နမူနာကောင်းဖြစ်ချင်တယ်ဆိုတာမျိုးပါ။ -
4:19 - 4:21ဒီတော့ ဒါတင်မက
-
4:21 - 4:22(လက်ခုပ်သံများ)
-
4:22 - 4:26ကျွန်မနဲ့ ကျွန်မအဖော်တွေကို
သူပြောတဲ့ အပနာပတွေမကပဲ -
4:26 - 4:29ကျွန်မတို့ အချင်းချင်းအတွက်
ရပ်တည်ကြဖို့ ကျွန်မတို့အတွက် -
4:29 - 4:30အရေးကြီးတယ်လို့ ခံစားမိတယ်။
-
4:30 - 4:33ဒီအချက်မှာ ပြောဖို့ ကျွန်မအတွက်
တကယ်အရေးကြီးတာက -
4:33 - 4:36ငါ မကြောက်ဘူး၊
ငါဘယ်မှမသွားဘူးဆိုပေမဲ့ -
4:36 - 4:38ဒါက မဆီလျော်ပဲ
-
4:38 - 4:41အရာတိုင်းအတွက် အချိန်ရှိတယ်၊
နေရာရှိတယ်လို့ ပါ။ -
4:41 - 4:43ပြီးတော့ ဒါက တယ့်အချိန်နဲ့
နေရာ မဟုတ်ခဲ့ဘူး။ -
4:43 - 4:46GK ဘယ်မှ မသွားတော့ဘူးလို့
ရှင်ပြောခဲ့တဲ့ အပိုင်းကို ဖြတ်တယ်။ -
4:46 - 4:49ဘာလို့ဆို စက်တင်ဘာမှာ ရှင်က ၃၆
၊ကလေးက ၃၆ မှာ လာမယ်။ -
4:49 - 4:51ရှင့်နည်းပြပြောတာက
အသက်က အမြဲအရေးကြီးတယ်တဲ့။ -
4:51 - 4:53တင်းနစ်မှာ အလွန်ကို အရေးကြီးပေမဲ့
-
4:53 - 4:55ရှင်ပြန်လာမယ်ဆိုတာ
သူသံသယ မရှိပါဘူး။ -
4:55 - 4:57ငါပြန်လာမယ်၊
ငါ အာလပ်ချိန်ရမလားလို့ -
4:57 - 4:58ရှင်တွေးဖူလား။။
-
4:58 - 5:00လှည့်ကစားတဲ့ အမျိုးသမီးတွေ ပြောနေတာက
-
5:00 - 5:04"ကလေးယူဖို့ ဘယ်လောက် ကြာလဲ၊
နှစ်နှစ်ဆို သူမသွာ။ပြီလား။" -
5:04 - 5:05ရှင်ဘာကို တွေးနေလဲ။
-
5:05 - 5:07SW အခြေအနေပေးမှုကို ဖီဆန်ဖို့
ကျွန်မ အမြဲ ကြိုးစားနေတယ်၊ -
5:07 - 5:10ကျွန်မအတွက်တော့ အရာတိုင်းက
တကယ်တော့ စိတ်ပါပဲ။ -
5:10 - 5:12ပြန်လာဖို့ သေချာပေါက် စီစဉ်တယ်
ကျွန်မ မပြီးသေးဘူး။ -
5:12 - 5:14ကျွန်မ အမရဲ့ စေ့ဆော်မှုကို ရတယ်။
-
5:14 - 5:17သူက တစ်နှစ်ပိုကြီးပြီး
ဒါက သူမ ဆက်ကစားနေရင် -
5:17 - 5:19ကျွန်မ ကစားနိင်တယ်ဆိုတာပါ။
-
5:19 - 5:20(ရယ်သံများ)
-
5:20 - 5:24နောက် အများကြီးပါ၊ Roger Federer
ကျွန်မထက် နည်းနည်း ပိုကြီးတယ်၊ -
5:24 - 5:28အကုန်လုံး သူနိုင်နေတုန်းလေ။
ဆိုရရင် ကျွန်မလည်း လုပ်နိုင်တာ သိတယ်ပေါ့။ -
5:28 - 5:32ဒီတော့ ဒါက ကျွန်မကို အရမ်း စေ့ဆော်ပေးတယ်။
အထူးသဖြင့် မကြာခင်ကပါ၊ -
5:32 - 5:34ဒါက ကျွန်မလုပ်ချင်တာဆိုတာ သိတယ်။
-
5:34 - 5:36ကျွန်မဇာတ်လမ်းက လုံးဝ ပြီးမသွားသေးဘူး။
-
5:36 - 5:38ကျွန်မနည်းပြကို ဒီအကြောင်းပြောနေပြီး
-
5:38 - 5:42ဒါက ကျွန်မဘဝရဲ့ အပိုင်းသစ်ပဲ၊
မှန်းရတာက ကျွန်မကလေးဟာ -
5:42 - 5:44ပွဲကြည့်စင်ကိုလာပြီး ကျွန်မကို
-
5:44 - 5:47အားပေးနေမှာလို့
ပြောနေခဲ့ကြတယ်။ သိပ်မငိုဘူးပေါ့။ -
5:47 - 5:50GK နိုး၊ မနေ့က ရှင့်ကလေးကို
လှပတဲ့ စာတစ်စောင် ရေးခဲ့တယ်။ -
5:50 - 5:53ရှင်ပြောတာက အသက်အကြီးဆုံး မေမေကနေ
အငယ်ဆုံးထိ၊ -
5:53 - 5:56အကြီးဆုံးထိ၊ အငယ်ဆုံးထိ၊
အဲဒီရောက်ဖို့ ရှင့်ကို မစောင့်နိုင်တော့ဘူး -
5:56 - 5:58လူအများကြီး ဒါကို ခံစားမိတယ်။
-
5:58 - 6:01လွန်ခဲ့တဲ့ တစ်နှစ်က ရှင့်ကိုတွေ့ခဲ့တယ်၊
ရှင့်ဘဝအကြောင်း တွေးမိလို့ပါ -
6:01 - 6:04ရှင့်မှာ ဘဝကိုပြောင်းလဲစေတဲ့ အရာ
သုံးခုရှိသွားပြီ။ -
6:04 - 6:08ကိုယ်ဝန်၊ ကြီးမားတဲ့ နိုင်ပွဲနဲ့
ချစ်မိခြင်းပါ။ -
6:08 - 6:10မနှစ်က ရှင်ကိုတွေ့တော့
-
6:10 - 6:12ကျွန်မက "ရှင်ရဲ့ အချစ်ဘဝ ဘယ်လိုလဲ၊ ဒါဒါဒါ
-
6:12 - 6:15ရှင်က "ငနဲတစ်ကောင်နဲ့တွေတယ်၊
သူက ဂွကျကျ လူတော်လိုလူပေါ့၊ -
6:15 - 6:16ဘယ်သူဆိုတာ သိမှာ မဟုတ်ဘူး"တဲ့
-
6:16 - 6:17ကျွန်မက "သူ့နာမည် ဘယ်သူလဲ"
-
6:17 - 6:20SW ရှင့်ကို ဒီအကြောင်းပြောတာ မှတ်မိပါတယ်၊
-
6:20 - 6:24GK ပြီးတော့ ရှင်က "Alexis Ohanian"တဲ့၊
ကျွန်မက "သူ့ကို သိပါတယ်. သူက အံ့ဩစရာပါ" -
6:24 - 6:26ရှင့်ကို ဂွကျကျလူနဲ့
တစ်ခါမှ ပြောမှာမဟုတ်ဘူး -
6:26 - 6:27ရှင်ရော မပြောခဲ့ဘူးပဲလေ။
-
6:27 - 6:30SW အမှန်အတိုင်းဝန်ခံမယ်၊
ကျွန်မလည်း မပြောခဲ့ဘူး။ -
6:30 - 6:31ဒါပေမဲ့ ကျွန်မအတွက်
အကောင်းဆုံးအရာပါ -
6:31 - 6:33GK အကောင်းဆုံးအရာ၊ ဘာလို့လဲ။
-
6:33 - 6:35ဒါက ဂွကျတဲ့ လူတော်ပုံပေါက်တာလား။
-
6:35 - 6:36ဒီအကင်္ျီကို ကြည့်လေ။
-
6:36 - 6:37(ရယ်သံများ)
-
6:37 - 6:38နိုး၊ အင်မတန် ကောင်းတဲ့လူ၊
-
6:39 - 6:40SW သူက နည်းပညာမှာ စိတ်ပါတာ ပြောလို့ရတယ်
-
6:40 - 6:42GK အင်မတန်ကို ကောင်းတဲ့သူပါ။
-
6:42 - 6:44ကျွန်မ သူ့ကို အရမ်း သဘောကျတယ်။
-
6:44 - 6:46သူများတွေ ကျရှုံးချိန်မှာ
ဘယ်လို အောင်မြင်ခဲ့လဲ။ -
6:46 - 6:50ရှင်သိခဲ့တဲ့ တစ်ယောက်က ဘယ်လိုလဲ
ဒါဟာ ငါအတွက်ပဲလို့လား။ -
6:50 - 6:52SW အင်း၊ ဒါတော့ ကျွန်မ မပြောတော့ဘူး။
-
6:52 - 6:53ဒါပေမဲ့
-
6:54 - 6:55(ရယ်သံများ)
-
6:55 - 6:56GK ပြောပါ၊ Serena ပြောပါ၊
-
6:57 - 6:58SW အင်း
-
6:58 - 6:59(ရယ်သံမျး)
-
7:01 - 7:02ဟုတ်ကဲ့ပါ၊
-
7:02 - 7:05(လက်ခုပ်သံများ)
-
7:05 - 7:06GK ဒါပေမဲ့ ဆိုလိုတာ ရှင်သိတယ်
-
7:07 - 7:10SW သူက အရမ်းချစ်စရာကောင်း၊ အရမ်းကြင်နာ
တတ်တယ်။ အမေက သူဟာ အရမ်းကို ညှာတာတ်တာတဲ့။ -
7:10 - 7:12အမေ ကျွန်မကိုပြောတော့
-
7:12 - 7:14ဆိုရရင် သူဟာ တကယ်ပဲဖြစ်ပြီး
-
7:14 - 7:17ဒါက ဘဝမှာ တကယ့် ကြီးမားတဲ့ အပြောင်းအလဲ
ဖြစ်စေတဲ့ သေးသေးလေးတွေပါ။ -
7:17 - 7:18GK ဥပမာက
-
7:18 - 7:19SW ရိုးရိုးလေးပါ၊
-
7:20 - 7:22ကျွန်မရဲ့ ဖက်ရှင်ကုမ္ပဏီ
နှစ်တိုင်း ပြပွဲရှိတော့ -
7:22 - 7:25မနှစ်က ကျွန်မတို့ ပြပွဲမှာ
ပြပွဲအတွက် အကုန်လုံးလုပ်တော့ -
7:25 - 7:27ကျွန်မဟာ အရူးလို့ ပြေးလွှားနေရတယ်၊
-
7:27 - 7:29အကုန်လုံးအတွက် ဆိုတော့
-
7:29 - 7:31အရူးလို့ ပြေးလွှားနေရတာပေါ့။
-
7:31 - 7:34သူက သူဝတ်ခဲ့တဲ့ ဒီအကျီက ရိုးစင်းတဲ့
အမူအရာပါ၊ -
7:34 - 7:38သူက ကျွန်မကို အတူတူး ဝတ်ဖို့
သေချာအောင် လုပ်ချင်တာလေ။ -
7:38 - 7:40ဒါက ခပ်ဆန်းဆန်း အဖြစ်ပါ။
-
7:40 - 7:42လူအနေအရ ပိုကောင်းခဲ့တယ်။
ကျွန်မ ကတိပေးတယ်။ -
7:42 - 7:44GK ဆန်းပြားတဲ့ ချစ်ရေးဆိုတာရောရှိခဲ့လား၊
-
7:44 - 7:46ဒါမှမဟုတ် Beyoncé သီချင်းလား၊
-
7:46 - 7:49'' ဒါကို မင်းကြိုက်ရင်
ဒါကို လက်စွပ်ဝတ်ပေးသင့်တယ်လေ။" -
7:49 - 7:51ရှင့်မှာ လက်ထပ်ဖို့ ဖိအားတွေရှိခဲ့လား။
-
7:51 - 7:52ဒါဖြစ်လာမှာကို ရှင်သိလား။
-
7:52 - 7:55SW ဟုတ်ကဲ့ တကယ်တ
လက်ထပ်ဖို့ ဖိအား တစ်ခါမှ မဖြစ်ခဲ့ပါဘူး။ -
7:55 - 7:57ကျွန်မဟာ လက်ထပ်မယ့် လူစားလို့ကို
မပြောနိုင်တာပါ -
7:57 - 7:59ကျွန်မဘဝကို ကျွန်မချစ်တယ်၊
-
7:59 - 8:01ကိုယ့်လွတ်လပ်မှု ကိုယ်ချစ်တယ်။
-
8:01 - 8:02ဒီအပြောင်းအလဲမျိုးတွေ ကြားဖူးတယ်
-
8:02 - 8:06ဒါပေမဲ့ ကိုယ်လုပ်တာတိုင်းကို ချစ်တယ်။
-
8:06 - 8:09ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်
-
8:09 - 8:12ဒါကို စွက်ဖက်တာ တစ်ခုခု မလုပ်ချင်ဘူးလို့
အမြဲ ခံစားမိတယ်။ -
8:12 - 8:14ကျွန်မဟာ အလုပ်ကို အရမ်း ဦးစားပေးသူပါ။
-
8:14 - 8:16တကယ်တမ်း သူချစ်ရေးဆိုတော့
-
8:16 - 8:18စိတ်ဆိုးလုနီးပါးဖြစ်ခဲ့တယ်။
-
8:18 - 8:19နီးပါးမဟုတ်၊ စိတ်ဆိုးခဲ့တာ
-
8:19 - 8:22ဘာဖြစ်လို့လဲဆို အဲဒီညက
ကျွန်မဟာ လေ့ကျင့်ရေးဆင်းနေတုန်းဆိုတော့ -
8:22 - 8:24ကျွန်မက "Australian Open
ငါနိုင်ရမယ်၊ -
8:24 - 8:26Rome ကို လေယာဉ်မစီးနိုင်ဘူး"
-
8:26 - 8:27သူကကျွန်မကို Rome ကို ခေါ်သွားချင်တာလေ
-
8:28 - 8:29ကျွန်မက "မတတ်နိုင်ဘူး၊ ငါနိုင်ရမယ်
-
8:29 - 8:31ဒါက ကျွန်မ အာရုံစိုက်ခဲ့ပုံပါ
-
8:31 - 8:34GK "နိုး၊ ငါ Rome ကို မသွားနိုင်ဘူး"
လို့ပြောတဲ့ ကောင်မလေးပါ -
8:34 - 8:36SW ဒါပေမဲ့ ရည်မှန်းချက်တွေရောက်ဖို့
အာရုံစိုက်ခဲ့ပြီး -
8:36 - 8:40အဲဒီအခိုက်မှာ ကျွန်မသိတာက ကျွန်မ
ကျော်ဖြတ်ချင်ခဲ့တဲ့ ကစားသမားတစ်ဦးရှိပြီး -
8:40 - 8:42Steffi Graf ရဲ့ စံချိန်ကို ကျော်ချင်တယ်
-
8:42 - 8:43ကျွန်မအတွက် အများကြီး အရေးပါပြီး
-
8:43 - 8:45စိတ်ကို တစ်ခုခုမှာ ထားလိုက်တဲ့အခါ
-
8:45 - 8:47ဘာဖြစ်နေနေ၊ ဒါကိုရဖို့ တကယ်ပဲ
-
8:47 - 8:49စိတ်ပိုင်းဖြတ်လိုက်တာပါ။
-
8:49 - 8:51GK ရှင်ပြောတာ ရှင့်အတွက်တော့
-
8:51 - 8:53ရှင်ပြောတာ ကြားဖူးတာက
နိုင်ခြင်းကို ရှင်က စွဲနေတာတဲ့ -
8:53 - 8:54SW ဟုတ်ပါတယ်။
-
8:54 - 8:56GK ရှင်ဘာကိုဆိုလိုတာလဲ။
-
8:56 - 8:58SW ကျွန်မအတွက် အနိုင်ကို
အလွန်အစွဲလန်းတာမျိုး ခံစားမိတယ် -
8:58 - 9:01ဒါကို ခံစားပြီးတာနဲ့ ဒီခံစားချက်
-
9:01 - 9:03ထပ်ရဖို့ အမြဲလိုချင်တာမျိုး ခံစားရပြီး
-
9:03 - 9:07ကျွန်မရဲ့ ပထမ ချန်ပီယံဆုရတုန်းက
ကျွန်မက ၁၇ နှစ်ပဲရှိသေးပေမဲ့ -
9:07 - 9:09ဒီခံစားချက်ကို ဘယ်တော့မှ မမေ့ဘူး
-
9:09 - 9:11တစ်ြကိမ်နိုင်တိုင်း ကိုယ့် ပထမချံပီယံဆု
-
9:11 - 9:14ခံစားချက်ကို ရောက်ချင်တယ်လို့ ခံစားမိတယ်။
-
9:14 - 9:16ဒီလိုခံစားမှုမျိုး ကမ္ဘာမှာ တကယ် မရှိတာပါ။
-
9:16 - 9:19ဒီလေ့ကျင့်တဲ့ နှစ်အားလုံး
-
9:19 - 9:21ကလေးလေး အဖြစ် ကစားနေတာတွေ၊
-
9:21 - 9:25နောက်တော့ နိုင်ခြင်းဟာ အံ့ဖွယ်
အတွေ့အကြုံတစ်ခု ဆိုတာမျိုးပါ။ -
9:25 - 9:29ဒီတော့ ကျွန်မအတွက် ဒီခံစားမှုကို
နှစ်သက်တာလိုမျိုး အမြဲ ခံစားမိပြီး -
9:29 - 9:33သိသာတာ ရှုံးနိမ်းခြင်းရဲ့ ခံစားမှုကို
ကျွန်မ မကြိုက်ဘူး၊ ခံစားမိတာက -
9:33 - 9:36GK နိုး၊ တကယ် ရှင်နဲ့ နီးစပ်တဲ့
လူတွေက ရှင်က အရှုံးကို လက်မခံသူတဲ့ -
9:36 - 9:38SW အကောင်းဆုံး ရှုံးသူမဟုတ်ဘူး။
-
9:38 - 9:39GK ရှင်က အတော့ကို ဆိုးတာပါ။ နားထောင်ဦး၊
-
9:39 - 9:42ဘယ်အားကစားသမား၊
ဘယ်ချန်ပီယံမှ ရှုံးတာမကြိုက်ဘူး။ -
9:42 - 9:43ဒါ ကျွန်မ နားလည်တယ်။
-
9:43 - 9:47ဒါပေမဲ့ အရှုံးနဲ့ ကြုံတဲ့အခါ သူတို့ပြောတာ
မင်းက ဒီမှာ အတော့ကို ညံ့တာပဲတဲ့။ -
9:47 - 9:48(ရယ်သံများ)
-
9:48 - 9:52SW ကျွန်မလည်း အရှုံးမှာ နံပါတ်တစ်ပဲ၊
ဒီတော့ ကျွန်မပြောနိုင်တာ အားလုံးရှင်သိတယ်။ -
9:52 - 9:53(ရယ်သံများ)
-
9:53 - 9:56(လက်ခုပ်သံများ)
-
9:56 - 9:59GK ရှင်နဲ့ Venus ကြားက အင်အားကို
ကျွန်မ အမြဲကို သိချင်ခဲ့တာ။ -
9:59 - 10:02ရှင့်ကိုသိတဲ့ ရှင့်ဇာတ်လမ်း
နောက်လိုက်တဲ့ လူတိုင်းသိတာက -
10:02 - 10:03ရှင်တို့နှစ်ယောက်ဟာ အရမ်း နီးစပ်ကာ
-
10:03 - 10:06ရှင် ဘာလုပ်လုပ် အကောင်းဆုံး
ကစားပွဲကို ယူလာပေမဲ့ -
10:06 - 10:08မကြာခဏ တွေးမိတာက
သူမနဲ့ ရှင်ကစားနေတဲ့အခါ -
10:08 - 10:12သူမအတွက် တစ်ခုခု ယူလာချင်တာကြောင့်
ရှင် သိပ်မကောင်းတဲ့ ကစားပွဲ ယူလားလာ၊ -
10:12 - 10:15ဒါမှမဟုတ် သူမကို အနိုင်ယူဖို့
အကောင်းဆုံးပွဲ ယူလာလို့ပါ။ -
10:15 - 10:17သူမနဲ့ကစားရတာ ပိုလွယ်လား၊
ဒါမှမဟုတ် ပိုခက်လား။ -
10:17 - 10:19SW Venus နဲ့ကစားရတာ
ကိုယ့်ကိုယ်ကို ကစားရတာမျိုး -
10:19 - 10:23ကျွန်မတို့က အတူတူကစားရင်း
အတူတူ လေ့ကျင့်ရင်း ကြီးပြင်းလာလို့ပါ။ -
10:23 - 10:25ဒါက ခက်ခဲတဲ့အရာပါ၊
-
10:25 - 10:27ကျွန်မရဲ့ အခက်ဆုံး ပြိုင်ဖက်မို့ပါ
-
10:27 - 10:29သူမက အရပ်မြင့်တယ်၊ မြန်တယ်၊
-
10:29 - 10:32ကျွန်မလို ရိုက်ချက်ပြင်းတယ်၊
ကျွန်မလို စပေးတယ်။ -
10:32 - 10:34နံရံတစ်ခုနဲ့ ကစားနေရတာမျိုးပါ။
-
10:34 - 10:35GK သူမ ရှင့်ကိုသိတာပေါ့။
-
10:35 - 10:38SW ကျွန်မဘောလုံး မရိုက်ခင်
ဘယ်ကို ကျွန်မရိုက်နေတာ သူသိတယ် -
10:38 - 10:40ဒီတော့ သိပ်တော့ လွယ်တဲ့ဟာ မဟုတ်ဘူးလေ။
-
10:40 - 10:43ဒါပေမဲ့ တကယ့်ဟာက ကျွန်မ အဲဒီကိုသွားတဲ့အခါ
-
10:43 - 10:46စိတ်ကို ပိတ်ချလိုက်ပြီး
ကိုယ့်ကိုယ်ကို ပြောဖို့လိုတာက -
10:46 - 10:47"ဘာဆိုတာ နင်သိတယ်နော်"
-
10:47 - 10:51တကယ့် ကစားသမားတစ်ယောက်နဲ့ ကစားနေပေမဲ့
ဒီနေ့တာ့ ငါ ပိုတော်ဖို့လိုတယ်၊ -
10:51 - 10:54ငါ့အစ်မ (သို့) ငါ့သူငယ်ချင်း
ဘယ်သူဖြစ်ဖြစ် ငါဂရူမစိုက်ဘူး၊ -
10:54 - 10:57ဒီနေ့ဟာ ငါရောက်လာရမယ့်နေ့၊
ငါပိုတော်ဖို့လိုပြီး -
10:57 - 11:01ကမ္ဘာပေါ်က ဘယ်နေရာဖြစ်ဖြစ်
ဒီအခိုက်မှာ ဒါကို အြခားသူထက်ကို -
11:01 - 11:03ငါပိုလိုချင်ဖို့ လိုတယ်။"
-
11:03 - 11:07GK ဒီတော့ ကွင်းပေါ်မှာ Venus ကို
ဘယ်တော့မှနောက်မဆုတ်ဘူးပေါ့၊ -
11:07 - 11:11ဘာလို့ဆို သိတဲ့အတိုင်း
အမြဲတမ်း Venus နဲ့ Serena ဖြစ်နေတာလေ။ -
11:11 - 11:12SW ဟုတ်ပါတယ်။
-
11:12 - 11:15GK အခု ညီမလေးက အစ်မကြီးကို
ကျော်သွားပြီ၊ -
11:15 - 11:16ဒီအတွက် လိပ်ပြာမလုံ ဖြစ်မိလား။
-
11:16 - 11:18ဒါကို ပီတိဖြစ်မိလား။
-
11:18 - 11:20ဒါက ရှင့်အတွက် ခက်ခဲတဲ့ အနေအထားလား။
-
11:20 - 11:21SW အဲဒါ တစ်ခုမှ ကျွန်မ မခံစားရဘူး။
-
11:22 - 11:25ကျွန်ဘဝမှာ Venus နဲ့ Serena ဆိုပြီး
ရှိနေဆဲ၊ အမြဲ ထာဝရ ရှိနေလိမ့်မယ်။ -
11:25 - 11:28သူမက ကျွန်မရဲ့ တစ်သက်တာ အချစ်၊
ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း၊ -
11:28 - 11:29စိတ်တူကိုယ်မျှ အဖော်ပါ။
-
11:29 - 11:31ဆိုလိုတာက
-
11:31 - 11:33ကျွန်မကို တွန်းနေတဲ့ သူပုံတွေရှိတယ်၊
-
11:33 - 11:36ပုံတွေက သိပ်တော့မကာင်းပါဘူး၊
ဒါမှမဟုတ်ရင် တင်းနစ်ကစားကွင်းက -
11:36 - 11:39တွန်းလှည်းထဲမှာ ကျွန်မကို
တွန်းနေတဲ့ပုံတွေ မျှဝေမှာ -
11:39 - 11:40ကျွန်မကို အမြဲစောင့်ရှောက်တယ်။
-
11:40 - 11:44ကျွန်မ မုန့်ဖိုးအာလုံးကို ရေခဲမုန့်ကားနဲ့
ပစ္စည်းတွေမှာ သုံးလေ့ရှိခဲ့ပြီး -
11:44 - 11:48ကျွန်မမှ တစ်ခုခု စားဖို့ သေချာအောင်လို့
သူက သူ့ပိုက်ဆံကို ယူပြီး -
11:48 - 11:51ကျောင်းမှာ ကျွန်မကို ပေးတယ်၊
သူကတော့ အငတ်ခံတယ်လေ။ -
11:51 - 11:53ကျွန်မ စသိချိန်ကတည်းကကိုပဲ
သူမက တကယ့်ကို -
11:53 - 11:56ဒီလို လူမျိုးပါ။
-
11:56 - 11:59ဒီတော့ တစ်ဦးကိုတစ်ဦး ဒီလို
မယုံကြည်နိုင်လောက်တဲ့ လေးစားမှု၊ -
11:59 - 12:00ချစ်ခင်မှုရှိတယ်။
-
12:00 - 12:04ကျွန်မထင်တာက လူတွေ နားလည်ဖို့အရေးကြီးတာက
သင်ဟာ အောင်မြင်နိုင်တယ်၊ -
12:04 - 12:06ဒါပေမဲ့ အံ့ဩဖွယ် ဆက်ဆံရေး
ရှိနိုင်သေးတယ်ဆိုတာပါ။ -
12:06 - 12:08ကွင်းမှာ အသေအကြေ ရန်သူတွေဆိုပေမဲ့
-
12:08 - 12:11လက်ဆွဲနှုတ်ဆက်အပြီးမှာတော့
အခင်ဆုံးသူငယ်ချင်းတွေ ပြန်ဖြစ်သွားတယ်လေ။ -
12:12 - 12:16ကျွန်မ ရှုံးရင် နောက်တစ်ရက်လောက်
အကြာမှာပေါ့၊ -
12:16 - 12:17ဒါပေမဲ့ Venus ကျတော့
-
12:17 - 12:20(ရယ်သံများ)
-
12:20 - 12:23GK ရှင်ဘောလုံးရိုက်တဲ့ ကွင်းထဲမှာ
တစ်ခါမှ မရှိခဲ့ဘူးပေါ့။ -
12:23 - 12:27"ဘာညာဘာညာတွေ ရှင်လုပ်တော့
ခုနှစ်တန်းအတွက်" ဆိုတော့လေ။ -
12:27 - 12:28ဒီလိုကာလ တစ်ခုမှ မရှိခဲ့ဘူးလား။
-
12:29 - 12:31SW: သူမမှာ ဒီလိုကာလတွေ ရှိမယ်လို့
ခံစားမိတယ်။ -
12:31 - 12:33သူကျွန်မကို မကောင်းတာ
မလုပ်ဖူးဘူးလို့ပါ။ -
12:33 - 12:35ဒါပေမဲ့ ကျွန်မက အငယ်ဆုံး၊
အငယ်ဆုံး ညီမပါ။ -
12:35 - 12:38GK Serena သူက မင်းကို တစ်ခါမှ
မကောင်းတာမလုပ်ဖူးဘူး၊ တကယ်၊ -
12:38 - 12:41ညီအစ်မသုံးယောက်ရှိတယ်၊ ကိုယ်က
မကောင်းတာလုပ်ခဲ့တာတွေ စဥ်းစားလို့ရတယ်၊ -
12:41 - 12:43SW မေ့အောင် ကျွန်မကို
ဦးနှောက်ဆေး မခံခဲ့ရင်ပေါ့။ -
12:44 - 12:48SW နိုး၊ ကျွန်မသိတဲ့ သူ့အတွက် ရှင့်အချစ်က
သိပ်ဖြူစင်တယ်၊ ကျွန်မသိတယ်။ -
12:48 - 12:49SW ဟုတ်ကဲ့၊
GK ကျွန်မသိတယ် -
12:49 - 12:51SW အမြဲ အလွန်ရင်းနှီးအောင်
ပျိုးထောင်ခံရပြီး -
12:51 - 12:53မယုံနိုင်အောင် ရင်းနှီးပါတယ်။
-
12:53 - 12:54သူမတစ်ဦးတည်းမဟုတ်ပဲ
-
12:54 - 12:59ကျွန်မှာလည်း အခြားညီမသုံးယောက်ရှိပြီး
အမြဲတမ်း အရမ်းရင်းနှီးပါတယ်။ -
12:59 - 13:02GK ဒီတော့ ပြိုင်ပွဲကြီးတစ်ခု မစခင်
နှစ်ယောက် မဆုံဘူးပေါ့၊ -
13:02 - 13:05ဆိုရရင်၊ ကြည့်စမ်း၊ ငါတို့ အဲဒီကိုသွားမယ်၊
ပြီးရင် ဒါပဲနော်၊ -
13:05 - 13:07SW အင်း၊ ဒါက ရယ်စရာပဲ။
Australian Open မစခင်က -
13:07 - 13:09ကျွန်မတို့ အဝတ်လဲခန်းမှာ အတူတူလေ၊
-
13:09 - 13:13သူမကို ကျွန်က အမြဲရွေးပေးပြီး
သူမ အဝတ်လဲနေတုန်း ကင်မရာကိုဆွဲထုတ်ပြီး -
13:13 - 13:16သူ့ပုံတွေ ရိုက်တော့တာပဲ။
တကယ်တော့ မသင့်တော်ဘူးလေ၊ -
13:16 - 13:17ကျွန်မကို စိတ်ဆိုးပြီး
-
13:17 - 13:20"Serena ရပ်စမ်း" လိုပြောတယ်။
ကျွန်မကတော့ သူ့ကို ရယ်နေတာပဲ။ -
13:20 - 13:24ဒါပေမဲ့ ဒါက ကျွန်မတို့မှာ ရှိတဲ့
ဆက်ဆံရေးမျိုးပါ၊ ကျွန်မပြောခဲ့သလိုပဲ -
13:24 - 13:26ကွင်းထဲကို ခြေလှမ်းဝင်အချိန်မှာ
-
13:26 - 13:30အသေအကြေတိုက်မယ့် ရန်သူတွေဆိုတာ
အတိအကျပေါ့။ -
13:30 - 13:34ဒါပေမဲ့ ထွက်တဲ့အချိန်မှာတော့ အရင်
ကာလတွေလို ကျွန်မတို့ဟာ -
13:34 - 13:36ဒါက အဲဒါပဲလေ၊ အဆုံးမှာတော့ သူမဟာ ကျွန်မရဲ့
-
13:37 - 13:38အမြဲတမ်း အစ်မဖြစ်နေမှာပဲလေ။
-
13:38 - 13:40Australia မှာ ကျွန်မ မကစားတော့ဘူး
-
13:40 - 13:42အင်း၊ ဘယ်သူသီမှာလဲ၊
ကျွန်မထာဝရ ကစားနေမှာလေ၊ -
13:42 - 13:44ဒါပေမဲ့ အသက် ၅၀ မှာတော့
မကစားတာ့ဘူး ထင်တာပဲ။ -
13:44 - 13:46ဘေးကင်းပြီး နှစ် ၅၀ ဆိုရအောင်။
-
13:46 - 13:49GK ကျွန်မမသိဘူး၊ Serena
ရှင့်လိုလူ ဘယ်သူမှ မရှိဖူးဘူး။ -
13:49 - 13:51ဒီအကြောင်းတွေးတဲ့အခါ
ရှင်မှာရှိတဲ့ နည်းနဲ့ -
13:51 - 13:54ကျား၊မ၊လူမျိုးပိုင်ခြားတဲ့သူ
ဘယ်သူမှ မရှိဖူးဘူး။ -
13:54 - 13:57ရှင်မှာရှိတဲ့ အဓိကက
ရှင်မှာရှိတဲ့ စိစစ်မှုပါ။ -
13:57 - 14:00ရှင် ကြီးပြင်းလာတော့ "ငါ ဒီလိုဖြစ်ချင်တယ်"
လို့ ပြောခဲ့သေးလား။ -
14:00 - 14:02ဘာလို့ဆို အခု ကလေးမတွေက
"ဒီလိုဖြစ်ချင်တယ်" -
14:02 - 14:03လို့ ပြောရင်း ရှင့်ကို ကြည့်နေတာ၊
-
14:03 - 14:06ရှင့်အတွက် "ဒီလိုဖြစ်ချင်တာ"
ဆိုသူက ဘယ်သူလဲ။ -
14:06 - 14:09SW အင်း၊ စိတ်ဝင်စားစရာပဲ၊
ရှင်ဒါကို အစဖော်ပေးတာ ဝမ်းသာတယ်၊ -
14:09 - 14:11ကျွန်မအတွက် ကြီးလာတော့
အကောင်းဆုံး အြမဲ ဖြစ်ချင်ခဲ့ပြီး -
14:11 - 14:15ပြောခဲ့တာက အကောင်းဆုံးဖြစ်ချင်ရင်
အကောင်းဆုံးထက်သာအောင်လုပ်ဖို့တယ်ပေါ့။ -
14:15 - 14:17ဒါနဲ့ အရမ်း ငယ်တုန်းက လှည့်လည်ကစားတော့
-
14:17 - 14:20Steffi Graf ကို မြင်မယ်၊
Monica Seles ကို မြင်မိမယ် -
14:20 - 14:22ပြီးတော့ Pete Sampras ကိုတောင် မြင်မိပြီး
-
14:22 - 14:23သူတို့လုပ်တာ မြင်မိလိမ့်မယ်၊
-
14:23 - 14:25သတိထားမိတာက Steffi နဲ့ Monica တို့ဟာ
-
14:25 - 14:28အခြား ကစားသမားတွေကို စကားမပြောဘူး၊
-
14:28 - 14:30ဒါဟာ သူတို့ကိုယ်ပိုင် ဆိုတာမျိုးဖြစ်ပြီး
-
14:30 - 14:31အရမ်း အာရုံစိုက်နေကြတာပါ၊
-
14:31 - 14:34Pete Sampras လုပ်တဲ့ နည်းစနစ်ကို
မြင်ပြီး " ငါ ဒါကို လုပ်ချင်တယ်" -
14:34 - 14:37လို့ ပြောခဲ့တယ်ပေါ့။
-
14:37 - 14:40ဒါနဲ့ ကျွန်မလုပ်ခဲ့တယ်၊ အကောင်းဆုံး
ဖြစ်ဖို့ကိုခံစားရပြီး -
14:40 - 14:42အကောင်းဆုံးဖြစ်ချင်ရင်
-
14:42 - 14:43လူတွေနားမှာ တရစ်ဝဲဝဲလုပ်ပြီး
-
14:43 - 14:45အကောင်းဆုံးဖြစ်တဲ့ လူတွေကို
ကြည့်ဖို့လိုပါတယ်။ -
14:46 - 14:47အကြောင်းက ထိပ်တန်းအဆင့်မရှိတဲ့
-
14:47 - 14:50လူကို ကြည့်မနေရင်
အကောင်းဆုံးဖြစ်လာမှာ မဟုတ်လို့ပါ။ -
14:50 - 14:52GK ဘယ်သူမှ ရှင့်လို မကြိုးစားဘူး
လို့ပြောကြတယ်။ -
14:52 - 14:55SW ကျွန်မက အရမ်းကြိုးစားသူပါ၊
GK ဒါ ကျွန်မကြားခဲ့တာ။ -
14:55 - 14:57SW လူတွေက "အိုး ပါရမီရှင်ပဲ၊
ကြံ့ခိုင်လိုက်တာ"တဲ့၊။ -
14:57 - 15:00တကယ်တော့ မဟုတ်ပါဘူး။
ကျွန်မအသက်နဲ့ဆို အရမ်းညှပ်တယ်၊ -
15:00 - 15:01ကြီးလာမှ ထွားလာတာပါ၊
-
15:01 - 15:03တကယ်ကို ကြိုးစားခဲ့ရပြီး
-
15:03 - 15:06ကျွန်မ ဘာလို့ ဒီလောက် အပြင်းအထန်
တိုက်ခိုက်၊ ကြိုးစားတာရဲ့ အကြောင်း -
15:06 - 15:08တစ်ခုက ကျွန်မဟာ အင်မတန်ကို
ညှပ်လို့ထင်ပါတယ်။ -
15:08 - 15:10GK အင်း။
-
15:10 - 15:11ရှင်ဟာ မညှပ်တော့ပါဘူး။
-
15:11 - 15:14SW အခု ပြည့့်ပြည့်ဝဝ ထွားလာပါတယ်။
-
15:14 - 15:17ဒါပေမဲ့ ဘာဖြစ်ဖြစ်
ငယ်ငယ်တုန်းကတော့ ညှပ်တယ်လေ၊ -
15:17 - 15:20Venus ကတော့ Wheaties အားလုံး
စားခဲ့လောက်တယ် ထင်တယ်။ -
15:20 - 15:23GK ရှင့်ကိုယ်နဲ့ပတ်သက်ပြီး
လူတွေပြောတဲ့ တစ်ခြားဟာကို သိလား -
15:23 - 15:27ရှင့်ကိုယ်ခန္ဓာက ယောကျ်ားတွေနဲ့
မိန်းမတွေကို ဒူးထောက်စေတယ်၊ -
15:27 - 15:29ကျွန်မက ကောင်းတဲ့နည်းနဲ့ ပြောတာပါ၊
-
15:29 - 15:31အများက ရှင့်ကိုယ်လောက် လုပ်ထားတယ်။
-
15:31 - 15:36ဒါက အနုပညာ လက်ရာပါ၊
ယောကျားဆန်းတယ်၊ စွဲမက်ဖွယ်လေ၊ -
15:36 - 15:38ဒါမျိုး တစ်ခုမှ မရှိဖူးဘူး။
-
15:38 - 15:41ရှင်ကြီးလာတော့ ကိုယ်ခန္ဓာ
ပြဿနာတွေ ရှိခဲ့လား။ -
15:41 - 15:43ရှင့်ကိုယ်ခန္ဓာနဲ့ အမြဲ
သက်တောင့်သက်သာ ဖြစ်လား။ -
15:43 - 15:46SW စိတ်ဝင်စားစရာပါ၊ ဘာလို့ဆို
အများမျက်စိရှေ့မှာ ကြီးလာတဲ့ -
15:46 - 15:48ဆယ်ကျော်သက် မိန်းကလေးဖြစ်တဲ့အခါ
-
15:48 - 15:50ရင်ဆိုင်ရတဲ့ စိစစ်မှု အများကြီးဖြစ်ပြီး
-
15:50 - 15:52ဆယ်ကျော်သက် မိန်းကလေးတိုင်းလိုပါ
-
15:52 - 15:54ကျွန်မကိုယ်ခန္ဓာနဲ့ လုံးဝကို
အဆင်မပြေခဲ့တာပါ။ -
15:54 - 15:55ဒါကို မကြိုက်ခဲ့ဘူး။
-
15:55 - 15:58ဘာလို့ ကျွန်မမှာ ကြွက်သားတွေရှိခဲ့တာ
နားမလည်ခဲ့ဘူး။ -
15:58 - 16:00အလေးမတာ ရပ်ခဲ့တယ််။
-
16:00 - 16:02ပြောရရင် မလုပ်တော့ဘူးပေါ့။
-
16:02 - 16:03ဒါပေမဲ့ US Open နိုင်ပြီးတဲ့အခါ
-
16:03 - 16:06ကိုယ့်ကိုယ်ခန္ဓာက ကိုယ်လိုချင်ခဲ့တဲ့
ရည်းမှန်းချက်တွေရဖို့ ကူညီခဲ့တာ -
16:06 - 16:08သဘောပေါက်ပြီး ဒါကို ကျေနပ်မိချင်ကာ
-
16:08 - 16:11အရမ်းကို ကျေးဇူးတင်မိတယ်။
-
16:11 - 16:12ကျွန်မဟာ အမြဲ ကျန်းမာတယ်၊
-
16:12 - 16:14ကျွန်မဟာ တကယ် ကံကောင်း အလွန် ကံထူးတာပါ။
-
16:14 - 16:17ခံစားမတာက ကျွန်မရဲ့ ကိုယ်ခန္ဓာကို
ကျေနပ်တာမက -
16:17 - 16:19အခြားလူတွေ၊၊ အခြားမိန်းကလေးတွေကို
-
16:19 - 16:21မိမိကိုယ်ကို ကျေနပ်ဖို့ ကျွန်မခံစားရတာ
-
16:22 - 16:23ခံစားစေချင်တာပါ။
-
16:23 - 16:24ဒီတော့ လူတွေ ဘာပြောပြော
-
16:24 - 16:27ယောက်ျားဆန်တယ်၊ ၊များလွန်း၊
နည်းလွန်း၊ ဘာဖြစ်ဖြစ် -
16:27 - 16:30ကိုယ့်ကိုယ်ကို ချစ်နေသရွေ့တော့
အဆင်ပြေပါတယ်။ -
16:30 - 16:33(လက်ခုပ်သံများ)
-
16:34 - 16:37GK အနိုင်ကနေ ရှင် အများကြီး သင်ယူတာ သိတယ်
-
16:37 - 16:39ဒါပေမဲ့ အရှုံးကနေရော ဘာသင်ယူခဲ့လဲ။
-
16:39 - 16:43SW အရှုံးကို မုန်းပေမဲ့ အရှုံးက ကျွန်မကို
ဒီနေ့ ဒီနေရာကို ခေါ်လာခဲ့တာပါ။ -
16:43 - 16:46ကျွန်မလို့ဖြစ်တာရဲ့ တစ်ခုတည်းသော
အကြောင်းက အရှုံးတွေကြောင့်ပါ၊ -
16:46 - 16:48တစ်ချိုူဟာတွေက အင်မတန်ကို နာကျင်စေပါတယ်။
-
16:48 - 16:51ဒါပေမဲ့ ဒါတစ်ခုကိုမှ ဖြေဖျောက်မှာမဟုတ်ဘူး။
-
16:51 - 16:54အကြောင်းက ကျွန်မ ရှုံးတိုင်း
-
16:54 - 16:56ကျွန်မအတွက် ထပ်ရှုံးဖို့ဆိုတာ အကြာကြီးပါ။
-
16:56 - 16:58ဒီကနေ အများကြီး သင်ယူလိုက်ရလို့ပါ။
-
16:58 - 17:00ကျွန်မ စက၊းပြောတဲ့ လူတိုင်းကို
ကျွန်မ အားပေးတာ -
17:00 - 17:03နားထောင်ပါ၊ သင်ရှုံးရင် (သို့)
အားကစားမှမဟုတ် -
17:03 - 17:06စီးပွားရေးမှာ၊ ကျောင်းမှာ
တစ်ခုခုဖြစ်သွားရင် -
17:06 - 17:07ဒါကနေ သင်ယူလိုက်ပါ။
-
17:07 - 17:10အတိတ်မှာ မနေပါနဲ့ ပစ္စုပ္ပန်မှာ နေပါ။
-
17:10 - 17:12အနာဂတ်မှာ ဒီအမှားမျိုး မလုပ်ပါနဲ့။
-
17:12 - 17:14ဒါက ကျွန်မ အမြဲလက်ခံဖို့
ကြိုးစားတဲ့ အရာပါ။ -
17:14 - 17:16GK အခု ရှင် လက်ထပ်ဖို့ စီစဉ်နေတော့
-
17:16 - 17:18ကျွန်မသိချင်တာက
Catskills (သို့) Poconos မှာ -
17:18 - 17:21ရည်မှန်းထားတဲ့ လက်ထပ်ပွဲလား
(သို့) Florida မှာ လုပ်မလား။ -
17:21 - 17:23ရှင်ဘာကို စဉ်းစားနေလဲ၊
-
17:23 - 17:25အကြီးကြီးလား၊ အသေးလေးလာ။
-
17:25 - 17:28SW အလတ်စားကို စဉ်းစားနေတယ်၊
သိပ်အကြီးကြီး မလုပ်ချင်ဘူး။ -
17:28 - 17:31ဒါပေမဲဲ့ နောက်တော့ ကျွန်မတို့ ဒီလူ၊
ဒီလူ မငြင်းပါဘူး၊ -
17:31 - 17:34ဒီတော့ အလတ်စားအရွယ် စဉ်းစားနေတယ်၊
စဉ်းစားနေတုန်းပါပဲ။ -
17:34 - 17:37ကျွန်မ စရိုက်က အရမ်းရယ်စရာ၊
ဒါကို ဒီနေ့ ရှင်မြင်လိုက်ရမလားပဲ။ -
17:37 - 17:38သိပ် အသည်းအသန်ကြီးမဟုတ်ဘူး။
-
17:38 - 17:40GK ရှင် ကတာကို ကြိုက်တယ်ပေါ့၊
-
17:40 - 17:43Serena Williams ရဲ့ နောက်ကဏ္ဍက
ဘာလဲ။ -
17:43 - 17:45SW အို့၊ ကျွန်မအတွက် နောက်တစ်ကဏ္ဍ
-
17:45 - 17:47ရှင်းနေတာက ကျွန်မ ကလေးရတော့မယ်။
-
17:47 - 17:50ကျန်းမာအောင်နေပြီး ပြန်လာကာ
တင်းနစ် ကစားတာ၊ -
17:50 - 17:52ဖက်ရှင်လိုင်းမှာ ဆက်လုပ်နေမှားပေါ့။
-
17:52 - 17:53တကယ့် ပျော်စရာဖြစ်လိမ့်မယ်။
-
17:53 - 17:55GK ကောင်လေး၊ ကောင်မလေးဆိုတာ ရှင်သိလား၊
-
17:55 - 17:59SW ကျွန်မမှာ ဒီခံစားချက် တစ်ခုမှ မရှိဘူး၊
-
17:59 - 18:01အခွင့်က တစ်ဝက်စီဆိုပေမဲ့ ခံစားချက်ရှိတယ်
-
18:01 - 18:02GK Gayle ဟာ ကျား၊မ နာမည်ပါ၊
-
18:02 - 18:05ရှင်နဲ့ Alexis တို့ ဘာပဲ ဆုံးဖြတ်ပါစေ
ဆက်အားပေးနေမှာပါ။ -
18:05 - 18:07SW ဒါအတွက် ကျေးဇူးပါ၊
GK ရပါတယ်ရှင်။ -
18:07 - 18:10မင်းကို အားပေးနေတယ် Serena Williams.
SW ကျေးဇူးအများကြီးပါ။ -
18:10 - 18:11ကျေးဇူးပါ သူငယ်ချင်းတို့၊
-
18:11 - 18:14(လက်ခုပ်သံများ)
- Title:
- တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း
- Speaker:
- Serena Willans and Gayle King
- Description:
-
နှစ်ဆယ့်သုံးခုသော Grand Slam တံခွန်စိုက်တွေပြီးတဲ့ အခါမှာတော့ တင်းနစ် ဆူပါစတား Serena Williams ဟာ သူမရဲ့ ဘဝ၊ ချစ်ခြင်းမေတ္တာ ၊ အနိုင်တွေနဲ့ အရှုံးတွေအကြောင်း နွေးထွေးပြီး ကျီစယ်တဲ့သဘောပါတဲ့ ဆွေးနွေးချက်ကို မျှဝေဖို့ သတင်းစာသမား Gayle King နဲ့ ထိုင်လိုက်ပါတယ်။ သူမရဲ့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို ကမ္ဘာကြီးနဲ့ အမှတ်မထင်ပဲ မျှဝေမိတယ်ဆိုတဲ့ အဖြစ်နဲ့ စလိုက်ခြင်းပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 18:28
sann tint approved Burmese subtitles for On tennis, love and motherhood | ||
sann tint edited Burmese subtitles for On tennis, love and motherhood | ||
sann tint edited Burmese subtitles for On tennis, love and motherhood | ||
Myo Aung accepted Burmese subtitles for On tennis, love and motherhood | ||
Myo Aung edited Burmese subtitles for On tennis, love and motherhood | ||
sann tint edited Burmese subtitles for On tennis, love and motherhood | ||
sann tint edited Burmese subtitles for On tennis, love and motherhood | ||
sann tint edited Burmese subtitles for On tennis, love and motherhood |