ကင်ဆာရောဂါဟာ ကလေးကစားစရာမဟုတ်ပါ၊ ဒါပေမဲ့ ကလေးတွေအတွက်တော့ ဖြစ်နိုင်ပါတယ်။ Simone Lehwess Mozzilli | TEDxSaoPauloSalon
-
0:15 - 0:16အလုပ်က ကြော်ငြာလုပ်ငန်းပါ။
-
0:16 - 0:20ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊
နည်းပညာနဲ့ အမြဲ တွဲလုပ်ပါတယ်။ -
0:20 - 0:25ဒါပေမဲ့ ဆေးရုံတွေမှာ ကင်ဆာဒေနာရှင်
ကလေးတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ်၊ -
0:25 - 0:28ဒါကို ကလေးတွေနဲ့ လက်တွဲပြီး
နှစ်ပေါင်းများစွာ လုပ်နေခဲ့တာပါ။ -
0:28 - 0:32ကျွန်မ သိတာအားလုံးက ဆက်သွယ်ရေး
ဆိုတာတေ၊င် ကင်ဆာဆိုတာ ဘာလဲဆိုတာကို -
0:32 - 0:36ကလေးတွေကို အကြိမ်များစွာ
မရှင်းပြနိုင်ခဲ့ဘူး၊ -
0:36 - 0:39ကုသမှု၊ ကျင့်ဝတ်နဲ့ လုပ်ငန်းစဉ်က
ဘာလဲဆိုတာပေါ့။ -
0:40 - 0:42ကျွန်မမှာ ဆရာဝန်တွေက teratoma လို့ခေါ်တဲ့
-
0:42 - 0:45သားအိမ် ပြည်တည်အိတ်ရှိတာ
သူတို့သိကြတယ်။ -
0:45 - 0:48တစ်နေ့မှာ သူတို့ထဲက တစ်ဦးက
"သူတို့က တို့ခေါင်းကို ဖွင့်ပေးတယ်၊ -
0:48 - 0:52အသားပိုကိုထုတ်ပစ်ဖို့ ဗိုက်ကို ဖောက်တော့
ပြည်တည်အိတ်ကို ခင်ဗျား မထုတ်တော့ဘူးလား။" -
0:52 - 0:54ကဲ၊ ကျွန်မ စိန်ခေါ်ခံရပြီပေါ့နော်။
-
0:54 - 0:57ဒီဆေးရုံမှာပဲ ခွဲစိတ်မှုခံယူလို့ ရတယ်လေ။
-
0:57 - 1:00ဆရာဝန်တွေ၊ သူနာပြုတွေနဲ့က
ရင်းနှီးပြီးသားပဲလေ။ -
1:00 - 1:03ဒီမှာပဲ ခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။
-
1:03 - 1:04ကျွန်မ သတ္တိမွေးလိုက်တယ်။
-
1:04 - 1:09ကျွန်မက ဆေးရုံ တစ်ခါမှ မတက်ဖူဘူး၊
ချုပ်တာတို့ဘာတို့ကို မခံဖူးဘူး။ -
1:09 - 1:13ရိုးရိုး လုပ်ငန်းစဉ်တိုင်းပဲ သွားခဲ့တယ်၊
နှစ်နာရီ ခွဲစိတ်မှုတစ်ခုပါ၊ -
1:13 - 1:15ICU မှာ နောက် ၁၀ နာရီကြာမှ နိုးလာခဲ့တယ်။
-
1:15 - 1:18ကင်ဆာရောဂါသည် ကလေးတွေနဲ့
ကျွန်မနေခဲ့ဖူးတဲ့ ICU မှာပါပဲ။ -
1:18 - 1:22အောက်ကို ငုံ့ကြည့်လိုက်တော့
ဒီပြွန်လေးတွေနဲ့ ကြိုးတွေ တွေ့ရတာပေါ့။ -
1:22 - 1:24(ရယ်သံများ)
-
1:24 - 1:26ကျွန်မဗိုက်ကို ချုပ်ထားတယ်။
-
1:26 - 1:28သူနာပြုကို ခေါ်ပြီး "ကင်ဆာလား"လို့
မေးလိုက်တယ်။ -
1:28 - 1:30သူက "ဟုတ်တယ်"တဲ့။
-
1:30 - 1:32ကျွန်မရဲ့မိဘတွေကို ခေါ်လို့ရမလားလို့
-
1:32 - 1:35မေးလိုက်တော့ သူက ဧည့်ချိန်လွန်နေပြီတဲ့။
-
1:35 - 1:39ဒါနဲ့ ကျွန်မ အိပ်ပျော်တဲ့အထိ ကျွန်မလက်ကို
ကိုင်ထားဖို့ သူ့ကိုပြောလိုက်တယ်။ -
1:39 - 1:41နောက်တော့ ဆေးရုံအခန်းထဲမှာ
ကျွန်မ နိုးလာခဲ့တယ်၊ -
1:41 - 1:46ကျွန်မမှာ ကင်ဆာ၊ ဆင့်ပွားအကျိတ်နဲ့
သံသယဖြစ်ရတဲ့ သွေးဖြူဖုတွေရှိတယ်။ -
1:46 - 1:50ကလေးတွေကို ကျွန်မ အမြဲပြောတာက
"ဒါကို ဂူဂဲလ်မှာ မကြည့်နဲ့နော်"။ -
1:50 - 1:54တကယ်တော့ ဒါက ရှာဖို့
အကောင်းဆုံးနေရာ မဟုတ်ဘူးလေ၊ -
1:54 - 1:57ကံကောင်းတယ် ဆိုရင်တောင်မှနော်။
-
1:57 - 2:01ဒါနဲ့ စိတ်ချရတဲ့နေရာတွေမှာ
သတင်းအချက်အလက်ရှာခဲ့တယ်။ -
2:01 - 2:04ဆေးရုံ ဝက်ဘ်ဆိုဒ်တွေမှာ
စပြီး သုတေသနလုပ်ခဲ့တယ်။ -
2:04 - 2:07အဲဒီအချိန်တုန်းကတော့ ကျွန်မအတွက်
"စိတ်ချရတဲ့" တစ်ခုတည်းသော သတင်းအချက်အလက်က -
2:07 - 2:09ကျွန်မ သေတော့မယ်ဆိုတာပဲလေ။
-
2:09 - 2:13အကြောင်းက ဒါဟာ အကြမ်းကြုတ်ဆုံးအကျိတ်မျိုး
ကုသဖို့အခွင့်အလမ်းမရှိသလောက်မို့လို့ပါ။ -
2:13 - 2:17တဖြည်းဖြည်း သတိပြုမိလာတာက
သတင်းအချက်အလက်ပမာဏက -
2:17 - 2:20တစ်ခါတစ်ရံ အထောက်အကူမဖြစ်တာ၊
စိတ်ဝင်စားချင်အောင် လုပ်မပေးတာပါ။ -
2:20 - 2:22မကြာခဏ "ကင်ဆာ"ဆိုတာကို
အသံထွက်မဆိုနိုင်တဲ့အခါ -
2:22 - 2:26တစ်ဦးဦးကို စိတ်ဝင်စားဖို့
သင်ဘယ်လိုများလုပ်မလဲ။ -
2:27 - 2:29ကျွန်မ ထိပ်ပြောင်သွားပြီး
-
2:31 - 2:35ဆံပင်တုက ကျွန်မကို စိတ်ရှုပ်စေတယ်၊
ဒါက ပူပြီး ယားကျိကျိနဲ့လေ။ -
2:35 - 2:38ဒါပေမဲ့ သူငယ်ချင်းတွေက ကျွန်မကိုကူညီဖို့
သူတို့ဆံပင်တွေ လှူပေးနေတယ် -
2:38 - 2:40ဒါက ကျွန်မကို ဆံပင်လှူခြင်းဆိုတဲ့
-
2:40 - 2:43သူတို့မှာရှိတဲ့ သတင်းအချက်အလက်ကို
ကျွန်မ သဘေပါက်ချိန်ပါ။ -
2:43 - 2:47တကယ်ဆို ဆံပင်တုက ကျွန်မကြောင့်
မဟုတ်ပဲ သူတို့ကြောင့်ပါ -
2:47 - 2:49ကျွန်မကို ထိပ်ပြောင်နဲ့
မမြင်ချင်ကြဘူးလေ။ -
2:50 - 2:52ဒါနဲ့အတူ မသင့်လျော်ဆုံးလို့
ကျွန်မထင်ခဲ့တဲ့ -
2:52 - 2:55သတင်းအချက်အလက်
အများကြီး စတွေ့ခဲ့တယ်၊ -
2:55 - 2:59ထိပ်ပြောင်နဲ့ ဆေးရုံထဲကို ကျွန်မ
လမ်းလျှောက်ဝင်လာတော့ ကလေးတွေက -
2:59 - 3:02"အိုး၊ ကတုံး တုံးလိုက်တာ
ဒါဆို ကျွန်တော်တို့နဲ့ တူသွားပြီးပေါ့"တဲ့။ -
3:02 - 3:05ကျွန်မက " အေး၊ အခု ငါ မင်းတို့လိုပဲလေ၊
-
3:05 - 3:08ငါ့မှာ ကင်ဆာရှိတယ်၊ မင်းတို့ဆီက ရတာလေ။
-
3:09 - 3:12စိတ်အေးအေးထား၊ မင်းတို့ကို မကူးနိုင်ဘူး၊
နီးနီးနေလို့ရတယ်၊ မင်းတို့ကို မကူးဘူး။" -
3:14 - 3:16ဒါပေမဲ့ ပြက်လုံးက ကူးသွားတယ်။
-
3:16 - 3:18ကလေးတွေ အများကြီး
စပြောတော့တာပဲ၊ -
3:18 - 3:21လုပ်ငန်းစဉ်တွေကို ကျွန်မကို ပြောကြတယ်။
-
3:21 - 3:25ကျွန်မ ပိုက်သွင်းတဲ့အခါ
ကျွန်မက အရင် ဓာတ်တုကုထုံးမလုပ်ဖူးတော့ -
3:25 - 3:28ပထမတစ်ခုက အကြောကနေ သွင်းတာပါ၊၊
-
3:28 - 3:30ကျွန်မ ဆေးရုံသုံး ကိရိယာတစ်စုံ ရတယ်။
-
3:30 - 3:35ဒီကိရိယာထဲမှာ ဆပ်ပြာတစ်တုံး၊
သွားတိုက်ဆေးနဲ့ သွားပွတ်တံပါတယ်။ -
3:35 - 3:39ဒါပေမဲ့ ခေါင်းလျှော်ရည်၊ ရေချိုး
ခေါင်းစွပ်နဲ့ ဘီးလည်းပါတယ်။ -
3:39 - 3:41ဒါပေမဲ့ ကျွန်မမှာ ဆံပင်မရှိဘူးလေ။
-
3:42 - 3:44ကျွန်မအတွက်တော့ သတင်းအချက်အလက်ပါ၊
-
3:44 - 3:46လုပ်ငန်းစဉ်ကို စပြီး ဓာတ်ပုံရိုက်တယ်၊
-
3:46 - 3:47ကျွန်မ အကုန်လုံး ရှာကြည့်တယ်။
-
3:47 - 3:50ကလေးတွေဆီ ဓာတ်ပုံတွေပိုပြီး
သူတို့ကို ကြိုးစားရှင်းပြတယ် -
3:50 - 3:53"ကြည့်၊မင်းတို့ ဒါဖြတ်ကျော်ရမယ်။
ဟိုဟာ ဖြတ်ကျော်ရမယ်။" -
3:53 - 3:54ဘာဖြစ်ခဲ့လဲလား။
-
3:54 - 3:58ကလေးတွေက သူတို့လုပ်ငန်းစဉ်အကြောင်း
တုံ့ပြန်ချက် စပေးတယ်။ -
3:58 - 4:01အရာတွေကို ကျွန်မကိုပြတယ်၊
အပေါက်ဖောက်တဲ့ ဗီဒီယိုတွေ၊ ဓာတုကုထုံး၊ -
4:01 - 4:04ရေဒီယိုကုထုံးလုပ်တာတွေ ပို့ပေးတယ်။
-
4:04 - 4:08ကျွန်မတောင် မလုပ်ခဲ့တဲ့
အဆင့်အများကြီးကိုပြပေးတယ်။ -
4:08 - 4:11ဒါနဲ့အတူ ကျွန်မတို့ဟာ ရှေ့ဆက်ပြီး
အတူတူ ကစားနေခဲ့တာပေါ့။ -
4:11 - 4:14ဒါပေမဲ့ ကလေးတွေနားမလည်ကြဘူးလို့
ကျွန်မတို့ ထင်ကြတယ်မို့လား။ -
4:14 - 4:16ကလေးတွေ မသိဘူးလို့
ကျွန်မတို့ ထင်ကြတယ်။ -
4:16 - 4:20ကျင့်ဝတ်၊ ဓာတုကုထုံးအတွက်အမည်၊
-
4:20 - 4:22လုပ်ငန်းစဉ် အကုန်လုံး သူတို့သိတယ်။
-
4:22 - 4:25တစ်ခါတစ်လေ မိဘတွေက
သူတို့ကိုကာကွယ်ဖို့ မပြောဖို့ကြိုးစားပေမဲ့ -
4:25 - 4:26နောက်တော့ သင်ပြောမယ်လို့ သင်ထင်တာက
-
4:27 - 4:30"ဓာတုကုထုံးဟာ ပြင်းထန်တဲ့ ဆေးဝါးဖြစ်လို့
ဆံပင် ကျွတ်တယ်။" -
4:30 - 4:34ဒီနောက် ကလေးဟာ သူ့အမေနဲ့ ဆေးဆိုင်ကို
လိုက်သွားတော့ ဆေးရောင်းသူက -
4:34 - 4:35ဒါဟာ ပြင်းထန်တဲ့ဆေးလို့ ပြောတယ်။
-
4:35 - 4:38သူတို့ ဘယ်လိုထင်မလဲ။
သူတို့ဆံပင် ကျွတ်မှာပေါ့။ -
4:38 - 4:42ဒါပေမဲ့ ဓာတုကုထုံးက ဆံပင်ကျွတ်စေတာက
-
4:42 - 4:45နှစ်ဆ အမြန်ပွားတဲ့ ဆဲလ်တွေကိုသတ်တာကြောင့်၊
-
4:45 - 4:49အမြန် နှစ်ဆပွားတဲ့ အကျိတ်ဆဲလ်တွေတင်မက
-
4:49 - 4:51ဆံပင်ဆဲတွေကိုရောလို့ ရှင်းပြတဲ့အခါ
-
4:51 - 4:54သူတို့ နားလည်သွားပြီး ပြောတာက
"အိုး၊ အလုပ်လုပ်နေတယ်။" -
4:54 - 4:56ဒါက ကလေးတွေကို စတင်စိတ်ဝင်စားစေတယ်။
-
4:56 - 4:59လုပ်ငန်းစဉ်တွေအကြောင်း အများကြီး
စပြောခဲ့တယ်။ -
4:59 - 5:02ဆရာဝန်တွေက ကျွန်မကို
စမခေါ်ခင် အထိပေါ့၊ -
5:02 - 5:07"ကောင်းပြီ၊ ပိုက်သွင်းရမယ့် လူနာတစ်ဦး
ရှိတယ်၊ ခင်ဗျား ဒီကို လာလို့ရမလား" -
5:07 - 5:08ကျွန်မ သွားခဲ့တယ်။
-
5:08 - 5:11ခြေထောက်ဖြတ်ခံရမယ့် လူနာတစ်ယောက်
ရှိတယ်။ ခင်ဗျား ဒီကိုလာနိုင်မလား။ -
5:11 - 5:15ကျွန်မက "ဒေါက်တာ၊ ကျွန်မမှာ ကိုယ်အင်္ဂါ
ငါးခုမရှိပေမဲ့ ခြေနှစ်ဖက်တော့ရှိတယ်။" -
5:15 - 5:18"ဒါဆို ပြေးလာလေ။"
-
5:18 - 5:19ကျွန်မ သွားခဲ့တယ်။
-
5:19 - 5:24ကြော်ငြာလုပ်ငန်းနဲ့
ကျွန်မ မလုပ်နိုင်တော့တဲ့နေ့ မတိုင်ခင်ပေါ့ -
5:24 - 5:28ဆရာဝန်တွေ၊ ဆေးဘက်ပညာရှင်တွေ၊
ဖန်တီးတဲ့ မိတ်ဆွေတွေကို ခေါ်လိုက်ပြီး -
5:28 - 5:30NGO တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။
-
5:30 - 5:31ဒါနဲ့ Beaba ကိုတည်ထောင်ခဲ့တယ်။
-
5:31 - 5:34Beaba လို့ခေါ်တာက
ကင်ဆာရဲ့ အခြေခံဖြစ်လို့ပါ။ -
5:34 - 5:35ကျွန်မတို့ ဘာတွေလုပ်ခဲ့လဲ။
-
5:35 - 5:38အမြဲလိုလိုလို ကျန်းမာရေးအကြောင်း
သတင်းအချက်အလက် ပေးသူတွေဟာ -
5:38 - 5:40ကျန်းမာရေးနဲ့ ကြော်ငြာ ကျွမ်းကျင်သူတွေပါ၊
-
5:40 - 5:43ဒါပေမဲ့ သတင်းအချက်အလက်က
မိဘ ဗဟိုပြုလို့ပြောလို့ရတယ်။ -
5:43 - 5:46ဒါပေမဲ့ မိဘဆိုတာ နောက်ဆုံး
ဒါကို အတည်ပြုဖို့လေ။ -
5:46 - 5:49ဒါက မိဘ ဗဟိုပြု၊ သူတို့တွေပါပေမဲ့
လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးမှပါ။ -
5:49 - 5:52လူနာကို လုပ်ငန်းစဉ်ရဲ့ အလယ်မှာထားဖို့
ကျွန်မတို့ ဆုံးဖြတ်ခဲ့တယ်။ -
5:52 - 5:54ဒါနဲ့ ကလေးတွေကို အလုပ်လုပ်စေတယ်။
-
5:54 - 5:59ကျွန်တို့ တိုးတက်အောင်လုပ်နိုင်တယ် ထင်တာ၊
ကျွန်မတို့မှာရှိတဲ့ မေးခွန်းတွေနဲ့ -
5:59 - 6:03ဆရာဝန်တွေပြောပေမဲ့ နားမလည်နိုင်တာ
တွေကို စာရင်းပြုရင်း အချိန်အတော်ကြာခဲ့တယ်။ -
6:03 - 6:07ဒါနဲအတူ ကင်ဆာကျိတ်ဆိုင်ရာ ဝန်းကျင်ရဲ့
အသုံးအများဆုံး ဝေါဟာရတွေကို -
6:07 - 6:09သရုပ်ဖော်ခဲ့တယ်။
-
6:09 - 6:14ဒါအားလုံးကို ကျန်းမာရေး ပညာရှင်တွေရဲ
အထောက်အပံ့နဲ့ သရုပ်ဖော်ခဲ့ပါတယ်။ -
6:14 - 6:16ဒါပေမဲ့ အင်မတန် အရေးပါတဲ့အချက်နဲ့အတူ
-
6:16 - 6:20တစ်ခါတစ်လေမှာ အရာတွေဟာ မြင်ရတဲ့အတိုင်း
ရှင်းလင်းချက်တွေ မလိုအပ်တာပါ။ -
6:20 - 6:22တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ
-
6:22 - 6:27"ချစ်တယ်"လို့ရေးပြီး အသည်းပုံထည့်တယ်၊
သွေးကြောတွေဆွဲလို့လား။ -
6:27 - 6:28ကျွန်မတော့ မထင်ဘူး။
-
6:28 - 6:30ဒါနဲ့ ဒါကို စလုပ်ခဲ့ကြတယ်။
-
6:30 - 6:33ဒါနဲ့အတူ ကလေးတွေဟာ လုပ်ငန်းစဉ်တွေကို
စတင် နားလည်လာတယ်။ -
6:33 - 6:36ဒီဝေါဟာရတွေကနေ ကျွန်မတို့ရဲ့ ပထမဆုံး
ကုန်ကြမ်းထွက်လာတယ်။ လမ်းညွှန်တစ်ခုပါ။ -
6:37 - 6:40ဒီလမ်းညွှန်ကို ကုသမှုထဲက
ကလေးတွေဆီ ဖြန့်ဝေတယ်။ -
6:40 - 6:45ကံဆိုးချင်တော့ တစ်နှစ် အစောင် နှစ်ထောင်၊
သုံးထောင်လောက်ပဲထုတ်ဝေနိုင်ပါတယ်။ -
6:45 - 6:47ပရိတ်သတ်ထဲမှာ ကမကထပြုသူများ
ရှိမလားလို့ -
6:47 - 6:48(ရယ်သံများ)
-
6:48 - 6:52ဘရာဇီးမှာ ကင်ဆာရောဂါဖြစ်တဲ့ကလေး
တစ်နှစ်ကို တစ်သောင်းသုံးထောင်ရှိပါတယ်။ -
6:52 - 6:54ဘာဖြစ်ခဲ့လဲ
-
6:55 - 6:58ဆေးရုံတွေဟာ လမ်းညွှန်စသုံးလာတယ်၊
ဒါကို တောင်းလာကြတယ်။ -
6:58 - 7:01ဘရာဇီးမှာ ဆေးရုံ ၄၀ ကျော်ရှိတယ်။
-
7:01 - 7:04ကလေးတွေဟာ ဒါကို မြင်လာပြီး
စတောင်းလာကြတယ်၊ -
7:04 - 7:06နယူးဇီလန်၊ ဂျပန်နဲ့
နိုင်ငံအမျိုးမျိုးက ကလေးတွေပါ။ -
7:06 - 7:10ကျွန်မ ပြောတာက "ဒါက ပေါ်တူဂီလိုရေးတာ"
သူတို့က "ကျွန်တော်တို့မှာ ဘာသာပြန်ရှိတယ်" -
7:10 - 7:14လမ်းညွှန်ကို ဘရာဇီး မြောက်ပိုင်းနဲ့
အရှေ့အမြောက်ကိုက အရမ်းတောင်းခံတယ်၊ -
7:14 - 7:18အကြာင်းက ကလေးတွေနဲ့ သူတို့မိဘတွေက
စာမတတ်ကြတာများလို့ပါ။ -
7:18 - 7:19နောက် ဆရာဝန်တွေ တောင်းကြတယ်။
-
7:19 - 7:23လုပ်ငန်းစဉ်ရဲ့စာမျက်နှာတွေကို
ခြေရာခံတယ်၊ကလေးတွေ ကြုံရတော့မှာလေ။ -
7:23 - 7:28ဒါနဲ့အတူ ရှင်းလင်းအောင်လုပ်ပြီး
လူတွေကို စိတ်ဝင်စားအောင်လုပ်တယ်၊ -
7:28 - 7:30အခြားလုပ်ဆောင်မှုများစွာ လုပ်တယ်။
-
7:31 - 7:33သတင်းအချက်အလက်၊ လူတွေဟာ
အရမ်း အရေးကြီးပါတယ်။ -
7:33 - 7:37တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ
ဆိုတာတာက သတင်းအချက်အလက် နည်းပညာပါ၊ -
7:37 - 7:42ခေတ်မီ၊ ရှုပ်ထွေးတဲ့ 3D ပုံ၊
စက်ရုပ်တွေမဟုတ်ဘူး။ -
7:42 - 7:46တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ
ကိရိယာထဲက ဘီးတစ်ချောင်းပါ။ -
7:46 - 7:50ဒီတော့ ဘာပြောမလဲ၊ ဘာ ဟောပြောမလဲ။
-
7:50 - 7:52အရာတိုင်းအတွက်
သတင်းအချက်အလက်ရှိဖို့လိုပါတယ်။ -
7:52 - 7:56ဥပမာ သိကြလားတော့ မသိဘူး၊
ပွဲတစ်ခုကို စီစဉ်တဲ့အခါ -
7:56 - 8:02ထိပ်ပြောင်ကလေးတွေဟာ ထိပ်မပြောင်သူတွေထက်
လက်ဆောင်နဲ့ ဂရုစိုက်မှု အများကြီးပိုရတယ်။ -
8:02 - 8:03ဒါပေမဲ့ တစ်ခါတစ်လေ ထိပ်ပြောင်ကလေးဟာ
-
8:03 - 8:06ကုသမှု ခံယူထာပြီးသား ကင်ဆာမရှိတော့ပါဘူး။
-
8:06 - 8:10တစ်ခါတစ်လေ ထိပ်မပြောင်တဲ့ကလေးဟာ
ကင်ဆာရှိတယ်၊ ဓာတုကုထုံး မပေးရသေးလို့လေ။ -
8:10 - 8:14သူတို့ဟာ ကုသမှုလို ဆေးဝါး
စောင့်ရှောက်မှုတစ်ခုမှမရှိဘူး။ -
8:14 - 8:17တစ်ခါတစ်ရံ ဒါဖြစ်တတ်တာက
ကလေးတွေနဲ့တင်မဟုတ်ပဲ -
8:17 - 8:19
ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းမှာရောပါ။ -
8:19 - 8:21ကျွန်မ ကုသမှုခံယူစဉ်က
-
8:21 - 8:24လူ့အဖွဲ့အစည်းမှာ ဒီလိုဟာတွေရှိတယ်
ကံဆိုးချင်တော့ ကျွန်မက ကြော်ငြာလုပ်ငန်း -
8:24 - 8:29ထိပ်ပြောင်၊ဝမ်းနည်း၊ ညှိုးငယ်နေတဲ့ကလေး
ထည့်ရင် အများကြီး ပိုရောင်းရမှာသိတယ်။ -
8:29 - 8:30ငွေအများကြီးပိုပြီး မတည်နိုင်မယ်။
-
8:30 - 8:34ဒါပေမဲ့ Beaba ရဲ့ ဝက်ဘ်ဆိုဒ်ကိုကြည့်ရင်
ဒါမျိုး တွေ့ရမှာမဟုတ်ဘူး။ -
8:34 - 8:37သင်သာ မိဘဆိုရင် ဘာဖြစ်တတ်လဲ။
-
8:37 - 8:39အကြိမ်များစွာ ကျွန်မဟာ ဆေးရုံအခန်းထဲမှာပါ၊
-
8:39 - 8:42အားနည်း၊ ပျော့ခွေနေပြီး ဒီပစ္စည်းတွေ
ရရှိခဲ့ပြီး တွေးမိတာက -
8:42 - 8:45"ငါ ဒီအဆင့်ထိ ရောက်ပါ့မလား။"
-
8:45 - 8:49ဒီနောက် ကျန်းမာတဲ့ ကလေးတွေရဲ
မိဘတွေဆီကနေ ဖုန်းဝင်လာတယ်။ -
8:49 - 8:53ဖုန်'ခေါ်ပြီး ပြောတာက "ကျွန်တော့ သမီးဟာ
အိမ်မှာ ဒုက္ခအတော်ပေးနေတယ်။" -
8:53 - 8:57ခက်ခဲတဲ့ အခြေအနေက ဘာဆိုတာ
မြင်ဖို့ သူ့ကို ဆေးရုံ ခေါ်သွားချင်တယ်။" -
8:57 - 8:59အမေအတွက် ဒါလုပ်ဖို့ အဆင်ပြေပေမဲ့
-
8:59 - 9:01ဒီအခန်းထဲမှာရှိတာက
ကလေးလား၊ လူကြီးလား -
9:01 - 9:03ကျွန်မလား ဆိုတာ သူစဉ်းစားမိလား၊
-
9:03 - 9:05ဒီလိုဆို လူတွေပြတင်းပေါက်ကို
ဖြတ်သွားခိုက်မှာ -
9:05 - 9:08"ငါ့ဘဝဟာ သိပိကောင်းတယ်"လို့
ပြောတဲ့လူတွေကို မြင်ရလား -
9:08 - 9:13အကြိမ်များစွာမှာ ဒီလိုပါ၊ အကူအညီလိုတဲ့အခါ
လုပ်ပိုင်ခွင့်နဲ့ တန်ဖိုးထားမှုလိုတယ်။ -
9:13 - 9:16သင့်ကို ဒေါက်ဖြုတ်တဲ့
သတင်းအချက်အလက်တွေပဲ ရှာတာလေ -
9:17 - 9:21ဒီတော့ ဒါကိုလည်း ကျွန်မတို့ ဂရုထားဖို့
အရမ်း အရေးကြီးတယ်လို့ထင်တယ်၊ -
9:21 - 9:24လူနာတွေတင်မက၊ လူ့အဖွဲ့အစည်းအတွက်ရောပါ။
-
9:24 - 9:28အကူအညီပေးတဲ့ ဒီလူတွေအားလုံးနဲ့
သတင်းအချက်အလက် ဖန်တီးပါတယ်။ -
9:28 - 9:30အချစ်တွေ အများကြီးလည်း ပါတာပေါ့လေ၊
-
9:30 - 9:32ဘာလို့ဆိုတော့ ဒါက
သိပ်အရေးပါတယ်ထင်လို့ပါ။ -
9:32 - 9:35ကလေးတစ်ချို့ကို ကယ်တင်ဖို့
ဆေးရုံထဲကို ကျွန်မဝင်ခဲ့တယ်၊ -
9:35 - 9:37သူတို့က ကျွန်မအသက်ကို ကယ်ခဲ့တယ်၊
-
9:37 - 9:38ဒီနေ့ ကျွန်မလုပ်နိုင်တာကတော့
-
9:38 - 9:42အခြားသူများစွာကို ကယ်နိုင်ဖို့ ကျွန်မတို့
အတွက် သတင်းအချက်အလက် ဖန်တီးဖို့ပါ။ -
9:42 - 9:43ကျေးဇူးပါ။
-
9:43 - 9:45(လက်ခုပ်သံများ)
(အားပေးသံများ)
- Title:
- ကင်ဆာရောဂါဟာ ကလေးကစားစရာမဟုတ်ပါ၊ ဒါပေမဲ့ ကလေးတွေအတွက်တော့ ဖြစ်နိုင်ပါတယ်။ Simone Lehwess Mozzilli | TEDxSaoPauloSalon
- Description:
-
Simone Mozzilli ကနေပြီး သင့်တင့်လျောက်ပတ်တဲ့ သတင်းအချက်အလက်ဟာ ကင်ဆာရောဂါကို ရှင်းရှင်းလင်းလင်းဖြစ်နိုင်ပုံ၊ လူနာတွေကို ကုသရာမှာ အံကျဖြစ်နိုင်ပုံနဲ့ သူမရဲ့ အသက်အပါအဝင် အသက်တွေကို ကယ်တင်နိုင်ပုံအကြောင်း ဆွေးနွေးထားပါတယ်။ Communication (FAAP), Design (Escola Panamericana) နဲ့ဘွဲ့ရခဲ့ပြီး ဘွဲ့လွန်ဒီဂရီကို Information Technology (USP) and Integrative Medicine (Albert Einstein) မှာ ရယူခဲ့ကာ Apple, Disney နဲ့ Sony တို့လို ဖောက်သည်များအတွက် နည်းပညာနဲ့ ဖျော်ဖြေရေး ဝန်ဆောင်မှုပေးရင်း ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ မှာ ရင့်နေတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်နေတာ မတွေ့ရှိခင်အထိ ကင်ဆာရောဂါသည် ကလေးတွေနဲ့အတူ ၂၀၀၈ ခုနှစ်ကတည်းက စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေခဲ့ပါတယ်။ သူမရဲ့ကုသမှုဖြစ်စဉ်အတွင်းမှာ လူနာတွေ စိတ်ဝင်စားစေမယ့် သင့်တော်တဲ့ပစ္စည်းတွေ ရှာဖွေရခက်တာကို သတိပြုမိခဲ့တယ်။ ဒါကြောင့် ကင်ဆာကျိတ် လေ့လာမှုနဲကုသမှုပညာ ( Oncology ) ကို အာရုံစိုက်တဲ့ သတင်းအချက်အလက် နည်းပညာအတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx
တွင် ပိုလေ့လာနိုင်ပါတယ်။ - Video Language:
- Portuguese, Brazilian
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 09:56