< Return to Video
Polynomials1
  • 0:11 - 0:14
    ဒီမှာပြောထားတာက p သည် ၇ ထက် ကြီးတယ်ပေါ့။
  • 0:14 - 0:17
    ဒါဆို ထောင့်မှန်စတုဂံ၏ ဧရိယာ ကို တွက်ကြည့်ကြမယ်။
  • 0:17 - 0:20
    အလျား p နှင့် အနံ ၂r တို့ ကိုအသုံးပြုပြီးတော့ပေါ့။
  • 0:20 - 0:23
    ထောင့်မှန်စတုဂံက ဒီမှာ
  • 0:23 - 0:28
    သူ့ ဆီမှာ အလျား p နှင့်အနံ 2r ရှိမယ်။
  • 0:28 - 0:30
    ဧရိယာက ဘယ်လောက်လဲ။ ကောင်းပြီ
  • 0:30 - 0:34
    အလျား x အနံ ဆိုရင် ဧရိယာရမယ်။
  • 0:34 - 0:41
    ဒီမှာရမယ့် ဧရိယာသည် 2rp
  • 0:41 - 0:43
    အလျား xအနံ သို့ မဟုတ် အနံx အလျား
  • 0:43 - 0:46
    ဧရိယာသည် ၂rp နဲ့ ညီမျှတယ်။ထောင့်မှန်စတုဂံအတွက်ပေါ့။
  • 0:46 - 0:48
    အခု ကျွန်တော်တို့ က ဒီကဧရိယာနှင့် စက်ဝိုင်းဧရိယာ တို့ 
  • 0:48 - 0:50
    ၏ခြားနားခြင်းကို ရှာရဦးပါမယ်။
  • 0:50 - 0:53
    စက်ဝိုင်း၏ဧရိယာ၏ အချင်း 4r
  • 0:53 - 0:55
    ဒါဆို စက်ဝိုင်း၏ဧရိယာကဘယ်လောက်ဖြစ်မလဲ။
  • 0:55 - 0:58
    ဒီနားမှာစက်ဝိုင်းလေးတစ်ခုလောက်ဆွဲလိုက်မယ်လေ။
  • 0:58 - 1:05
    ကျွန်တော်တို့ စက်ဝိုင်းကဒီလိုမြင်ရမယ်။ သူ့ မှာ အချင်း 4 r ရှိတယ်။
  • 1:05 - 1:07
    စက်ဝိုင်း၏ ဧရိယာကို ဘယ်လို ရှာကြမလဲ။
  • 1:07 - 1:15
    စက်ဝိုင်း၏ ဧရိယာသည် ပိုင်(r) ကို နှစ်ထပ်ကိန်းတင်တာနဲ့ ညီတယ်။r သည် အချင်းဝက်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။
  • 1:15 - 1:17
    ကျွန်တော်တို့ ကို အချင်းပေးထားတယ်။ အချင်းဝက်သည် သူ ၏တစ်ဝက်ပေါ့။
  • 1:17 - 1:21
    ဒီမှာရှိတဲ့ အချင်းဝက်သည် အချင်းကိုတစ်ဝက် ဝက်ထားတဲ့အတွက် သူ့ တန်ဖိုး က 2r
  • 1:21 - 1:29
    စက်ဝိုင်း ဧရိယာသည် pi x 2r squared
  • 1:29 - 1:31
    ဒါသည်ဒီမှာရှိနေတဲ့အချင်းဝက်ပဲ။ ကျွန်တော်တို့ က အချင်းဝက်တစ်ခုစလုံးကို နှစ်ထပ်ကိန်းတင်လိုက်မှာပေါ့။
  • 1:31 - 1:37
    သူက pi x 4x r2 ဖြစ်တယ်။ကျွန်တော်က ဒါကြီးတစ်ခုလုံးကို နှစ်ထပ်ကိန်းတင်လိုက်တယ်။
  • 1:37 - 1:48
    သို့ မဟုတ် ကျွန်တော်တို့  အစီအစဉ်ကိုပြောင်းလိုက်မယ်ဆိုရင်၊စက်ဝိုင်း၏ ဧရိယာ= ၄(pi)r2
  • 1:48 - 1:50
    ကျွန်တော်တို့ က ခြားနားခြင်းကို ရှာရတော့မယ်။
  • 1:50 - 1:54
    ခြားနားခြင်းကိုရှာရန်၊ ဒါက အကူအညီဖြစ်မယ်။
  • 1:54 - 1:56
    ဒီနှစ်ခုထဲမှာဘယ်သူကကြီးတယ်ဆိုတာကိုရှာဖို့ ရာအတွက်ကျွန်တော်တို့ က ရ လဒ်ကိုအနှုတ်အနေနဲ့ ထားလိုက်လို့ မရဘူး။
  • 1:56 - 2:01
    ပေးထားတာက p သည် 7r ထက်ကြီးတယ်။
  • 2:01 - 2:06
    ဒါဆိုစဉ်းစားကြည့်မယ်။ p သည် 7r ထက် ကြီးမယ်ဆိုရင်
  • 2:06 - 2:08
    နောက် ၂ ကျွန်တော်ဒီလိုနည်းနဲ့ ရေးလိုက်မယ်။
  • 2:08 - 2:14
    ကျွန်တော်တို့ က p သည် 7r ထက်ကြီးတယ်ဆိုတာသိထားတယ်။ဒါဆို ကျွန်တော်တို့ က
  • 2:14 - 2:17
    ညီမျှခြင်း ၂ခုစလုံး ကို ၂r နဲ့ မြှောက်မယ်ဆိုရင် ပြီးတော့ 2r သည် အပေါင်းသင်္ကေတ
  • 2:17 - 2:20
    ကျွန်တော်တို့ က အပေါင်းတွေနဲ့ ပဲ ဆက်ပြီးသွားလို့ ရမယ်။အလျားမှာ အနှုတ်နဲ့ မထွက်ဘူးလေ။
  • 2:20 - 2:25
    ကျွန်တော်တို့  ညီမျှခြင်း ၂ဖက်စလုံးကို ၂r နဲ့ မြှောက်မယ်ဆိုရင်။ဒါသည် ညီမျှခြင်းကိုပြောင်းလဲမသွားစေပါဘူး။
  • 2:25 - 2:30
    ဒါကို၂r နဲ့ မြှောက်လိုက်တဲ့အတွက် ဒါကိုလဲ ၂r နဲ့ မြှောက်ရမယ်ပေါ့။
  • 2:30 - 2:41
    နောက် ကျွန်တော်တို့ ညီမျှခြင်းသည် 2r(p) က 14r နှစ်ထပ်ကိန်း ထက်ကြီးတယ်။
  • 2:41 - 2:44
    အခု ဘာကြောင့်စိတ်ဝင်စားဖို့ ကောင်းတာလဲဆိုတဲ့ မေးခွန်းမမေးခင် မှာ ဘာကြောင့် 2r နဲ့ မြှောက်ရမှာလဲဆိုတဲ့မေးခွန်းကိုပြန်မေးရမှာ။
  • 2:44 - 2:48
    ဒါသည် ထောင့်မှန်စတုဂံ၏ဧရိယာနဲ့ ဘာကြောင့်တူရတယ်ဆိုတဲ့အကြောင်းအရင်းပဲဖြစ်တယ်။
  • 2:48 - 2:56
    ဒါသည် ထောင့်မှန်စတုဂံ၏ဧရိယာ ဖြစ်ပြီးတော့ ၁၄ r squared က ဘာလဲ။
  • 2:56 - 3:02
    Pi ကို ၄ ခါမြှောက်တာ၏ အဖြေသည် ၁၄ထက်နည်းရမယ်။
  • 3:02 - 3:09
    သူက ၁၄ထက်ငယ်တယ်။ ဒါဆို ၄ pi သည် 14 ထက်နည်းတာပေါ့။
  • 3:09 - 3:24
    ၁၄သည် ကျွန်တော်ဒီလိုထားလိုက်မယ်။ ၄ အမြှောက် ၃.၅သည် 14 နဲ့ ညီတယ်မလား။
  • 3:24 - 3:30
  • 3:30 - 3:35
    ဒီမှာရှိတဲ့  တန်ဖိုးတွေသည် ဒီမှာရှိတာတွေထက် တန်ဖိုးများတယ်။
  • 3:35 - 3:39
    သူက 4(pi)r squared ထက်လဲကြီးတယ်။ ဒါဆိုကျွန်တော်တို့ သိရမှာက
  • 3:39 - 3:44
    ဒီထောင့်မှန်စတုဂံ၏ ဧရိယာသည် စက်ဝိုင်း၏ဧရိယာထက်ကြီးတယ်။
  • 3:44 - 3:46
    ဒါဆို ထောင့်မှန်စတုဂံ၏ ဧရိယာကနေပြီးတော့.
  • 3:46 - 3:48
    စက်ဝိုင်း၏ဧရိယာကိုနှုတ်လိုက်မယ်ဆိုရင် သူတို့ နှစ်ခု၏ခြားနားခြင်းကိုရရှိလာမယ်ပေါ့။
  • 3:48 - 3:51
    ခြားနားခြင်း၏အဖြေသည် ထောင့်မှန်စတုဂံ၏ ဧရိယာပဲဖြစ်မယ်။
  • 3:51 - 3:55
    သူ့ ကို တွေ့ ရမှာက 2r(p)အဖြစ်နဲ့ ပေါ့။
  • 3:55 - 3:59
    နောက် ကျွန်တော်တို့ က စက်ဝိုင်း၏ ဧရိယာထဲကနေပြီးတော့နှုတ်မယ်။
  • 3:59 - 4:06
    စက်ဝိုင်း၏ ဧရိယာသည် ၄(pi)r squared.
  • 4:06 - 4:09
    အင်း ဒါကအဓိပါယ်နဲ့ ပြည့်စုံရှင်းလင်းမယ်လို့ တော့ထင်ရတာပဲ။
  • 4:09 - 4:13
    ကျွန်တော်ထပ်ပြီးတော့ သေချာချင်သေးတာက၊ ကျွန်တော်ကစက်ဝိုင်းနဲ့ ပတ်သက်တဲ့ ညီမျှခြင်းတစ်ကြောင်းပေးခဲ့တယ်နော်။
  • 4:13 - 4:16
    စက်ဝိုင်း၏ ဧရိယာသည် (pi)r squared ဖြစ်ရမှာပေါ့။
  • 4:16 - 4:19
    နောက်တော့ အချင်းဝက်သည် တကယ်တမ်းတော့
  • 4:19 - 4:22
    ၂r ပေါ့။ ကျွန်တော်က 2r ကို r တစ်ခုနဲ့ အစားသွင်းလိုက်မယ်နော်။
  • 4:22 - 4:24
    ဒါကသင့်ကို ရှုပ်ထွေးသွားမစေနိုင်ဘူးလို့ တော့ ကျွန်တော်မျှော်လင့်ပါတယ်။
  • 4:24 - 4:26
    R သည် မည်သည့်အချင်းဝက်မဆိုအတွက် အထွေထွေသုံးတဲ့ ပုံစံပဲ။
  • 4:26 - 4:31
    နောက်ပိုင်းတော့ တကယ့် အချင်းဝက် ၏ ဆိုဒ်သည် r ၏နှစ်ဆဖြစ်တယ်ဆိုတာကျွန်တော်တို့ သိလာရတယ်။
  • 4:31 - 4:33
    ကျွန်တော်က ဒါကို ပုံသေနည်းထဲအစားသွင်းလိုက်မယ်။
  • 4:33 - 4:36
    ဘာပဲဖြစ်ဖြစ်ပါဗျာ။ သင်အတွက်အသုံးဝင်ပါစေလို့ မျှော်လင့်ပါတယ်။
Title:
Polynomials1
Description:
U08_L2_T1_we1 Polynomials1
more » « less
Video Language:
English
Duration:
04:37
KhanAcademy Burmese edited Burmese subtitles for Polynomials1
KhanAcademy Burmese edited Burmese subtitles for Polynomials1
Burmese subtitles
Revisions