Return to Video

Dividing a Decimal by a Power of 10

  • 0:01 - 0:04
    ကျွန်တော်တို့ 99.061 ကို
  • 0:04 - 0:08
    100 နဲ့စားမှာဖြစ်ပါတယ်။
  • 0:08 - 0:09
    ဒါကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။
  • 0:09 - 0:11
    ဒါပေမဲ့ ဒီ ရုပ်သံမှာတော့ ကျွန်တော်
  • 0:11 - 0:13
    ပိုမိုမြန်ဆန်တဲ့ နည်းလမ်းနဲ့ စဉ်းစားမှာဖြစ်ပါတယ်။
  • 0:13 - 0:14
    သင်တို့လဲ နားလည်မယ်လို့ မျှော်လင့်ရပါတယ်။
  • 0:14 - 0:17
    ဒါကလဲ ကျွန်တော်တို့ အဓိကထားတဲ့ အကြောင်းအရာပါ။ သင်တို့ နားလည်ဖို့ပဲဖြစ်ပါတယ်။
  • 0:17 - 0:20
    ကျွန်တော်တို့ ဒီကြောင်းဆက်စဉ်းစားရအောင်။
  • 0:20 - 0:27
    99.061၊ 99.061 ကို 10 နဲ့ စားမယ်ဆိုရင်
  • 0:27 - 0:28
    ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပါ
  • 0:28 - 0:31
    ဒါကို 10 နဲ့စားမယ်ဆိုရင် ကျွန်တော်တို့ ဘာရမလဲ
  • 0:31 - 0:34
    ကျွန်တော်တို့ ဒဿမနေရာကို ရွှေ့ယုံပါပဲ။
  • 0:34 - 0:37
    ဘယ်ဘက်ကို တစ်နေရာပါ။ နားလည်မယ်လို့ ထင်ပါတယ်။
  • 0:37 - 0:39
    ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ကိန်းပြည့် 99 ရှိပါတယ်။
  • 0:39 - 0:43
    99 ကို 10 နဲ့စားမယ်ဆိုရင် ကိန်းပြည့် 9 ကျန်ခဲ့မှာဖြစ်ပါတယ်။
  • 0:43 - 0:46
    ဒါကြောင့် ဒဿမနေရာကို ရွေ့ဖို့အရေးကြီးပါတယ်။
  • 0:46 - 0:49
    10 နဲ့စားမယ်ဆိုရင် ဘယ်ဘက်ကို တစ်နေရာပါ။
  • 0:49 - 0:55
    ဒါကြောင့် 9.9061 နဲ့ညီမျှပါလိမ့်မယ်။
  • 0:55 - 0:58
    ဒါကြောင့် ဒီပုစ္ဆာရဲ့ အဓိကဖြစ်တဲ့
  • 0:58 - 1:01
    100 နဲ့စားမယ်ဆိုရင်
  • 1:01 - 1:06
    ဒါကြောင့် 99.061 ကို 100 နဲ့စားမယ်ဆိုရင်
  • 1:06 - 1:08
    ကျွန်တော်တို့ ဒဿမနေရာကို ဘယ်ဘက်ကို တစ်ခါရွေ့မယ်ဆိုရင်
  • 1:08 - 1:10
    10 နဲ့စားတာပါ။
  • 1:10 - 1:13
    100 နဲ့စားမယ်ဆိုရင် ကျွန်တော်တို့ 10 နဲ့နောက်ထပ်တစ်ခေါက် ထပ်စားရပါလိမ့်မယ်။
  • 1:13 - 1:16
    ဒါကြောင့် ကျွန်တော်တို့ နှစ်ကြိမ် ရွေ့ရပါမယ်။ တစ်ကြိမ်၊ နှစ်ကြိမ်
  • 1:16 - 1:21
    ဒဿမက ပထမဆုံး နံပါတ် 9 ရှေ့ကို အခုရောက်သွားပါပြီ
  • 1:21 - 1:26
    နားလည်မယ်လို့ထင်ပါတယ်။ 99 က 100 နီးပါးပါ
  • 1:26 - 1:29
    ဒါမှမဟုတ် 100 ထက် နည်းနည်းလေးပဲ နည်းပါတယ်။ ဒါကြောင့် အဲ့ဒါကို 100 နဲ့စားမယ်ဆိုရင်
  • 1:29 - 1:32
    1 ထက်နည်းနည်းလေး နည်းရပါလိမ့်မယ်။
  • 1:32 - 1:34
    ဒါကြောင့် ဒဿမကို ဘက်ဘက်
  • 1:34 - 1:35
    နှစ်နေရာ ရွေ့မယ်ဆိုရင်
  • 1:35 - 1:37
    ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ 10 နဲ့ နှစ်ကြိမ်စားနေလို့ပါ
  • 1:37 - 1:39
    ဒီနည်းနဲ့ စဉ်းစားမယ်ဆိုရင်
  • 1:39 - 1:43
    ကျွန်တော်တို့ 99 ရှေ့မှာ ဒဿမရှိတဲ့ အဖြေကိုရပါလိမ့်မယ်။
  • 1:43 - 1:46
    .99061 ပါ။ ကျွန်တော်တို့ ရှေ့မှာ 0 ထည့်သင့်ပါတယ်။
  • 1:46 - 1:48
    ဒါက ရှင်းရှင်းလင်းလင်းဖြစ်သွားစေပါတယ်။
  • 1:48 - 1:50
    ဒါကြောင့် ကျွန်တော်တို့ ဒါကို ဒီမှာ ရပါပြီ။
  • 1:50 - 1:52
    အခု တစ်ခြားနည်းနဲ့ စဉ်းစားလို့ရပါသေးတယ်။
  • 1:52 - 1:54
    ကျွန်တော် သင်တို့ကို အမြဲတမ်း
  • 1:54 - 1:55
    ဒဿမကို ညာဘက်ရွေ့တာက
  • 1:55 - 1:58
    10 နဲ့စားတာလို့ ထင်စေချင်ပေမဲ့...
  • 1:58 - 2:01
    ဒါပေမဲ့ ညာဘက်ကိုရွေ့မယ်ဆိုရင်။ သင်က 10 နဲ့မြှောက်နေတာဖြစ်သွားပါပြီ။
  • 2:01 - 2:03
    လူတစ်ချို့ကပြောပါလိမ့်မယ်
  • 2:03 - 2:05
    သုညအရေအတွက်ကိုပဲ ရေတွက်ပြီး
  • 2:05 - 2:09
    သင်က စားနေတယ်ဆိုရင်၊ ဒီမှာတော့ 100 နဲ့စားနေတယ်ဆိုရင်
  • 2:09 - 2:14
    100 က သုညနှစ်လုံးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 100 နဲ့စားရင်
  • 2:14 - 2:18
    ဒဿမကို ဘယ်ဘက်နှစ်နေရာရွေ့နိုင်ပါတယ်။
  • 2:18 - 2:20
    အကယ်၍ ဒီလိုလုပ်တာက ပိုမြန်တယ်လို့
  • 2:20 - 2:22
    သင်ထင်ရင် ဒီနည်းအတိုင်းလုပ်နိုင်ပါတယ်။
  • 2:22 - 2:24
    အကယ်၍ သုည အလုံး ၂၀ ရှိမယ်ဆိုရင်...
  • 2:24 - 2:27
    အိုကေ ဒဿမကို ဘယ်ဘက် နေရာ ၂၀ ရွေ့ကြတာပေါ့။
  • 2:27 - 2:30
    ဒါပေမဲ့ ဒီနည်းက ဘာလို့အလုပ်ဖြစ်လဲဆိုတာ သင်တို့ကိုသိစေချင်ပါတယ်။
  • 2:30 - 2:31
    ဒါက ဘယ်လို အဓိပ္ပာယ် ရှိလဲ
  • 2:31 - 2:35
    ဘာလို့ ဒါက သင့်ကို မှန်ကန်တဲ့ ...
  • 2:35 - 2:37
    နံပါတ်တစ်ခုပေးတာလဲ
  • 2:37 - 2:39
    ဒါက ဘာဖြစ်လို့ အဓိပ္ပာယ်ရှိတာလဲ။ အကယ်၍
  • 2:39 - 2:41
    100 နီးပါးရှိတဲ့ ဂဏန်းတစ်ခုကို
  • 2:41 - 2:45
    100 နဲ့စားမယ်ဆိုရင်။ 1 နီးပါးမှာရှိတဲ့ အဖြေကိုသင်ရမှာပါ။
  • 2:45 - 2:48
    ဒီမှာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်
  • 2:48 - 2:50
    သင် ဒဿမကို ဘယ်ညာမှန်မှန်ရွေ့မရွေ့ ဒါမျိုးနဲ့ စစ်နိုင်ပါတယ်။
  • 2:50 - 2:53
    ဘာဖြစ်လို့လဲဆိုတော့ သင်ဒီနည်းနဲ့ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် အသုံးပြုနေမယ်ဆိုရင်
  • 2:53 - 2:56
    သင့်မှတ်ဥာဏ်
  • 2:56 - 2:58
    ဒါမှမဟုတ် သင်ဘယ်လိုပဲခေါ်ခါ်
  • 2:58 - 3:00
    သင့်အနေနဲ့ "ငါတို့ ဒဿမရွေ့တာ
  • 3:00 - 3:02
    ဘက်မှန်ရဲ့လား" လို့တွေးမိပါလိမ့်မယ်။
  • 3:02 - 3:03
    အဲ့အခါမှာ အမှန်တကယ် စစ်တာ ကောင်းပါတယ်။
  • 3:03 - 3:05
    အကယ်၍ 100 နဲ့စားမယ်ဆိုရင်
  • 3:05 - 3:07
    ကျွန်တော်ရမဲ့အဖြေက 100 ထက်နည်းရပါမယ်။
  • 3:07 - 3:09
    ဒဿမကို ဘယ်ဘက်ရွေ့တာက
  • 3:09 - 3:11
    100 ထက်နည်းတဲ့ အဖြေကို ရရှိမှာဖြစ်ပါတယ်။
  • 3:11 - 3:13
    အကယ်၍ ကျွန်တော် 100 နဲ့မြှောက်မယ်ဆိုရင် ကျွန်တော် 100 ထက်ကြီးတဲ့ အဖြေကိုရမှာဖြစ်ပါတယ်။
  • 3:13 - 3:15
    ဒဿမကို ညာဖက်ရွေ့တာက
  • 3:15 - 3:18
    100 ထက်ကြီးတဲ့ တန်ဖိုးကိုရရှိမှာဖြစ်ပါတယ်။
Title:
Dividing a Decimal by a Power of 10
Description:

u3_l2_t2_we4 Dividing a Decimal by a Power of 10

more » « less
Video Language:
English
Duration:
03:18

Burmese subtitles

Revisions