< Return to Video

ချောက်နက်ကြီး။ ပရိုဂရမ်ရေးသူတစ်ယောက်လို တွေးပါ။ ဇာတ်ကွက် အမှတ် ၆။

  • 0:22 - 0:27
    Ethic Hedge နဲ့ Octavia တို့ဟာ အသူတစ်ရာ
    နက်တဲ့ ချောက်ကမ်းပါမှာ ရပ်နေတယ်။
  • 0:27 - 0:29
    ဒါကတော့ သူတို့နဲ့ အစွမ်းထက်တဲ့
    ရှေးဟောင်းပစ္စည်း
  • 0:29 - 0:33
    သုံးခုအနက် နှစ်ခု ထည့်ထားတဲ့ မျှော်စင်
    ကြားမှာ ရှိတဲ့ တစ်ခုတည်းသောအရာပါ။
  • 0:33 - 0:38
    အစောင့်တွေ ပြန်မလာခင် ဖြစ်ကူးဖို့ 

    တိုတောင်းတဲ့ အခွင့်ကောင်းတစ်ခုရှိတယ်။
  • 0:38 - 0:43
    Hedge ရဲ့ ဗလာဖြစ်နေတဲ့ ကိရိယာနဲ့ဆို
    သူဟာ Ethic ဆီ ဖြတ်ကူးနိုင်မှာ မဟုတ်တော့​
  • 0:43 - 0:46
    တစ်ခုတည်းသော ရွေးချယ်စရာက
    တံတားတစ်ခု ဖန်တီးဖို့ပါ။
  • 0:46 - 0:51
    ကံကောင်းစွာနဲ့ အနီးက အတည်မကျတဲ့ ကျောက်တုံး
    အဆင့်တွေက တံတားအစိတ်အပိုင်းတွေပါ။
  • 0:51 - 0:55
    Octavia ကိုယ်တိုင် တီထွင်ထားတဲ့
    ဝဲပျံနေတဲ့ ကျောက်တုံးများလို့ခေါ်ပါတယ်။
  • 0:55 - 0:57
    စွမ်းအင်ပေါက်ကွဲတစ်ခုနဲ့အတူ အပုံကြီးကို
    အသက်သွင်းပါ။
  • 0:57 - 1:02
    Ethic ဖြတ်လျှောက်စဉ်မှာ ချောက်ကို
    တံတားခင်းဖို့ အလိုလို တပ်ဆင်သွားမယ်။
  • 1:02 - 1:06
    ဒါပေမဲ့ အဲဒီမှာ မြှုပ်ကွက်တစ်ခုရှိတယ်။
  • 1:06 - 1:10
    ဝဲပျံနေတဲ့ ကျောက်တုံးတွေဟာ လုံးဝကို
    ရှေ့ပြန်နောက်ပြန်ညီနေမှ ငြိမ်မှာပါ။
  • 1:10 - 1:14
    ဆိုလိုတာက ရှေ့ပြန်နောက်ပြန် ကြည့်တဲ့အခါ
  • 1:14 - 1:17
    တူညီတဲ့ အစဉ်တစ်ခုကို ပုံဖော်ဖို့လိုတာပါ။
  • 1:17 - 1:19
    အပုံတွေက ကျပန်း အစီအစဉ်နဲ စတင်ပေမဲ့
  • 1:19 - 1:23
    ၎င်းတို့ တတ်နိင်ရင် အလိုလို
    ရှေ့ပြန်၊နောက်ပြန် ညီတဲ့
  • 1:23 - 1:24
    ပုံသဏ္ဌာန် အမြဲဖြစ်နေမယ်။
  • 1:24 - 1:27
    ရှေ့ပြန်နောက်ပြန် မညီတော့တဲ့
    နေရာတစ်ခုကို ရောက်သွားရင်တော့
  • 1:27 - 1:28
    တံတား ပြိုကျသွားမှာဖြစ်ပြီး
  • 1:28 - 1:32
    ဒီအပေါ်မှာ ရှိသူတိုင်းဟာ
    ချောက်ကို ကျသွားမှာပါ။
  • 1:32 - 1:33
    နမူနာတစ်ခု ကြည့်ရအောင်။
  • 1:33 - 1:36
    ဒီအပုံက သူ့ဘာသာဆို ငြိမ်နေမှာပါ။
  • 1:36 - 1:39
    ပထမဆုံး A အတုံးတွေဟာ
    အလိုလို နေရာတကျ ရှိပါတယ်။
  • 1:39 - 1:40
    နောက်တော့ B အတုံးတွေ။
  • 1:40 - 1:44
    နောက်ဆုံးမှာတော့ C ဟာ
    B တွေရဲ့ကြားမှာ တင်နေလိမ့်မယ်။
  • 1:44 - 1:47
    ဒါပေမဲ့ A တစ်ခု ထပ်ရှိတယ် ဆိုပါစို့။
  • 1:47 - 1:50
    ပထမ A နှစ်တုံး ဖြစ်ပေါ်ပြီး
    နောက် B တုံးဆိုပေမဲ့
  • 1:50 - 1:54
    ကျန်နေတဲ့ C နဲ့ A တို့က သွားစရာ မရှိတော့
  • 1:54 - 1:56
    အကုန်လုံး ပြိုကျသွားတယ်။
  • 1:56 - 2:01
    Node of Power က အတုံးတွေရဲ့ တစ်ခုတည်းသော
    အပုံကို အားရှိစေဖို့ Hedge ကို ကူပေးတယ်။
  • 2:01 - 2:05
    တည်ငြိမ်တဲ့ ရှေ့ပြန်နောက်ပြန်ညီတဲ့
    အပုံတစ်ပုံကို Hedge အချိန်တိုတိုနဲ့တွေ့ကာ
  • 2:05 - 2:08
    မောင်းနှင်ဖြစ်ဖို့ သူ့ကို Ethic က
    ဘာညွှန်ကြားချက်တွေ ပေးနိုင်လဲ။
  • 2:08 - 2:18
    အခု ခဏရပ်ပြီး ကိုယ်တိုင် အဖြေရှာကြည့်ပါ။
  • 2:18 - 2:24
    ရှေ့ပြန်နောက်ပြန် ညီတာတွေရဲ့ ဥပမာတွေမှာ
    ANNA, RACECAR နဲ့MADAM IM ADAM တို့ပါတယ်။
  • 2:24 - 2:27
    ရှေ့ပြန်နောက်ပြန် ညီပုံရတဲ့ ပေးထားတဲ့
    စာလုံးတစ်လုံးရဲ့ အရေအတွက်ကို ရေတွက်တာက
  • 2:27 - 2:30
    အထောက်အကူရတဲ့ ပုံစံတစ်ခုကို ဖော်ပြမှာပါ။
  • 2:30 - 2:35
    အခု ခဏရပ်ပြီး ကိုယ်တိုင် အဖြေရှာကြည့်ပါ။
  • 2:35 - 2:38
    ဒီပုစ္ဆာအတွက် ခပ်တုံးတုံး အဖြေတစ်ခုအဖြစ်
    အရင်ဆုံး ကြည့်လိုက်ရအောင်။
  • 2:38 - 2:43
    ခပ်တုံးတုံး အဖြေတစ်ခုဟာ ရိုးရိုးအဖြေတစ်ခု၊
    အကောင်းဆုံးလုပ်မထားတဲ့ ပကတိအား နည်းလမ်းပါ
  • 2:43 - 2:45
    ဒါပေမဲ့ အလုပ်ကို ပြီးမြောက်စေမှာပါ။
  • 2:45 - 2:48
    ခပ်တုံးတုံး အဖြေတွေဟာ ပုစ္ဆာတွေကို
    စိစစ်ဖို့ ကူညီတဲ့ နည်းလမ်းတွေဖြစ်ပြီး
  • 2:48 - 2:52
    ပိုကောင်းတဲ့ အဖြေတွေအတွက် လှေကားထစ်တွေ
    အဖြစ် လုပ်ဆောင်ပါတယ်။
  • 2:52 - 2:56
    ဒီဖြစ်ရပ်မှာ ခပ်ရိုးရိုး အဖြေတစ်ခုဟာ
    ကျောက်တုံးပုံတစ်ခုပုံကို ချဉ်းကပ်ဖို့ပါ။
  • 2:56 - 2:57
    အစီအစဉ်အားလုံးကို စမ်းကြည့်ပြီး
  • 2:57 - 3:02
    ရှေ့တစ်ပြန်၊နောက်တစ်ပြန်ဖတ်ပြီး
    ရှေ့နောက်ညီတာတစ်ခု ရှိမရှိ ကြည့်ဖို့ပါ။
  • 3:02 - 3:03
    ဒီနည်းလမ်းနဲ့ ပြဿနာက
  • 3:03 - 3:06
    အချိန်ပမာဏ အများကြီး ယူရမှာပါ။
  • 3:06 - 3:09
    Hedge ဟာ စက္ကန့်တိုင်း အတွဲတစ်ခုကို
    စမ်းသပ်ကြည့်တယ်ဆိုရင်
  • 3:09 - 3:14
    အတုံး ၁၀ မျိုးသာရှိတဲ့ အဆင့်တစ်ခုဟာ
    ပြီးပြည့်စုံဖို့ ၄၂ ရက် ကြာလိမ့်မယ်။
  • 3:14 - 3:18
    အကြောင်းကတော့ စုစုပေါင်းအချိန်ဟာ
    အဲဒီမှာရှိတဲ့ အတုံးတွေရဲ့အရေအတွက်
  • 3:18 - 3:20
    မြှောက်ဖော်ကိန်းရဲ့
    မှီကိန်းတစ်ခုဖြစ်လို့ပါ။
  • 3:20 - 3:23
    ၁၀ တုံးဆီမှာ ပေါင်းစပ်မှုမျိုးစုံ
    ၃ သန်းကျော် ရှိတယ်။
  • 3:23 - 3:28
    ဒီခပ်တုံးတုံး အဖြေက ပြသတာက အတုံး
    တစ်ပုံဟာ ရှေ့ပြန်နောက်ပြန်ညီတာတစ်ခုက
  • 3:28 - 3:31
    ပုံဖော်ပေးနိုင်၊လား ပြောဖို့ အများကြီး
    ပိုမြန်တဲ့နည်းလမ်းတစ်ခု လိုတာကိုပါ။
  • 3:31 - 3:36
    စတင်ဖို့ မတူတဲ့ အတုံးတွေအားလုံးရဲ့
    အပုံတစ်ပုံဟာဘယ်တော့မှ တစ်ခုတည်းမဖြစ်တာ
  • 3:36 - 3:38
    အလိုလို ရှင်းနေလောက်တယ်။
    ဘာကြောင့်လဲ။
  • 3:38 - 3:43
    ပထမဆုံးနဲ့ နောက်ဆုံး အတုံးတွေဟာ
    ထပ်မကျော့ဘူးဆိုရင် အတူညီနိုင်ဘူး။
  • 3:43 - 3:48
    ဒီတော့ ပေးထားတဲ့ အစဉ်တစ်ခုဟာ
    ဘယ်အခါမှာ ရှေ့ပြန်နောက်ပြန်ညီလာလဲ။
  • 3:48 - 3:53
    ဒါကို မှန်းဆကြည့်ဖို့ နည်းလမ်းတစ်ခုက
    ရှိနေတဲ့ ရှေ့နောက်ညီမှုတွေကို စိစစ်ဖို့ပါ။
  • 3:53 - 3:56
    ANNA မှာ
    A နှစ်ခု၊ N နှစ်ခုရှိတယ်။
  • 3:56 - 4:01
    RACECAR မှာ R နှစ်ခု၊
    A နှစ်ခု၊ C ခု နဲ့ E တစ်ခုရှိတယ်။
  • 4:01 - 4:08
    ပြီးတော့ MADAM IM ADAM မှာ
    M ၄ ခု၊ D ၂ ခုနဲ့ I တစ်ခုရှိတယ်။
  • 4:08 - 4:11
    ဟောဒီ ပုံစံကတော့
    အကြိမ်တွေရဲ့ စုံကိန်းတစ်ခု
  • 4:11 - 4:13
    ဖြစ်ပေါ်စေတဲ စာလုံးအများစုပါ။
  • 4:13 - 4:16
    ၁ ဟာ အများဆုံး တစ်ကြိမ်ပဲဖြစ်ပေါ်တယ်။
  • 4:16 - 4:17
    ဟုတ်တယ်မို့လား။
  • 4:17 - 4:20
    RACECAR မှာ E က ၁ ခု အစား
    ၃ ခုရှိတယ်ဆိုရင်ရော။
  • 4:20 - 4:24
    E အသစ်တွေကို အဆုံးတွေမှာ ဆက်တွဲပြီး
    ရှေ့နောက်ညီတာတစ်ခု ရနိင်ပါသေတယ်။
  • 4:24 - 4:26
    ဒီတော့ ၃ ခုက အဆင်ပြေပါတယ်။
  • 4:26 - 4:32
    ဒါပေမဲ့ E သုံးခု၊ C သုံးခု သေချာစေပြီး
    နောက်ဆုံး C ကို သွားနေရာမရှိပါစေနဲ့။
  • 4:32 - 4:35
    ဒီတော့ ယေဘုယျအကျဆုံး အတွင်းသဘောက
  • 4:35 - 4:39
    စာလုံးတစ်လုံး အများဆုံး ပေါ်စေတာက
    မ အကြိမ် အရေအတွက်တစ်ခုဆိုပေမဲ့
  • 4:39 - 4:42
    ကျန်တာကတော့ စုံ ဖြစ်ဖို့လိုတယ်။
  • 4:42 - 4:46
    Hedge ဟာ အဆင့်တိုင်းထဲက စာလုံးတွေကို
    ရေပြီး အဘိဓာန်လို့ စီစဉ်နိုင်တယ်။
  • 4:46 - 4:49
    ဒါက သိမ်းထားတဲ့ သတင်းအချက်အလက်ရဲ့
    သေသပ်တဲ့နည်းလမ်းတစ်ခုပါ။
  • 4:49 - 4:53
    ဒီနောက် ကျော့ကွင်းတစ်ခုဟာ ပြီးပြတ်သွားပြီး
    မ ကိန်းတွေပေါ်တဲ့ အကြိမ်ပေါင်းကို ရေတယ်။
  • 4:53 - 4:59
    မ အက္ခရာ ၂ လုံးထက် နည်းရင် အဆင့်ကို
    ရှေ့နောက်ညီတာတစ်ခုအဖြစ် လုပ်လို့ရပါတယ်။
  • 4:59 - 5:03
    ဒီနည်းလမ်းက ခပ်တုံးတုံး အဖြေထက်
    အများကြီးကို ပိုမြန်ပါတယ်။
  • 5:03 - 5:06
    မြောက်ဖော်ကိန်း အချိန်အစား
    အစဉ်လိုက် အချိန် ကြာပါတယ်။
  • 5:06 - 5:08
    အဲဒီမှာရှိတဲ့ အတုံးအရေအတွက်ကို
  • 5:08 - 5:10
    လိုက်ပြီး အချိန်တိုးလာတဲ့ နေရာပါ။
  • 5:10 - 5:14
    အပုံတွေကို တစ်ခုချင်း ချဉ်းကပ်ဖို့ Hedge
    အတွက် ကျော့ကွင်းတစ်ခုကို အခု ရေးပြီး
  • 5:14 - 5:19
    ကောင်းတာတစ်ခုကို သူတွေ့တဲ့အခါ ရပ်လိုက်ပါ။
    သွားဖို့ အသင့်ဖြစ်ပါလိမ့်မယ်။
  • 5:19 - 5:20
    ဟောဒီမှာ ဖြစ်ပျက်သွားတာပါ။
  • 5:20 - 5:24
    Hedge ဟာ လျင်မြန်ပေမဲ့ အပုံတွေက
    သိပ်များလွန်းတော့ အချိန်အကြာကြီး ယူရတယ်။
  • 5:24 - 5:25
    ကြာကို ကြာလွန်းတာပါ။
  • 6:18 - 6:20
    Ethic နဲ့ Hedge ဟာ ဘေးကင်းပေမဲ့
  • 6:20 - 6:22
    Octavia ကတော့ ကံသိပ်မကောင်းရှာဘူး။
Title:
ချောက်နက်ကြီး။ ပရိုဂရမ်ရေးသူတစ်ယောက်လို တွေးပါ။ ဇာတ်ကွက် အမှတ် ၆။
Speaker:
Alex Rosenthal
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-chasm-think-like-a-coder-ep-6 တွင် ကြည့်ပါ။

ဒါကတော့ ကျွန်ုပ်တို့ရဲ့ သက်ဝင်လှုပ်ရှား ဇာတ်လမ်းတွဲရဲ့ ဇာတ်ကွက် အမှတ် ၆ ပါ။ ဒီ ၁၀ ခန်းပါတဲ့ ဇာတ်လမ်းဟာ Ethic ဆိုတဲ့ မိန်ကလေးတစ်ယောက်နဲ့ သူ့ရဲ့ စက်ရုပ် အဖော် Hedge တို့ ကမ္ဘာမြေကို ကယ်တင်ဖို့ ကြိုးပမ်းနေစဉ်မှာ သူတို့ကို ခြေရာခံပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေးဟောင်းပစ္စည်း သုံးခုကို သွားယူဖို့ ရှာဖွေမှုတစ်ခုကို စတင်ပြီး အစီအစဉ်ချထားတဲ့ ပဟေဠိတန်းတစ်ခုကို ဖြတ်ပြီး သူတို့ရဲ့လမ်းကို အဖြေရှာရမှာပါ။

သင်ခန်းစာကို Alex Rosenthal က ပြုစုပြီး Kozmonot Animation Studio က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:24

Burmese subtitles

Revisions