ပါရမီရှင် လူငယ် ဗိန္ဒောဆရာ
Xu Xian ဟာ ဒုက္ခတွေ့နေပါတယ်။
အောင်ပွဲခံတဲ့ အခါသမယတစ်ခု
ဖြစ်သင့်တာလေ၊
သူ့ကိုယ်ပိုင် ဆေးဆိုင်တစ်ဆိုင်
စဖွင့်ခါစလေးပါ။
ဒါပေမဲ့ သူဟာ ပစ္စည်းတွေကို
အလုပ်ရှင်ဟောင်းဆီကနေဝယ်ခဲ့ပြီး
ဒီမကျေမချမ်းဖြစ်နေတဲ့လူက
ဆေးပင်အပုပ်တွေရောင်းလိုက်တယ်။
ဒီအသုံးမကျတဲ့ပစ္စည်းတွေနဲ့
ဘာလုပ်ရမလဲလို့ Xu Xian တွေးမိတယ်၊
လူနာတွေက သူ့ဆိုင်ကို လှိမ့်ဝင်လာတယ်။
ကပ်ရောဂါတစ်ခုက မြို့ကိုဖီးစီးတော့
လူနာတွေကိုကုဖို့ သူ့မှာ ဘာမှမရှိဘူး။
သူအထိတ်တလန့်ဖြစ်နေစဉ်မှာပဲ
ဇနီး Bai Su Zhen က ပုပ်နေတဲ့ဆေးပင်တွေကို
ဆေးအဖြစ်သုံးဖို့ နည်းတစ်နည်းဖော်ပေးတယ်။
သူ့ဆေးက ကပ်ရောဂါစွဲနေတဲ့
မြို့သားအားလုံးကို ချက်ချင်း ကုသပေးခဲ့တယ်။
Xu Xian ရဲ့အလုပ်ရှင်ဟာ သူ့မိသားစုကို
ကုသဖို့ ဆေးပင်အပုပ်တွေကိုတောင်
ပြန်ဝယ်လိုက်ရတယ်။
မကြာခင်မှာပဲ Fa Hai လို့ခေါ်တဲ့
ရဟန်းတစ်ပါးက သူ့ဆီချဉ်းကပ်လာပြီး
သူ့အိမ်ထဲမှာ မကောင်းဆိုးဝါး
တစ်ကောင်ရှိတယ်လို့ သတိပေးတယ်။
သူပြောတဲ့ မကောင်းဆိုးဝါးဆိုတာက
Bai Su Zhen ပါ။
Xu Xian က ရယ်လိုက်တယ်။
ကြင်နာစိတ်ရှိတဲ့ သူဇနီးဟာ
မကောင်းဆိုးဝါးမဟုတ်ဘူးလို့
Fa Hai အခိုင်အမာပြောတယ်။
မကောင်းဆိုးဝါး အစွမ်းတွေ အားအနည်းဆုံး
၅ လ၊ ၅ ရက်နေ့မှာ ရိုးရိုးဝိုင်တိုက်ဖို့
Xu Xian ကိုပြောတယ်။
သူမသာ မကောင်းဆိုးဝါးမဟုတ်ရင်
သူ့ကိုထိခိုက်မှာမဟုတ်ဘူးလို့ ရှင်းပြတယ်။
Bai Su Zhen ကို ဝိုင်မတိုက်လိုကြောင်း
Xu Xian ဟာ ရဟန်းကို ယဉ်ကျေးစွာ
ပယ်ချခဲ့တယ်။
ဒါပေမဲ့ အဲဒီနေ့ နီးလာချိန်မှာတော့
စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
Bai Su Zhen ရဲ့နှုတ်ခမ်းကို
ဝိုင်ထိလိုက်တာနဲ့
သူမဟာ အိပ်ခန်းထဲပြေးဝင်သွားပြီး
နေမကောင်းဘူးလို့ အခိုင်အမာဆိုတယ်။
Xu Xian ဟာ ဆေးပြင်ဆင်ပြီး
သူမကို စစ်ဆေးဖို့သွားတယ်။
ဒါပေမဲ့ သူ့ဇနီးအစား
သွေးပေနေတဲ့ လျှာနှစ်ခွနဲ့ မြွေဖြူကြီး
တစ်ကောင်ကို အိပ်ရာထဲမှာ တွေ့လိုက်ရတယ်။
သူဟာ လန့်ပြီး လဲကျသေဆုံးသွားတယ်။
Bai Su Zhen ဟာ မျက်လုံးတွေ
ဖွင်လိုက်တဲ့အခါ
ဘာဖြစ်ခဲ့ရမယ်ဆိုတာ ချက်ချင်း
သဘောပေါက်လိုက်တယ်။
အမှန်ကတော့ Bai Su Zhen ဟာ
ဖြုံရလောက်တဲ့ မှော်တန်ခိုးတွေနဲ့
ထာဝရရှင်သန်နေတဲ့ မြွေဖြူတစ်ကောင်ပါ။
လူအသွင်ဖန်ဆင်းဖို့နဲ့
သူနဲ့သူ့ခင်ပွန်းတို့ရဲ့ စည်းစိမ်
တိုးပွားစေဖို့
သူမရဲ့တန်ခိုးတွေကို အသုံးပြုခဲ့တယ်။
သူမမှော်ပညာက Xu Xian ကို
ရှင်အောင်မစွမ်းပေမဲ့
သူ့ကိုကယ်ဖို့ နောက်စိတ်ကူးတစ်ခု
သူမမှာ ရှိတယ်။
Kun Lun တောင်တွေရဲ့ တားမြစ်ထားတဲ့
တောင်ထွတ်တွေထဲက
တောင်ဝင်ရိုးစွန်း အဖိုးအို စောင့်ကြပ်တဲ့
အသက်ရှည်ပြီး လူသေကို
ပြန်ရှင်စေနိုင်တဲ့ ဆေးပင်တစ်ပင်ပါ။
သူမဟာ တောင်တွေဆီ တိမ်စီးသွားခဲ့ပြီး
ခြေကျင်ဆက်ကာ တံခါးပေါက်တွေ၊
မုခ်ခုံးတွေကို ကျော်ဖြတ်ခဲ့တယ်၊
ငွေတံတားတစ်ခုပေါ်မှာ ချိတ်ထားတဲ့
''သေမျိုးတွေရဲ့အလွန်'လို့
မှတ်ထားတဲ့ နေရာရောက်သည်အထိပါ။
အခြားဘက်မှာတော့
ဆေးပင်ကိုစောင့်ကြပ်တဲ့
အဖိုးအိုရဲ့ တပည့် နှစ်ဦးပါ။
Bai Su Zhen ဟာ သူ့မကိုယ်သူမ
ရဟန်းအဖြစ်ရုပ်ဖျက်ပြီး
အဖိုးအိုကို နတ်စည်းဝေးသဘင်တစ်ခုဆီ
ဖိတ်ဖို့လာခဲ့တာပါလို့ သူတို့ကိုပြောတယ်။
သတင်းစကားကို ပြန်ပို့နေစဉ်မှာ
သူမဟာ ဆေးပင်က
အရွက်တစ်ချို့ခူးပြီး ထွက်ပြေးတယ်။
တပည့်တွေဟာ သူတို့အလိမ်ခံရတာ
သိပြီး သူမနောက်ကို လိုက်တယ်။
Bai Su Zhen ဟာ မှော်လုံးတစ်လုံး
ဟက်ထုတ်ပြီး တစ်ယောက်ကိုပစ်လိုက်တယ်
နောက်တစ်ယောက်က
အနားကပ်လာတယ်၊
စိတ်ချရအောင် ဆေးပင်ကို
လျှာအောက်မှာထားပေမဲ့
၎င်းရဲ့မှော်အစွမ်းက နှစ်ယောက်စလုံးကို
တကယ့်အသွင် အတင်းပြောင်းလိုက်တယ်
ကြိုးကြာရဲ့ လည်တံရှည်လို
သူမကိုညှပ်လိုက်ပြီး
အဖိုးအို ပေါ်လာတယ်။
သူမဟာ ထာဝရရှင်ပြီးသာဖြစ်လျက်နဲ့
သူ့ဆေးပင်ကို ခိုးယူဖို့
ဘာကြောင့် အသက်စွန့်တာလဲလို့ မေးတယ်။
Bai Su Zhen က Xu Xian အတွက်
သူမရဲ့အချစ်ကို ရှင်းပြတယ်။
အခု သူမဟာ မကောင်းဆိုးဝါးဖြစ်နေတာသိလို့
သူမနဲ့အတူ သူ မနေချင်ခဲ့ဘူးဆိုတောင်
သူ့အသက်ကို ပြန်ယူပေးဖို့
သူမ စိတ်ပိုင်းဖြတ်ထားတယ်။
ဒီနှစ်ယောက်ဟာ လွန်ခဲ့နှစ်တစ်ထောင်ကျော်ကို
ပြန်ကြည့်ရင် ရေစက်ရှိခဲ့တယ်။
Bai Su Zhen မြွေအသေးလေးဖြစ်စဉ်က
သူတောင်းစာတစ်ယောက်က သူမကို
သတ်ဖို့လုပ်ပေမဲ့
ကြင်နာတဲ့ ဖြတ်သွားဖြတ်လာ
တစ်ယောက်က ကယ်ခဲ့တယ်
သူမကိုကယ်တင်သူက အရင်ဘဝက
Xu Xian ပါ။
သူ့ကို ကယ်ဖို့အတွက် အသက်စွန့်လိုတဲ့စိတ်နဲ့
ထိလိုက်တဲ့အခါ
မသေဆေးပင်တွေနဲ့ တောင်ကနေ
ထွက်ခွာဖို့ အဖိုးအိုက ခွင့်ပေးလိုက်တယ်။
Xu Xian ကို ပြန်ရှင်အောင်လုပ်ဖို့
Bai Su Zhen ဟာ အိမ်ပြန်လာတယ်။
မျက်လုံး ဖွင့်လိုက်တဲ့အခါ
သူ့မျက်နှာပေါ်က ထိတ်လန့်နေတဲ့
အကြည့်ဟာ အပြုံးတစ်ခုဖြစ်လာတယ်။
မကောင်းဆိုးဝါး ဟုတ်ဟုတ်၊ မဟုတ်ဟုတ်
သူ့ဇနီးကိုမြင်ရတာ ပျော်နေဆဲပါ။