ကြောင်နက်တွေကိုကြောက်သလား?
အိမ်ထဲမှာကော ထီးကိုဖွင့်ဖြစ်မလား?
နံပါတ် (၁၃) ကိုရောဘယ်လိုခံစားရသလဲ?
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ
ဒီအယူသီးခြင်းအချို့ကို
ရင်းနှီးပြီးသား ဖြစ်မှာပါ
တစ်ကမ္ဘာလုံးက လူတွေကဒါဆိုရင်ဘာဖြစ်လို့
သစ်သားတွေကိုခေါက်တာ၊
ဒါမှမဟုတ် ပလက်ဖောင်း အက်ကြောင်းနေရာတွေကို
မနင်းဘဲ ရှောင်သွားကြတာလဲ?
ဟုတ်ပြီ၊ သူတို့ဟာ သိပ္ပံကိုအခြေမခံပေမယ့်
ဒီအရမ်းထူးဆန်းတဲ့ယုံကြည်မှုတွေနဲ့
အလေ့အထတွေထဲမှာ
တူညီတဲ့အချက်က ထူးဆန်းမှုတွေနဲ့
တိကျတဲ့ ဇစ်မြစ်တွေရှိကြတယ်
သူတို့မှာ သဘာ၀လွန်ဖြစ်ရပ်တွေ
ပါ၀င်ကြတဲ့အတွက်
အယူသီးခြင်းအများစုဟာ ဘာသာရေးကို
အခြေခံတာကတော့ အံ့သြစရာမဟုတ်ပါဘူး။
ဥပမာ နံပါတ် (၁၃) ဟာ သမ္မာကျမ်းစာထဲက
နောက်ဆုံးညစာစားပွဲနဲ့ ဆက်စပ်မှုရှိပြီး၊
သခင်ယေရှုက သူ့ရဲ့တပည့်တော်
ဆယ့်နှစ်ပါးနဲ့ အတူ
သူအဖမ်းမခံရခင်နဲ့ ကားစင်တင်
အသတ်မခံရခင်မှာ အတူစားသောက်ခဲ့ပါတယ်။
ဒါကြောင့်စားပွဲမှာလူ ၁၃ ယောက်
ရှိနေတာဟာ ကံဆိုးစေတယ်လို့ယူဆကြပြီး
တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ နံပါတ် ၁၃ ကို
ကံဆိုးစေတဲ့နံပါတ်အဖြစ် သတ်မှတ်လိုက်ကြပါတယ်
"ထရစ်စ်ကိုင်ဒယ်ကဖိုးဗီးယား"လို့ခေါ်တဲ့
နံပါတ် ၁၃ ကို ကြောက်သူတွေဟာ အခု
အရမ်းများလာကြတဲ့အတွက် ကမ္ဘာအနှံ့က
အဆောက်အဦးတွေမှာ ၁၃ ထပ်မရှိဘဲ
၁၂ ထပ်အထိတောက်လျှောက်လာပြီး
၁၄ ထပ်ဖြစ်သွားတာတွေ့ရပါမယ်။
လူတွေကနောက်ဆုံး ညစာစားပွဲ ဇာတ်လမ်းဟာ
အမှန်ပဲလို့ ယုံကြည်ကြတာကတော့ သေချာပါတယ်
ဒါပေမဲ့ အခြားဘာသာရေးနဲ့ဆိုင်တဲ့
ထုံးတမ်းအယူတွေကိုတော့
လူတွေကသိပ်မယုံကြသလို၊
သတိလည်းသိပ်မရကြတော့ပါဘူး
သစ်သားခေါက်ခြင်းက ရှေးအိန္ဒိယ-ဥရောပတွေရဲ့
ရိုးရာပုံပြင်တွေမှ လာတယ်လို့ယူဆရပြီး
သူတို့ထက် ရှေးကျသူတို့ဆီကလည်း
ဖြစ်နိုင်ပါတယ်
သူတို့က သစ်ပင်တွေဟာနတ်တွေရဲ့
အိမ်လို့ယုံကြည်ကြပြီး
သစ်ပင်ကိုထိခြင်းဖြင့်ကာကွယ်မှုကိုရမယ်
သို့မဟုတ် နတ်တွေဆီက
ကောင်းချီးရမယ်လို့ယုံခဲ့ကြတယ်။
ဘယ်လိုမှန်းမသိရပေမဲ့၊
နတ်တွေကိုယုံကြည်မှု မှေးမှိန်လာပြီး
ကာလကြာခဲ့တာတောင် ဒီဓလေ့ဟာ ရှိနေဆဲပါ။
ဒီကနေ့ ရုရှားကနေအိုင်ယာလန်နိုင်ငံအထိ
တွေ့နေကျ အယူသီးမှုတွေဟာ
ခရစ်ယာန်ဘာသာ မပေါ်မီက ဘာသာမဲ့တွေရဲ့
ယုံကြည်မှု အကြွင်းအကျန်တွေလို့ ထင်ရပါတယ်။
ဒါပေမဲ့ အယူသီးမှုအားလုံးကတော့
ဘာသာရေးက လာတာမဟုတ်ပါဘူး
အချို့ကတော့ ကံမကောင်းတဲ့တိုက်ဆိုင်မှုတွေ
အပေါ်မှာ အခြေခံကြပါတယ်။
ဥပမာ၊ အီတလီလူမျိုးတွေကနံပါတ် ၁၇ ကို
ကြောက်ကြတယ်။
အကြောင်းက ရောမဂဏန်း XVII ကိုပြန်စီလိုက်ရင်
vixi ဆိုတဲ့စကားလုံး ဖြစ်သွားပြီး
"ငါ့ဘ၀က နိဂုံးချုပ်ပြီ"လို့
အဓိပ္ပါယ်ရလို့ပါ။
အလားတူပဲ နံပါတ် ၄ ဟာ
ကန်တုန် စကားမှာ "သေခြင်း" နဲ့လုံး၀နီးပါး
အသံထွက်ဆင်တူနေပြီး၊
ထို့အတူ ဂျပန်နဲ့၊
ကိုရီးယားလိုမျိုး တရုတ်ဘာသာစကား
ကနေ နံပါတ်တွေယူသုံးထားတဲ့ ဘာသာစကားတွေမှာ
နံပါတ် ၁ က "လုပ်ကိုလုပ်ရမယ်"ဆိုတဲ့
စကားလုံးနဲ့ အသံထွက်ဆင်နေတဲ့အတွက်၊
နံပါတ် ၁၄ က "သေကိုသေရမယ်"ဆိုတဲ့
စကားစုနဲ့ အသံထွက်တူသွားပါတယ်။
ဒါဆို ဓါတ်လှေခါးတွေနဲ့ နိုင်ငံကာဟိုတယ်တွေ
ရှောင်ရမယ့် နံပါတ်ကအရမ်းများနေပါပြီ
ယုံချင်ယုံ၊ မယုံချင်နေ၊
တစ်ချို့အယူသီးမှုတွေက
တစ်ကယ် အဓိပ္ပါယ်ရှိကြပါတယ်၊
ဒါမှမဟုတ် သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကို
ကျွန်ုပ်တို့မမေ့ခင်အထိပေါ့၊
ဥပမာ ဇာတ်ရုံက နောက်ခံပန်းချီတွေပါတဲ့
ဇာတ်ကားလိပ်ကြီးတွေကို
ဇာတ်ကားလိပ်ဆွဲသူတွေက အတင်အချလုပ်ဖို့
အချင်းချင်း လေချွန်ပြီးအချက်ပေးကြပါတယ်။
အခြားသူတွေက မေ့ပြီးလေချွန်မိရင်
မတော်တဆမှုတွေဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဇာတ်စင်အနောက်ဘက်မှာ လေချွန်ခြင်းက
ကံဆိုးစေတယ်ဆိုတဲ့အယူကတော့
ဇာတ်ကားလိပ်ဆွဲသူတွေက နားကျပ်တွေပြောင်းလဲ
အသုံးပြုပြီးယခုတိုင်အောင်ရှိနေဆဲပါ။
အဲဒါနဲ့ ဆင်တူလျက်၊ မီးခြစ်ဆံတစ်ခုဖြင့်
စီးကရက် သုံးလိပ်ကို မီးညှိမိပါက
ကံဆိုးစေနိုင်ပါတယ်၊ အကယ်၍သင်က
ကတုတ်ကျင်းထဲ ရှိနေတဲ့ စစ်သားဖြစ်နေပြီး
မီးခြစ်ဆံကိုအကြာကြီး မီးညှိမိပါက၊ ရန်သူ
သေနတ်သမားကသတိပြုမိသွားနိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေက သေနတ်သမား
တွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး
ဒါပေမဲ့ အယူသီးမှုကတော့ ကျန်နေခဲ့ပါတယ်
ဒါဆိုဘာလို့လူတွေက ဒီမေ့လျော့နေတဲ့
ဘာသာတရားတွေ
တိုက်ဆိုင်မှုနဲ့
ခေတ်မမှီတဲ့အကြံတွေကို တွယ်ကပ်နေကြတာလဲ?
သူတို့တွေက အဓိပ္ပါယ်မဲ့လွန်းရာမကျဘူးလား?
ဟုတ်ပါတယ်၊ ဒါပေမယ့်လူအများစုအတွက်တော့
အယူတွေဟာ အသိစိတ်ထက်
ရိုးရာပေါ် အခြေခံကြပါတယ်
ဘယ်သူမှ လှေကားအောက်မှာလမ်းမလျှောက်
သင့်ဘူး၊ အိမ်ထဲလေမချွန်ရလို့
မွေးကတည်းက မသိပါဘူး၊
ဒါပေမဲ့ မိသားစုကဒါတွေ
မလုပ်ဖို့သင်ထားခဲ့ရင်
မကောင်းတာတွေ ဖြစ်မှာမဟုတ်ဘူးဆိုတာ
သိရင်တောင် သက်တောင့်သက်သာ
ဖြစ်မှာမဟုတ်ပါဘူး။
နောက် သစ်သားခေါက်တာက
အားစိုက်စရာ မလိုတဲ့အတွက်
အယူသီးတာက အတိုက်အခံလုပ်ဖို့ထက်ပိုပြီး
လွယ်ကူစေပါတယ်။ ပြီးတော့
အယူတွေက
အစွမ်းထက်ကြတယ်။
Home run ရိုက်မိချိန်မှာ ကံကောင်းတဲ့
ခြေအိတ်ကြောင့်လို့
ကျွန်ုပ်တို့စိတ်ကထင်မိပြီး
ဒီခြေအိတ်ဝတ်ပြီး၊ ရိုက်ချက်လွဲချိန်မှာတော့
ခြေအိတ်ဝတ်ထားတာကို သတိမရမိတော့ပါဘူး။
အခြေအနေ ကောင်းစေနိုင်တယ်လို့
အထင်မှားစေပြီး
ဒီယုံကြည်စိတ်ကြောင့်ပဲ ပိုကစားနိုင်စေပါတယ်။
ဒါကြောင့် အားကစားလို ယုံကြည်မှုလိုချိန်မှာ
ဒီအယူတွေက သိပ်ရူးတယ်လို့
မဆိုနိုင်တော့ပါဘူး