WEBVTT 00:00:06.414 --> 00:00:08.004 နှစ်ပေါင်း ထောင်ချီကြာအောင် 00:00:08.004 --> 00:00:12.414 ဗြိတိသျှပြည်သူတို့ဟာ ကြေးဝါကို ကိရိယာ များနဲ့ လက်ဝတ်လက်စားပြုလုပ်ရန် သုံးခဲ့တယ်။ 00:00:12.414 --> 00:00:15.060 ပြီးတော့ ကုန်သွယ်ရာတွင် ငွေကြေးအဖြစ်လည်း သုံးခဲ့ကြတယ်။ 00:00:15.060 --> 00:00:19.100 ဒါပေမဲ့ ဘီစီ ၈၀၀ တစ်ဝိုက်မှာ အဲဒါဟာ စပြီး ပြောင်းလဲလာပါတော့တယ်၊ 00:00:19.100 --> 00:00:25.120 ကြေးဝါရဲ့ တန်ဖိုးကျလာခဲ့လို့ လူထုအုံကြွမှု စခဲ့ပြီး စီးပွားရေး အကျပ်အတည်းပေါ်ခဲ့တယ်။ 00:00:25.120 --> 00:00:27.646 ဒီနေ့ ကျုပ်တို့က စီးပွားရေ းကျဆင်းမှုလို့ ခေါ်ကြမှာပါ။ 00:00:27.646 --> 00:00:30.646 စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ 00:00:30.646 --> 00:00:34.506 စီးပွားရေး ပညာရှင်တွေ ဒီမေးခွန်းကို ငြင်းခုန်လာခဲ့ကြတာ ကြာလှပါပြီ၊ 00:00:34.506 --> 00:00:36.546 ကောင်းတဲ့ အကြောင်းရင်း ရှိခဲ့ပါတယ်။ 00:00:36.546 --> 00:00:40.226 စီးပွားရေးကျဆင်းမှု ဆိုတာ နိုင်ငံရဲ့ စီးပွားရေး အနည်းငယ်ကျဆင်းမှု ဖြစ်နိုင်ကာ 00:00:40.226 --> 00:00:42.596 လချီကြာနိုင်တာမျိုး ဖြစ်နိုင်သလို 00:00:42.596 --> 00:00:47.406 ရေရှည်သဘော ဆောင်ပြီး တစ်ကမ္ဘာလုံးကို နှစ်များစွာကြာအောင် ဒုက္ခပေးနိုင်သလို၊ 00:00:47.406 --> 00:00:49.446 ပုံစံနဲ့ကာလ အမျိုးမျိုး ရှိနိုင်ပါတယ်။ 00:00:49.446 --> 00:00:52.076 ဒီကိစ္စမျိုးမှာ ပြဿနာကို ပိုပြီး ခက်ခဲရှုပ်ထွေးလာစေတာက 00:00:52.076 --> 00:00:55.026 စီးပွားရေးရဲ့အခြေအနေနှင့် ဆက်စပ်နေတဲ့ အကြောင်းအရာ များလွန်းပြီး 00:00:55.026 --> 00:00:59.026 အထူးဖြစ်ခဲ့တဲ့ အကြောင်းရင်းကို လက်ညှိုးထိုးပြရန် မလွယ်ကူတတ်ပါ။ 00:00:59.026 --> 00:01:01.666 ထုံးစံအတိုင်း အကြီးစား ကားချပ်ပုံမှ စပြီး လေ့လာကြရပါတယ်၊ 00:01:01.666 --> 00:01:04.776 ယေဘုယျအားဖြင့် ပစ္စည်းပေးသွင်းမှုနဲ့ ဝယ်လိုအား အကြားမှာ 00:01:04.776 --> 00:01:07.636 ကွာဟချက်က အနှုတ်လက္ခဏာ ဆောင်လာရင် စီးပွားရေး ကျဆင်းတတ်တယ်။ 00:01:07.636 --> 00:01:10.356 လူတွေက ဝယ်ချင်ကြတဲ့ ကုန်ပစ္စည်းတွေနဲ့ 00:01:10.356 --> 00:01:14.256 ထုတ်လုပ်ကြသူတို့က ကမ်းလှမ်းနိုင်ကြတဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှု မမျှတမှုပါ။ 00:01:14.256 --> 00:01:19.966 အဲဒါနဲ့ ကုန်စည်များနဲ့ ဝန်ဆောင်မှုတွေ အဆ မတန် ဈေးတက်လျက် စီးပွားရေး ကျဆင်းလာရတယ်။ 00:01:19.966 --> 00:01:23.156 စီးပွားရေးတစ်ခုခုရဲ့ ပေးသွင်းမှုနဲ့ ဝယ်လိုအား အကြားက အချိုးအဆကို 00:01:23.156 --> 00:01:27.236 ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက ထင်ဟပ်ပေးပါတယ်။ 00:01:27.236 --> 00:01:31.686 ကုန်စည်များနဲ့ ဝန်ဆောင်မှုတွေ ဈေးတက်လာရင် ငွေကြေးဖောင်းပွမှု ကြုံရတယ်။ 00:01:31.686 --> 00:01:35.080 ဒါကို နောက်တစ်မျိုး ရှင်းပြရရင် ငွေရဲ့ တန်ဖိုး ကျဆင်းလာခြင်းပါပဲ။ 00:01:35.080 --> 00:01:38.950 ဒါပေမဲ့၊ ငွေကြေးဖောင်းပွမှု ဆိုတာ မကောင်းဘူးလို့ တစ်ထစ်ချ ပြောမရနိုင်ပါ။ 00:01:38.950 --> 00:01:43.570 ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ရင် စီးပွား ရေးကို အားပေးမြှင့်တင်ပေးတယ်လို့ ယူဆကြတယ်။ 00:01:43.570 --> 00:01:46.770 ဒါပေမဲ့ ဝယ်လိုအား မမြင့်မားချိန်မှာ ငွေကြေးဖောင်းပွမှု မြင့်နေခြင်းက 00:01:46.770 --> 00:01:52.520 စီးပွားရေး ပြဿနာတွေကို ဖန်တီးပေးနိုင်သလို စီးပွားရေးကျဆင်းရေးဆီ ရှေ့ရှုနိုင်တယ်။ 00:01:52.520 --> 00:01:54.020 အတိုးနှုန်းတွေ ကျတော့ 00:01:54.020 --> 00:01:58.390 လူတွေနဲ့ ကုမ္ပဏီတွေက ငွေကိုချေးယူကြရင် ပေးရမယ့် နှုန်းကို ပြပါတယ်။ 00:01:58.390 --> 00:02:01.600 အကြွေးကို မပေးဆပ်သရွေ့ ချေးယူသကနေပြီး ငွေကို ချေးပေးသူအား 00:02:01.600 --> 00:02:05.590 နှစ်စဉ် ပေးရတဲ့ နှစ်စဉ် အတိုးနှုန်းအဖြစ် ပြသလေ့ ရှိကြပါတယ်။ 00:02:05.590 --> 00:02:09.180 အတိုးနှုန်း နိမ့်နေမှုက ကုမ္ပဏီများအနေနဲ့ ငွေကို ပိုပြီး ချေးယူနိုင်ကြလို့ 00:02:09.180 --> 00:02:12.490 စီမံကိန်းတွေထဲကို ပိုပြီး ရင်းနှီးမြှုပ်နှံနိုင်မှာကို ဆိုလိုပါတယ်။ 00:02:12.490 --> 00:02:17.290 မြင့်မားတဲ့ အတိုးနှုန်းတွေကျတော့၊ ထုတ်လုပ်မှု စရိတ်နဲ့ စားသုံးမှုစရိတ် 00:02:17.290 --> 00:02:19.565 တိုးလာစေလို့ စီးပွားရေးကို နှေးလာစေတယ်။ 00:02:19.565 --> 00:02:22.555 ငွေကြေးဖောင်းပွမှုနှင့်အတိုးနှုန်း အတက်အကျတွေဟာ 00:02:22.555 --> 00:02:25.385 စီးပွားရေးရဲ့ကျန်းမာရေးကို ထိုးထွင်းသိမြင်စေနိုင်တယ်၊ 00:02:25.385 --> 00:02:29.385 ဒါပေမဲ့ အဲဒီလို တက်ကျမှုရဲ့ မူလ အကြောင်းရင်းတွေက ဘာတွေလဲ။ 00:02:29.385 --> 00:02:33.035 အထင်ရှားဆုံး အကြောင်းရင်းတွေက သဘာဝ ကပ်ဘေး၊ စစ်ပွဲ၊ 00:02:33.035 --> 00:02:35.717 ပထဝီနိုင်ငံရေးအချက်များတို့လို့ ထင်ရှားတဲ့ အရာတွေပါ။ 00:02:35.717 --> 00:02:37.237 ဥပမာ၊ ငလျင်ကြုံရရင်၊ 00:02:37.237 --> 00:02:42.247 ရေနံလို အရေးကြီးတဲ့ ကုန်စည် ထုတ်လုပ်ရေး အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်နိုင်တယ်။ 00:02:42.247 --> 00:02:47.557 အဲဒါက စီးပွားရေးထဲကို ရေနံပေးသွင်းကြသူ တို့အား ဈေးမြှင့်လာစေလို့ 00:02:47.557 --> 00:02:51.695 ဝယ်လိုအားကို ထိုးနှက်လျက် စီးပွားရေးကျဆင်းမှုကို ဖြစ်စေနိုင်တယ်။ 00:02:51.695 --> 00:02:55.624 ဒါပေမဲ့ တချို့ စီးပွားရေးကျဆင်းမှုတွေဟာ စီးပွားရေး တိုးတက်နေချိန်မှာ ဖြစ်တတ်တယ်- 00:02:55.624 --> 00:02:59.044 စီးပွားရေး တိုးတက်မှု ကိုယ်၌ကိုက အကြောင်းရင်း ဖြစ်နိုင်တယ်။ 00:02:59.044 --> 00:03:03.344 ဈေးကွက်ကို တိုးချဲ့ရန် အားထုတ်မှုတွေ အဆင့် တဆင့်တွင် မတည်ငြိမ်တဲ့ အခြေအနေမျိုးကို 00:03:03.344 --> 00:03:06.608 ဖန်တီးပေးနိုင်တယ်လို့ တချို့ စီးပွားရေး ပညာရှင်များက ယုံကြည်ကြတယ်။ 00:03:06.608 --> 00:03:10.548 ဥပမာ၊ ကော်ပိုရေးရှင်းများနဲ့ စားသုံးသူ တို့ဟာ ငွေကို တိုးတိုးချေးယူကြလျက် 00:03:10.548 --> 00:03:14.828 စီးပွားရေး တိုးတက်နေတော့ ပြဿနာတွေကို သူတို့ ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ကြတယ်။ 00:03:14.828 --> 00:03:18.041 ဒါပေမဲ့ စီးပွားရေးဟာ သူတို့ထင်သလို တိုးတက်မလာခဲ့ဘူး။ 00:03:18.041 --> 00:03:21.341 သူတို့ဟာ သူတို့ စီမံခဲ့တာထက် ပိုပြီး အကြွေးတင် ကျန်ရစ်ခဲ့နိုင်ကြတယ်။ 00:03:21.341 --> 00:03:25.271 အဲဒါကိုပြန်ဆပ်ဖို့အတွက် သူတို့ဟာ ဒီ့ပြင် လုပ်ငန်းများထဲမှ ငွေကြေးကို နှုတ်ယူကြလို့ 00:03:25.271 --> 00:03:27.471 စီးပွားရေး လုပ်ငန်းတွေ ကျဆင်းလာကြမယ်။ 00:03:27.471 --> 00:03:30.391 စိတ်ထဲကခံစားမှုတွေကပါ စီးပွားရေးကို ကျဆင်းစေနိုင်ပါတယ်။ 00:03:30.391 --> 00:03:34.551 စီးပွားရေး ကျဆင်းလာမယ်လို့ ယုံကြည်စိတ်ကိုက လူတွေကို ရင်းနှီးမှုတွေ ငွေသုံးမှုတွေကို 00:03:34.551 --> 00:03:38.550 ဟန့်တားစေခြင်းဖြင့် စီးပွားရေး ကျဆင်းသွားနိုင်တယ်။ 00:03:38.550 --> 00:03:41.850 ထုတ်လုပ်သူတွေက အဲဒါကိုတုန့်ပြန်လျက် လုပ်ငန်းစရိတ်တွေကို ဖြတ်တောက်ရင်း 00:03:41.850 --> 00:03:44.930 ဝယ်လိုအားကျမှာကို ကာကွယ်ဖို့ ကြိုးပမ်းနိုင်ကြတယ်။ 00:03:44.930 --> 00:03:49.810 အဲဒါက ကုန်ကျစရိတ် ဖြတ်တောက်မှုက လစာကို ဖြတ်တောက်ပစ်မှာမို့ 00:03:49.810 --> 00:03:52.800 ဝယ်လိုအားကို ပိုလို့ကို နိမ့်ကျလာစေပါမယ်။ 00:03:52.800 --> 00:03:57.610 စီးပွားရေးကျဆင်းမှုကို ကာကွယ်ရန် ချမှတ် ထားတဲ့ မူဝါဒက ကျဆင်းဖို့ ပံ့ပိုးနိုင်တယ်။ 00:03:57.610 --> 00:04:01.740 ခက်ခဲတဲ့ အချိန်ကာလမျိုးမှာ အစိုးရနဲ့ ဗဟို ဘဏ်တွေက ငွေတွေကို ပိုပြီး ပုံနှိပ်ကြတယ်၊ 00:04:01.740 --> 00:04:05.500 အသုံးစရိတ်တိုးမြှင့်ရင်း ဗဟိုဘဏ် အတိုးနှုန်းကို လျှော့ပေးကြတယ်။ 00:04:05.500 --> 00:04:08.960 အသေးစား ငွေချေးသူတို့က သူတို့ရဲ့ အတိုးနှုန်းကို လျှော့ချနိုင်ကြတယ်။ 00:04:08.960 --> 00:04:12.320 ငွေချေးရတာကို သက်သာစေခြင်းဖြင့် လူတွေ ပိုပြီး သုံးစေရန် ဖြစ်ပါတယ်။ 00:04:12.320 --> 00:04:15.880 ဒါပေမဲ့ အဲဒီလို မူဝါဒတွေ အကျိုးဖြစ်မလာလို့ နောက်ဆုံးတွင် ငွေကြေးဖောင်းပွမှု 00:04:15.880 --> 00:04:18.822 အလွန်အကျွံ မြင့်မလာစေရန် ပြောင်းပြန် ပြန်ပြီး လုပ်ကြရတတ်ပါတယ်။ 00:04:18.822 --> 00:04:23.272 ပြည်သူတို့က ဈေးပေါလွန်းတဲ့ ချေးငွေကို အားကျလာတာကို အစိုးရက အားပေးရင် 00:04:23.272 --> 00:04:25.202 စီးပွားရေးကျဆင်းမှု ရင်ဆိုင်ရနိုင်ပါတယ်။ 00:04:25.202 --> 00:04:29.442 ဗြိတိန်နိုင်ငံထဲက ကြေးဝါ စီးပွားရေးကျဆင်းမှုဟာ 00:04:29.442 --> 00:04:33.256 သံကိုသုံးပြီး လယ်ယာနဲ့ စားနပ်ရိက္ခာ ထုတ် လုပ်မှုကို တော်လှန်လျက် အဆုံးသတ်ခဲ့တယ်။ 00:04:33.256 --> 00:04:35.416 ဒီနေ့ ဈေးကွက်တွေဟာ ပိုပြီးရှုပ်ထွေးကြပါတယ်၊ 00:04:35.416 --> 00:04:39.166 ဒီနေ့တွင် စီးပွားရေးကျဆင်းမှုတွေကို နားလည်ဖို့ ပိုလို့ကို ခဲယဉ်းလာစေပါတယ်။ 00:04:39.166 --> 00:04:43.486 ဒါပေမဲ့ စီးပွားရေးကျဆင်းမှုတိုင်းဟာ ဒေတာ အသစ်တွေကို ပေးနိုင်လို့ အနာဂတ်တွင် 00:04:43.486 --> 00:04:46.864 စီးပွားရေး ကျဆင်းမှုကို ပိုမိုထိရောက်စွာ တုံ့ပြန်လာနိုင်ကြမှာပါ။