နှစ်ပေါင်း ထောင်ချီကြာအောင်
ဗြိတိသျှပြည်သူတို့ဟာ ကြေးဝါကို ကိရိယာ
များနဲ့ လက်ဝတ်လက်စားပြုလုပ်ရန် သုံးခဲ့တယ်။
ပြီးတော့ ကုန်သွယ်ရာတွင်
ငွေကြေးအဖြစ်လည်း သုံးခဲ့ကြတယ်။
ဒါပေမဲ့ ဘီစီ ၈၀၀ တစ်ဝိုက်မှာ အဲဒါဟာ
စပြီး ပြောင်းလဲလာပါတော့တယ်၊
ကြေးဝါရဲ့ တန်ဖိုးကျလာခဲ့လို့ လူထုအုံကြွမှု
စခဲ့ပြီး စီးပွားရေး အကျပ်အတည်းပေါ်ခဲ့တယ်။
ဒီနေ့ ကျုပ်တို့က စီးပွားရေ
းကျဆင်းမှုလို့ ခေါ်ကြမှာပါ။
စီးပွားရေးကျဆင်းမှုကို
ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
စီးပွားရေး ပညာရှင်တွေ ဒီမေးခွန်းကို
ငြင်းခုန်လာခဲ့ကြတာ ကြာလှပါပြီ၊
ကောင်းတဲ့ အကြောင်းရင်း ရှိခဲ့ပါတယ်။
စီးပွားရေးကျဆင်းမှု ဆိုတာ နိုင်ငံရဲ့
စီးပွားရေး အနည်းငယ်ကျဆင်းမှု ဖြစ်နိုင်ကာ
လချီကြာနိုင်တာမျိုး ဖြစ်နိုင်သလို
ရေရှည်သဘော ဆောင်ပြီး တစ်ကမ္ဘာလုံးကို
နှစ်များစွာကြာအောင် ဒုက္ခပေးနိုင်သလို၊
ပုံစံနဲ့ကာလ အမျိုးမျိုး ရှိနိုင်ပါတယ်။
ဒီကိစ္စမျိုးမှာ ပြဿနာကို
ပိုပြီး ခက်ခဲရှုပ်ထွေးလာစေတာက
စီးပွားရေးရဲ့အခြေအနေနှင့် ဆက်စပ်နေတဲ့
အကြောင်းအရာ များလွန်းပြီး
အထူးဖြစ်ခဲ့တဲ့ အကြောင်းရင်းကို
လက်ညှိုးထိုးပြရန် မလွယ်ကူတတ်ပါ။
ထုံးစံအတိုင်း အကြီးစား ကားချပ်ပုံမှ
စပြီး လေ့လာကြရပါတယ်၊
ယေဘုယျအားဖြင့် ပစ္စည်းပေးသွင်းမှုနဲ့
ဝယ်လိုအား အကြားမှာ
ကွာဟချက်က အနှုတ်လက္ခဏာ ဆောင်လာရင်
စီးပွားရေး ကျဆင်းတတ်တယ်။
လူတွေက ဝယ်ချင်ကြတဲ့ ကုန်ပစ္စည်းတွေနဲ့
ထုတ်လုပ်ကြသူတို့က ကမ်းလှမ်းနိုင်ကြတဲ့
ထုတ်ကုန်များနဲ့ ဝန်ဆောင်မှု မမျှတမှုပါ။
အဲဒါနဲ့ ကုန်စည်များနဲ့ ဝန်ဆောင်မှုတွေ အဆ
မတန် ဈေးတက်လျက် စီးပွားရေး ကျဆင်းလာရတယ်။
စီးပွားရေးတစ်ခုခုရဲ့ ပေးသွင်းမှုနဲ့
ဝယ်လိုအား အကြားက အချိုးအဆကို
ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက
ထင်ဟပ်ပေးပါတယ်။
ကုန်စည်များနဲ့ ဝန်ဆောင်မှုတွေ ဈေးတက်လာရင်
ငွေကြေးဖောင်းပွမှု ကြုံရတယ်။
ဒါကို နောက်တစ်မျိုး ရှင်းပြရရင်
ငွေရဲ့ တန်ဖိုး ကျဆင်းလာခြင်းပါပဲ။
ဒါပေမဲ့၊ ငွေကြေးဖောင်းပွမှု ဆိုတာ
မကောင်းဘူးလို့ တစ်ထစ်ချ ပြောမရနိုင်ပါ။
ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ရင် စီးပွား
ရေးကို အားပေးမြှင့်တင်ပေးတယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ ဝယ်လိုအား မမြင့်မားချိန်မှာ
ငွေကြေးဖောင်းပွမှု မြင့်နေခြင်းက
စီးပွားရေး ပြဿနာတွေကို ဖန်တီးပေးနိုင်သလို
စီးပွားရေးကျဆင်းရေးဆီ ရှေ့ရှုနိုင်တယ်။
အတိုးနှုန်းတွေ ကျတော့
လူတွေနဲ့ ကုမ္ပဏီတွေက ငွေကိုချေးယူကြရင်
ပေးရမယ့် နှုန်းကို ပြပါတယ်။
အကြွေးကို မပေးဆပ်သရွေ့ ချေးယူသကနေပြီး
ငွေကို ချေးပေးသူအား
နှစ်စဉ် ပေးရတဲ့ နှစ်စဉ်
အတိုးနှုန်းအဖြစ် ပြသလေ့ ရှိကြပါတယ်။
အတိုးနှုန်း နိမ့်နေမှုက ကုမ္ပဏီများအနေနဲ့
ငွေကို ပိုပြီး ချေးယူနိုင်ကြလို့
စီမံကိန်းတွေထဲကို ပိုပြီး
ရင်းနှီးမြှုပ်နှံနိုင်မှာကို ဆိုလိုပါတယ်။
မြင့်မားတဲ့ အတိုးနှုန်းတွေကျတော့၊
ထုတ်လုပ်မှု စရိတ်နဲ့ စားသုံးမှုစရိတ်
တိုးလာစေလို့ စီးပွားရေးကို နှေးလာစေတယ်။
ငွေကြေးဖောင်းပွမှုနှင့်အတိုးနှုန်း
အတက်အကျတွေဟာ
စီးပွားရေးရဲ့ကျန်းမာရေးကို
ထိုးထွင်းသိမြင်စေနိုင်တယ်၊
ဒါပေမဲ့ အဲဒီလို တက်ကျမှုရဲ့ မူလ
အကြောင်းရင်းတွေက ဘာတွေလဲ။
အထင်ရှားဆုံး အကြောင်းရင်းတွေက
သဘာဝ ကပ်ဘေး၊ စစ်ပွဲ၊
ပထဝီနိုင်ငံရေးအချက်များတို့လို့
ထင်ရှားတဲ့ အရာတွေပါ။
ဥပမာ၊ ငလျင်ကြုံရရင်၊
ရေနံလို အရေးကြီးတဲ့ ကုန်စည် ထုတ်လုပ်ရေး
အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်နိုင်တယ်။
အဲဒါက စီးပွားရေးထဲကို ရေနံပေးသွင်းကြသူ
တို့အား ဈေးမြှင့်လာစေလို့
ဝယ်လိုအားကို ထိုးနှက်လျက်
စီးပွားရေးကျဆင်းမှုကို ဖြစ်စေနိုင်တယ်။
ဒါပေမဲ့ တချို့ စီးပွားရေးကျဆင်းမှုတွေဟာ
စီးပွားရေး တိုးတက်နေချိန်မှာ ဖြစ်တတ်တယ်-
စီးပွားရေး တိုးတက်မှု ကိုယ်၌ကိုက
အကြောင်းရင်း ဖြစ်နိုင်တယ်။
ဈေးကွက်ကို တိုးချဲ့ရန် အားထုတ်မှုတွေ အဆင့်
တဆင့်တွင် မတည်ငြိမ်တဲ့ အခြေအနေမျိုးကို
ဖန်တီးပေးနိုင်တယ်လို့ တချို့ စီးပွားရေး
ပညာရှင်များက ယုံကြည်ကြတယ်။
ဥပမာ၊ ကော်ပိုရေးရှင်းများနဲ့ စားသုံးသူ
တို့ဟာ ငွေကို တိုးတိုးချေးယူကြလျက်
စီးပွားရေး တိုးတက်နေတော့ ပြဿနာတွေကို
သူတို့ ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ကြတယ်။
ဒါပေမဲ့ စီးပွားရေးဟာ
သူတို့ထင်သလို တိုးတက်မလာခဲ့ဘူး။
သူတို့ဟာ သူတို့ စီမံခဲ့တာထက်
ပိုပြီး အကြွေးတင် ကျန်ရစ်ခဲ့နိုင်ကြတယ်။
အဲဒါကိုပြန်ဆပ်ဖို့အတွက် သူတို့ဟာ ဒီ့ပြင်
လုပ်ငန်းများထဲမှ ငွေကြေးကို နှုတ်ယူကြလို့
စီးပွားရေး လုပ်ငန်းတွေ ကျဆင်းလာကြမယ်။
စိတ်ထဲကခံစားမှုတွေကပါ စီးပွားရေးကို
ကျဆင်းစေနိုင်ပါတယ်။
စီးပွားရေး ကျဆင်းလာမယ်လို့ ယုံကြည်စိတ်ကိုက
လူတွေကို ရင်းနှီးမှုတွေ ငွေသုံးမှုတွေကို
ဟန့်တားစေခြင်းဖြင့်
စီးပွားရေး ကျဆင်းသွားနိုင်တယ်။
ထုတ်လုပ်သူတွေက အဲဒါကိုတုန့်ပြန်လျက်
လုပ်ငန်းစရိတ်တွေကို ဖြတ်တောက်ရင်း
ဝယ်လိုအားကျမှာကို
ကာကွယ်ဖို့ ကြိုးပမ်းနိုင်ကြတယ်။
အဲဒါက ကုန်ကျစရိတ် ဖြတ်တောက်မှုက
လစာကို ဖြတ်တောက်ပစ်မှာမို့
ဝယ်လိုအားကို ပိုလို့ကို နိမ့်ကျလာစေပါမယ်။
စီးပွားရေးကျဆင်းမှုကို ကာကွယ်ရန် ချမှတ်
ထားတဲ့ မူဝါဒက ကျဆင်းဖို့ ပံ့ပိုးနိုင်တယ်။
ခက်ခဲတဲ့ အချိန်ကာလမျိုးမှာ အစိုးရနဲ့ ဗဟို
ဘဏ်တွေက ငွေတွေကို ပိုပြီး ပုံနှိပ်ကြတယ်၊
အသုံးစရိတ်တိုးမြှင့်ရင်း ဗဟိုဘဏ်
အတိုးနှုန်းကို လျှော့ပေးကြတယ်။
အသေးစား ငွေချေးသူတို့က သူတို့ရဲ့
အတိုးနှုန်းကို လျှော့ချနိုင်ကြတယ်။
ငွေချေးရတာကို သက်သာစေခြင်းဖြင့်
လူတွေ ပိုပြီး သုံးစေရန် ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလို မူဝါဒတွေ အကျိုးဖြစ်မလာလို့
နောက်ဆုံးတွင် ငွေကြေးဖောင်းပွမှု
အလွန်အကျွံ မြင့်မလာစေရန်
ပြောင်းပြန် ပြန်ပြီး လုပ်ကြရတတ်ပါတယ်။
ပြည်သူတို့က ဈေးပေါလွန်းတဲ့ ချေးငွေကို
အားကျလာတာကို အစိုးရက အားပေးရင်
စီးပွားရေးကျဆင်းမှု ရင်ဆိုင်ရနိုင်ပါတယ်။
ဗြိတိန်နိုင်ငံထဲက
ကြေးဝါ စီးပွားရေးကျဆင်းမှုဟာ
သံကိုသုံးပြီး လယ်ယာနဲ့ စားနပ်ရိက္ခာ ထုတ်
လုပ်မှုကို တော်လှန်လျက် အဆုံးသတ်ခဲ့တယ်။
ဒီနေ့ ဈေးကွက်တွေဟာ
ပိုပြီးရှုပ်ထွေးကြပါတယ်၊
ဒီနေ့တွင် စီးပွားရေးကျဆင်းမှုတွေကို
နားလည်ဖို့ ပိုလို့ကို ခဲယဉ်းလာစေပါတယ်။
ဒါပေမဲ့ စီးပွားရေးကျဆင်းမှုတိုင်းဟာ
ဒေတာ အသစ်တွေကို ပေးနိုင်လို့ အနာဂတ်တွင်
စီးပွားရေး ကျဆင်းမှုကို ပိုမိုထိရောက်စွာ
တုံ့ပြန်လာနိုင်ကြမှာပါ။