ကျွန်တော် ဒီဗီဒီယိုမှာ လုပ်ချင်တာကတော့
ထပ်ဆင့် တိုး ( Compound Interest) နဲ့ ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။
နောက်တော့ ဆွေးနွေးမှု အနည်းငယ်ကို ခပ်မြန်မြန်လေးနဲ့
အရာတစ်ခု ဟာ ဘယ်လို ထပ်တိုးသွားသလဲဆိုတာကို ရှင်းလင်းဖို့အတွက်
အနီးစပ်ဆုံးပြုလုပ်မှာဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့ဟာ
ဒီခန့်မှန်းမှုဟာ ဘယ်လောက်ထိ တစ်ကယ်ကောင်းသလဲဆိုတာကို မြင်တွေ့ ကြရမှာဖြစ်ပါတယ်။
ဒါကို ရှင်းပြဖို့အတွက် ကျွန်တော်ဟာ ဘဏ်တစ်ခု ကို လည်ပတ်နေတယ်ဆိုပါစို့၊
ကျွန်တော်ဟာ အတိုး ၁၀% ကို ထပ်ဆင့် တိုး နှစ်စဉ် ပေးတယ်လို့
သင့်ကို ပြောတယ်ဆိုပါစို့။
ဘဏ်အစစ်မှာတော့ ဒီလိုမျိုး တော့ ရှိလေ့ရှိထ မရှိပါဘူး။
သင်ဟာ ဆက်တိုက်ထပ်တိုးသွားပါလိမ့်မယ်။
ဒါပေမယ့် ရိုးရှင်းတဲ့ ဥပမာ တစ်ခု ကို ကျွန်တော်ထားလိုက်ပါမယ်။
တစ်နှစ် ထပ်ဆင့်တိုးပါ။ အခြားသော ဗီဒီယိုတွေမှာ ဆက်တိုက် ထပ်ဆင့်တိုး
တာတွေလည်းရှိပါတယ်။ ဒီဟာ က တော့ တွက်ချက်ရတာ ပို ပြီး
ရှင်းလင်းပါတယ်။ ဘာကိုဆိုလိုသလဲဆိုရင်တော့ သင်ဟာ
ဒီနေ့ ဘဏ်မှာ ဒေါ်လာ ၁၀၀ အပ်လိုက်ပါတယ်။
ကျွန်တော်တို့ တစ်နှစ်စောင့်ပြီး သင်ဟာ
ဘဏ်ထဲမှာ ပိုက်ဆံကို ထားမယ်ဆိုရင်၊သင်ရဲ့  အပ်ငွေ ၁၀၀ဒေါ်လာ
အပေါင်း ၁၀% အတိုး ရမှာ ဖြစ်ပါတယ်။
၁၀၀ ရဲ့  ၁၀% ဟာ ၁၀ဒေါ်လာဖြစ်ပါတယ်။
တစ်နှစ် ကြာပြီးနောက် သင် ဟာ ၁၁၀ ဒေါ်လာ ရမှာ ဖြစ်ပါတယ်။
၁၀၀ မှာ ၁၀% ထပ်ထည့်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။
တစ်နှစ် ကြာပြီး နောက်ထပ်တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာပြီးတယ့် အခါမှာ
သင်ဟာ ၁၀% ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။
၁၀၀ ဒေါ်လာပေါ်မှာတင်မဟုတ်ပါ။
သင်ဟာ ၁၁၀ဒေါ်လာ ပေါ်မှာ ၁၀% ရရှိမှာဖြစ်ပါတယ်။ ၁၁၀ အပေါ်မှာ ၁၀% ဆိုတော့ သင်ဟာ နောက်ထပ် ၁၁ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ၁၁၀ အပေါ်မှာ ၁၀%ဟာ ၁၁ ဒေါ်လာဖြစ်ပါတယ်။
ဒါကြောင့် သင်ဟာ ၁၁၀ ရရှိမှာ ဖြစ်ပါတယ်။
သင်မြင်ကြည့်မယ်ဆိုရင်တော့ ဒါဟာ သင်ရဲ့  ဒုတိယ နှစ်အတွက်
အပ်ငွေနဲ့ သင်ဟာ ၁၀% အဲဒီအပေါ်မှာ ထပ်လောင်းရရှိခြင်းဖြစ်ပါတယ်။
သင်ရဲ့  ကနဦး အပ်ငွေ အပေါ်တွင်မဟုတ်ပါ။
ဒါကြောင့် ထပ်တိုးခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် တွေ အပေါ်မှာ ရရှိခဲ့တဲ့ အတိုးပေါ်မှာ အတိုးထပ်ဆင့် ရရှိခြင်းဖြစ်ပါတယ်။
ဒါကြောင့် ၁၁၀ အပေါင်း အခု ထပ်ရတယ့် ၁၁ ဒေါ်လာ။
ကျွန်တော်တို့သာ ပြန်လည် မထုတ်ယူခဲ့ပါက နှစ်စဉ် ရရှိမယ့် အတိုးပမာဏဟာ
တိုးသွားမှာ ဖြစ်ပါတယ်။ ယခုအခါ ၁၂၁ ဒေါ်လာရှိပါပြီ။
ဒါကို ဆက်လုပ်သွားလို့ရပါတယ်။ ယေဘုယျအားဖြင့် နှစ်ပေါင်း n နှစ် ကြာပြီး နောက်
ဘယ်လောက်ရှိမလဲဆိုတာကို တွက်ချက်မယ်ဆိုရင်တော့ သင့်အနေနဲ့ ဆက်တိုက် မြှောက်သွားရမှာဖြစ်ပါတယ်။
ကျွန်တော် ဒီမှာ အက္ခရာ သင်္ချာ အနည်းငယ်သုံးချင်ပါတယ်။
ဒါဟာ ကျွန်တော်ရဲ့  မူလ အပ်ငွေ သို့ မဟုတ် Principle ဆိုပါစို့။
x နှစ် ကြာပြီးနောက်မှာ
တစ်နှစ်ပြီး တယ့်နောက်မှာ သင်ဟာ မြှောက်သွားရမှာ ပါ။
အဲဒီနံပါတ်ကို ရဖို့ အတွက် ၁.၁ နဲ့ မြှောက်ရပါမယ်။
ဒီလို လုပ်ကြည့်ရအောင်။
စိတ်တွက် အရမ်းများမသွားချင်ဘူး။
သင်္ချာကို အသုံးပြုပြီး ဒီနံပါတ်ကို ရဖို့အတွက်
ကျွန်တော်တို့ဟာ အဲဒီမှာ မြှောက်လိုက်တဲ့ နံပါတ်ဟာ ၁၀၀ အမြှောက် ၁ အပေါင်း ၁၀%
သို့မဟုတ် ၁.၁ ဖြစ်ပါတယ်။
ဒီနားက နံပါတ်ကို ရဖို့ အတွက်ကတော့
ဒီ ၁၁၀ ကို ၁.၁ နဲ့ထပ် မြှောက် တာလေ။
ဒါကဒီလိုလေ။ ဒီနားက နံပါတ်က ၁၀၀ အမြှောက် ၁.၁ ပေါ့။
အခု ဒါကို ၁.၁ နဲ့ထပ်ပြီး မြှောက်ပါမယ်။
ဒီ ၁.၁ ဘယ်ကလာလဲမှတ်မိ သလား။
၁.၁ ဟာ ၁၀၀% အပေါင်း ၁၀% နဲ့ အတူတူပဲလေ။
အဲဒီလိုရတာပေါ့။ ကျွန်တော်တို့ က မူလ အပ်ငွေ ၁၀၀% အပေါင်း နောက်ထပ်
၁၀% ရှိ ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ၁.၁ နဲ့ မြှောက်ပေးခြင်းဖြစ်ပါတယ်။
ဒီမှာ နှစ်ခါလုပ်ပါမယ်။
၁.၁နဲ့ နှစ်ခါ မြှောက်ပါမယ်။
သုံးနှစ်ကြာတဲ့ အခါ မှာ ပိုက်ဆံ ဘယ်လောက်ရှိပြီလဲ။
သုံးနှစ်ကြာတဲ့ အခါမှာ ကျွန်တော်တို့ မှာ ရှိတာ က
၁၀၀ အမြှောက် ၁.၁ သုံးထပ် ဖြစ်ပါတယ်။ n နှစ် အကြာ။
စိတ်တွက် တွေ နည်းနည်းလေးပါလာတယ်။
ကျွန်တော်တို့တွေက ၁၀၀ အမြှောက် ၁.၁ ရဲ့  n ထပ် ဖြစ်ပါတယ်။
ဒါဟာ တွက်လို့မလွယ်ဘူးဆိုတာ သင် မှန်းလို့ရပါတယ်။
ဒါက ကျွန်တော်တို့တွေ ၁၀% နဲ့ပဲ စဉ်းစားနေလို့ပါ။
၇% နဲ့သာ စဉ်းစားမယ်ဆိုရင်
ဒီထက် ပြောင်းလဲသွားနိုင်ပါတယ်။
ကျွန်တော်တို့ဆီမှာ ၇% နှစ်စဉ်ထပ်တိုးနှုန်းရှိပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာ ကျွန်တော်တို့ဟာ ၁၀၀ အမြှောက်
၁.၁ အစား ၁၀၀% အပေါင်း ၇%
သို့မဟုတ် ၁.၀၇ ရရှိမှာ ဖြစ်ပါတယ်။ သုံးနှစ် လုပ်ကြည့်ရအောင်။
သုံးနှစ်ကြာပြီးတဲ့နောက်မှာ
ဒါဟာ ၁၀၀ အမြှောက် ၁.၀၇ သုံးထပ် ဖြစ်ပါလိမ့်မယ်။
သို့မဟုတ် ၁.၀၇ ကို ၃ ကြိမ်မြှောက် ထားတာပါ။ n နှစ်
ကြာပြီးနောက် ၁.၀၇ n ထပ် ဖြစ်လာပါလိမ့်မယ်။
သင်နားလည်လာပြီလို့ထင်ပါတယ်။
သဘောတရားက ရှင်းပေမယ့်လည်း တစ်ကယ်တမ်း ထပ်ဆင့် တိုး အတိုး ကို တွက် တာက
နည်းနည်းတော့ ခက်ခဲပါတယ်
နောက်ထပ်ပြီးတော့ ကျွန်တော်သင့်ကို မေးချင်တာကတော့
သင်ရဲ့ ပိုက်ဆံတွေကို နှစ်ဆ ဖြစ်ဖို့အတွက် အချိန်ဘယ်လောက် ယူရမလဲ။
ဒီ သင်္ချာနည်းကို သာ သင်အသုံးပြုမယ်ဆိုရင်တော့
င့ါပိုက်ဆံကို နှစ်ဆတိုးဖို့
ငါက ဒေါ်လာ ၁၀၀ ကနေ စပြီး တွက်ရမှာပဲလို့ သင် ကပြောမှာပဲ။
အဲဒါကို မြှောက်ဖို့ဆိုတော့ ၁၀% အတိုးနဲ့ ဆိုရင် သင့် စိတ်ကြိုက် ၁.၁ ဒါမှမဟုတ် ၁.၁၀
x အထိ ရောက်ဖို့အတွက် မြှောက်ရမှာဖြစ်ပါတယ်။
သင်ရဲ့ ပိုက်ဆံကို နှစ် ဆ တိုးဖို့ဆိုတော့
x ထပ် ဟာ ဆိုရင်ဖြင့်
၂၀၀ ရဖို့လိုပါတယ်။
x ကို အခု တွက်ကြရအောင်။
ဒီမှာ ကျွန်တော်တို့ Logarithm အချို့ လိုအပ်ပါမယ်။
၁၀၀ နှင့် နှစ်ဖက်စလုံးကို စားနိုင်ပါတယ်။
၁. ၁ ကို x ထပ် ဟာ ၂ နဲ့ တူပါတယ်။
၁၀၀ နဲ့ နှစ်ဖက်စလုံးကို ၁၀၀ နဲ့ စား ခဲ့ပါတယ်။
ပြီးတော့ နှစ်ဖက်စလုံးကို base 1.1 နဲ့ Logarithm ယူလိုက်ပါတယ်။
ဒါကို ရှုပ်ထွေး ကြောင်းသင့်ကို ပြချင်လို့
ဒီဟာကို ပြသခြင်းဖြစ်ပါတယ်။
ဒါဟာ ရှုပ်ထွေးလှတယ်လို့ ကျွန်တော်သိပါတယ်။
ဒါကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ ဗီဒီယို များလည်းရှိပါတယ်။
x က log base 1.1 of 2 နဲ့ တူတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ တော်တော်များများကတော့ ခေါင်းထဲမှာ မတွက်နိုင်ပါဘူး။
သဘောတရားက ရိုးရှင်းသော်လည်း
ကျွန်တော်ရဲ့  ပိုက်ဆံကို နှစ်ဆ တိုးပွားအောင် ဘယ်လောက် အချိန် ကြာအောင် ယူရမလဲဆိုတာကို
အဖြေ အတိအကျ ရအောင် တွက်ဖို့ အတွက် ကတော့ လွယ်ကူလှတာတော့မဟုတ်ပါဘူး။
ပုံမှန် ဂဏန်းတွက် စက်ကို အသုံးပြုမယ်ဆိုရင်တော့
နီးစပ်သော နံပါတ်တစ်ခုကို မရောက်မချင်းနှစ် အရေအတွက် ကို
ဆက်တိုက်ထပ်တိုးသွားနိုင်ပါတယ်။
တိုက်ရိုက်တွက်ချက်နိုင်တယ့်နည်းလမ်းတော့မရှိပါ။
ဒါ က ၁၀% နဲ့ မို့လို့ ပါ။ ၉ .၃% နဲ့လုပ်မယ်ဆိုရင်တော့
ဒီထက် ပိုပြီး ခက်ခဲလာနိုင်ပါတယ်။
နောက်ဗီဒီယို တစ်ခုမှာ ကျွန်တော်က
ဘာလုပ်မလဲဆိုတော့
Rule of 72 ကိုရှင်းပြမှာဖြစ်ပါတယ်။
Rule of 72 ဟာ သင် ရဲ့  ပိုက်ဆံကို နှစ်ဆ ဘယ်လောက်ကြာအောင် တိုးရသလဲ ဆိုတဲ့ မေးခွန်းကို
အဖြေပေးဖို့အတွက် သင်ခန်းစာကို ထပ်ပြီး ရှင်းပြသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ခန့်မှန်းချက်က ဘယ်လောက်မှန်သလဲဆိုတာကို
နောက် ဗီဒီယိုမှာ တွေ့  ကြရမှာဖြစ်ပါတယ်။