(ဂီတသံ) တီဗွီပေါ်က မြက်ပင်ရှည်တွေထဲက သစ်ပင်တစ်ပင် အောက်မှာ သူတို့ အတူရပ်ခဲ့ကြတယ်။ သူတို့ရဲ့ ဇာတ်လမ်းကို ကမ္ဘာကို ပြောပြရင်းပေါ့။ ကျွန်မတို့တွေဟာ ခြေဦးတည်ရာ သွားပြီး မှိန်ဝါးသွားဖို့ ချန်ထားခံရမှာပါ။ အရုဏ်တက်မှာ စစ်သားတွေလာပြီး ကျွန်မတို့ ခင်ပွန်းတွေကို ခေါ်သွားတယ်။ ကျွန်မတို့ ဆက်ရှင်နေပြီး မှိန်ဝါးသွားမှာပါ။ အရုဏ်တက်မှာ စစ်သားတွေလာပြီး ကျွန်မတို့ ကလေးတွေကို သတ်ဖြတ်သွားကြတယ်။ မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊ ပြောင်းလဲခြင်းရဲ့ မိန်းမသားတွေ၊ စစ်နဲ့ နာကျင်မှုရဲ့ မိန်းမသားတွေ ကျွန်မ ယုံကြည်တယ်၊ သင်တို့ တစ်ဦးချင်းစီကို တန်ခိုးရှင်က နာမည်တပ်ပြီးသိတယ်လို့ ကျွန်မ ယုံကြည်တယ်၊ မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊ ပြောင်းလဲခြင်းရဲ့ မိန်းမသားတွေ၊ မေတ္တာတရားနဲ့ ပျော်ရွှင်ခြင်းရဲ့ မိန်းမသားတွေ၊ ရှက်စရာမရှိပါ။ သင်တို့မှာ ဘယ်တော့မှ ယူသွားလို့မရနိုင်တဲ့ ဒီဘဝ သေးသေးလေးရှိပါတယ်။ ဘေးနားမှာ ကလေးတစ်ယောက်နဲ့အတူ ညရဲ့ မှောင်မိုက်မှုကို ပြေးလွား ဖြတ်သန်းရင်း အို ဘုရားရှင်၊ သူတို့ကို အလင်းရောင်ရဲ့ တောက်ပတဲ့ ချပ်ဝတ်တန်ဆာကို မပေးတော့ဘူးလား။ အို ဘုရားရှင်၊ သူတို့ကို အလင်းရောင်ရဲ့ တောက်ပတဲ့ ချပ်ဝတ်တန်ဆာကို မပေးတော့ဘူးလား။ မိုးသောက်ခြင်းဟာ ဘဝသစ်ရဲ့ အရိပ်လက္ခဏာကို ရပ်တည်ဖို့ အစွမ်းနဲ့အတူ ဆောင်ကြဉ်းပေးတယ်။ နယ်နိမိတ်ကို ကျော်ဖြတ်ရင်း သူပြောတာက "ဒီမြေမှာ လွပ်လပ်ခြင်း ကို သင်တို့ စိုက်ပျိုးလိမ့်မယ်" မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ၊ ပြောင်းလဲခြင်းရဲ့ မိန်းမသားတွေ၊ စစ်နဲ့ နာကျင်မှုရဲ့ မိန်းမသားတွေ သင်တို့ရဲ့ စွမ်းအားကို ခံစားလို့ရတယ်။ ဒီစကားလုံးတွေနဲ့ သူမပြောတာက "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" ဆက်ရှင်သန်ဖို့ သူတို့ ဘယ်လောက်ထိ သွားရတယ်ဆိုတာ ဘယ်သူမှ တကယ် မသိဘူး။ ဆက်ပေးဆပ်ဖို့ ဆက်ခွင့်လွှတ်ဖို့ သူတို့ ဘယ်လောက်ထိ သွားရတယ်ဆိုတာ ဘယ်သူမှ တကယ် မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်နေတယ်။ သူမရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုအတွက် နေအိမ် အကျယ်ချုပ်နဲ့ သူမရဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုအတွက် သူမရဲ့ ပြည်သူတွေက မှာကြားချက် တောင်းခံတော့ သူမပြောခဲ့တာက "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" ကဲ ဒီစကားလုံးတွေ သိကြပြီ။ ဆိုကြရအောင်။ "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" "သင်ဟာ အကူအညီမဲ့နေတယ် လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" မျှော်လင့်ချက်ရဲ့ ပြည်သူတွေ ပြောင်းလဲခြင်းရဲ့ ပြည်သူတွေ မေတ္တာတရားရဲ့ ပြည်သူတွေ၊ ရှက်စရာ မရှိပါ။ သင်တို့ တစ်ဦးချင်းစီကို တန်ခိုးရှင်က နာမည်တပ်ပြီးသိတယ်လို့ ကျွန်မ ယုံကြည်တယ်၊ ကျေးဇူးတင်ပါတယ်။ လက်ခုပ်သံများ။