ဟုတ်ပြီ အခုသင်ဟာ သင့်ဘဝအတွက် အရေးပါတယ့်
အသိသညာ တစ်ခုကို ရလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအရာကို
သင်ဟာ အရင်ကတည်းက သိနှင့်ပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အသိဉာဏ်ရှိနေခြင်းကြောင့်
သင်ဟာ တချိန်ချိန်မှာ ဒေဝါလီခံရတဲ့ အဖြစ်မျိုးကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။
ဒီတော့ကာ အခု ကျွန်တော် ငွေအတိုး အကြောင်းကို စပြောပါမယ်။
ဒီနောက်မှာတော့ ရိုးရိုးအတိုး နှင့် နှစ်ထပ်တိုး အကြောင်းကို ဆက်ရှင်းပြပါမယ်။
ဒီတော့ကာ အတိုးဆိုတာ ဘာကိုဆိုလိုတာလဲ?
ကျွန်တော်တို့ အားလုံး အတိုးဆိုတာ ကြားဖူးနားဝ ရှိပြီးသားပါပဲ။
အတိုးနှုန်း သို့မဟုတ် ကျွန်တော်တို့ သူများထံက ချေးယူထားတဲ့ ငွေအတွက် ပေးရမယ့်အတိုး
ကျွန်တော့ရဲ့ အကြွေးဝယ်ကဒ်မှာ ရှိနေတဲ့ အကြွေးအတွက် အတိုး စသဖြင့်ပေါ့။
အတိုးဆိုတာကို စာအုပ်တွေထဲ ဘယ်လို အတိအကျ အဓိပ္ပါယ် ဖွင့်သလဲ
ကျွန်တော် Wikipedia စွယ်စုံကျမ်းထဲ နောက်တော့မှ ရှာကြည့်လိုက်ပါဦးမယ်။
အလွယ်ပြောရရင်တော့ ငွေကို ချေးငှားသုံးတဲ့အခါ ပေးရတဲ့ ချေးငှားခလို့ပဲ ဆိုကြပါစို့။