(အသက်ရှု သွင်းသည်)
(အသက်ရှူထုတ်သည်)
ဒီတော့ ကျွန်မဟာ ဂီတကနေ
အသက်မွေးဝမ်းကျောင်း အမြဲမလုပ်ခဲ့ဘူး။
တော်မှန်တဲ့ ဘက်စုံ အနုပညာ တက္ကသိုလ်ကနေ
ဘွဲ့ရပြီး ငါးနှစ်ခန့်လုံးလုံး
ဒါက ကျွန်မရဲ့ နေ့ဘက်အလုပ်ဖြစ်ခဲ့တယ်။
(ရယ်သံများ)
ကျွန်မက ကိုယ်ကိုင်ခန့်တဲ့ Eight-Foot Bride
လို့ခေါ်တဲ့သက်ရှိရုပ်တုတစ်ခုဖြစ်ခဲ့ပြီး
ဒါကို အလုပ်တစ်ခုအနေနဲ့ လုပ်တာလို့
လူတွေကိုပြောရတာ သဘောကျတယ်။
အကြောင်းက တကယ့်ဘဝမှာ
ဒီလူထူးဆန်းတွေဟာ
ဘယ်သူတွေလိုဆိုတာ
လူတွေက သိချင်တာကြောင့်ပါ။
(ရယ်သံများ)
်ဟယ်လို၊
တစ်နေ့ ကိုယ့်ကိုယ်ကို အဖြူရောင်
ဆေးခြယ်၊ ပုံးတစ်ပုံးပေါ်မတ်တပ်ရပ်၊
ခြေထောက်မှာ ဦးထုပ် (သို့)
သံဘူးတစ်ဘူး ထားလိုက်တယ်၊
တစ်ယောက်ယောက်လာပြီး
ပိုက်ဆံထည့်တဲ့အခါ
သူတို့ကို ပန်းတစ်ပွင့် ကမ်းပေးပြီး
မျက်လုံးချင်း စူးစိုက်ကြည့်တယ်။
သူတို့က ပန်းပွင့်ကို မယူရင်
သူတို့ ထွက်သွားတဲ့အခါ
ကျွန်မက ဝမ်းနည်း၊တမ်းတတဲ့
အမူအရာ လုပ်ပြလိုက်တယ်။
(ရယ်သံများ)
ဒီတော့ လူတွေနဲ့ အနက်ရှိုင်းဆုံး
တွေ့ဆုံမှုတွေ ရှိခဲ့တာပေါ့။
အထူးသဖြင့် သီတင်းပတ်ချီပြီး
တစ်ယောက်နဲ့မှ စကားမပြာခဲ့ရတဲ့
အထီးကျန်နေသူတွေပေါ့၊
မြိုံပေါ်က လမ်းထဲမှာ ဖြစ်ခွင့်ရတဲ့
ရှည်ကြာတဲ့ မျက်လုံးချင်းဆုံတွေ့မှုရဲ့
ဒီလှပတဲ့ တဒင်္ဂ ကျွန်မတို့ရပြီး
နည်းနည်းလေး ချစ်ကျွမ်းဝင်မိတာမျိုးပေါ့။
ကျွန်မ မျက်လုံးတွေက ပြောမှာက
"ကျေးဇူးတင်ပါတယ်၊
ရှင့်ကို မြင်ပါတယ်။"
သူတို့ မျက်လုံးတွေက ပြောမှာက
"ဘယ်သူမှ ကျုပ်ကို မမြင်ကြဘူး၊
ကျေးဇူးတင်ပါတယ်"ပေါ့။
တစ်ခါတစ်လေ နှောင့်ယှက်ခံရတယ်၊
ကားတွေထဲကနေ ကျွန်မကို အော်ဟစ်ကြတယ်၊
"အလုပ်တစ်ခု ရှာစမ်းပါ"
(ရယ်သံများ) ဒါနဲ့ ကျွန်မ ပြောလိုက်တာက
"ဒါ ကျွန်မ အလုပ်ပါ"လို့
ဒါပေမဲ့ ဒါက နာကျင်တယ်၊ အကြောင်းက
ကျွန်မဟာ အလုပ်မဆန်တဲ့၊ မတရားတဲ့၊
ရှက်က်စရာတစ်ခုခု လုပ်နေတယ်လို့
စိုးရိမ်မိစေလို့ပါ။
ဒီပုံးပေါ်က ဂီတ လုပ်ငန်းအတွက်
ကျွန်မရနေတဲ့ စစ်မှန်တဲ့ ပညာရေးတစ်ခုဟာ
ဘယ်လို စံထားထိုက်တာ မသိခဲ့ဘူး။
ဒီက စီးပွားရေး ပညာရှင်တွေအတွက်
အတော် ခန့်မှန်းနိုင်တဲ့ ဝင်ငွေ တကယ်
ရခဲ့တာ သိဖို့ စိတ်ဝင်စားလောက်တယ်။
ကျွန်မအတွက်တော့ လန့်စရာပေါ့၊
ကျွန်မမှာ ဖောက်သည်မှ မရှိတာကိုး၊
ဒါပေမဲ့ အင်္ဂါ တစ်ရက် ဒေါ်လာ ၆၀၊
သောကြာ တစ်ရက် ဒေါ်လာ ၉၀ လောက်ရတယ်။
ဒါက ပုံသေဖြစ်ခဲ့တယ်။
တစ်ချိန်တည်းမှာ အနီးအနားမှာ လှည်လည်ကာ
နိုက်ကလပ်တွေမှာ ကျွန်မရဲ့တီးဝိုင်း
Dresden Dolls နဲ့အတူ ဖျော်ဖြေနေခဲ့တယ်။
ဒါက စန္ဒရားနဲ့ ကျွန်မ၊ ပါရမီရှင်
ဒရမ်သမားလေ။
သီချင်းတွေ ရေးခဲ့ပြီး နောက်ဆုံးမှာ
ရုပ်တုလုပ်တာကနေ ထွက်နိုင်တဲ့အထိ
ငွေအလုံအလောက် စရှာခဲ့ပြီး
လှည့်လည်ဖျော်ဖြေခဲ့တယ်။
လူတွေနဲ တိုက်ရိုက်ဆက်နွယ်မှု
သဘောကိုတော့မဆုံးရှုံးချင်ခဲ့ဘူးလေ၊
ကျွန်မ ကြိုက်တာကိုး။
ဒါနဲ့ ကျွန်မတို့ပွဲအားလုံးပြီးတဲ့အခါ
အမှတ်တရ လက်မှတ်တွေထိုးပြီး
ပရိတ်သတ်တွေကိုဖက်၊ အချိန်ဖြုန်းပြီး
စကားတွေ ပြောတယ်၊
ကျွန်မတို့ကို ကူညီ၊ပါဝင်ဖို့ လူတွေကို
တောင်းခံရင်းကနေ အနုပညာကို ဖန်တီးခဲ့တယ်။
ဒေသတွင်းက ဂီတပညာရှင်တွေ၊
အနုပညာရှင်တွေကို ရှာတွေ့ပြီး
ကျွန်မတို့ပွဲတွေရဲ့ အပြင်ဘကမှာ
သူတို့ မတည်ကြပြီး
အလှူငွေကောက်ခံကြတယ်၊
နောက် သူတို့ဝင်လာပြီး
စင်ပေါ်မှာ ကျွန်မတို့နဲ့ပါတယ်။
ဒီတော့ အလှည့်ကျ လူထူးဆန်းအစုံနဲ့
ကျပန်း ဆပ်ကပ် ဧည့်သည်တွေရှိခဲ့တယ်။
ဒီနောက် Twitter ပါလာပြီး
ပိုပြီး မှော်ဆန်အောင်
တောင်လုပ်ပေးတယ်၊
ဘယ်နေရာက ဘာကိုမဆို
ချက်ချင်း တောင်းခံနိုင်တာကြောင့်ပါ
ဒီတော့ လေ့ကျင့်ဖို့ စန္ဒရားတစ်လုံးလိုတော့
တစ်နာရီအကြာမှာ အားပေးသူရဲ့
အိမ်ကို ရောက်သွားရော။
ဒါက လန်ဒန်မှာပါ။
တစ်ကမ္ဘာလုံးက ဇာတ်စင်နောက်မှာ လူတွေက
အိမ်ချက်စားစရာတွေ ယူလာ
ကျွေးတယ်၊ ကျွန်မတို့နဲ့အတူစားတယ်။
ဒါက Seattle မှာပါ။
ပြတိုက်တွေ၊ စျေးဆိုင်တွေနဲ့ အများဆိုင်
နေရာမျိုးစုံမှာ အလုပ်လုပ်တဲ့
အားပေးသူတွေက ကျွန်မတို့ကို
လက်ပြလက်နှုတ်ဆက်တယ်။
ကောက်ကာငင်ကာ အခမဲ့ ဖျော်ဖြေပွဲတစ်ခု
လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်ပေါ့။
ဒါက Auckland က စာကြည့်တိုက်မှာပါ။
စနေ့နေ့မှာ ဒီကုန်သေတ္တာနဲ့ ဦးထုပ်အတွက်
တွိပို့လိုက်တယ်၊
အကြောင်းက East Coast က သူတို့တွေကို
ကရိကထ မခံစေချင်လို့ပါ၊
ဒီမြို့ကြီးသား ကတစ်ဆင့် သူတို့ ရောက်လာတယ်၊
Newport Beach က Chris
သူနှုတ်ဆက်တယ်။
"Melbourne က ဘယ်နေရာမှာ နှာဆေးဘူးဝယ်လို့
နိုင်လဲ"လို့ ကျွန်မ တစ်ခါ တွိခဲ့တယ်။
ကျွန်မ ရှိနေတဲ ကဖေးကို ဆေးရုံတစ်ရုံက
သူနာပြုတစ်ယောက် ချက်ချင်း ကားမောင်းလာတယ်၊
သူ့ကို ဖျော်ရည် ဝယ်တိုက်ပြီး
သူနာပြုတာနဲ့ သေခြင်းအကြောင်း
ကျွန်မတို့ ထိုင်ပြောကြတယ်
ဒီလိုကျပန်း ရင်းနှီးမှုမျိုးကို
ကျွန်မ သောကျတယ်၊
ဒါက ကံကောင်းတာလေ၊
ကျွန်မက ကြုံသလို တည်းခိုတာကိုး။
ကျွန်မရဲ့အဖွဲ့က လူတိုင်း သီးသန့်ခန်းရတဲ့
စံအိမ်ကြီးတွေဆိုပေမဲ့
ဝိုင်လာလက်တော့ မရှိဘူး၊
လမ်းဘေး ကျုးကျော်တဲတွေထဲက
ရေအိမ်မရှိတဲ့ အခန်းတစ်ခန်းထဲမှာ
လူတိုင်းက ကြမ်းပြင်မှာဆိုပေမဲ့
ဝိုင်ယာလက်ရှိတယ် ပိုကောင်းတဲ့
ရွေးချယ်မှုဖြစ်တာတော့ရှင်းတယ်နော်
(ရယ်သံများ)
တစ်ခါက ကျွန်မရဲ့အဖွဲ့ဟာ တကယ့် နွမ်းပါးတဲ့
Miami ဝန်းကျင်မှာ ကားကို ထိုးရပ်လိုက်ပြီး
ဒီညအတွက် ကျွန်မတို့
ယာယီတည်းခိုမယ့် အိမ်ရှင်က
အိမ်မှာ နေဆဲ ၁၈ နှစ် သမီးလေး
ဖြစ်နေတာ သိရှိလိုက်ရတယ်၊
သူ့မိသားစုဟာ Honduras ကနေ
တရားမဝင် ရွေ့ပြောင်းလာသူတွေပါ။
အဲဒီညက သူ့မိသားစုတစ်စုလုံးက
ခုတင်တွေ ယူသွားတော့
သူတို့အိပ်ယာတွေ ကျွန်မတို့ ယူလို့ရအောင်
သူက သူအမေနဲ့ အတူတူ အိပ်တယ်၊
လှဲရင်း ကျွန်မ တွေးမိတာက
ဒီလူတွေမှာ ဘာမှမရှိသလောက်ပဲ၊
ဒါ တရားရဲ့လား။
မနက်ရောက်တဲ့အခါ
သူ့အမေက တော်တီလာမုန့်
ကြိုးစားလုပ်ဖို့ သင်ပေးပြီး
ကျွန်မကို သမ္မာကျမ်းတစ်စောင်
ပေးချင်တယ်တဲ့
ကျွန်ကို သီးသန့်ခေါ်ပြီး
အင်္ဂလိပ်စကား မတတ်တတတ်နဲ့ပြောတာက
"မင်းရဲ့ဂီတက ငါ့သမီးကို
အများကြီး ကူညီပေးခဲ့တာလေ။
ဒီမှာ တည်းတဲ့အတွက် ကျေးဇူးတင်တယ်၊
ငါတို့ ကျေးဇူးတင်တယ်"
ဒါနဲ့ တွေးမိတာက ဒါက တရားပါတယ်။
ဒါပဲလေ။
တစ်လ၊နှစ်လအကြာမှာ
Manhattan မှာ ရှိတုန်း
အိပ်ဖို့နေရာရှာနေတယ်လို့
တွိပြီး သန်းခေါင်မှာ
Lower East Side မှာ ကျွန်မရှိနေတယ်။
ဒါကို ကျွန်မတစ်ယောက်တည်း
ဘယ်တော့မှမလုပ်ဖြစ်ခဲ့ဘူး၊
တီးဝိုင်း(သို့)အဖွဲ့နဲ့အတူ အမြဲရှိခဲ့တာပါ
ဒါက ငတုံးတွေလုပ်တဲ့ဟာလား။
(ရယ်သံများ)
ဒါက ငတုံးတွေ သေကြပုံလား။
ကျွန်မ စိတ်မပြောင်းနိုင်ခင်
တံခါးက ဝုန်းကနဲပွင့်လာတယ်။
သူမက ပန်းချီပညာရှင်၊
သူက Reuters က ဘဏ္ဍာရေး ဘလော့ရေးသူပါ။
ကျွန်မကို ဝိုင်နီတစ်ခွက် လောင်းထည့်ပြီး
ရေချိုးဖို့ ကမ်းလှမ်းတယ်
ကျွန်မမှာ ဒီလိုမျိုးညတွေ
ထောင်ချီပြီးရှိခဲ့တယ်။
ဒီတော့ ကြုံရာမှာ အများကြီးတည်းခဲ့ပြီး
ပရိတ်သတ်လှိုင်းလည်း အများကြီးစီးခဲ့တယ်။
ကြုံရာမှာတည်းတာနဲ့ ပရိတ်သတ်
လှိုင်းစီးတာတွေဟာ အခြေခံကတော့
အတူတူပဲလို့ ခံယူထားတယ်။
သင်ဟာ ပရိတ်သတ်ထဲကို ကျသွားပြီး
အချင်းချင်း ယုံကြည်နေကြတာလေ။
ကျွန်မရဲ့ ပထမ တီးဝိုင်းကို အပိုငွေရဖို့
လူတွေထဲဝင်ပြီး အလှူခံချင်လားလို့
တစ်ခါ မေးဖူးတယ်၊
ကျွန်မ အတော်များများ လုပ်ခဲ့တာပါ။
ခါတိုင်းလိုပဲ တီးဝိုင်းဟာ တက်ကြွပတယ်၊
ဒါပေမဲ့တီးဝိုင်းထဲက ငတိတစ်ကောင်ရှိတယ်၊
လူအုပ်ထဲကို ကိုယ်တိုင် မသွားနိုင်ဘူးလို့
ကျွန်မကို ပြောတဲ့လူပေါ့။
ဦးထုပ်နဲ့ ရပ်နေဖို့က သိပ်ပြီး
ခယနေတာမျိုးလို့ ခံစားရတယ်။
"ဒါ တရားရဲ့လား"နဲ့ "အလုပ်တစ်ခု ရှာလေ"
ဆိုတဲ့ သူ့ကြောက်စိတ်ကို
ကျွန်မ အသိအမှတ်ပြုတယ်။
တစ်ချိန်တည်းမှာ ကျွန်မရဲ့တီးဝိုင်းက
ပိုကြီးကြီးလာနေတယ်။
အဓိကတံဆိပ်တစ်ခုနဲ့လက်မှတ်ထိုးတယ်
ကျွန်မတို့ဂီတာက ပန့်နဲ့ ကာဘာရက်
ရောယှက်ထားတာပါ။
လူတိုင်းအတွက်တော့ မဟုတ်ဘူး။
သင်တို့အတွက်တော့ ဖြစ်လောက်ပါတယ်။
(ရယ်သံများ)
ကျွန်မတို့ လက်မှတာ်ထိုးတယ်၊ ဒီကြော်ငြာ
တာက နောက်ဓာတ်ပြားကို အစပျိုးစေတယ်။
ဒါက ထွက်လာပြီး ပထမ သီတင်းပတ် အနည်းငယ်မှာပဲ
ချပ်ရေ၂၅၀၀၀ ရောင်းရတယ်၊
ဒီတံဆိပ်က ကျရှုံးမှုတစ်ခုလို့ ယူဆရတယ်။
ကျွန်မက "၂၅၀၀၀ လေ၊ မများဘူးလား"ပေါ့။
သူတို့က "မများဘူး၊ အရောင်းတွေ
ကျနေတယ်"တဲ့။
ကျရှုံးမှုတစ်ခုပါ။
သူတို့ လစ်သွားတယ်။
တစ်ချိန်တည်းမှာပဲ ဖျော်ဖြေပွဲတစ်ခုအပြီးမှာ
သီချင်ဆိုပြီး ပွေ့ဖက်နေတယ်၊
လူတစ်ကောက် ကျွန်မဆီလာပြီး
၁၀ ဒေါ်လာတန်တစ်ရွက်ပေးတယ်။
ပြီးတော့ ပြောတာက
"တောင်းပန်ပါတယ်၊ CD ကို
သူငယ်ချင်းဆီက ကူးမိတယ်။"
(ရယ်သံများ)
"ဒါပေမဲ့ ဘလော့ဂ်ကို
ဖတ်တယ်။ ဒီတံဆိပ်ကို မုန်းတာသိတယ်။
ဒီငွေကို ခင်ဗျားရစေချင်တယ်။"
ဒါက တစ်ချိန်လုံး စဖြစ်နေတော့တာပါ။
ကိုယ်ပိုင်ဖျော်ဖြေပွဲတွေအပြီးမှာ
ဦးထုပ်တစ်လုံး ဖြစ်လာပေမဲ့
ရုပ်ပိုင်းအရ အဲဒီမှာ ရပ်နေပြီး
လူတွေဆီက အကူအညီယူပါတယ်၊
ပထမ တီးဝိုင်းထဲက လူနဲ့မတူဘဲ
အဲဒီမှာ ရပ်တာကို တကယ်
အများကြီး လေ့ကျင့်ခဲ့တယ်။
ကျေးဇူးတင်ပါတယ်။
ဒါက ကျွန်မရဲ့ဂီတကို အွန်လိုင်းမှာ
ဖြစ်နိုင်တဲ့ အချိန်တိုင်းမှာ
အခမဲ့ ဝေတော့မယ်လို့
ဆုံးဖြတ်လိုက်တဲ့အချိန်ပါ။
ဒီတော့ ဟောဟိုက Metallica
Napster လိုပေါ့၊ လွန်တာပေါ့။
ဟောဒီမှာ Amanda Palmer ပါ၊
တစ်ပြုံကြီး ကူးယူတာ၊ မျှဝေတာကို
အားပေးတော့မှာပါ။
ဒါပေမဲ့ အကူအညီတော့ တောင်းပါမယ်၊
အကြောင်းက ဒါက လမ်းပေါ်မှာ
အလုပ်ဖြစ်တယ်လို့ မြင်လို့ပါ။
ဒီနောက် ကျွန်မရဲ့တံဆိပ်နဲ့ ကျွန်မရဲ့
နောက်ထပ် ပရောဂျက်အတွက်
တီးဝိုင်းအသစ် Grand Theft Orchestra
နဲ့အတူ တိုက်ခိုက်တယ်
စုပေါင်း ထောက်ပံရေးဆီပြောင်းတယ်။
ကျွန်မလုပ်ထားတဲ့ ထောင်ချီတဲ့
ဆက်သွယ်မှုတွေကို ကျသွားပြီး
ကျွန်မရဲ့လူစုကို လှမ်းဖမ်းခိုင်းလိုက်တယ်။
ရည်မှန်းချက်က ဒေါ်လာ တစ်သိန်းပါ။
ကျွနိမရဲ့အားပေးသူတွေက ၁.၂ သန်းနီးပါး
ပံ့ပိုးခဲ့တယ်၊
သတ်မှတ်မယ်ဆို အကြီးဆုံး ဂီတ
စုပေါင်းထောက်ပံ့တဲ့ ပရောဂျက်ပါ။
(လက်ခုပ်သံများ)
လူဘယ်နှစ်ယောက်ရှိလဲဆိုတာ မြင်နိုင်ပါတယ်။
၂၅၀၀၀ လောက်ပါ။
မီဒီယာက မေးခဲ့တာက
"Amanda ဂီတ လုပ်ငန်းက ရှုံးနေပြီး
ခင်ဗျားက မူပိုင်ခွင်ထိပါးတာ အားပေးတယ်
ဂီတအတွက် ဒီလူအားလုံး ငွေပေးအောင်
ဘယ်လိုလုပ်ခဲ့လဲ"
တကယ့် အဖြေကတော့ သူတို့ကို မပေးခိုင်းပါဘူး။
တောင်းခဲ့တာပါ။
လူတွေဆီက တောင်းခံတဲ့ လုပ်ရပ်ကနေ
ကျွန်မ သူတို့နဲ့ ဆက်သွယ်ခဲ့ပြီး
သူတို့နဲ့ ဆက်သွယ်တဲ့အခါ
လူတွေက သင့်ကို ကူညီချင်ကြတယ်။
အနုပညာရှင်များစွာအတွက်တော့
ဗီဇအသိနဲ့ဖီလာဖြစ်တာမျိုးပါ။
သူတို့က မတောင်းခံချင်ဘူးလေ။
ဒါပေမဲ့ ဒါက မလွယ်ဘူး။
တောင်းခံဖို့ဆိုတာ မလွယ်ဘူး။
အနုပညာရှင်အတော်များများမှာ
ဒါနဲ့ ပြဿနာရှိတယ်။
တောင်းခံခြင်းဟာ ခုခံစွမ်းမဲ့စေတယ်။
ကျွန်မဆို အွန်လိုင်းမှာ အများကြီး
ဝေဖန်ခံရတယ်။
Kickstarter ကြီးထွားပြီးနောက်
ကျွန်မရဲ့ ရူးသွပ်တဲ့ အွန်လိုင်းရင်းမြစ်
ရှာတဲ့အလေ့အထတွေဆက်ဖို့
အထူးသဖြင့် အားပေးသူ
ဂီတပညာရှင်တွေကို စင်ပေါ်မှာ
ကျွန်မနဲ့ ပါဝင်ချင်လားလို့
မေးဖို့အတွက်ပါ၊
သီချင်းအနည်းငယ်ကို ချစ်ခြင်း
၊လက်မှတ်တွေနဲ့ ဘီယာနဲ့ဖလှယ်ဖို့ပါ၊
ဒါက ဝက်ဆိုဒ်ပေါက်တက်သွားတဲ့
ကျွန်မရဲ့လိမ်ထားတဲ့ ရုပ်ပုံပါ။
ဒါက တကယ့်ကို အကျွမ်းဝင်နေတဲ့
နည်းတစ်ခုနဲ့ နာကျင်စေတာပါ။
လူတွေ ပြောတာက
"မင်းကို ဒီလိုအကူညီမျိုး
တောင်းခွင့်မပြုတော့ဘူး"တဲ့။
"အလုပ်တစ်ခု ရှာစမ်းပါ"လို့ ကားတွေထဲက
အော်သံကို ကျွန်မ ပြန်အမှတ်ရသွားတယ်။
အကြောင်းကတော့ သူတို့ဟာ ကျွန်မတို့နဲ့အတူ
လူသွားစင်္ကြံမှာ မရှိခဲ့ဘဲ
ကျွန်မနဲ့ လူစုကြားမှာ ဖြစ်ပေါ်နေတဲ့
ဖလှယ်မှုကို မမြင်နိုင်တာကြောင့်ပါ
ကျွန်မတို့အတွက် မျှတပေမဲ့ သူတို့နဲကျတော့
ဖီလာဖြစ်နေတဲ့ ဖလှယ်မှုတစ်ခုပါ။
ဒီတော့ ဒါက အလုပ်အတွက်
နည်းနည်း စိတ်မချရဘူး။
ဒါကတော့ ဘာလင်က ကျွန်မရဲ့
Kickstarter ပွဲပါ။
ညအဆုံးမှာ ကျွန်မ ချွတ်ချလိုက်ပြီး
လူတိုင်းကို ကိုယ်မှာပုံပေးဆွဲတယ်
အခု ပြောပါရစေ၊
သူစိမ်းတွေကို ယုံကြည်ခြင်းရဲ့
အူလှိုက်သည်းလှိုက်
ခံစားချက်ကို တွေ့ကြုံချင်ရင်
(ရယ်သံများ)
ကျွန်မ ဒါကို အကြံပြုတယ်။
အထူးသဖြင့် ဒီသူစိမ်းတွေဟာ
မူးနေတဲ့ ဂျာမန်တွေဆိုရင်ပေါ့။
(ရယ်သံများ)
ဒါဟာ နင်ဂျာ ဆရာကြီးအဆင့်
ပရိတ်သတ် ဆက်နွယ်မှုတစ်ခုပါ။
အကြောင်းက ကျွန်မ ဒီမှာ
တကယ် ပြောနေတာက
ကျွန်မ ဒါကို သိပ်ယုံလို့ပါ။
ယုံသင့်လား။
ကျွန်မကို ပြလေ။
လူ့သမိုင်းရဲ့ အများစုမှာ
ဂီတပညာရှင်တွေ၊ အနုပညာရှင်တွေဟာ
လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်။
ဆက်သွယ်သူတွေ၊ လမ်းဖွင့်သူတွေဟာ
ထိမရနိုင်တဲ့ ကြယ်တွေမဟုတ်ဘူး။
နာမည်ကျော်ဆိုတာက အဝေးကနေ
သင့်ကို ချစ်နေတဲ လူအများကြီးနဲ့ဆိုင်ပြီး
ဒါပေမဲ့ အင်တာနက်နဲ့
ဒီအပေါ်မှာ ကျွန်မတို့ လွတ်လပ်စွာ
မျှဝေနိုင်တဲ့ အကြောင်းအရာတို့ကတော့
ကျွန်မတို့ကို ပြန်အမှတ်ရစေတာပါ။
ဒါက သင့်ကို အနီးကပ် ချစ်ခင်နေတဲ့ လူတွေနဲ့
ရှိတာနဲ့တင် လုံလောက်တဲ့
လူတွေနံ့ဆိုင်တာပါ။
ဒီတော့ လူအတော်များများဟာ
စျေးနှုန်းကဒ်မပါတဲ့
စိတ်ကူးနဲ့ စိတ်ရှုပ်နေတယ်။
ဒါကို ကြိုမသိနိုင်တဲ့အန္တရာယ်လို့
သူတို့မြင်ပေမဲ့ ကျွန်မ လုပ်တာတွေက
Kickstarter လမ်း၊ လူခေါ်ခေါင်းလောင်းပါ၊
ဒါတွေကို အန္တရာယ်လို့ မမြင်ဘူး။
ယုံကြည်မှုလို့ မြင်တယ်။
အခု လမ်းမှာလိုပဲ လွယ်ကူပြီး
ပင်ကိုအတိုင်းဖြစ်တဲ့ ဖလှယ်မှုကို
ဖန်တီးဖို့ အွန်းလိုင်း ကိရိယာတေွ
အဲဒီမှာ ရောက်နေတယ်။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်
မျက်နှာချင်းဆိုင်ပြီး မကြောက်မလန့်
ပေးတာ၊ လက်ခံတာ မလုပ်နိုင်ရင်
အကောင်းဆုံးကိရိယာတွေက
ကျွန်မတို့ကို ကူညီမှာမဟုတ်ဘူး။
ဒါပေမဲ့ ပိုအရေးကြီးတာက
မရှက်ပဲ တောင်းခံဖို့ပါ။
ကျွန်မရဲ့ ဂီတ သက်တမ်းကို
ပုံးပေါ်မှာ လုပ်နိုင်သလို
အင်တာနက်က လူတွေနံ့ ဆုံဖို့
ကြိုစားရင်း ကုန်ဆုံးတယ်။
ဒီတော့ ဘလောဂ်လုပ်တာ၊ တွိတ်လုပ်တာက
ကျွန်မရဲ့ ခရီးစဉ် နေ့စွဲတွေ၊
ဗီဒီယိုအသစ်အတွက်တင်မဟုတ်ပဲ
ကျွန်မတို့ရဲ့လက်ရာ၊ အနုပညာနဲ့
ကြောက်စိတ်တွေ၊ အရက်နာကျတာတွေ၊
အမှားတွေအတွက်ရောပါ၊
ပြီးတော့ အချင်ချင်းတွေ့တယ်လေ။
ကျွန်မတို့ တကယ်ကို အချင်းချင်းတွေ့တဲ့အခါ
အချင်းချင်း ကူညီချင်ကြတယ်လို့ ထင်ပါတယ်။
လူတွေဟာ မှားယွင်းတဲ့ မေးခွန်းကို
စွဲလမ်းနေတယ်လို့ထင်တယ်။
ဒါက "လူတွေကို ဂီတအတွက်
ပေးအောင် ကျွန်မတို့ဘယ်လိုလုပ်လဲ"
"ကျွန်မတို့ လူတွေကို ဂီတအတွက်
ဘယ်လိုပေးခွင့်ပြုလဲ"
လို့ စပြီး မေးမယ်ဆိုရင်ရော။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)