ဒါက မှောင်မိုက်တဲ့ စနေနေ့ညပါ။ ကျွန်မတစ်ယောက်တည်း၊ Nescafé cheessecake စားနေတုန်းမှာ ဒါက ကျွန်မဇာတလမ်းရဲ့ အကောင်းဆုံးအပိုင်းလေ။ မိဘတွေက အပြင်သွားကြတုန်းပေါ့။ ဒီအချိန်မှာ ဖုန်းထဲ စာတိုဝင်လာပြီး "ဒင်"ကနဲ့ မြည်တယ်။ ဖွင့်လိုက်တော့ တွေ့လိုက်ရတာက ဒီစာကို လူနှစ်ဆယ်ကို မပို့ရင် မုဆိုးတစ်ယောက် အခန်းထဲဝင်လာပြီး ကျွန်မကို သတ်မယ်ဆိုတဲ့ အကြောင်းပါ။ ကျွန်မ အရမ်းလန့်သွားပြီး ပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ မေ့ပြီး ဆယ်ယောက်ပဲ ပို့ခဲ့တာက လွဲရင်ပေါ့။ ဒါနဲ့ မိဘတွေ ပြန်လာတော့ ကျွန်မ ရှိနေသေးလားဆိုတာ လာကြည့်ဖို့ အဖေ့ကို ပြောတယ်။ ဒါနဲ့ ညမှာ အိပ်ရာဝင်ဖို့လုပ်တုန်း အခန်းထဲ တစ်ယောက်ယောက်ဝင်တာ သတိထားမိတယ်။ အဖေပဲဖြစ်မယ် ထင်ခဲ့တာပေါ့။ အမွှေးရှည်ရှည် အကောင်ကို သတိထားမိတာက လွဲရင်ပေါ့။ တွေးမိတာက "အဖေက ဆံပင်မရှည်ပါဘူး"ပေါ့။ ဒါက ကျွန်မဆီလာပြီး ဂုတ်ကနေဆွဲတယ်။ ကျွန်မ အော်ဖို့ ခုန်လိုက်တယ်။ နောက်မှ ကျွန်မ အမဖြစ်နေတာ သတိထားမိတယ်။ (ရယ်သံများ) သူမက ဘာလို့ ဂုတ်ကနေဆွဲတာကို သိချင်နေကြမယ်ထင်တယ်။ အင်း ဒါက ကျွန်မကို ချစ်တဲ့ပုံပါ။ (ရယ်သံများ) နောက်တစ်ခါ တစ်စောင်ထပ်ရတယ်၊ ပြောတာက ကျွန်မကို YouTube မှာ "Charlie Charlie are you there?" ကြည့်ဖို့။ ဒါနဲ့ သွားကြည့်တယ်။ တွေ့လိုက်ရတာက သု့ဘက်မှာ မကောင်းဆိုးဝါးတွေ ရှိတဲ့ အင်ဒီးယန်း သရဲတစ်ကောင် အကြောင်းပါ။ ဒီဂိမ်းကို ကစားပြီး Charlie ကို မယဉ်ကျေးရင် သူက ကျွန်မကို အခန်းထဲဝင်ပြီး သတ်မယ်တဲ့။ ဒီတော့ ဂိမ်းကို ကစားလိုက်ပြီး Charlie ကို ယဉ်ကျေးဖို့ ကြိုးစားပေမဲ့ သေတော့မသေချာပါဘူး။ ဒါနဲ့ ကျွန်မ အဆင်ပြေ၊ မပြေ အဖေ့ကို လာကြည့်ခိုင်းပါတယ်။ ဒါနဲ့ အိပ်ရာနိုးတော့ အသက်ရှင်နေတုန်းပါ။ တတိယအကြိမ် နောက်တစ်စောင်ရတယ်။ ဒါပေမဲ့ ဒီတစ်ခုက ပျော်စေ၊ စိတ်လှုပ်ရှား စေပြီး ဝမ်းနည်း၊ စိတ်ပျက်စရာ မဟုတ်ဘူးး ဒါက ဆုတောင်းတွေအကြောင်းပါ။ ကိုယ်လိုချင်တာကို ဆုတောင်းရတာပါ။ ဒါပေမဲ့ ဆယ်ယောက်ကိုတော့ ပို့ဖို့လိုပါတယ်။ တစ်နာရီအတွင်း ဆုတောင်းပြည့်မယ်တဲ့။ သူတို့ပြောသလိုလုပ်ပြီး စောင့်ခဲ့တယ်၊ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ။ ပျင်းလာပြီး စိတ်လျှော့လိုက်တယ်။ ဒီစာတွေကို စိတ်ကုန်လာပြီး တစ်ခုခု လုပ်ချင်ခဲ့တယ်။ အများကြီး စဉ်းစားနေခဲ့တယ်။ ဒါနဲ့ ကျွန်မအလှည့်ပေါ့၊ ဘာလုပ်ရမှာ ကျွန်မသိတယ်။ ကိုယ်ပိုင် စာတို လုပ်နိုင်တာပဲလေ။ ကိုယ်ပိုင် စာတိုလုပ်တယ် ဆုတောင်းတွေအကြောင်း ပြောခဲ့တယ်။ ဒါပေမဲ့ ဆယ်ယောက်အစား ၁၀၅ ယောက်ပို့ရမယ်ပေါ့။ သူငယ်ချင်းတစ်ယောက်ဆီ ပို့တယ်။ သူမက "ငါ့မှာ အဆက်အသွယ် ၁၀၅ ခုမရှိဘူးတဲ့။ "ငါ့မှာ ၁၀၅ ယောက် မရှိဘူး။" ဒါနဲ့ ဒါငါလုပ်တာလို့ သူမကိုပြောလိုက်တယ်။ ဒါနဲ့ ဒီစာတွေလုပ်တာ ရပ်ဖို့ နှစ်ယောက် သဘောတူခဲ့တယ်။ ကျွန်မအတွက် ပိုအိပ်ပျော်ဖို့၊ သင်တို့ ပိုအိပ်ပျော်ဖို့ ဒီစာတွေဖန်တီးတာ ရပ်လိုက်ရအောင်ရှင်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) (ဩဘာသံများ)