ကျွန်တော်ကအားကောင်းတဲ့လူအဖွဲ့အစည်း တွေ ပေါ်ပေါက်လာရေးကို စိတ်ဝင်စားသူပါ။ ဒါကြောင့်ဘဲ Twitch ကိုစလုပ်ဖြစ်ခဲ့တာ အင်တာနက်ပေါ်မှာလူတွေဂိမ်းကစားနေတာကို ကြည့်ရှူ့နိုင်ဖို့ဆိုတဲ့စိတ်ကူးနဲ့ ( ရယ်မောသံများ ) ဒီနေ့ဒီစကားဝိုင်းကို လာအားပေးကြတာ ကျေးဇူးပါဘဲ။ ( ရယ်မောသံများ ) တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ video games တွေနဲ့လူ့အဖွဲ့အစည်းဆိုတာက အတော်လေးဆက်စပ်မှု ရှိနေတယ်ဆိုတာပါဘဲ။ လူသားတွေရဲ့သမိုင်းအစကတည်းက လူမျိူးစုအလိုက်ကိုယ်ပိုင်ဖျော်ဖြေမှုတွေကို လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရတယ်။ မီးပုံဘေးမှာဝိုင်းထိုင်ပြီးပုံပြင်တွေ ပြောကြတာ သီချင်းတူတူဆိုကြတာ။ တူတူကကြတာမျိူး တွေကို ပြုလုပ်ခဲ့ကြတယ်။ လူ့သမိုင်းရဲ့အစောဆုံးဖျော်ဖြေမှုတွေဟာ မျှဝေခြင်းနဲ့အပြန်အလှန်ပါဝင်မှုဖြစ်ခဲ့တယ်။ ဖျော်ဖြေမှုသမိုင်ကြောင်းဟာ မကြာသေးခင်ကအထိ သိပ်မခမ်းနားခဲ့ဘူး။ လူစုလူဝေးနဲ့အပြန်အလှန်စကားပြောတာ တဖြည်းဖြည်းနည်းလာပြီး ဖျော်ဖြေရေးတွေကို ထုတ်လွှင့်ခြင်းတွေက ပိုနေရာယူလာတယ်။ ရေဒီယိုနဲ့အသံသွင်းစနစ်တွေက သီချင်းတွေကို ယာဉ်တွေနဲ့အိမ်တွေထဲထိသယ်ဆောင်လာပေးတယ်။ TVနဲ့ ဗီဒီယိုတိပ်ခွေတွေက အားကစားအစီအစဉ်တွေ ဇာတ်လမ်းတွေ ဧည့်ခန်းတွေဆီ ပို့ပေးလာကြတယ်။ ဖျော်ဖြေးရေးထုတ်လွှင့်မှုတွေ အလွယ်တကူ ကြည့်ရနိုင်မှုက သာမန်ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာနဲ့ အဝှမ်းကလူတွေအတွက် အံ့ဩစရာ တင်ဆက်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ ထုတ်လွှင့်မှုတွေက သန်းချီ လူတွေရဲ့ အကြားမှာ မျှဝေတဲ့ ဓလေ့ဖြစ်လာတယ်။ အခုအချိန်မှာ သင့်အနေနဲ့ မိုးဇတ်ရဲ့ သံစဉ်တွေကို နားထောင်ချင်တယ်ဆိုရင် သင့်အနေနဲ့ သံစုံတီးဝိုင်းအဖွဲ့ကို ရှာရန် ဈေးကြီးတဲ့လက်မှတ် ဝယ်ရန် မလိုတော့ပါ။ သင့်အနေနဲ့ သီချင်းဆိုချင်ရင်လည်း (သီချင်းဆိုသံ) I can show you the world... တစ်ကမ္ဘာလုံးက လူတွေနဲ့တစ်ပြိုင်တည်း တူတူဆိုလို့ရနေပြီဖြစ်တယ်။ ဒီလိုအံ့ဩစရာကောင်းတဲ့အခွင့်အလမ်းနဲ့အတူ ဖန်တီးသူနဲ့ ကြည့်ရှူ့ခံစားသူဆိုပြီး နှစ်ပိုင်းခွဲထားပေးပါတယ်။ ဒီလူနှစ်စုကြားက ဆက်နွယ်မှုကို ပိုပိုပြီး နီးစပ်လာအောင်လည်း လုပ်ဆောင်နေပါတယ်။ ဖန်တီးသူတွေ လူနည်းစုဖြစ်တဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ မကျေမနပ်ဖြစ်လေ့ရှိတယ်။ ဒီလိုနဲ့ဘဲကျွန်တော်တို့တွေဟာ ကြည့်ရှူ့ခံစားသူတွေဖြစ်လာကြတယ်။ ရလဒ်အနေနဲ့ကတော့တင်ဆက်မှုတွေကို တစ်ယောက်တည်း ကြည့်ရှူ့ဖို့ဖြစ်လာတာပါဘဲ။ ဒီဓလေ့ကိုအတားအဆီးဖြစ်စေတာကတော့ တင်ဆက်မှုရှားပါးခြင်းပါ။ ၁၉၀၀ပြည့်နှစ်တုန်းက Vienna ဟာ Cafe Culture ကြောင့်နာမည်ကျော်ခဲ့တယ်။ Cafe Culture ကိုနာမည်ကြီးစေခဲ့တဲ့အကြောင်း အရင်းတစ်ခုကတော့ အလွယ်တကူမရနိုင်တဲ့ဈေးကြီးတဲ့သတင်းစာ တွေဘဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဘဲ လူတွေကအဲ့ဒီ Cafeကို သွားကြပြီးသတင်းစာတွေ တူတူဖတ်ကြတယ်။ Cafe ထဲကိုရောက်တာနဲ့ တူညီတဲ့သတင်းစာတွေကိုဖတ်နေတဲ့လူတွေနဲ့ တွေ့လို့ရတယ်။ အပြန်အလှန်စကားပြောရင်း အတွေးအခေါ်တွေဖလှယ်ကြတယ်။ ဒီလိုနဲ့လူအသိုင်းအဝန်း တစ်ခုကို ဖန်တီးကြတယ်။ ဒီအဖြစ်အပျက်နဲ့ဆင်တူတဲ့ အဖြစ်အပျက်တစ်ခုကတော့ တီဗီနဲ့ ကြိုးဆက်ထုတ်လွှင့်မှုတွေဟာ ဈေးပိုပိုပြီးကြီးလာခြင်းပါ။ ဒါကြောင့်ဘဲ အားကစားအစီအစဉ်တွေကို အိမ်ကနေ ကြည့်မယ့်အစား လူတွေစုဝေးကြတဲ့ လက်ဖက်ရည်ဆိုင်တို့ ဘားတို့ဆီကိုဘဲသွားပြီး သူငယ်ချင်းအပေါင်းအပါတွေနဲ့ အတူတူ အားပေးတာမျိူးဘဲ လုပ်ကြတော့တယ်။ ဒါပေမဲ့ နည်းပညာကြောင့် မီဒီယာလုပ်ငန်းရဲ့ ဝန်ဆောင်ခနှုန်းထားတွေ ကျဆင်းလာလို့ လူအသိုင်းအဝိုင်းတွေကြားက မျှဝေခြင်း အလေ့အထက ပျောက်ကွယ်လာပါတယ်။ ဒီကနေ့မှာတော့ ဖျော်ဖြေရေးကဏ္ဍဟာ ရွေးချယ်စရာတွေများပြားလာပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေကို တစ်ယောက်တည်း ကြည့်ရှူ့ခံစားနိုင်ဖို့ အရမ်းလွယ်လာပါတယ်။ ဒီကိစ္စက လူမှုအဖွဲ့အစည်းတွေအပေါ်ကိုလည်း ရိုက်ခက်မှုရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင် အနည်းဆုံးအရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရှိတဲ့ လူအရေအတွက်တောင်မှ တစ်ဖြည်ဖြည်းနည်းလာတာမျိူးပါ။ ဒီလိုဖြစ်ရတဲ့ကိစ္စရဲ့ အဓိကအကြောင်းအရင်းကတော့ ကျွန်တော်တို့အားလုံးကို တစ်သီးတစ်သန့် နေလာစေတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါဘဲ။ လူမှုအဖွဲ့အစည်းကို တစ်ကွဲတစ်ပြားဖြစ်စေတဲ့ ဒီစနစ်ကို ပြောင်းပစ်မယ့် အရွေ့လည်းရှိတယ်။ ခောတ်ပေါ် multiplayer games တွေပါ။ Games တွေဟာ ရှေးတုန်းကမျှဝေမှုတွေ လုပ်လေ့ရှိတဲ့ မီးပုံပွဲတွေနဲ့ဆင်တူတယ်။ နှစ်ခုစလုံးက အပြန်အလှန်ဆက်သွယ်မှုကို အခြေခံထားတယ်။ ဒီကနေ့ခောတ် မီးပုံပွဲတွေမှာတော့ လှပတဲ့ animations တွေပါမယ်။ လူစွမ်းကောင်းဆန်ဆန် စွန့်စားရှာဖွေ လုပ်ဆောင်ရတာတွေပါမယ်။ တစ်ခါတစ်ရံ ဂိမ်းကိုအနိုင်ကစားပြီး Loot boxes ရအောင်ကြိုးစားတာပါမယ်။ ဒီနေ့ခောတ် Games တွေကအရမ်းကို ကွဲပြားလာပါပြီ။ လွန်ခဲ့တဲ့ နှစ်၂၀က လို တစ်ဦးတည်း ကစားရတာမျိူးမ ဟုတ်တော့ပါဘူး။ Games တွေက ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးလာပါတယ်။ ညဏ်ရည်ပိုင်း တုံ့ပြန်လှုံ့ဆော်မှုတွေနဲ့ အများကြီးသက်ဆိုင်လာတယ်။ အရေးကြီးဆုံးက games တွေဟာ အသိုင်းအဝန်းကို အခြေခံလာကြတာပါ။ ဒီအကူးအပြောင်းကို သိသာစေတဲ့ သက်သေတစ်ခုကတော့ မကြာသေးမှီကမှ နာမည်ကြီးခဲ့တဲ့ Battle Royale ပါ။ လူ၁၀၀က ကျွန်းပေါ်ကိုဆင်းသက်ပြီး နောက်ဆုံး တစ်ယောက်တည်း အသက်ရှင်ဖို့ ကစားနည်းပါ။ ဒီကစားနည်းကို American Idol နဲ့ နှိုင်းယှဉ်ပြီးစဉ်းစားလို့ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရတာတွေပိုများပြီး ဝေဖန်တာတွေကတော့ပိုနည်းမှာပါ။ Fortnite ဆိုတဲ့ game ကိုကြားဖူးကြမှာပါ။ Battle Royale game အမျိူးအစားထဲမှာ အရမ်းပေါက်ခဲ့တဲ့ game တစ်ခုပါ။ ကမ္ဘာတစ်ဝန်းလုံးမှာကစားသူ သန်း၂၅၀ကျော် ရှိတဲ့ game တစ်ခုပါ။ ကစားသူတွေက အိမ်ဘေးက ကလေးလေးတွေကနေအစ Drake တို့၊ Ellen DeGeneres တို့လို နာမည်ကြီးတွေအထိပါပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ video games ကစားသူပေါင်း 2.3 billion လောက်ရှိပါတယ်။ အစောပိုင်း games Tertis တို့ Mario တို့ဟာ ပဟေဠိတွေနဲ့ မစ်ရှင်တွေအပေါ်အခြေခံပါတယ်။ ဒါပေမယ့် arcade games တွေ၊ internet games တွေခေတ်စားလာတာနဲ့အမျှ လူအများပါပြီး ကစားရတဲ့ ကြီးမားတဲ့ အွန်းလိုင်းဂိမ်းတွေ ခေတ်စားလာတာနဲ့အမျှ games တွေဟာ ဖျော်ဖြေရေးကဏ္ဍတစ်ခု အဖြစ် ထင်ရှားနေရာယူလာတယ်။ ဒီဖျော်ဖြေရေးကဏ္ဍမှာ အရေးအကြီးဆုံးက လူတွေအချင်းချင်းဆက်သွယ်မှုပါဘဲ။ ဒါကဘဲ ကျွန်တော်တို့ကို Streaming ခောတ်ကို တွန်းပို့ခဲ့တယ်။ ဘာကြောင့်လူတွေက ကိုယ်ကစားနေတဲ့ Game ကို stream ကြတာလဲ? ပြီးတော့ကမ္ဘာတစ်ဝှမ်းက သန်းရာပေါင်း များစွာသောလူတွေကရော ဘာကြောင့်များ ဒီ streaming တွေကို စုပြုံ ကြည့်နေကြလဲ။ အားလုံးကိုစက္ကန့်ပိုင်းလောက် စိတ်ကူးကြည့် စေချင်တယ်။ တစ်ခြားဂြိုလ်တစ်ခုကိုရောက်နေတယ်ဆိုပါစို,။ အဲ့ဒီမှာ ကြီးမားတဲ့အစိမ်းရောင် စတုဂံတစ်ခု ရှိနေတယ်ဆိုပါစို့။ အဲ့ဒီ အစိမ်းရောင်စတုဂံထဲမှာ ဂြိုလ်သားတွေ ဝတ်စုံအပြည့်နဲ့ စုဝေးနေတယ်ဆိုပါစို့။ တစ်ဖက်နဲ့တစ်ဖက် ဘောလုံး ကစားနေကြတယ်ဆိုပါစို့။ ခြေထောက်ကိုဘဲ သုံးကြတယ်။ ပြိုင်ပွဲကလည်းအကြိတ်အနယ်ပေါ့။ ဘောလုံးကလည်း အရှေ့ရောက်လိုက် အနောက်ရောက်လိုက်ပေါ့။ သန်းပေါင်းများစွာသော လူတွေကလည်း အိမ်ကနေ စောင့်ကြည့်နေရင်း အတူတူအော်ဟစ်အားပေးရင်းနဲ့ ပျော်ရွှင်နေကြတာပေါ့။ ကျွန်တော်က အဖေနဲ့ အားကစားအစီအစဉ်တွေ ကြည့်ရင်းကြီးပြင်းလာသူပါ။ ဒါကြောင့် ဘောလုံးပွဲတွေ ပျော်စရာကောင်းပြီး ကိုယ်တိုင်ပါဝင်ချင်စရာကြီးပါ။ ဒါပေမဲ့ သင်ဟာ အားကစားအစီအစဉ်တွေကို မကြည့်ဖြစ်ခဲ့တောင် "ကြယ်ပွင့်များနဲ့ကခုန်ခြင်း" အစီအစဉ်ကို ကြိုက်သူ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် "အကောင်းဆုံစာဖိုမှူး" အစီအစဉ်ပေါ့။ တစ်ကယ်တမ်းကြတော့ သဘောတရားကတူတူပါဘဲ။ ကိုယ်ပျော်တဲ့ လှုပ်ရှားမှု တစ်မျိုးမျိုး ရှိရင်၊ ကိုယ်ဟာ တစ်ခြားလူတွေကိုလည်း အဲဒါကိုလိုက်လုပ်စေချင်မှာဘဲ။ ကျွမ်းကျင်စွာ စွမ်းထက်စွာပေါ့။ မျှဝေခြင်းဆိုတာ ဂြိုလ်သားတွေအတွက် နားလည်ရန် ခက်နိုင်ပေမဲ့ ကိုယ်ဝါသနာပါရာကို မျှဝေခြင်းက လူသားတွေကို ပေါင်းစည်းစေတဲ့အရာပါ။ ဂိမ်းကစားသူတွေက လက်တွေ့ ပါဝင်ရင်း တုံ့ပြန် ကစားနိုင်မယ့် ဂိမ်းတွေမျှော်လင့်ခဲ့ကြတယ်။ တန်ပြန်ဆက်သွယ်မှုမရှိတဲ့ ဂိမ်းတွေဟာ စိတ် ကျေနပ်မှု မပေးစွမ်းနိုင်သလို ခံစားရတယ်။ ဒါကြောင့်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုဟာ Video Games တွေနဲ့အတူ ပေါ်လာခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုတွေဟာ အပြန်အလှန်ဆက် သွယ်မှုရှိတဲ့ခံစားမှုကို ပေးစွမ်းနိုင်တယ်။ သင့်အနေနဲ့ Twitch ပေါ်မှာ ဘာတွေဖြစ်ပျက် နေတယ်ဆိုတာ စဉ်းစားတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သန်ချီ Video Games တွေလို့မမြင်စေချင်ဘူး။ အဲ့ဒီအစား သန်းပေါင်းများစွာသော မီးပုံပွဲတွေလို့ဘဲ မြင်စေချင်တယ်။ တစ်ချိူ့ကတော့မီးပုံပွဲအကြီးစားတွေပေါ့ ထောင်ပေါင်းများစွာသော လူတွေဝန်းရံထားပြီး အရှိန်အဟုန်နဲ့တောက်လောက်နေတဲ့ ပွဲကြီးပေါ့။ တစ်ချိူ့လူးနည်းပြီး၊ ရင်းနှီးသူ အချင်းချင်းဘဲ စုဝေးတဲ့ မီးပုံပွဲလေးပေါ့။ မီးပုံထဲက လူတိုင်း ကိုယ့်နာမည်ကိုသိနေတာမျိူးပေါ့။ အဲလိုမီးပုံပွဲနဲ့ဆင်တူတဲ့ ကျွန်တော်တို့ Twitch က မီးပုံပွဲတစ်ခုကို ကြည့်ရအောင်။ Cohh ရေ၊ အခြေအနေဘယ်လိုရှိလဲ။ Cohh: မင်း အခြေအနေဘယ်လိုလဲ၊ Emmett? ES: အခုသူငယ်ချင်းတစ်ထောင်လောက်နဲ့ ကျွန်တော် TED မှာရောက်နေတာ။ ခင်ဗျားရဲ့Stream ကို ဒီကသူငယ်ချင်းတွေနဲ့ အတူ တစ်ချက် ဝင်ကြည့်မလားလို့။ Cohh: ကောင်းပါတယ်။ မင်းတို့ဆီက ဒီလိုကြားရတာ ဝမ်းသာစရာဘဲ။ ES: Cohh ရေ၊ မင်းအကြောင်းတစ်ချိူ့ဒီနေ့ TED က သူငယ်ချင်းတွေကို ဝေမျှပေးနိုင်မလား မင်းရဲ့Twitch ပေါ်က Stream community နဲ့ ပက်သက်ပြီး တော့ပေါ့။ Cohh: အမ်။ ဘယ်လိုစပြောရမလဲဆိုတော့။ ကျွန်တော် ဒီလို Streaming လုပ်နေတာ ငါးနှစ်လောက်တော့ရှိပြီ။ ကျွန်တော့်ကို နေ့တိုင်း Streaming လုပ်ဖို့ မရပ်မနား အားပေးတဲ့ အကြောင်းတစ်ခုရှိတယ်။ Streaming ဟာ အချင်းချင်းဆက်သွယ်မှုအတွက် အံဩစရာကောင်းတဲ့ အရာတစ်ခုပါ။ ကျွန်တော်ဘဝမှာ ဂိမ်းကစားလာတာ နှစ်၂၀ရှိပြီ။ ကျွန်တော်က online MMO ကစားသမားအဖွဲ့ကို ဦးဆောင်နေတာ ၁၀နှစ်ရှိပြီ။ အဲ့တာက ဘာနဲ့တူလဲဆိုတော့။ ဘဝမှာအရမ်းကို ရှားပါတဲ့ ကိုယ်နဲ့ဝါသနာတူရာလူတွေနဲ့ တွေ့နိုင်တဲ့ နေရာလေး လူအဖွဲ့အစည်းလေးနဲ့တူတယ်။ အစောပိုင်းတုန်းက ကျွန်တော် နားထောင်ဖြစ်ခဲ့တယ်။ မီးပုံပွဲ သဘောတရားကို ကျွန်တော်သဘောကျတယ်။ ကျွန်တော်လည်း အလားတူ တစ်ခုကို သုံးတယ်။ ဒါကို လူတွေ ဆိုဖာပေါ်မှာ ထိုင်ကြည့်သလို ဒါပေမဲ့ controller က တစ်ယောက်ဆီမှာ ဒီတော့ ငယ်ငယ်တုန်းက မုန့်ဝေခဲ့ကြသလိုပဲ။ လူ ၇၀၀ လောက် ဒီလို လုပ်နေကြတာပါ။ ဒါပေမဲ့ ဒီလိုလုပ်ရတာ တစ်ကယ်ကို မိုက်ပါတယ်။ ES: Cohh ရေ။ အခု မင်းရဲ့ Chart မှာဘာတွေဖြစ်နေတာလဲ? ဒီလူတွေကို နည်းနည်းရှင်းပြပေးနိုင်မလား? ကျွန်တော့်မျက်လုံးကသိပ်မကောင်းပေမဲ့ emoji တွေအများကြီးကို မြင်နေရတယ်။ Cohh: ဒါကကျွန်တော့်ရဲ့အဖွဲ့လေး Cohhilltion ပါ။ ကျွန်တော် နေ့တိုင်း Stream လုပ်ဖြစ်တယ်။ ဒီနေ့တော့ရက်၂၀၀၀ challenge တစ်ခုကို လုပ်နေတာ။ ဒီလိုနဲ့ အံ့ဩစရာကောင်းတဲ့ အသိုင်းအဝိုင်းကို ဖန်တီးနိုင်ခဲ့တယ်။ ဒီ channel ထဲမှာဆိုရင် အခု ကျွန်တော်တို့နဲ့အတူ လူ ၆၂၀၀ လောက်ကြည့်နေကြတယ်။ အခုမြင်နေရတာက "Hello TED", ပျော်စရာ emojis message အစုအဝေးကြီးပါ။ love emojis တွေပါ၊ "ဒါကမိုက်လှပါတယ်" "Hi, guys", "Hi, everyone" ရိုးရိုးလေး ပြောရရင် လူစုလူဝေးကြီးပေါ့-- တစ်နည်း - ဂိမ်းသမားတို့စုဝေးရာပေါ့။ အပြုသဘော ဖြစ်ရပ်ကို အတူတူ မျှဝေ ခံစားနေကြသူတွေပါ။ ES: ဒါဆိုအားလုံဝိုင်းဆွေးနွေးနိုင်တဲ့ မေးခွန်း မေးလို့ရမလား? ကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်လို့ပါ။ ဒီစကားဝိုင်းကနေတစ်ဆင့် ကမ္ဘာကြီးနဲ့ အထူးသဖြင့် အခုကျွန်တော်နဲ့အတူရှိနေတဲ့ TED ကနားဆင်သူတွေကို video games ကစားတာကနေ၊ ပြီးတော့ ဒီအသိုင်းအဝိုင်းထဲ ပါဝင်လို့ သူတို့ ဘာတွေများ ရရှိကြသလဲ ဆိုတာပါ။ Cohh: အံ့ဩစရာဘဲ။ ကျွန်တော်အဖြေတော်တော်များကို စမြင်နေရပြီ။ "ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ကြိုက်တယ်" "အကောင်းဆုံး အသိုင်းအဝိုင်းတွေက Twitch ပေါ်မှာဘဲရှိတာ" (ရယ်မောသံ) "ဘဝထဲ ခက်ခဲချိန်တွေမှာ သူတို့ ဝိုင်းကူကယ်ပေးကြတယ်။‘‘ ဒီစာသားက ကျွန်တော်အမြဲတမ်း Twitch ပေါ်မှာတွေ့နေကျဘဲ ဒါကအတော်လေးကောင်းတာဘဲ။ "အကောင်းမြင်တဲ့ လူမှုအသိုင်းအဝန်းဘဲ" "အကောင်းမြင်စိတ်တွေများတယ်။" ဒါကအတော်လေးကောင်းပါတယ်။ ES: Cohh ရေ, ကျွန်တော်ရဲ့ TED talk ကိုပြန်မဆက်ခင်လေးမှာ ကျွန်တော်လောလောဆယ် တစ်ကယ်လုပ်သင့်တဲ့အရာကိုပေါ့ (ရယ်မောသံ) Cohh က ကျွန်တော်တို့အားလုံးကိုမျှဝေချင်တဲ့ အရာတစ်ခုခုများရှိမလားမသိဘူး? ဒါမှမဟုတ် တစ်ခုခုမေးချင်သလား။ ခင်ဗျားဟာ အမြဲတမ်းပဲ ပရိသတ်ရှေ့မှာ ထွက်ပြခဲ့ချင်တယ် မဟုတ်လား။ Cohh: အမှန်ကို ပြောရရင်၊ သိပ်မဟုတ်လှပါဘူး။ ခင်ဗျား အခုလုပ်နေတာကို ကျွန်တော်သိပ်ကို သဘောကျပါတယ်။ တုံ့ပြန်ဆက်သွယ်မှုရှိတဲ့ Streaming တွေဟာ အနာဂတ်ဖျော်ဖြေရေးကဏ္ဍရဲ့ မဖော်ထုတ်ရသေးတဲ့ နယ်ပယ်ကြီးပါ။ အခု ခင်ဗျားလုပ်နေတာတွေအတွက်တစ်ကယ်ကို ကျေးဇူးတင်ပါတယ်။ အခုခင်ဗျားလုပ်နေတာကို လူများများကြားလေလေ သူတို့အတွက်ပိုကောင်းလေပါဘဲ။ ES: အရမ်းကောင်းတယ်။ Cohh။ ကျေးဇူးပဲ။ ကျွန်တော်အခု Talk Show ကိုဆက်သွားတော့မယ်။ နောက်မှပြန်တွေ့ကြတာပေါ့။ Cohh: ကောင်းပါပြီခင်ဗျ။ (လက်ခုပ်တီးသံ) ES: ဒီတော့ ဒါက အပြန်အလှန် တုံ့ပြန်နည်း တနည်းပါပဲ။ Stream မှာဖြစ်ပျက်နေတာကို ကျွန်တော်တို့ ပါဝင်လွှမ်းမိုးလို့ရပါတယ်။ ကျွန်တော်တို့ဟာ လက်တွဲဖန်တီးနိုင်သလို အတူတူမျှဝေခံစားနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ Cohhနဲ့ ချတ်လုပ်ရင်း အများ နဲ့ ဂိမ်းကစားရေးအတွေ့အကြုံလည်းရခဲ့တယ်။ Twitch မှာတော့ဒီလိုပုံစံမျိူးကို လူအများပါဝင်နိုင်တဲ့ ဖျော်ဖြေရေးပုံစံ တစ်ခုအဖြစ် စတင်သတ်မှတ်ထားပါတယ်။ တစ်ယောက်တည်း video တစ်ခုကိုကြည့်နေရာကနေ တုံ့ပြန်နိုင်တဲ့ live stream ကြည့်ရတာ တစ်ယောက်တည်းဆော့ရတဲ့ video game တစ်ခုကို ဆော့နေရာကနေ အများနဲ့ကစားရတဲ့ game တစ်ခုကို ပြောင်းကစားတာနဲ့တူပါတယ်။ Game ကစားသူတွေဟာ နည်းပညာသစ်ကို စူးစမ်းရှာဖွေဖော်ထုတ်ပေးသူတွေပါ။ မိုက်ခရိုကွန်ပြူတာတွေကို အစပိုင်းတွင် video ဂိမ်းတွေအတွက် သုံးခဲ့ကြတယ်။ ပြီးတော့ ဈေးကွက်ထဲ အများဆုံး ရောင်းခဲ့ရတဲ့ ဒီဂျစ်တယ်ပစ္စည်းက ဆဲလ်ဖုန်း မဟုတ်ခဲ့ပါ။ Gameboys လို့ခေါ်တဲ့ လက်ကိုင်ဂိမ်းစက်တွေပါ။ ဒါကြောင့်ဘဲ၊ အနဂတ်ဟာ ဘယ်လိုများရှိမလဲ အရိပ်အမြွက် သိချင်ရင် ပျော်စရာကောင်းပြီး တုံ့ပြန်နိုင်ကြတဲ့ ဂိမ်းတွေကို ကြည့်ကြည့်ပြီး ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ " ဒီဂိမ်းတွေ ဒီနေ့တွင် ဘာတွေ လုပ်ကိုင်နေကြတာလဲ။ အဲဒါက အနာဂတ်မှာ ဘယ်လိုများရှိမလဲ ဆိုတာကို အရိပ်အမြွက်ကို ကျွန်တော်တို့ အားလုံးအတွက် ပေးနိုင်ပါတယ်။ witch ပေါ်မှာကျွန်တော်တို့မြင်ခဲ့တဲ့ အရာတွေထဲကတစ်ခုဖြစ်တဲ့ လူအများပါဝင်လို့ရတဲ့ ဖျော်ဖြေရေးပုံစံက အားကစားထဲ ဝင်လာတော့မယ်။ Twitch နဲ့ NFL နဲ့ပူးပေါင်းပြီး ဘောလုံးပွဲ တွေကို တိုက်ရိုက်ပြပေးဖို့ ကြိုးစားကြပြီ။ ဒါပေမဲ့ အနောက်တိုင်းဝတ်စုံ အပြည့်အစုံနဲ့ ပွဲစဉ်ကြေငြာသူတွေအစား ကျွန်တော်တို့ရဲ့ Twitch သုံးစွဲသူတွေကို သူတို့ရဲ့ ကိုယ်ပိုင် Channels တွေပေါ်မှာ stream ခွင့်ရအောင်လုပ်ဆောင်ပေးသွားရင်း ကြည့်ရှူတဲ့ အသိုင်းအဝိုင်းကလည်း တုံ့ပြန်နိုင်မယ်၊ တစ်ကယ့်ကို အများပါဝင်ကစားနိုင်မယ့် အတွေ့အကြုံဖြစ်လာမှာပါ။ ဒါကြောင့်ကျွန်တော် ထင်တာက ခင်ဗျားတို့ အနေနဲ့ အနာဂတ်ကိုတွေးကြည့်မယ်ဆိုရင် ဒီနေ့တွင် အားကစား ကြော်ငြာသူတွေ ရာချီလောက်ပဲ ရှိကြတယ်၊ အဲဒီလို အခွင့်အရေးကို ပိုင်ဆိုင်သူတွေဟာ သိပ်သိပ်ကို နည်းလှပါတယ်။ ဒါပေမဲ့ အားကစားကျတော့ အများပါဝင် ကစားလာဖို့ ရှိနေတော့၊ ဘယ်သူမဆို တစ်ကမ္ဘာလုံးမှာ ကိုယ့်အသံကို ကြားစေလိုပါက၊ အားကစားအစီအစဉ် ကြော်ငြာသူ အခွင့်အလမ်းကို ရယူနိင်ပါပြီ။ ထုတ်ပြန် ကြေညာပေးနိုင်ပါ်ပြီ။ အဲဒီအချက်ဟာဖြင့် ကျုပ်တို့အားလုံးအတွက် ရေတွက်မရနိုင်တဲ့ ပါရမီရှင်တွေကို ဖော်ထုတ်ပေတော့မှာပါ။ ပြီးတော့ကျွန်တော်တို့တွေ မင်းအဲ့ဒီကစားပွဲ ကြည့်လိုက်ရလားလို့ မေးစရာ မလိုတော့ပါ။ အဲ့ဒီအစား "မင်းဘယ်သူ့ channel မှာ ကြည့်တာလဲ" လို့ မေးကြတော့မှာပါ။ ချက်ပြုတ်မှု အစီအစဉ်တွေ၊ သီချင်းဆို အစီအစဉ်တွေမှာ တွေ့နေကြရပါပြီ-- ဂဟေဆော်တာကို stream တဲ့ လူတွေတောင် ရှိနေပါပြီ။ ဒီလိုကိစ္စတွေအားလုံးနီးပါးဟာ မီးပုံပွဲဥပမာလိုဘဲ မကြာခင်ဖြစ်လာတော့မှာပါ။ ဒီလိုမီးပုံပွဲမျိူးတွေ သန်းနဲ့ချီပြီး တောက်လောင်လာတော့မှာပါ။ လာမယ့်နှစ်တွေအတွင်းမှာပေါ့ ဘယ်အကြောင်းအရာမျိူးမှာမဆို သင့်အတွက် မီးပုံပွဲစကားဝိုင်းလေးကို ရှာတွေ့မှာပါ။ ကမ္ဘာနဲ့အဝှမ်းက သင့်နဲ့ဝါသနာတူရာ လူတွေနဲ့ တွေ့ဆုံလို့ရတဲ့နေရာလေးပေါ့။ လူသားသမိုင်းတစ်လျှောက်မှာ ဖျော်ဖြေရေးကဏ္ဍတွေဟာ ရိုးရှင်းပြီး လူအများစု ပါဝင်လို့ရခဲ့တယ်။ ကျွန်တော်တို့စုဝေးပြီး သီချင်းတွေဆိုခဲ့ကြတယ်။ မြို့လယ်ခေါင်မှာစုပြီး သတင်းအချက်အလက်တွေ လူကိုယ်တိုင်မျှဝေခဲ့ကြတယ်။ ဒီလိုသွားနေရင်းနဲ့ဘဲ နှစ်ဦးနှစ်ဘက် စကားဝိုင်းဟာ တစ်ဘက်သားရဲ့ ထုတ်လွင့်မှုသို့ ပြောင်းသွားခဲ့တယ်။ လူအသိုင်းအဝိုင်းကို အလေးထားသူ အနေနဲ့ ကျုပ်တို့ရဲ့ ဖျေဖြော်မှုတွေက ကျုပ်တို့ကို ခွဲခြားပစ်ကြမယ့်အစား၊ ကျုပ်တို့ကို ဆက်သွယ်ပေါင်းစည်းပေးလာမယ့် အနာဂတ်ကမ္ဘာဆီကို မျှော်မှန်းနေပါတယ်။ မျှဝေခံစားကြတဲ့ စိတ်ဝင်စားမှုများကြောင့် အနှောင်းအဖွဲ့တွေ တိုးပွားလာပြီး စစ်မှန်အားကောင်းတဲ့ လူ့အဖွဲ့အစည်းတွေကို ဖန်တီးနိုင်ကြမှာပါ။ Games တွေ၊ Streams တွေနဲ့ သူတို့အားပေး ကြတဲ့ အပြန်အလှန်ထိတွေမှုတွေက ကမ္ဘာကြီးရဲ့ သံသရာစက်ကွင်းကို အပြန်အလှန်ထိတွေမှု၊ အသိုင်းအဝိုင်းတွေ ကြွယ်၀ခဲ့ပြီး အများကပါဝင်ခဲ့ကြတဲ့ အတိတ်ဆီကို ပြန်ပို့နိုင်ပါမယ်။ ဒီလိုအတွေ့အကြုံတွေကို ဝေမျှခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့လည်း ကိုယ့်အတွက် အကောင်းဆုံး မီးပုံပွဲလေးတွေ ရှာတွေ့နိုင်ကြပါစေ။ ( လက်ခုပ်တီးသံ )