1 00:00:00,625 --> 00:00:04,643 ကျွန်တော်ကအားကောင်းတဲ့လူအဖွဲ့အစည်း တွေ ပေါ်ပေါက်လာရေးကို စိတ်ဝင်စားသူပါ။ 2 00:00:04,667 --> 00:00:06,934 ဒါကြောင့်ဘဲ Twitch ကိုစလုပ်ဖြစ်ခဲ့တာ 3 00:00:06,958 --> 00:00:10,393 အင်တာနက်ပေါ်မှာလူတွေဂိမ်းကစားနေတာကို ကြည့်ရှူ့နိုင်ဖို့ဆိုတဲ့စိတ်ကူးနဲ့ 4 00:00:10,417 --> 00:00:11,726 ( ရယ်မောသံများ ) 5 00:00:11,750 --> 00:00:13,768 ဒီနေ့ဒီစကားဝိုင်းကို လာအားပေးကြတာ ကျေးဇူးပါဘဲ။ 6 00:00:13,792 --> 00:00:15,351 ( ရယ်မောသံများ ) 7 00:00:15,375 --> 00:00:17,059 တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ 8 00:00:17,083 --> 00:00:20,708 video games တွေနဲ့လူ့အဖွဲ့အစည်းဆိုတာက အတော်လေးဆက်စပ်မှု ရှိနေတယ်ဆိုတာပါဘဲ။ 9 00:00:21,625 --> 00:00:24,434 လူသားတွေရဲ့သမိုင်းအစကတည်းက 10 00:00:24,458 --> 00:00:27,832 လူမျိူးစုအလိုက်ကိုယ်ပိုင်ဖျော်ဖြေမှုတွေကို လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရတယ်။ 11 00:00:27,832 --> 00:00:30,158 မီးပုံဘေးမှာဝိုင်းထိုင်ပြီးပုံပြင်တွေ ပြောကြတာ 12 00:00:30,158 --> 00:00:32,893 သီချင်းတူတူဆိုကြတာ။ တူတူကကြတာမျိူး တွေကို ပြုလုပ်ခဲ့ကြတယ်။ 13 00:00:32,917 --> 00:00:36,750 လူ့သမိုင်းရဲ့အစောဆုံးဖျော်ဖြေမှုတွေဟာ မျှဝေခြင်းနဲ့အပြန်အလှန်ပါဝင်မှုဖြစ်ခဲ့တယ်။ 14 00:00:37,667 --> 00:00:41,726 ဖျော်ဖြေမှုသမိုင်ကြောင်းဟာ မကြာသေးခင်ကအထိ သိပ်မခမ်းနားခဲ့ဘူး။ 15 00:00:41,750 --> 00:00:44,309 လူစုလူဝေးနဲ့အပြန်အလှန်စကားပြောတာ တဖြည်းဖြည်းနည်းလာပြီး 16 00:00:44,333 --> 00:00:46,809 ဖျော်ဖြေရေးတွေကို ထုတ်လွှင့်ခြင်းတွေက ပိုနေရာယူလာတယ်။ 17 00:00:46,833 --> 00:00:52,434 ရေဒီယိုနဲ့အသံသွင်းစနစ်တွေက သီချင်းတွေကို ယာဉ်တွေနဲ့အိမ်တွေထဲထိသယ်ဆောင်လာပေးတယ်။ 18 00:00:52,458 --> 00:00:57,643 TVနဲ့ ဗီဒီယိုတိပ်ခွေတွေက အားကစားအစီအစဉ်တွေ ဇာတ်လမ်းတွေ ဧည့်ခန်းတွေဆီ ပို့ပေးလာကြတယ်။ 19 00:00:57,667 --> 00:01:02,226 ဖျော်ဖြေးရေးထုတ်လွှင့်မှုတွေ အလွယ်တကူ ကြည့်ရနိုင်မှုက သာမန်ကိစ္စမဟုတ်ပါဘူး။ 20 00:01:02,250 --> 00:01:05,851 ကမ္ဘာနဲ့ အဝှမ်းကလူတွေအတွက် အံ့ဩစရာ တင်ဆက်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ 21 00:01:05,875 --> 00:01:09,208 ထုတ်လွှင့်မှုတွေက သန်းချီ လူတွေရဲ့ အကြားမှာ မျှဝေတဲ့ ဓလေ့ဖြစ်လာတယ်။ 22 00:01:11,583 --> 00:01:15,726 အခုအချိန်မှာ သင့်အနေနဲ့ မိုးဇတ်ရဲ့ သံစဉ်တွေကို နားထောင်ချင်တယ်ဆိုရင် 23 00:01:15,750 --> 00:01:19,625 သင့်အနေနဲ့ သံစုံတီးဝိုင်းအဖွဲ့ကို ရှာရန် ဈေးကြီးတဲ့လက်မှတ် ဝယ်ရန် မလိုတော့ပါ။ 24 00:01:20,667 --> 00:01:22,268 သင့်အနေနဲ့ သီချင်းဆိုချင်ရင်လည်း 25 00:01:22,292 --> 00:01:25,518 (သီချင်းဆိုသံ) I can show you the world... 26 00:01:25,542 --> 00:01:29,875 တစ်ကမ္ဘာလုံးက လူတွေနဲ့တစ်ပြိုင်တည်း တူတူဆိုလို့ရနေပြီဖြစ်တယ်။ 27 00:01:32,542 --> 00:01:34,476 ဒီလိုအံ့ဩစရာကောင်းတဲ့အခွင့်အလမ်းနဲ့အတူ 28 00:01:34,500 --> 00:01:38,958 ဖန်တီးသူနဲ့ ကြည့်ရှူ့ခံစားသူဆိုပြီး နှစ်ပိုင်းခွဲထားပေးပါတယ်။ 29 00:01:39,917 --> 00:01:44,208 ဒီလူနှစ်စုကြားက ဆက်နွယ်မှုကို ပိုပိုပြီး နီးစပ်လာအောင်လည်း လုပ်ဆောင်နေပါတယ်။ 30 00:01:46,417 --> 00:01:52,393 ဖန်တီးသူတွေ လူနည်းစုဖြစ်တဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ မကျေမနပ်ဖြစ်လေ့ရှိတယ်။ 31 00:01:52,417 --> 00:01:56,226 ဒီလိုနဲ့ဘဲကျွန်တော်တို့တွေဟာ ကြည့်ရှူ့ခံစားသူတွေဖြစ်လာကြတယ်။ 32 00:01:56,250 --> 00:02:02,351 ရလဒ်အနေနဲ့ကတော့တင်ဆက်မှုတွေကို တစ်ယောက်တည်း ကြည့်ရှူ့ဖို့ဖြစ်လာတာပါဘဲ။ 33 00:02:02,375 --> 00:02:04,101 ဒီဓလေ့ကိုအတားအဆီးဖြစ်စေတာကတော့ 34 00:02:04,125 --> 00:02:05,393 တင်ဆက်မှုရှားပါးခြင်းပါ။ 35 00:02:05,417 --> 00:02:10,184 ၁၉၀၀ပြည့်နှစ်တုန်းက Vienna ဟာ Cafe Culture ကြောင့်နာမည်ကျော်ခဲ့တယ်။ 36 00:02:10,208 --> 00:02:13,976 Cafe Culture ကိုနာမည်ကြီးစေခဲ့တဲ့အကြောင်း အရင်းတစ်ခုကတော့ 37 00:02:14,000 --> 00:02:17,434 အလွယ်တကူမရနိုင်တဲ့ဈေးကြီးတဲ့သတင်းစာ တွေဘဲဖြစ်ပါတယ်။ 38 00:02:17,458 --> 00:02:18,768 အဲ့ဒါကြောင့်ဘဲ 39 00:02:18,792 --> 00:02:22,393 လူတွေကအဲ့ဒီ Cafeကို သွားကြပြီးသတင်းစာတွေ တူတူဖတ်ကြတယ်။ 40 00:02:22,417 --> 00:02:23,851 Cafe ထဲကိုရောက်တာနဲ့ 41 00:02:23,875 --> 00:02:27,018 တူညီတဲ့သတင်းစာတွေကိုဖတ်နေတဲ့လူတွေနဲ့ တွေ့လို့ရတယ်။ 42 00:02:27,042 --> 00:02:29,601 အပြန်အလှန်စကားပြောရင်း အတွေးအခေါ်တွေဖလှယ်ကြတယ်။ 43 00:02:29,625 --> 00:02:31,907 ဒီလိုနဲ့လူအသိုင်းအဝန်း တစ်ခုကို ဖန်တီးကြတယ်။ 44 00:02:31,932 --> 00:02:34,119 ဒီအဖြစ်အပျက်နဲ့ဆင်တူတဲ့ အဖြစ်အပျက်တစ်ခုကတော့ 45 00:02:34,119 --> 00:02:37,059 တီဗီနဲ့ ကြိုးဆက်ထုတ်လွှင့်မှုတွေဟာ ဈေးပိုပိုပြီးကြီးလာခြင်းပါ။ 46 00:02:37,083 --> 00:02:39,633 ဒါကြောင့်ဘဲ အားကစားအစီအစဉ်တွေကို အိမ်ကနေ ကြည့်မယ့်အစား 47 00:02:39,637 --> 00:02:42,350 လူတွေစုဝေးကြတဲ့ လက်ဖက်ရည်ဆိုင်တို့ ဘားတို့ဆီကိုဘဲသွားပြီး 48 00:02:42,350 --> 00:02:45,448 သူငယ်ချင်းအပေါင်းအပါတွေနဲ့ အတူတူ အားပေးတာမျိူးဘဲ လုပ်ကြတော့တယ်။ 49 00:02:45,458 --> 00:02:50,125 ဒါပေမဲ့ နည်းပညာကြောင့် မီဒီယာလုပ်ငန်းရဲ့ ဝန်ဆောင်ခနှုန်းထားတွေ ကျဆင်းလာလို့ 50 00:02:51,458 --> 00:02:56,125 လူအသိုင်းအဝိုင်းတွေကြားက မျှဝေခြင်း အလေ့အထက ပျောက်ကွယ်လာပါတယ်။ 51 00:02:57,167 --> 00:03:02,143 ဒီကနေ့မှာတော့ ဖျော်ဖြေရေးကဏ္ဍဟာ ရွေးချယ်စရာတွေများပြားလာပါတယ်။ 52 00:03:02,167 --> 00:03:07,917 ဖျော်ဖြေရေးအစီအစဉ်တွေကို တစ်ယောက်တည်း ကြည့်ရှူ့ခံစားနိုင်ဖို့ အရမ်းလွယ်လာပါတယ်။ 53 00:03:08,185 --> 00:03:11,292 ဒီကိစ္စက လူမှုအဖွဲ့အစည်းတွေအပေါ်ကိုလည်း ရိုက်ခက်မှုရှိပါတယ်။ 54 00:03:11,515 --> 00:03:12,983 ဥပမာအနေနဲ့ဆိုရင် 55 00:03:12,983 --> 00:03:16,601 အနည်းဆုံးအရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရှိတဲ့ 56 00:03:16,625 --> 00:03:18,940 လူအရေအတွက်တောင်မှ တစ်ဖြည်ဖြည်းနည်းလာတာမျိူးပါ။ 57 00:03:21,250 --> 00:03:26,101 ဒီလိုဖြစ်ရတဲ့ကိစ္စရဲ့ အဓိကအကြောင်းအရင်းကတော့ 58 00:03:26,125 --> 00:03:31,042 ကျွန်တော်တို့အားလုံးကို တစ်သီးတစ်သန့် နေလာစေတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါဘဲ။ 59 00:03:33,708 --> 00:03:38,101 လူမှုအဖွဲ့အစည်းကို တစ်ကွဲတစ်ပြားဖြစ်စေတဲ့ ဒီစနစ်ကို ပြောင်းပစ်မယ့် အရွေ့လည်းရှိတယ်။ 60 00:03:38,125 --> 00:03:40,708 ခောတ်ပေါ် multiplayer games တွေပါ။ 61 00:03:42,375 --> 00:03:46,393 Games တွေဟာ ရှေးတုန်းကမျှဝေမှုတွေ လုပ်လေ့ရှိတဲ့ မီးပုံပွဲတွေနဲ့ဆင်တူတယ်။ 62 00:03:46,417 --> 00:03:49,083 နှစ်ခုစလုံးက အပြန်အလှန်ဆက်သွယ်မှုကို အခြေခံထားတယ်။ 63 00:03:49,285 --> 00:03:52,269 ဒီကနေ့ခောတ် မီးပုံပွဲတွေမှာတော့ လှပတဲ့ animations တွေပါမယ်။ 64 00:03:52,269 --> 00:03:54,986 လူစွမ်းကောင်းဆန်ဆန် စွန့်စားရှာဖွေ လုပ်ဆောင်ရတာတွေပါမယ်။ 65 00:03:55,000 --> 00:03:58,170 တစ်ခါတစ်ရံ ဂိမ်းကိုအနိုင်ကစားပြီး Loot boxes ရအောင်ကြိုးစားတာပါမယ်။ 66 00:03:58,170 --> 00:04:00,268 ဒီနေ့ခောတ် Games တွေကအရမ်းကို ကွဲပြားလာပါပြီ။ 67 00:04:00,268 --> 00:04:03,150 လွန်ခဲ့တဲ့ နှစ်၂၀က လို တစ်ဦးတည်း ကစားရတာမျိူးမ ဟုတ်တော့ပါဘူး။ 68 00:04:03,150 --> 00:04:05,476 Games တွေက ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးလာပါတယ်။ 69 00:04:05,500 --> 00:04:08,568 ညဏ်ရည်ပိုင်း တုံ့ပြန်လှုံ့ဆော်မှုတွေနဲ့ အများကြီးသက်ဆိုင်လာတယ်။ 70 00:04:08,568 --> 00:04:11,408 အရေးကြီးဆုံးက games တွေဟာ အသိုင်းအဝန်းကို အခြေခံလာကြတာပါ။ 71 00:04:11,480 --> 00:04:15,338 ဒီအကူးအပြောင်းကို သိသာစေတဲ့ သက်သေတစ်ခုကတော့ 72 00:04:15,338 --> 00:04:17,642 မကြာသေးမှီကမှ နာမည်ကြီးခဲ့တဲ့ Battle Royale ပါ။ 73 00:04:17,666 --> 00:04:23,101 လူ၁၀၀က ကျွန်းပေါ်ကိုဆင်းသက်ပြီး နောက်ဆုံး တစ်ယောက်တည်း အသက်ရှင်ဖို့ ကစားနည်းပါ။ 74 00:04:23,125 --> 00:04:26,268 ဒီကစားနည်းကို American Idol နဲ့ နှိုင်းယှဉ်ပြီးစဉ်းစားလို့ရပါတယ်။ 75 00:04:26,292 --> 00:04:29,792 ဒါပေမယ့် တိုက်ခိုက်ရတာတွေပိုများပြီး ဝေဖန်တာတွေကတော့ပိုနည်းမှာပါ။ 76 00:04:30,242 --> 00:04:33,143 Fortnite ဆိုတဲ့ game ကိုကြားဖူးကြမှာပါ။ 77 00:04:33,167 --> 00:04:36,851 Battle Royale game အမျိူးအစားထဲမှာ အရမ်းပေါက်ခဲ့တဲ့ game တစ်ခုပါ။ 78 00:04:36,875 --> 00:04:40,668 ကမ္ဘာတစ်ဝန်းလုံးမှာကစားသူ သန်း၂၅၀ကျော် ရှိတဲ့ game တစ်ခုပါ။ 79 00:04:40,668 --> 00:04:42,806 ကစားသူတွေက အိမ်ဘေးက ကလေးလေးတွေကနေအစ 80 00:04:42,806 --> 00:04:45,742 Drake တို့၊ Ellen DeGeneres တို့လို နာမည်ကြီးတွေအထိပါပါတယ်။ 81 00:04:45,742 --> 00:04:49,125 ကမ္ဘာတစ်ဝန်းလုံးမှာ video games ကစားသူပေါင်း 2.3 billion လောက်ရှိပါတယ်။ 82 00:04:49,125 --> 00:04:54,053 အစောပိုင်း games Tertis တို့ Mario တို့ဟာ ပဟေဠိတွေနဲ့ မစ်ရှင်တွေအပေါ်အခြေခံပါတယ်။ 83 00:04:54,053 --> 00:04:57,059 ဒါပေမယ့် arcade games တွေ၊ internet games တွေခေတ်စားလာတာနဲ့အမျှ 84 00:04:57,083 --> 00:05:01,601 လူအများပါပြီး ကစားရတဲ့ ကြီးမားတဲ့ အွန်းလိုင်းဂိမ်းတွေ ခေတ်စားလာတာနဲ့အမျှ 85 00:05:01,625 --> 00:05:04,893 games တွေဟာ ဖျော်ဖြေရေးကဏ္ဍတစ်ခု အဖြစ် ထင်ရှားနေရာယူလာတယ်။ 86 00:05:04,917 --> 00:05:08,667 ဒီဖျော်ဖြေရေးကဏ္ဍမှာ အရေးအကြီးဆုံးက လူတွေအချင်းချင်းဆက်သွယ်မှုပါဘဲ။ 87 00:05:08,757 --> 00:05:11,934 ဒါကဘဲ ကျွန်တော်တို့ကို Streaming ခောတ်ကို တွန်းပို့ခဲ့တယ်။ 88 00:05:11,958 --> 00:05:15,393 ဘာကြောင့်လူတွေက ကိုယ်ကစားနေတဲ့ Game ကို stream ကြတာလဲ? 89 00:05:15,417 --> 00:05:19,518 ပြီးတော့ကမ္ဘာတစ်ဝှမ်းက သန်းရာပေါင်း များစွာသောလူတွေကရော ဘာကြောင့်များ 90 00:05:19,542 --> 00:05:21,375 ဒီ streaming တွေကို စုပြုံ ကြည့်နေကြလဲ။ 91 00:05:22,917 --> 00:05:25,518 အားလုံးကိုစက္ကန့်ပိုင်းလောက် စိတ်ကူးကြည့် စေချင်တယ်။ 92 00:05:25,542 --> 00:05:28,059 တစ်ခြားဂြိုလ်တစ်ခုကိုရောက်နေတယ်ဆိုပါစို,။ 93 00:05:28,083 --> 00:05:30,906 အဲ့ဒီမှာ ကြီးမားတဲ့အစိမ်းရောင် စတုဂံတစ်ခု ရှိနေတယ်ဆိုပါစို့။ 94 00:05:30,906 --> 00:05:32,771 အဲ့ဒီ အစိမ်းရောင်စတုဂံထဲမှာ ဂြိုလ်သားတွေ 95 00:05:32,771 --> 00:05:34,518 ဝတ်စုံအပြည့်နဲ့ စုဝေးနေတယ်ဆိုပါစို့။ 96 00:05:34,542 --> 00:05:37,143 တစ်ဖက်နဲ့တစ်ဖက် ဘောလုံး ကစားနေကြတယ်ဆိုပါစို့။ 97 00:05:37,167 --> 00:05:38,559 ခြေထောက်ကိုဘဲ သုံးကြတယ်။ 98 00:05:38,583 --> 00:05:40,017 ပြိုင်ပွဲကလည်းအကြိတ်အနယ်ပေါ့။ 99 00:05:40,017 --> 00:05:42,726 ဘောလုံးကလည်း အရှေ့ရောက်လိုက် အနောက်ရောက်လိုက်ပေါ့။ 100 00:05:42,750 --> 00:05:46,559 သန်းပေါင်းများစွာသော လူတွေကလည်း အိမ်ကနေ စောင့်ကြည့်နေရင်း 101 00:05:46,583 --> 00:05:50,449 အတူတူအော်ဟစ်အားပေးရင်းနဲ့ ပျော်ရွှင်နေကြတာပေါ့။ 102 00:05:50,449 --> 00:05:53,351 ကျွန်တော်က အဖေနဲ့ အားကစားအစီအစဉ်တွေ ကြည့်ရင်းကြီးပြင်းလာသူပါ။ 103 00:05:53,375 --> 00:05:57,434 ဒါကြောင့် ဘောလုံးပွဲတွေ ပျော်စရာကောင်းပြီး ကိုယ်တိုင်ပါဝင်ချင်စရာကြီးပါ။ 104 00:05:57,458 --> 00:06:00,281 ဒါပေမဲ့ သင်ဟာ အားကစားအစီအစဉ်တွေကို မကြည့်ဖြစ်ခဲ့တောင် 105 00:06:00,281 --> 00:06:03,184 "ကြယ်ပွင့်များနဲ့ကခုန်ခြင်း" အစီအစဉ်ကို ကြိုက်သူ ဖြစ်နိုင်တယ်။ 106 00:06:03,208 --> 00:06:05,537 ဒါမှမဟုတ် "အကောင်းဆုံစာဖိုမှူး" အစီအစဉ်ပေါ့။ 107 00:06:05,792 --> 00:06:08,125 တစ်ကယ်တမ်းကြတော့ သဘောတရားကတူတူပါဘဲ။ 108 00:06:08,875 --> 00:06:11,375 ကိုယ်ပျော်တဲ့ လှုပ်ရှားမှု တစ်မျိုးမျိုး ရှိရင်၊ 109 00:06:12,583 --> 00:06:15,393 ကိုယ်ဟာ တစ်ခြားလူတွေကိုလည်း အဲဒါကိုလိုက်လုပ်စေချင်မှာဘဲ။ 110 00:06:15,417 --> 00:06:17,667 ကျွမ်းကျင်စွာ စွမ်းထက်စွာပေါ့။ 111 00:06:17,928 --> 00:06:21,018 မျှဝေခြင်းဆိုတာ ဂြိုလ်သားတွေအတွက် နားလည်ရန် ခက်နိုင်ပေမဲ့ 112 00:06:21,042 --> 00:06:24,338 ကိုယ်ဝါသနာပါရာကို မျှဝေခြင်းက လူသားတွေကို ပေါင်းစည်းစေတဲ့အရာပါ။ 113 00:06:24,708 --> 00:06:30,273 ဂိမ်းကစားသူတွေက လက်တွေ့ ပါဝင်ရင်း တုံ့ပြန် ကစားနိုင်မယ့် ဂိမ်းတွေမျှော်လင့်ခဲ့ကြတယ်။ 114 00:06:30,273 --> 00:06:34,268 တန်ပြန်ဆက်သွယ်မှုမရှိတဲ့ ဂိမ်းတွေဟာ စိတ် ကျေနပ်မှု မပေးစွမ်းနိုင်သလို ခံစားရတယ်။ 115 00:06:34,292 --> 00:06:38,000 ဒါကြောင့်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုဟာ Video Games တွေနဲ့အတူ ပေါ်လာခဲ့ပါတယ်။ 116 00:06:39,333 --> 00:06:44,250 တိုက်ရိုက်ထုတ်လွှင့်မှုတွေဟာ အပြန်အလှန်ဆက် သွယ်မှုရှိတဲ့ခံစားမှုကို ပေးစွမ်းနိုင်တယ်။ 117 00:06:47,167 --> 00:06:51,309 သင့်အနေနဲ့ Twitch ပေါ်မှာ ဘာတွေဖြစ်ပျက် နေတယ်ဆိုတာ စဉ်းစားတဲ့အခါ 118 00:06:51,333 --> 00:06:57,559 တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သန်ချီ Video Games တွေလို့မမြင်စေချင်ဘူး။ 119 00:06:57,583 --> 00:07:04,364 အဲ့ဒီအစား သန်းပေါင်းများစွာသော မီးပုံပွဲတွေလို့ဘဲ မြင်စေချင်တယ်။ 120 00:07:04,364 --> 00:07:06,393 တစ်ချိူ့ကတော့မီးပုံပွဲအကြီးစားတွေပေါ့ 121 00:07:06,417 --> 00:07:10,341 ထောင်ပေါင်းများစွာသော လူတွေဝန်းရံထားပြီး အရှိန်အဟုန်နဲ့တောက်လောက်နေတဲ့ ပွဲကြီးပေါ့။ 122 00:07:10,341 --> 00:07:13,893 တစ်ချိူ့လူးနည်းပြီး၊ ရင်းနှီးသူ အချင်းချင်းဘဲ စုဝေးတဲ့ မီးပုံပွဲလေးပေါ့။ 123 00:07:13,917 --> 00:07:16,458 မီးပုံထဲက လူတိုင်း ကိုယ့်နာမည်ကိုသိနေတာမျိူးပေါ့။ 124 00:07:16,458 --> 00:07:20,458 အဲလိုမီးပုံပွဲနဲ့ဆင်တူတဲ့ ကျွန်တော်တို့ Twitch က မီးပုံပွဲတစ်ခုကို ကြည့်ရအောင်။ 125 00:07:21,928 --> 00:07:24,493 Cohh ရေ၊ အခြေအနေဘယ်လိုရှိလဲ။ 126 00:07:24,493 --> 00:07:26,309 Cohh: မင်း အခြေအနေဘယ်လိုလဲ၊ Emmett? 127 00:07:26,333 --> 00:07:29,768 ES: အခုသူငယ်ချင်းတစ်ထောင်လောက်နဲ့ ကျွန်တော် TED မှာရောက်နေတာ။ 128 00:07:29,792 --> 00:07:34,186 ခင်ဗျားရဲ့Stream ကို ဒီကသူငယ်ချင်းတွေနဲ့ အတူ တစ်ချက် ဝင်ကြည့်မလားလို့။ 129 00:07:34,186 --> 00:07:36,893 Cohh: ကောင်းပါတယ်။ မင်းတို့ဆီက ဒီလိုကြားရတာ ဝမ်းသာစရာဘဲ။ 130 00:07:36,917 --> 00:07:40,693 ES: Cohh ရေ၊ မင်းအကြောင်းတစ်ချိူ့ဒီနေ့ TED က သူငယ်ချင်းတွေကို ဝေမျှပေးနိုင်မလား 131 00:07:40,693 --> 00:07:44,106 မင်းရဲ့Twitch ပေါ်က Stream community နဲ့ ပက်သက်ပြီး တော့ပေါ့။ 132 00:07:44,106 --> 00:07:45,788 Cohh: အမ်။ ဘယ်လိုစပြောရမလဲဆိုတော့။ 133 00:07:45,788 --> 00:07:48,602 ကျွန်တော် ဒီလို Streaming လုပ်နေတာ ငါးနှစ်လောက်တော့ရှိပြီ။ 134 00:07:48,602 --> 00:07:53,643 ကျွန်တော့်ကို နေ့တိုင်း Streaming လုပ်ဖို့ မရပ်မနား အားပေးတဲ့ အကြောင်းတစ်ခုရှိတယ်။ 135 00:07:53,667 --> 00:07:57,809 Streaming ဟာ အချင်းချင်းဆက်သွယ်မှုအတွက် အံဩစရာကောင်းတဲ့ အရာတစ်ခုပါ။ 136 00:07:57,833 --> 00:08:00,684 ကျွန်တော်ဘဝမှာ ဂိမ်းကစားလာတာ နှစ်၂၀ရှိပြီ။ 137 00:08:00,684 --> 00:08:03,684 ကျွန်တော်က online MMO ကစားသမားအဖွဲ့ကို ဦးဆောင်နေတာ ၁၀နှစ်ရှိပြီ။ 138 00:08:03,708 --> 00:08:07,568 အဲ့တာက ဘာနဲ့တူလဲဆိုတော့။ ဘဝမှာအရမ်းကို ရှားပါတဲ့ 139 00:08:07,582 --> 00:08:11,041 ကိုယ်နဲ့ဝါသနာတူရာလူတွေနဲ့ တွေ့နိုင်တဲ့ နေရာလေး လူအဖွဲ့အစည်းလေးနဲ့တူတယ်။ 140 00:08:11,041 --> 00:08:13,236 အစောပိုင်းတုန်းက ကျွန်တော် နားထောင်ဖြစ်ခဲ့တယ်။ 141 00:08:13,236 --> 00:08:17,042 မီးပုံပွဲ သဘောတရားကို ကျွန်တော်သဘောကျတယ်။ ကျွန်တော်လည်း အလားတူ တစ်ခုကို သုံးတယ်။ 142 00:08:17,042 --> 00:08:18,853 ဒါကို လူတွေ ဆိုဖာပေါ်မှာ ထိုင်ကြည့်သလို 143 00:08:18,853 --> 00:08:20,476 ဒါပေမဲ့ controller က တစ်ယောက်ဆီမှာ 144 00:08:20,500 --> 00:08:23,123 ဒီတော့ ငယ်ငယ်တုန်းက မုန့်ဝေခဲ့ကြသလိုပဲ။ 145 00:08:23,123 --> 00:08:24,726 လူ ၇၀၀ လောက် ဒီလို လုပ်နေကြတာပါ။ 146 00:08:24,750 --> 00:08:27,518 ဒါပေမဲ့ ဒီလိုလုပ်ရတာ တစ်ကယ်ကို မိုက်ပါတယ်။ 147 00:08:27,542 --> 00:08:31,518 ES: Cohh ရေ။ အခု မင်းရဲ့ Chart မှာဘာတွေဖြစ်နေတာလဲ? 148 00:08:31,542 --> 00:08:33,476 ဒီလူတွေကို နည်းနည်းရှင်းပြပေးနိုင်မလား? 149 00:08:33,500 --> 00:08:37,583 ကျွန်တော့်မျက်လုံးကသိပ်မကောင်းပေမဲ့ emoji တွေအများကြီးကို မြင်နေရတယ်။ 150 00:08:37,583 --> 00:08:40,031 Cohh: ဒါကကျွန်တော့်ရဲ့အဖွဲ့လေး Cohhilltion ပါ။ 151 00:08:40,031 --> 00:08:41,933 ကျွန်တော် နေ့တိုင်း Stream လုပ်ဖြစ်တယ်။ 152 00:08:41,957 --> 00:08:44,268 ဒီနေ့တော့ရက်၂၀၀၀ challenge တစ်ခုကို လုပ်နေတာ။ 153 00:08:44,292 --> 00:08:47,577 ဒီလိုနဲ့ အံ့ဩစရာကောင်းတဲ့ အသိုင်းအဝိုင်းကို ဖန်တီးနိုင်ခဲ့တယ်။ 154 00:08:47,592 --> 00:08:49,269 ဒီ channel ထဲမှာဆိုရင် 155 00:08:49,269 --> 00:08:51,684 အခု ကျွန်တော်တို့နဲ့အတူ လူ ၆၂၀၀ လောက်ကြည့်နေကြတယ်။ 156 00:08:51,708 --> 00:08:55,059 အခုမြင်နေရတာက "Hello TED", ပျော်စရာ emojis message အစုအဝေးကြီးပါ။ 157 00:08:55,083 --> 00:08:57,101 love emojis တွေပါ၊ 158 00:08:57,125 --> 00:08:58,393 "ဒါကမိုက်လှပါတယ်" 159 00:08:58,417 --> 00:08:59,768 "Hi, guys", "Hi, everyone" 160 00:08:59,792 --> 00:09:02,146 ရိုးရိုးလေး ပြောရရင် လူစုလူဝေးကြီးပေါ့-- 161 00:09:02,146 --> 00:09:03,851 တစ်နည်း - ဂိမ်းသမားတို့စုဝေးရာပေါ့။ 162 00:09:03,875 --> 00:09:06,559 အပြုသဘော ဖြစ်ရပ်ကို အတူတူ မျှဝေ ခံစားနေကြသူတွေပါ။ 163 00:09:06,583 --> 00:09:09,643 ES: ဒါဆိုအားလုံဝိုင်းဆွေးနွေးနိုင်တဲ့ မေးခွန်း မေးလို့ရမလား? 164 00:09:09,667 --> 00:09:12,434 ကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်လို့ပါ။ 165 00:09:12,434 --> 00:09:14,809 ဒီစကားဝိုင်းကနေတစ်ဆင့် ကမ္ဘာကြီးနဲ့ 166 00:09:14,833 --> 00:09:17,684 အထူးသဖြင့် အခုကျွန်တော်နဲ့အတူရှိနေတဲ့ TED ကနားဆင်သူတွေကို 167 00:09:17,708 --> 00:09:21,601 video games ကစားတာကနေ၊ ပြီးတော့ ဒီအသိုင်းအဝိုင်းထဲ ပါဝင်လို့ 168 00:09:21,625 --> 00:09:23,375 သူတို့ ဘာတွေများ ရရှိကြသလဲ ဆိုတာပါ။ 169 00:09:24,375 --> 00:09:25,625 Cohh: အံ့ဩစရာဘဲ။ 170 00:09:26,292 --> 00:09:28,792 ကျွန်တော်အဖြေတော်တော်များကို စမြင်နေရပြီ။ 171 00:09:30,148 --> 00:09:32,500 "ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ကြိုက်တယ်" 172 00:09:33,375 --> 00:09:36,500 "အကောင်းဆုံး အသိုင်းအဝိုင်းတွေက Twitch ပေါ်မှာဘဲရှိတာ" 173 00:09:37,292 --> 00:09:38,583 (ရယ်မောသံ) 174 00:09:39,165 --> 00:09:41,792 "ဘဝထဲ ခက်ခဲချိန်တွေမှာ သူတို့ ဝိုင်းကူကယ်ပေးကြတယ်။‘‘ 175 00:09:42,833 --> 00:09:45,601 ဒီစာသားက ကျွန်တော်အမြဲတမ်း Twitch ပေါ်မှာတွေ့နေကျဘဲ 176 00:09:45,625 --> 00:09:46,917 ဒါကအတော်လေးကောင်းတာဘဲ။ 177 00:09:46,955 --> 00:09:49,226 "အကောင်းမြင်တဲ့ လူမှုအသိုင်းအဝန်းဘဲ" 178 00:09:49,250 --> 00:09:51,726 "အကောင်းမြင်စိတ်တွေများတယ်။" 179 00:09:51,750 --> 00:09:53,101 ဒါကအတော်လေးကောင်းပါတယ်။ 180 00:09:53,125 --> 00:09:57,351 ES: Cohh ရေ, ကျွန်တော်ရဲ့ TED talk ကိုပြန်မဆက်ခင်လေးမှာ 181 00:09:57,375 --> 00:10:00,239 ကျွန်တော်လောလောဆယ် တစ်ကယ်လုပ်သင့်တဲ့အရာကိုပေါ့ 182 00:10:00,239 --> 00:10:01,111 (ရယ်မောသံ) 183 00:10:01,111 --> 00:10:04,518 Cohh က ကျွန်တော်တို့အားလုံးကိုမျှဝေချင်တဲ့ အရာတစ်ခုခုများရှိမလားမသိဘူး? 184 00:10:04,542 --> 00:10:06,184 ဒါမှမဟုတ် တစ်ခုခုမေးချင်သလား။ 185 00:10:06,208 --> 00:10:09,331 ခင်ဗျားဟာ အမြဲတမ်းပဲ ပရိသတ်ရှေ့မှာ ထွက်ပြခဲ့ချင်တယ် မဟုတ်လား။ 186 00:10:09,331 --> 00:10:11,351 Cohh: အမှန်ကို ပြောရရင်၊ သိပ်မဟုတ်လှပါဘူး။ 187 00:10:11,375 --> 00:10:13,834 ခင်ဗျား အခုလုပ်နေတာကို ကျွန်တော်သိပ်ကို သဘောကျပါတယ်။ 188 00:10:13,834 --> 00:10:15,809 တုံ့ပြန်ဆက်သွယ်မှုရှိတဲ့ Streaming တွေဟာ 189 00:10:15,833 --> 00:10:18,976 အနာဂတ်ဖျော်ဖြေရေးကဏ္ဍရဲ့ မဖော်ထုတ်ရသေးတဲ့ နယ်ပယ်ကြီးပါ။ 190 00:10:19,000 --> 00:10:21,726 အခု ခင်ဗျားလုပ်နေတာတွေအတွက်တစ်ကယ်ကို ကျေးဇူးတင်ပါတယ်။ 191 00:10:21,750 --> 00:10:24,518 အခုခင်ဗျားလုပ်နေတာကို လူများများကြားလေလေ 192 00:10:24,542 --> 00:10:25,851 သူတို့အတွက်ပိုကောင်းလေပါဘဲ။ 193 00:10:25,875 --> 00:10:27,759 ES: အရမ်းကောင်းတယ်။ Cohh။ ကျေးဇူးပဲ။ 194 00:10:27,759 --> 00:10:29,708 ကျွန်တော်အခု Talk Show ကိုဆက်သွားတော့မယ်။ 195 00:10:29,708 --> 00:10:31,143 နောက်မှပြန်တွေ့ကြတာပေါ့။ 196 00:10:31,167 --> 00:10:32,434 Cohh: ကောင်းပါပြီခင်ဗျ။ 197 00:10:32,458 --> 00:10:34,958 (လက်ခုပ်တီးသံ) 198 00:10:36,098 --> 00:10:39,167 ES: ဒီတော့ ဒါက အပြန်အလှန် တုံ့ပြန်နည်း တနည်းပါပဲ။ 199 00:10:40,083 --> 00:10:43,476 Stream မှာဖြစ်ပျက်နေတာကို ကျွန်တော်တို့ ပါဝင်လွှမ်းမိုးလို့ရပါတယ်။ 200 00:10:43,500 --> 00:10:47,053 ကျွန်တော်တို့ဟာ လက်တွဲဖန်တီးနိုင်သလို အတူတူမျှဝေခံစားနိုင်ကြပါတယ်။ 201 00:10:48,917 --> 00:10:54,250 ကျွန်တော်တို့ဟာ Cohhနဲ့ ချတ်လုပ်ရင်း အများ နဲ့ ဂိမ်းကစားရေးအတွေ့အကြုံလည်းရခဲ့တယ်။ 202 00:10:55,333 --> 00:10:57,976 Twitch မှာတော့ဒီလိုပုံစံမျိူးကို 203 00:10:58,000 --> 00:11:01,333 လူအများပါဝင်နိုင်တဲ့ ဖျော်ဖြေရေးပုံစံ တစ်ခုအဖြစ် စတင်သတ်မှတ်ထားပါတယ်။ 204 00:11:02,333 --> 00:11:08,601 တစ်ယောက်တည်း video တစ်ခုကိုကြည့်နေရာကနေ တုံ့ပြန်နိုင်တဲ့ live stream ကြည့်ရတာ 205 00:11:08,625 --> 00:11:14,643 တစ်ယောက်တည်းဆော့ရတဲ့ video game တစ်ခုကို ဆော့နေရာကနေ 206 00:11:14,667 --> 00:11:17,538 အများနဲ့ကစားရတဲ့ game တစ်ခုကို ပြောင်းကစားတာနဲ့တူပါတယ်။ 207 00:11:18,667 --> 00:11:23,167 Game ကစားသူတွေဟာ နည်းပညာသစ်ကို စူးစမ်းရှာဖွေဖော်ထုတ်ပေးသူတွေပါ။ 208 00:11:25,833 --> 00:11:31,309 မိုက်ခရိုကွန်ပြူတာတွေကို အစပိုင်းတွင် video ဂိမ်းတွေအတွက် သုံးခဲ့ကြတယ်။ 209 00:11:31,333 --> 00:11:37,893 ပြီးတော့ ဈေးကွက်ထဲ အများဆုံး ရောင်းခဲ့ရတဲ့ ဒီဂျစ်တယ်ပစ္စည်းက ဆဲလ်ဖုန်း မဟုတ်ခဲ့ပါ။ 210 00:11:37,917 --> 00:11:39,643 Gameboys လို့ခေါ်တဲ့ 211 00:11:39,667 --> 00:11:41,268 လက်ကိုင်ဂိမ်းစက်တွေပါ။ 212 00:11:41,292 --> 00:11:44,393 ဒါကြောင့်ဘဲ၊ 213 00:11:44,417 --> 00:11:49,768 အနဂတ်ဟာ ဘယ်လိုများရှိမလဲ အရိပ်အမြွက် သိချင်ရင် 214 00:11:49,792 --> 00:11:54,184 ပျော်စရာကောင်းပြီး တုံ့ပြန်နိုင်ကြတဲ့ ဂိမ်းတွေကို ကြည့်ကြည့်ပြီး 215 00:11:54,208 --> 00:11:56,268 ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ 216 00:11:56,292 --> 00:11:58,612 " ဒီဂိမ်းတွေ ဒီနေ့တွင် ဘာတွေ လုပ်ကိုင်နေကြတာလဲ။ 217 00:11:58,612 --> 00:12:01,559 အဲဒါက အနာဂတ်မှာ ဘယ်လိုများရှိမလဲ ဆိုတာကို အရိပ်အမြွက်ကို 218 00:12:01,583 --> 00:12:03,733 ကျွန်တော်တို့ အားလုံးအတွက် ပေးနိုင်ပါတယ်။ 219 00:12:03,733 --> 00:12:06,536 witch ပေါ်မှာကျွန်တော်တို့မြင်ခဲ့တဲ့ အရာတွေထဲကတစ်ခုဖြစ်တဲ့ 220 00:12:06,536 --> 00:12:09,726 လူအများပါဝင်လို့ရတဲ့ ဖျော်ဖြေရေးပုံစံက အားကစားထဲ ဝင်လာတော့မယ်။ 221 00:12:09,750 --> 00:12:14,768 Twitch နဲ့ NFL နဲ့ပူးပေါင်းပြီး ဘောလုံးပွဲ တွေကို တိုက်ရိုက်ပြပေးဖို့ ကြိုးစားကြပြီ။ 222 00:12:14,792 --> 00:12:18,608 ဒါပေမဲ့ အနောက်တိုင်းဝတ်စုံ အပြည့်အစုံနဲ့ ပွဲစဉ်ကြေငြာသူတွေအစား 223 00:12:18,608 --> 00:12:20,496 ကျွန်တော်တို့ရဲ့ Twitch သုံးစွဲသူတွေကို 224 00:12:20,496 --> 00:12:24,226 သူတို့ရဲ့ ကိုယ်ပိုင် Channels တွေပေါ်မှာ stream ခွင့်ရအောင်လုပ်ဆောင်ပေးသွားရင်း 225 00:12:24,250 --> 00:12:26,643 ကြည့်ရှူတဲ့ အသိုင်းအဝိုင်းကလည်း တုံ့ပြန်နိုင်မယ်၊ 226 00:12:26,667 --> 00:12:29,976 တစ်ကယ့်ကို အများပါဝင်ကစားနိုင်မယ့် အတွေ့အကြုံဖြစ်လာမှာပါ။ 227 00:12:30,000 --> 00:12:35,434 ဒါကြောင့်ကျွန်တော် ထင်တာက ခင်ဗျားတို့ အနေနဲ့ အနာဂတ်ကိုတွေးကြည့်မယ်ဆိုရင် 228 00:12:35,458 --> 00:12:40,042 ဒီနေ့တွင် အားကစား ကြော်ငြာသူတွေ ရာချီလောက်ပဲ ရှိကြတယ်၊ 229 00:12:41,458 --> 00:12:44,476 အဲဒီလို အခွင့်အရေးကို ပိုင်ဆိုင်သူတွေဟာ သိပ်သိပ်ကို နည်းလှပါတယ်။ 230 00:12:44,500 --> 00:12:48,434 ဒါပေမဲ့ အားကစားကျတော့ အများပါဝင် ကစားလာဖို့ ရှိနေတော့၊ 231 00:12:48,458 --> 00:12:51,309 ဘယ်သူမဆို တစ်ကမ္ဘာလုံးမှာ ကိုယ့်အသံကို ကြားစေလိုပါက၊ 232 00:12:51,333 --> 00:12:55,829 အားကစားအစီအစဉ် ကြော်ငြာသူ အခွင့်အလမ်းကို ရယူနိင်ပါပြီ။ 233 00:12:55,829 --> 00:12:57,471 ထုတ်ပြန် ကြေညာပေးနိုင်ပါ်ပြီ။ 234 00:12:57,471 --> 00:13:00,809 အဲဒီအချက်ဟာဖြင့် ကျုပ်တို့အားလုံးအတွက် ရေတွက်မရနိုင်တဲ့ ပါရမီရှင်တွေကို 235 00:13:00,833 --> 00:13:02,101 ဖော်ထုတ်ပေတော့မှာပါ။ 236 00:13:02,125 --> 00:13:05,905 ပြီးတော့ကျွန်တော်တို့တွေ မင်းအဲ့ဒီကစားပွဲ ကြည့်လိုက်ရလားလို့ မေးစရာ မလိုတော့ပါ။ 237 00:13:05,905 --> 00:13:07,059 အဲ့ဒီအစား 238 00:13:07,083 --> 00:13:10,208 "မင်းဘယ်သူ့ channel မှာ ကြည့်တာလဲ" လို့ မေးကြတော့မှာပါ။ 239 00:13:12,250 --> 00:13:16,934 ချက်ပြုတ်မှု အစီအစဉ်တွေ၊ သီချင်းဆို အစီအစဉ်တွေမှာ တွေ့နေကြရပါပြီ-- 240 00:13:16,958 --> 00:13:19,167 ဂဟေဆော်တာကို stream တဲ့ လူတွေတောင် ရှိနေပါပြီ။ 241 00:13:20,292 --> 00:13:24,625 ဒီလိုကိစ္စတွေအားလုံးနီးပါးဟာ မီးပုံပွဲဥပမာလိုဘဲ မကြာခင်ဖြစ်လာတော့မှာပါ။ 242 00:13:24,997 --> 00:13:28,184 ဒီလိုမီးပုံပွဲမျိူးတွေ သန်းနဲ့ချီပြီး တောက်လောင်လာတော့မှာပါ။ 243 00:13:28,208 --> 00:13:29,768 လာမယ့်နှစ်တွေအတွင်းမှာပေါ့ 244 00:13:29,792 --> 00:13:33,018 ဘယ်အကြောင်းအရာမျိူးမှာမဆို 245 00:13:33,042 --> 00:13:35,545 သင့်အတွက် မီးပုံပွဲစကားဝိုင်းလေးကို ရှာတွေ့မှာပါ။ 246 00:13:35,545 --> 00:13:38,923 ကမ္ဘာနဲ့အဝှမ်းက သင့်နဲ့ဝါသနာတူရာ လူတွေနဲ့ တွေ့ဆုံလို့ရတဲ့နေရာလေးပေါ့။ 247 00:13:38,923 --> 00:13:40,544 လူသားသမိုင်းတစ်လျှောက်မှာ 248 00:13:40,544 --> 00:13:43,518 ဖျော်ဖြေရေးကဏ္ဍတွေဟာ ရိုးရှင်းပြီး လူအများစု ပါဝင်လို့ရခဲ့တယ်။ 249 00:13:43,542 --> 00:13:46,101 ကျွန်တော်တို့စုဝေးပြီး သီချင်းတွေဆိုခဲ့ကြတယ်။ 250 00:13:46,125 --> 00:13:50,101 မြို့လယ်ခေါင်မှာစုပြီး သတင်းအချက်အလက်တွေ လူကိုယ်တိုင်မျှဝေခဲ့ကြတယ်။ 251 00:13:50,125 --> 00:13:52,601 ဒီလိုသွားနေရင်းနဲ့ဘဲ 252 00:13:52,625 --> 00:13:57,372 နှစ်ဦးနှစ်ဘက် စကားဝိုင်းဟာ တစ်ဘက်သားရဲ့ ထုတ်လွင့်မှုသို့ ပြောင်းသွားခဲ့တယ်။ 253 00:13:57,372 --> 00:13:59,763 လူအသိုင်းအဝိုင်းကို အလေးထားသူ အနေနဲ့ 254 00:13:59,763 --> 00:14:02,809 ကျုပ်တို့ရဲ့ ဖျေဖြော်မှုတွေက ကျုပ်တို့ကို ခွဲခြားပစ်ကြမယ့်အစား၊ 255 00:14:02,833 --> 00:14:07,542 ကျုပ်တို့ကို ဆက်သွယ်ပေါင်းစည်းပေးလာမယ့် အနာဂတ်ကမ္ဘာဆီကို မျှော်မှန်းနေပါတယ်။ 256 00:14:09,708 --> 00:14:14,518 မျှဝေခံစားကြတဲ့ စိတ်ဝင်စားမှုများကြောင့် အနှောင်းအဖွဲ့တွေ တိုးပွားလာပြီး 257 00:14:14,542 --> 00:14:17,682 စစ်မှန်အားကောင်းတဲ့ လူ့အဖွဲ့အစည်းတွေကို ဖန်တီးနိုင်ကြမှာပါ။ 258 00:14:18,458 --> 00:14:21,684 Games တွေ၊ Streams တွေနဲ့ သူတို့အားပေး ကြတဲ့ အပြန်အလှန်ထိတွေမှုတွေက 259 00:14:21,708 --> 00:14:25,893 ကမ္ဘာကြီးရဲ့ သံသရာစက်ကွင်းကို အပြန်အလှန်ထိတွေမှု၊ အသိုင်းအဝိုင်းတွေ 260 00:14:25,917 --> 00:14:30,083 ကြွယ်၀ခဲ့ပြီး အများကပါဝင်ခဲ့ကြတဲ့ အတိတ်ဆီကို ပြန်ပို့နိုင်ပါမယ်။ 261 00:14:30,172 --> 00:14:34,018 ဒီလိုအတွေ့အကြုံတွေကို ဝေမျှခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ 262 00:14:34,042 --> 00:14:37,693 ခင်ဗျားတို့လည်း ကိုယ့်အတွက် အကောင်းဆုံး မီးပုံပွဲလေးတွေ ရှာတွေ့နိုင်ကြပါစေ။ 263 00:14:37,693 --> 00:14:39,292 ( လက်ခုပ်တီးသံ )