[ဘာလီ, အင်ဒိုနီးရှား]
ဘာလီမှာ တစ်နှစ်လုံးနေက
ဒီအချိန်ပဲဝင်တဲ့အတွက်ကြောင့်
အချိန်ကရပ်နေတယ်လို့ခံစားရတယ်
ရှည်လျားလှတဲ့နွေရာသီတစ်ခုလို့ပေါ့
ဆိတ်ငြိမ်တဲ့ခံစားချက်တစ်ခုရှိတယ်
အလျင်စလိုမလုပ်ဘူး
ကိုယ့်ပတ်ဝန်းကျင်ရဲ့စည်းချက်အတိုင်း
သွားတဲ့လုပ်စဥ်ပေါ့
[ဘဲအော်သံ]
[ဘာလီဘဝမှ ပုံဖော်မှု]
နယူးယောက်က ငါလာခဲ့တဲ့နေရာပေါ့
ကြီးပြင်းခဲ့တဲ့နေရာလည်းဟုတ်တယ်
ပြီးတော့ အမြဲတမ်းပြန်လာဖြစ်တဲ့
နေရာလည်းဖြစ်တယ်
ဒါပေမယ့် အလုပ်ကောင်းကောင်းလုပ်ဖို့အတွက်
အရေးကြီးဆုံးအရာက
အချိန်နဲ့
နေရာဆိုတာလည်း သိတယ်
ဘာလီမှာနေခြင်းက
ဒီနှစ်ခုကိုရစေတယ်
၆:၃၀ထတယ်
နေထွက်တာအရမ်းတောက်ပလို့ပေါ့
၈:၃၀ဆိုရင် စတူဒီယိုမှာနေရာချတယ်
ကြောင်ကိုတော့အပြင်မှာထားခဲ့တယ်
ပန်းချီကားတွေကို မထိခိုက်မိတော့ဘူးပေါ့
နိုပီနဲ့ ဝီဝစ်က ၉နာရီဆိုရောက်တယ်
ဒီကနေဒီကို ဆွဲရမှာလား
ဟုတ်တယ်
ပြီးတော့ ညိုမန်က အိမ်မှာလှူူဖွယ်လုပ်ဖို့
အတွက် ၁၀ခွဲဆိုလာတယ်
ဒါက ဒီပွဲတွေနဲ့ပူဇော်မှုတွေပေါ့
အားလုံးက ကျွန်းရဲ့စွမ်းအားတွေရနေတယ်
အားလုံးက ကျွေးမွေးနေတယ်
ဘာလီမှာသဘာဝတိုင်းဖြစ်တဲ့စမ်းချောင်းတွေနား
မှာ တည်ထားတဲ့ကျောင်းဆောင်တွေရှိတယ်
ရေနားကိုသွားရင် နက်ရှိုင်းတဲ့
လေးစားမှုနဲ့ ကိုးစားမှုကိုရတယ်
ဒီနေရာနဲ့ အရာဝတ္ထုအတွက်ပေါ့