ထိုင်ဝမ်းနိုင်ငံတွင်
လက်ရေးလှရေးသူ အနုပညာရှင်ရဲ့ သမီးအဖြစ် ကြီးပြင်းလာခဲ့ရတဲ့
ကျွန်မအတွက် အမြတ်နိုးဆုံး မှတ်မိတဲ့ အရာ တစ်ခုက
ကျွန်မရဲ့ မေမေဟာ တရုပ်စာလုံးများရဲ့ အလှ၊ သဏ္ဌာန်၊ နဲ့ ပုံအကြောင်း
ကွန်မအား ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီကတည်းက ကျွန်မဟာ အံ့ဩစရာ ကောင်းတဲ့
အဲဒီ ဘာသာစကားကို အထူးပဲ စိတ်ဝင်စားလာခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသား တစ်ယောက်အတွက်မူ
အဲဒီစာလုံးတွေဟာ မဟာ တရုတ်တံတိုင်ကြီးလိုပဲ နားလည်ရနိုင်မှာ မဟုတ်ဘူးလို့ ထင်စရာ ဖြစ်ခဲ့ပါတယ်။
လွန်းခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ၊ သိမ်မွေ့လှတဲ့ ဒီဘာသာစကားရဲ့
အလှအပကို နားလည်လိုကာ
တန်ဖိုးထား လေ့လာချင်ကြသူတို့ အတွက် အဲဒီလို တံတိုင်ကြီးကို
ဖျက်ပစ်လို့ရနိုင်မလား ဆိုတာကို ကျွန်မ စဉ်းစားလာခဲ့ပါတယ်။
တရုတ်စာကိုလေ့လာဖို့ မြန်တဲ့ စနစ်အသစ်သာ ရှိခဲ့ရင်
ဘယ်လောက် အသုံးဝင်လိမ့်မလဲ ဆိုတာကို ကျွန်မ စဉ်းစားခဲ့ပါတယ်။
အသက် ငါးနှစ်ကတည်းက တရုတ်စာလုံး တစ်လုံးစီ အထဲက မျဉ်းတစ်ကြောင်းစီကို
စနစ်တကျ မှန်ကန်စွာ ရေးဆွဲရေးကို
ကျွန်မ စပြီး သင်ယူခဲ့ရပါတယ်။
အဲဒီနောက် ၁၅ နှစ်ကြာတဲ့ အထိကို
နေ့တိုင်း စာလုံးအသစ်တွေကို ကျွန်မ ဆက်သင်ခဲ့တယ်။
ကျွန်မတို့ဆီမှာ အချိန် ၅မိနစ်လောက်ပဲ ရှိတယ်ဆိုတော့
ပိုမြန်ပြီး ပိုလွယ်တဲ့စနစ် အသုံးပြုရင် ပိုကောင်းပါမယ်။
တရုတ်စာကို လေ့လာသူ တစ်ဦးဟာ စာလုံး ၂၀ ၀၀၀ ကို နားလည်နိုင်ပါတယ်။
အခြေခံ စာပေကိ ုနားလည်ဖို့အတွက် စကားလုံး ၁၀၀၀ ကိုသာ လိုအပ်ပါတယ်။
အသုံးဝင်ဆုံး စာလုံး ၂၀၀ တို့ဟာ
အခြေခံ စာပေရဲ့ ၄၀ % ကို နားလည်လာစေပါမယ်။
လမ်းပေါ်က သင်္ကေတတွေ နဲ့ စားသောက်ဆိုင် မီးနူးစာရင်းတွေကို ဖတ်နိုင်ရေးအတွက
တရုတ် ဝယ်ဘ် စာမျက်တွေရဲ့ သို့မဟုတ် သတင်းစာတွေရဲ့
အဓိက အချက်တွေကို နားလည်လာရေးအတွက် လုံလောက်ပါတယ်။
ဒီစနစ် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ရှင်တို့ အားလုံးကို
ပြပေးဖို့ ဒီနေ့ ကျွန်မဟာ စကားလုံး ၈လုံးနဲ့ စတင်ပါမယ်။
ရှင်တို့အားလုံး အဆင်သင့် ဖြစ်ကြပြီလား။
ရှင်တို့ရဲ့ ပါးစပ်တွေကို လေးဒေါင့်ကွက် ပုံစံ ဖြစ်လာတဲ့အထိ
ကျယ်ပြန့်စွာ ဖွင့်လိုက်ကြပါ။
အဲဒါက ပါးစပ်ပါပဲ။
ဒီလူဟာ လမ်းလျှောက်နေသူပါ။
လူပါ။
ဒီမီးရဲ့ ပုံဟာ လူဖြစ်ပြီး
ဘေးနှစ်ဖက်မှာ လက် ၂ ဖက် ရှိနေကာ
"ကူကြပါ၊ ကျွန်မ မီးလောင်နေတယ်" လို့
တအား ဟစ်အော်္နေသူဟာ လူတစ်လောက် ဖြစ်တယ်။
အဲဒီ စာလုံးရဲ့ မူရင်းဟာ မီးတောက်ရဲ့ သဏ္ဌာန်မှ ပေါ်ပေါက်လာခဲ့ပေမဲ့
ကျွန်မကတော့ ခုနက ပြောခဲ့တာကို ပိုကြိုက်ပါတယ်။ ရှင်တို့ကတော့ ကြိုက်တာကို ယူမှတ်ကြပါ။
ဒီဟာကတော့ သစ်ပင်ပါ။
အပင်။
ဒီဟာက တောင်ပါ။
နေ။
လ။
တံကားရဲ့ စာလုံးကျတော့
အမေရိကန် ဝဲစ်တန် ရုပ်ရှင်များထဲက ဆင်နားရွက်တံခါးတွေနဲ့ တူပါတယ်။
ကွန်မက အဲဒီ စကားလုံး ၈ လုံးကို အခြေခံစကားလုံးများလို့ ခေါ်ပါတယ်။
နောက်ထပ် စာလုံးများကို ဖန်တီးယူရန်
အဲဒါတွေက် ဆောက်လုပ်ရေး အုတ်တွေနဲ့တူကြပါတယ်။
လူတစ်ယောက်။
လူတစ်ယောက်ဟာ နောက်မှာနေပြီး လမ်းလျှောက်လာရင် အဲ့ဒါကို "လိုက်လာတယ်" လို့ ပြောပါတယ်။
စေကားပုံ အဟောင်းထဲမှာ လိုပဲ...
"လူ နှစ်ယောက်ဆိုရင် အဖေါ်များ ဖြစ်ကြတယ်။ လူသုံးယောက်ဆိုရင် လုစုလူဝေး ဖြစ်ကြတယ်။"
လူတစ်ယောက်က သူ့ လက်တွေကို ဖြန့်ပြနေရင်
"အဲဒါဟာ ဒီလောက်ကြီးမားခဲ့တယ်"လို့ သူက ပြောလိုပါတယ်။
ပါးစပ်ထဲမှာ လူတစ်ယောက်၊ ပိတ်မိနေသူပါပဲ။
ဝေလငါးထဲက ယောနလိုပဲ သူဟာ အကျဉ်းသား ဖြစ်တယ်။
အပစ် တစ်ပင်ဟာ သစ်ပင်ဖြစ်တယ်။ နှစ်ပင် အတူတကွဆိုရင် တောများ ဖြစ်လာပါတယ်။
အပင် သုံးပင် အတူတကွကျတော့ သစ်တောဖြစ်ပါတယ်။
သစ်ပင် တစ်ပင်ရဲ့ အောက်ခြေမှာ ပျဉ်ပြားတစ်ချပ်ကိုထားလိုက်ရင် "အုတ်မြစ်" ဖြစ်လာပါတယ်။
သစ်ပင်ရဲ့ ထိပ်ပေါ်မှာ ပါးစပ်ကို တင်လိုက်ရင် အဲ့ဒါဟာ "လူန၊ လူအ" ဖြစ်ပါတယ်။ (ရယ်မောသံများ)
စကားပြောတတ်တဲ့ သစ်ပင်ဆိုတာ ဘယ်လိုမှ စဉ်းစား မရနိုင်တာမို့လို့
မှတ်မိဖို့ လွယ်ပါတယ်။
"မီး"ကို မှတ်မိကြတဲ့ မဟုတ်လား။
မီး နှစ်လုံး ကျတော့ "အရမ်းပူတာ" ကို ပြပါတယ်။
အတူတကွ မီး သုံးလုံး ဆိုရင် မီးတောက်မီးလျှံ အများကြီး ဖြစ်တယ်။
သစ်ပင် နှစ်ပင်ရဲ့ အောက်မှာ မီးကို ထားလိုက်ရင် မီးရှို့ခြင်း ဖြစ်တယ်။
ကျွန်မတို့ အတွက် နေဟာ ကြီးပွားချမ်းသာမှုရဲ့ ရင်းမြစ် ဖြစ်ပါတယ်။
နေ နှစ်လုံး အတူတူဆိုရင် "ကြီးပွားတိုးတက်မှု" ဖြစ်ပါတယ်။
သုံးလုံး အတူတူဆိုရင် "မီးပွားများ" ဖြစ်ပါတယ်။
နေ နဲ့ လ အတူတကွ ဝင်းလက်နေရင်တော့
"ဝင်းလက်တောက်ပခြင်း" ဖြစ်ပါတယ်။
ပြီးတော့ "မနက်ဖြန်"၊ တစ်နေ့ နဲ့ တစ်ညရဲ့ နောက်မှာလို့လည်း အဓိပ္ပေယ်ရပါတယ်။
မိုးကုပ်စက်ဝိုင်းအပေါ်မှာ နေက ထွက်လာနေတယ်။ "နေထွက်မှု" ဖြစ်ပါတယ်။
တံခါးပါ။ တံခါးထဲမှာ ပျဉ်းပြား တစ်ချပ်ကို ထားလိုက်ရင်
တံခါး မင်းတုံး ဖြစ်ပါတယ်။
တံခါးထဲမှာ ပါးစပ်ကို ထည့်ပေးလိုက်ရင် "မေးခွန်း မေးခြင်း" ဖြစ်ပါတယ်။
ဒေါက်၊ဒေါက်၊ အိမ်ထဲမှာ တစ်ယောက်ယောက်များ ရှိလား။
ဒီလူကတော့ တံခါးထဲမှနေပြီး တိတ်တိတ်ပုန်း ထွက်လာနေပါတယ်။
"လွှတ်မြောက်သည်" "အလွတ်ရုန်းသည်"။
ဘယ်ဘက်မှာ အမျိုးသမီး တစ်ယောက်ပါ။
အမျိုးသမီး နှစ်ယောက်စုံမိရင် "ငြင်းခုံ" ကြမှာပါ။
(ရယ်မောသံများ)
အမျိုးသမီး သုံးယောက်ဆိုရင်တော့၊ သတိနဲ့သာ နေပေတော့၊ လင်ငယ်နေခြင်း ဖြစ်ပါတယ်။
အခုထိ ကျွန်မတို့ဟာ စာလုံး သုံးဆယ်ကျော်ကို ကြည့်ပြီးခဲ့ပါပြီ။
အခြေံအကျဆုံး စာလုံး ရှစ်လုံး နည်းစနစ်ကို သုံးသွားခြင်းဖြင့်
ကျွန်မတို့ဟာ စာလုံး ၃၂ ကို တည်ဆောက်လို့ ရလာပါမယ်။
အဲဒီနောက်ပိုင်း စာလုံး ရှစ်လုံးကျတော့
နောက်ထပ် စာလုံး ၃၂ လုံးကို တည်ဆောက် လာနိုင်ပါမယ်။
အဲဒီတော့ ရှင်တို့ဟာ သိပ် အားထုတ်ရန် မလိုဘဲ
စာလုံး အလုံး နှစ်ရာလောက်ကို သင်ယူနိုင်မှာမို့လို့
ရှစ်နှစ်အရွယ် တရုတ်ကလေးရဲ့ အဆင့်ကို မှီလာမှာပါ။
ကျွန်မတို့ စာလုံးတွေကို သိထားတဲ့နောက်မှာ စကားပုဒ်စုတွေကို ဆောက်လုပ် လာနိုင်ပါမယ်။
ဥပမာ တောင် နဲ့ မီး အတူတကွ မြင်ရရင်
မီးတောက်နေတဲ့ တောငကို၊တနည်း မီးတောင်ကို ရပါတယ်။
ဂျာပန်ဟာ နေထွက်သော နိုင်ငံ ဖြစ်တာကို ကျွန်မတို့ သိပါတယ်။
ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အရှေ့ဖက်မှာ တည်ရှိနေလို့
နေနဲ့အတူ မူလနေရာမှာ ချပြထားပါတယ်။
ဒီလိုနည်းဖြင့် နေဟာ အစမူလနဲ့အတူ ဆိုရင် ဂျပန် ကို ကျွန်မတို့ တည်ဆောက်ယူခြင်းပါပဲ။
ဂျာပန်ရဲ့ နောက်မှာရှိတဲ့ လူတစ်ယောကကကော် ဘာများပါလိမ့်။
ဂျာပန် လူမျိုးတစ်ယောက် ဖြစ်ပါတယ်။
ဒီနေရာ ဘယ်ဖက်မှာရှိတဲ့ စာလုံးက တစ်ခု အပေါ်မှာ တစ်ခု
ထပ်ထားတဲ့ တောင် နှစ်တောင် ဖြစ်ပါတယ်။
ရှေးခေတ် အခါတုန်းက တရုတ် ဧကရာဇ်တွေဟာ
သူတို့ရဲ့ နိုင်ငံရေး ရန်သူတွေကို တောင်တန်းတွေရဲ့ ဟိုတစ်ဖက်မှာ
ထားလေ့ ရှိခဲ့ကြလို့ ပြည်နှင်ခြင်း သဘော ရပါတယ်။
ဒီခေတ်ထဲမယ် ကျတော့ ထွက်ခွာသွားခြင်း လို့ ပြောင်းလဲလာပါတယ်။
ဘယ်ကို ထွက်သွားရမလဲ ဆိုတာကို ပြောနေတဲ့ ပါးစပ်ရဲ့ ပုံကျတော့
ထွက်လမ်း ဖြစ်ပါတယ်။
ဒီဆလိုက်ပုံက ကျွန်မဟာ စကားပြောနေတာကို ရပ်လိုက်ကာ စင်မြင့်ပေါ်မှနေ အောက်ကို ဆင်းသွားဖို့ လိုတာကို
ကျွန်မကို သတိပေးနေတဲ့ ပုံပါပဲ။ ကျေးဇူးတင်ပါတယ်ရှင့်။
(လက်ခုပ်တီးသံများ)