သင်နဲ့ သင့်မိတ်ဆွေဟာ ပန်းချီပြပွဲတစ်ခုကို ဖြတ်လျှောက်နေပြီး သိသာလှတဲ့ ပန်းချီကားတစ်ချပ်ကို မျက်စိကျမိတယ်ဆိုပါစို့။ အနီရောင်စိုစိုက အချစ်ရဲ့ သင်္ကေတအဖြစ် သင့်မှာပေါ်လာပေမဲ့ သင့်မိတ်ဆွေကတော့ စစ်ရဲ့သင်္ကေတအဖြစ် ယုံကြည်မိတယ်။ ကြည်နူးဖွယ် ကောင်းကင်ထဲမှာ ကြယ်တွေကို သင်မြင်တဲ့နေရာမှာ သင့်မိတ်ဆွေက ကမ္ဘာကြီးပူနွေးလာမှုရဲ့ ညစ်ညမ်းပစ္စည်းတွေဖြစ်တယ်လို့ အနက်ကောက်တယ်။ ငြင်းခုံမှုကိုဖြေရှင်းဖို့ အင်တာနက်ဆီ သင်ဦးတည်လိုက်တယ်၊။ အဲဒီမှာ ပန်းချီကားဟာ ပန်းချီဆရာရဲ့ ပထမတန်း ပန်းချီပရောဂျက်ရဲ့ ပုံတူဆိုတာ သင်ဖတ်ရတယ် အနီရောင်က သူမ အကြိုက်ဆုံးအရောင်ဖြစ်ပြီး ငွေရောင်အစက်လေးတွေက နတ်သမီးတွေတဲ့။ အခု ဒီလက်ရာဖန်တီးမှုကိုဖြစ်စေတဲ့ တိကျတဲ့ ရည်ရွယ်ချက်တွေကို သင်သိပြီ။ အနုပညာရှင်က မရည်ရွယ်ခဲ့တာကို ကြည်နူးမိခဲ့တာ သင်မှားလား။ အခု အမှန်ကိုသိပြီဆိုတော့ ကြည်နူးတာ လျော့သွားလား။ အနုပညာရှင်ရဲ့ ရည်ရွယ်ချက်က ပန်းချီကားကို သင်အနက်ကောက်ရာမှာ ဘယ်လောက်ထိ သက်ရောက်စေသင့်သလဲ။ ဒဿနပညာရှင်တွေနဲ့ အနုပညာ ဝေဖန်ရေးသမားတွေ ဆယ်စုနှစ်တွေချီပြီး ဆွေးနွေးအဖြေရှာပေမဲ့ အများသဘောတူညီမှုမရတဲ့ မေးခွန်းတစ်ခုပါ။ ၂၀ ရာစုအလယ်မှာ စာပေဝေဖန်ရေးဆရာ W.K. Wimsat နဲ့ ဒဿနိကပညာရှင် Monroe Beardsley တို့ဟာ အနုပညာရှင်ရဲ့ ရည်ရွယ်ချက်ဟာ မသက်ဆိုင်ဘူးလို့ ဆွေးနွေးငြင်းခုံကြတယ်။ Intentional Fallacy လို့ သူတို့ခေါ်ခဲ့တယ် အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်ချက်တွေဟာ လွဲချော်တာကို တန်ဖိုးဖြတ်တဲ့ ယုံကြည်မှုပါ။ သူတို့ရဲ့ငြင်းခုံမှုမှာ ဖက်နှစ်ဖက်ရှိပါတယ်။ ပထမက ကျွန်ုပ်တို့ လေ့လာနေတဲ့ အနုပညာရှင်တွေဟာ အသက်မရှင်ကြတော့ဘူး၊ သူတို့ရည်ရွယ်ချက်တွေကို မှတ်တမ်းမတင်ခဲ့၊ (သို့) သူတို့လက်ရာအကြောင်း မေးခွန်းတွေ ဖြေဖို့ရကိုမရနိုင်တာပါ။ ဒုတိယက သက်ဆိုင်ရာ သတင်း အချက်အလက်တွေ တစ်လှေကြီးရှိတာတောင် လက်ရာကိုယ်၌ရဲ့ အရည်အသွေးတွေကနေ ကျွန်ုပ်တို့ကို ဝေးသွားစေမယ်လို့ Wimsatt နဲ့ Beardsley တို့ယုံကြည်ကြတယ်။ အနုပညာကို အချိုပွဲတစ်ခုနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ပူတင်းကို သင်မြည်းတဲ့အခါ စားဖိုမှူး ရည်ရွယ်ချက်က အနံ့အရသာ (သို့) မုန့်သား ကြိုက်၊ မကြိုက်ကို မသက်ရောက်ဘူး။ သူတို့ပြောတာက ပူတင်းက အလုပ်ဖြစ်တယ် ဆိုတာက အရေးကြီးတာပါတဲ့။ တကယ်က တစ်ယောက်အတွက် အလုပ်ဖြစ်ပေမဲ့ အခြားသူအတွက် ဖြစ်ချင်မှဖြစ်မှာပါ။ အနက်အမျိုးမျိုးက လူအမျိုးမျိုးကို ဆွဲဆောင်နိုင်တာကြောင့် ပန်းချီကားထဲက ငွေရောင်အစက်လေးတွေကို နတ်သမီးတွေ၊ ကြယ်တွေ၊ ညစ်ညမ်းပစ္စည်းအဖြစ် အတော်အသင့် အနက်ကောက်တတ်နိုင်တယ်။ Wimsatt နဲ့ Beardsley ရဲ့တွေးခေါ်မှုအရ သူမ လက်ရာအပေါ် အနုပညာရှင်ရဲ့ အနက်ကောက်မှုက များစွာသော တူညီစွာ လက်ခံနိုင်တဲ့ ဖြစ်နိုင်ခြေတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါကို ခဲရာခက်ဆစ်လို့ သင်ထင်ရင်တော့ သင်ဟာ Knapp နဲ့ Walter Benn Michaels တို့နဲ့ သဘောချင်းတူဖို့များပါတယ်။ Intentional Fallacy ကို ပယ်ချခဲ့တဲ့ စာပေ သဘောထားပညာရှင်နှစ်ဦးပါ။ အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်တဲ့အနက်ဟာ ဖြစ်နိုင်ခြေရှိတဲ့ အနက်ကောက်မှု တစ်ခုသာမကပဲ တစ်ခုတည်းသော ဖြစ်နိုင်တဲ့အနက်ရောပါ။ ဥပမာ၊ သင်ဟာ ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေပြီး သဲမြေထဲမှာ ကဗျာတစ်ပိုဒ်ကို စာလုံးပေါင်းထားတဲ့ အမှတ်အသားတန်းကြီးကို တွေ့မိတယ်ဆိုပါစို့။ Knapp နဲ့ Michaels ယုံကြည်တာက ဒီအမှတ်အစားတွေဟာ လူသားတစ်ဦးရဲ့ လက်ရာမဟုတ်ပဲ လှိုင်းတွေကြောင့် ဖြစ်လာတဲ့ ကြုံတောင့်ကြုံခဲ အဖြစ်လို့ သင်သိရင် ကဗျာဟာ အဓိပ္ပါယ်အားလုံး ပျောက်သွားမယ်တဲ့ တမင်ဖန်တီးသူတစ်ဦးဟာ ကဗျာကို လုံးဝ နားလည်စေဖို့ ဖန်တီးပေးသူလို့ သူတို့ယုံကြည်တယ်။ အခြားတွေးခေါ်ရှင်တွေက ရည်ရွယ်ချက်ဟာ ပိုကြီးတဲ့ ပဟေဠိထဲက အပိုင်းလေးတစ်ခုလို့ အဆိုပြုပြီး အလယ်အလတ်မှာ ရပ်တည်တယ်၊ ခေတ်ပြိုင် ဒဿနိကပညာရှင် Noel Carroll က ဒါကို ရပ်တည်ခဲ့တယ်၊ အနုပညာရှင်ရဲ့ ရည်ရွယ်ချက်တွေဟာ သူတို့ ပရိတ်သတ်နဲ့ သက်ဆိုင်တယ်လို့ ငြင်းခုံတယ်။ စကားပြောသူရဲ့ ရည်ရွယ်ချက်တွေဟာ စကားပြောရာမှာ သူတို့ပြောနေတဲ့ သူနဲ့ သက်ဆိုင်သလိုမျိုးပေါ့။ စကားပြောရာ ရည်ရွယ်ချက် လုပ်ဆောင်ပုံကို နားလည်ဖို့ Carroll က စီးကရက်တစ်လိပ်ကိုင်ထားတဲ့လူက မီးခြစ်တောင်းနေတာကို မြင်ကြည့်ဖို့ပြောတယ်။ မီးခြစ်ကမ်းရင်း သင်တုံ့ပြန်လိုက်တယ်၊ သူတို့ရည်ရွယ်ချက်က စီးကရက်ကို မီးညှိဖို့ဆိုတာ နားလည်ခြင်းပါ။ မေးခွန်းမေးဖို့ သူတို့သုံးခဲ့တဲ့ စကားလုံးတွေက အရေးပါပေမဲ့ မေးခွန်းနောက်ကွယ်က ရည်ရွယ်ချက်က သင့်ရဲ့ နားလည်မှုကို ဆုံးဖြတ်ပေးပြီး နောက်ဆုံးတော့ သင့်တုံ့ပြန်မှုပါ။ ဒီတော့ ဒီရောင်စဉ်ရဲ့ ဘယ်အစွန်းဆီ သင်ယိမ်းယိုင်လဲ။ သင်ရော၊ အနုပညာနဲ့ပတ်သက်လာရင် Wimsatt နဲ့ Beardsley တို့လိုပဲ ရွှေအကြောင်း ဖယောင်းသက်သေ ဆိုတာယုံလား (သို့) သူတို့လက်ရာအတွက် အနုပညာရှင် တစ်ဦးရဲ့ အစီအစဉ်တွေနဲ့ လှုံ့ဆော်မှုတွေဟာ ၎င်းရဲ့အဓိပ္ပါယ်ကို သက်ရောက်လား။ အနုပညာဆိုင်ရာ အနက်အဓိပ္ပါယ်ကောက်ယူမှုဟာ တိကျတဲ့အဖြေ ဘယ်တော့မှ မပေးနိုင်လောက်တဲ့ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်တစ်အိမ်ပါ။