1 00:00:13,005 --> 00:00:16,045 သင်နဲ့ သင့်မိတ်ဆွေဟာ ပန်းချီပြပွဲတစ်ခုကို ဖြတ်လျှောက်နေပြီး 2 00:00:16,045 --> 00:00:18,655 သိသာလှတဲ့ ပန်းချီကားတစ်ချပ်ကို မျက်စိကျမိတယ်ဆိုပါစို့။ 3 00:00:18,655 --> 00:00:22,085 အနီရောင်စိုစိုက အချစ်ရဲ့ သင်္ကေတအဖြစ် သင့်မှာပေါ်လာပေမဲ့ 4 00:00:22,085 --> 00:00:25,445 သင့်မိတ်ဆွေကတော့ စစ်ရဲ့သင်္ကေတအဖြစ် ယုံကြည်မိတယ်။ 5 00:00:25,445 --> 00:00:28,955 ကြည်နူးဖွယ် ကောင်းကင်ထဲမှာ ကြယ်တွေကို သင်မြင်တဲ့နေရာမှာ 6 00:00:28,955 --> 00:00:33,787 သင့်မိတ်ဆွေက ကမ္ဘာကြီးပူနွေးလာမှုရဲ့ ညစ်ညမ်းပစ္စည်းတွေဖြစ်တယ်လို့ အနက်ကောက်တယ်။ 7 00:00:33,787 --> 00:00:37,407 ငြင်းခုံမှုကိုဖြေရှင်းဖို့ အင်တာနက်ဆီ သင်ဦးတည်လိုက်တယ်၊။ 8 00:00:37,407 --> 00:00:41,907 အဲဒီမှာ ပန်းချီကားဟာ ပန်းချီဆရာရဲ့ ပထမတန်း ပန်းချီပရောဂျက်ရဲ့ ပုံတူဆိုတာ သင်ဖတ်ရတယ် 9 00:00:41,907 --> 00:00:46,746 အနီရောင်က သူမ အကြိုက်ဆုံးအရောင်ဖြစ်ပြီး ငွေရောင်အစက်လေးတွေက နတ်သမီးတွေတဲ့။ 10 00:00:46,746 --> 00:00:51,328 အခု ဒီလက်ရာဖန်တီးမှုကိုဖြစ်စေတဲ့ တိကျတဲ့ ရည်ရွယ်ချက်တွေကို သင်သိပြီ။ 11 00:00:51,328 --> 00:00:55,398 အနုပညာရှင်က မရည်ရွယ်ခဲ့တာကို ကြည်နူးမိခဲ့တာ သင်မှားလား။ 12 00:00:55,398 --> 00:00:58,918 အခု အမှန်ကိုသိပြီဆိုတော့ ကြည်နူးတာ လျော့သွားလား။ 13 00:00:58,918 --> 00:01:01,038 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်က ပန်းချီကားကို 14 00:01:01,038 --> 00:01:04,328 သင်အနက်ကောက်ရာမှာ ဘယ်လောက်ထိ သက်ရောက်စေသင့်သလဲ။ 15 00:01:04,328 --> 00:01:06,278 ဒဿနပညာရှင်တွေနဲ့ အနုပညာ ဝေဖန်ရေးသမားတွေ 16 00:01:06,278 --> 00:01:11,778 ဆယ်စုနှစ်တွေချီပြီး ဆွေးနွေးအဖြေရှာပေမဲ့ အများသဘောတူညီမှုမရတဲ့ မေးခွန်းတစ်ခုပါ။ 17 00:01:11,778 --> 00:01:13,479 ၂၀ ရာစုအလယ်မှာ 18 00:01:13,479 --> 00:01:17,989 စာပေဝေဖန်ရေးဆရာ W.K. Wimsat နဲ့ ဒဿနိကပညာရှင် Monroe Beardsley တို့ဟာ 19 00:01:17,989 --> 00:01:21,359 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်ဟာ မသက်ဆိုင်ဘူးလို့ ဆွေးနွေးငြင်းခုံကြတယ်။ 20 00:01:21,359 --> 00:01:23,829 Intentional Fallacy လို့ သူတို့ခေါ်ခဲ့တယ် 21 00:01:23,829 --> 00:01:28,149 အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်ချက်တွေဟာ လွဲချော်တာကို တန်ဖိုးဖြတ်တဲ့ ယုံကြည်မှုပါ။ 22 00:01:28,149 --> 00:01:30,269 သူတို့ရဲ့ငြင်းခုံမှုမှာ ဖက်နှစ်ဖက်ရှိပါတယ်။ 23 00:01:30,269 --> 00:01:33,549 ပထမက ကျွန်ုပ်တို့ လေ့လာနေတဲ့ အနုပညာရှင်တွေဟာ အသက်မရှင်ကြတော့ဘူး၊ 24 00:01:33,549 --> 00:01:35,449 သူတို့ရည်ရွယ်ချက်တွေကို မှတ်တမ်းမတင်ခဲ့၊ 25 00:01:35,449 --> 00:01:39,599 (သို့) သူတို့လက်ရာအကြောင်း မေးခွန်းတွေ ဖြေဖို့ရကိုမရနိုင်တာပါ။ 26 00:01:39,607 --> 00:01:44,157 ဒုတိယက သက်ဆိုင်ရာ သတင်း အချက်အလက်တွေ တစ်လှေကြီးရှိတာတောင် 27 00:01:44,157 --> 00:01:45,597 လက်ရာကိုယ်၌ရဲ့ အရည်အသွေးတွေကနေ 28 00:01:45,597 --> 00:01:49,087 ကျွန်ုပ်တို့ကို ဝေးသွားစေမယ်လို့ Wimsatt နဲ့ Beardsley တို့ယုံကြည်ကြတယ်။ 29 00:01:49,087 --> 00:01:51,227 အနုပညာကို အချိုပွဲတစ်ခုနဲ့ နှိုင်းယှဉ်ခဲ့တယ်။ 30 00:01:51,227 --> 00:01:52,767 ပူတင်းကို သင်မြည်းတဲ့အခါ 31 00:01:52,767 --> 00:01:57,337 စားဖိုမှူး ရည်ရွယ်ချက်က အနံ့အရသာ (သို့) မုန့်သား ကြိုက်၊ မကြိုက်ကို မသက်ရောက်ဘူး။ 32 00:01:57,337 --> 00:02:01,597 သူတို့ပြောတာက ပူတင်းက အလုပ်ဖြစ်တယ် ဆိုတာက အရေးကြီးတာပါတဲ့။ 33 00:02:01,597 --> 00:02:05,677 တကယ်က တစ်ယောက်အတွက် အလုပ်ဖြစ်ပေမဲ့ အခြားသူအတွက် ဖြစ်ချင်မှဖြစ်မှာပါ။ 34 00:02:05,677 --> 00:02:09,018 အနက်အမျိုးမျိုးက လူအမျိုးမျိုးကို ဆွဲဆောင်နိုင်တာကြောင့် 35 00:02:09,018 --> 00:02:13,268 ပန်းချီကားထဲက ငွေရောင်အစက်လေးတွေကို နတ်သမီးတွေ၊ ကြယ်တွေ၊ ညစ်ညမ်းပစ္စည်းအဖြစ် 36 00:02:13,268 --> 00:02:15,510 အတော်အသင့် အနက်ကောက်တတ်နိုင်တယ်။ 37 00:02:15,510 --> 00:02:19,660 Wimsatt နဲ့ Beardsley ရဲ့တွေးခေါ်မှုအရ သူမ လက်ရာအပေါ် အနုပညာရှင်ရဲ့ အနက်ကောက်မှုက 38 00:02:19,660 --> 00:02:24,550 များစွာသော တူညီစွာ လက်ခံနိုင်တဲ့ ဖြစ်နိုင်ခြေတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ 39 00:02:24,550 --> 00:02:26,202 ဒါကို ခဲရာခက်ဆစ်လို့ သင်ထင်ရင်တော့ 40 00:02:26,202 --> 00:02:30,292 သင်ဟာ Knapp နဲ့ Walter Benn Michaels တို့နဲ့ သဘောချင်းတူဖို့များပါတယ်။ 41 00:02:30,292 --> 00:02:34,072 Intentional Fallacy ကို ပယ်ချခဲ့တဲ့ စာပေ သဘောထားပညာရှင်နှစ်ဦးပါ။ 42 00:02:34,072 --> 00:02:36,462 အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်တဲ့အနက်ဟာ 43 00:02:36,462 --> 00:02:39,052 ဖြစ်နိုင်ခြေရှိတဲ့ အနက်ကောက်မှု တစ်ခုသာမကပဲ 44 00:02:39,052 --> 00:02:41,802 တစ်ခုတည်းသော ဖြစ်နိုင်တဲ့အနက်ရောပါ။ 45 00:02:41,802 --> 00:02:44,492 ဥပမာ၊ သင်ဟာ ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေပြီး သဲမြေထဲမှာ 46 00:02:44,492 --> 00:02:49,012 ကဗျာတစ်ပိုဒ်ကို စာလုံးပေါင်းထားတဲ့ အမှတ်အသားတန်းကြီးကို တွေ့မိတယ်ဆိုပါစို့။ 47 00:02:49,012 --> 00:02:52,221 Knapp နဲ့ Michaels ယုံကြည်တာက ဒီအမှတ်အစားတွေဟာ လူသားတစ်ဦးရဲ့ 48 00:02:52,221 --> 00:02:55,691 လက်ရာမဟုတ်ပဲ လှိုင်းတွေကြောင့် ဖြစ်လာတဲ့ ကြုံတောင့်ကြုံခဲ 49 00:02:55,691 --> 00:02:58,471 အဖြစ်လို့ သင်သိရင် ကဗျာဟာ အဓိပ္ပါယ်အားလုံး ပျောက်သွားမယ်တဲ့ 50 00:02:58,471 --> 00:03:00,421 တမင်ဖန်တီးသူတစ်ဦးဟာ ကဗျာကို လုံးဝ 51 00:03:00,421 --> 00:03:04,591 နားလည်စေဖို့ ဖန်တီးပေးသူလို့ သူတို့ယုံကြည်တယ်။ 52 00:03:04,591 --> 00:03:06,928 အခြားတွေးခေါ်ရှင်တွေက ရည်ရွယ်ချက်ဟာ ပိုကြီးတဲ့ 53 00:03:06,928 --> 00:03:11,818 ပဟေဠိထဲက အပိုင်းလေးတစ်ခုလို့ အဆိုပြုပြီး အလယ်အလတ်မှာ ရပ်တည်တယ်၊ 54 00:03:11,818 --> 00:03:15,258 ခေတ်ပြိုင် ဒဿနိကပညာရှင် Noel Carroll က ဒါကို ရပ်တည်ခဲ့တယ်၊ 55 00:03:15,258 --> 00:03:18,928 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်တွေဟာ သူတို့ ပရိတ်သတ်နဲ့ သက်ဆိုင်တယ်လို့ ငြင်းခုံတယ်။ 56 00:03:18,928 --> 00:03:20,658 စကားပြောသူရဲ့ ရည်ရွယ်ချက်တွေဟာ 57 00:03:20,658 --> 00:03:24,158 စကားပြောရာမှာ သူတို့ပြောနေတဲ့ သူနဲ့ သက်ဆိုင်သလိုမျိုးပေါ့။ 58 00:03:24,158 --> 00:03:27,098 စကားပြောရာ ရည်ရွယ်ချက် လုပ်ဆောင်ပုံကို နားလည်ဖို့ 59 00:03:27,098 --> 00:03:31,208 Carroll က စီးကရက်တစ်လိပ်ကိုင်ထားတဲ့လူက မီးခြစ်တောင်းနေတာကို မြင်ကြည့်ဖို့ပြောတယ်။ 60 00:03:31,208 --> 00:03:33,201 မီးခြစ်ကမ်းရင်း သင်တုံ့ပြန်လိုက်တယ်၊ 61 00:03:33,201 --> 00:03:36,251 သူတို့ရည်ရွယ်ချက်က စီးကရက်ကို မီးညှိဖို့ဆိုတာ နားလည်ခြင်းပါ။ 62 00:03:36,251 --> 00:03:39,102 မေးခွန်းမေးဖို့ သူတို့သုံးခဲ့တဲ့ စကားလုံးတွေက အရေးပါပေမဲ့ 63 00:03:39,102 --> 00:03:43,472 မေးခွန်းနောက်ကွယ်က ရည်ရွယ်ချက်က သင့်ရဲ့ နားလည်မှုကို ဆုံးဖြတ်ပေးပြီး 64 00:03:43,472 --> 00:03:45,492 နောက်ဆုံးတော့ သင့်တုံ့ပြန်မှုပါ။ 65 00:03:45,492 --> 00:03:48,518 ဒီတော့ ဒီရောင်စဉ်ရဲ့ ဘယ်အစွန်းဆီ သင်ယိမ်းယိုင်လဲ။ 66 00:03:48,518 --> 00:03:52,258 သင်ရော၊ အနုပညာနဲ့ပတ်သက်လာရင် Wimsatt နဲ့ Beardsley တို့လိုပဲ 67 00:03:52,258 --> 00:03:53,998 ရွှေအကြောင်း ဖယောင်းသက်သေ ဆိုတာယုံလား 68 00:03:53,998 --> 00:03:57,688 (သို့) သူတို့လက်ရာအတွက် အနုပညာရှင် တစ်ဦးရဲ့ အစီအစဉ်တွေနဲ့ လှုံ့ဆော်မှုတွေဟာ 69 00:03:57,688 --> 00:03:59,348 ၎င်းရဲ့အဓိပ္ပါယ်ကို သက်ရောက်လား။ 70 00:03:59,348 --> 00:04:02,108 အနုပညာဆိုင်ရာ အနက်အဓိပ္ပါယ်ကောက်ယူမှုဟာ 71 00:04:02,108 --> 00:04:06,158 တိကျတဲ့အဖြေ ဘယ်တော့မှ မပေးနိုင်လောက်တဲ့ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်တစ်အိမ်ပါ။