0:00:13.005,0:00:16.045 သင်နဲ့ သင့်မိတ်ဆွေဟာ ပန်းချီပြပွဲတစ်ခုကို[br]ဖြတ်လျှောက်နေပြီး 0:00:16.045,0:00:18.655 သိသာလှတဲ့ ပန်းချီကားတစ်ချပ်ကို [br]မျက်စိကျမိတယ်ဆိုပါစို့။ 0:00:18.655,0:00:22.085 အနီရောင်စိုစိုက အချစ်ရဲ့ သင်္ကေတအဖြစ်[br]သင့်မှာပေါ်လာပေမဲ့ 0:00:22.085,0:00:25.445 သင့်မိတ်ဆွေကတော့ စစ်ရဲ့သင်္ကေတအဖြစ်[br]ယုံကြည်မိတယ်။ 0:00:25.445,0:00:28.955 ကြည်နူးဖွယ် ကောင်းကင်ထဲမှာ [br]ကြယ်တွေကို သင်မြင်တဲ့နေရာမှာ 0:00:28.955,0:00:33.787 သင့်မိတ်ဆွေက ကမ္ဘာကြီးပူနွေးလာမှုရဲ့ [br]ညစ်ညမ်းပစ္စည်းတွေဖြစ်တယ်လို့ အနက်ကောက်တယ်။ 0:00:33.787,0:00:37.407 ငြင်းခုံမှုကိုဖြေရှင်းဖို့ အင်တာနက်ဆီ[br]သင်ဦးတည်လိုက်တယ်၊။ 0:00:37.407,0:00:41.907 အဲဒီမှာ ပန်းချီကားဟာ ပန်းချီဆရာရဲ့ ပထမတန်း[br]ပန်းချီပရောဂျက်ရဲ့ ပုံတူဆိုတာ သင်ဖတ်ရတယ် 0:00:41.907,0:00:46.746 အနီရောင်က သူမ အကြိုက်ဆုံးအရောင်ဖြစ်ပြီး[br]ငွေရောင်အစက်လေးတွေက နတ်သမီးတွေတဲ့။ 0:00:46.746,0:00:51.328 အခု ဒီလက်ရာဖန်တီးမှုကိုဖြစ်စေတဲ့ [br]တိကျတဲ့ ရည်ရွယ်ချက်တွေကို သင်သိပြီ။ 0:00:51.328,0:00:55.398 အနုပညာရှင်က မရည်ရွယ်ခဲ့တာကို[br]ကြည်နူးမိခဲ့တာ သင်မှားလား။ 0:00:55.398,0:00:58.918 အခု အမှန်ကိုသိပြီဆိုတော့ ကြည်နူးတာ[br]လျော့သွားလား။ 0:00:58.918,0:01:01.038 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်က [br]ပန်းချီကားကို 0:01:01.038,0:01:04.328 သင်အနက်ကောက်ရာမှာ ဘယ်လောက်ထိ[br]သက်ရောက်စေသင့်သလဲ။ 0:01:04.328,0:01:06.278 ဒဿနပညာရှင်တွေနဲ့ အနုပညာ ဝေဖန်ရေးသမားတွေ 0:01:06.278,0:01:11.778 ဆယ်စုနှစ်တွေချီပြီး ဆွေးနွေးအဖြေရှာပေမဲ့[br]အများသဘောတူညီမှုမရတဲ့ မေးခွန်းတစ်ခုပါ။ 0:01:11.778,0:01:13.479 ၂၀ ရာစုအလယ်မှာ [br] 0:01:13.479,0:01:17.989 စာပေဝေဖန်ရေးဆရာ W.K. Wimsat နဲ့[br]ဒဿနိကပညာရှင် Monroe Beardsley တို့ဟာ 0:01:17.989,0:01:21.359 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်ဟာ[br]မသက်ဆိုင်ဘူးလို့ ဆွေးနွေးငြင်းခုံကြတယ်။ 0:01:21.359,0:01:23.829 Intentional Fallacy လို့ သူတို့ခေါ်ခဲ့တယ် 0:01:23.829,0:01:28.149 အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်ချက်တွေဟာ [br]လွဲချော်တာကို တန်ဖိုးဖြတ်တဲ့ ယုံကြည်မှုပါ။ 0:01:28.149,0:01:30.269 သူတို့ရဲ့ငြင်းခုံမှုမှာ [br]ဖက်နှစ်ဖက်ရှိပါတယ်။ 0:01:30.269,0:01:33.549 ပထမက ကျွန်ုပ်တို့ လေ့လာနေတဲ့[br]အနုပညာရှင်တွေဟာ အသက်မရှင်ကြတော့ဘူး၊ 0:01:33.549,0:01:35.449 သူတို့ရည်ရွယ်ချက်တွေကို[br]မှတ်တမ်းမတင်ခဲ့၊ 0:01:35.449,0:01:39.599 (သို့) သူတို့လက်ရာအကြောင်း မေးခွန်းတွေ[br]ဖြေဖို့ရကိုမရနိုင်တာပါ။ 0:01:39.607,0:01:44.157 ဒုတိယက သက်ဆိုင်ရာ သတင်း[br]အချက်အလက်တွေ တစ်လှေကြီးရှိတာတောင် 0:01:44.157,0:01:45.597 လက်ရာကိုယ်၌ရဲ့ အရည်အသွေးတွေကနေ 0:01:45.597,0:01:49.087 ကျွန်ုပ်တို့ကို ဝေးသွားစေမယ်လို့[br]Wimsatt နဲ့ Beardsley တို့ယုံကြည်ကြတယ်။ 0:01:49.087,0:01:51.227 အနုပညာကို အချိုပွဲတစ်ခုနဲ့[br]နှိုင်းယှဉ်ခဲ့တယ်။ 0:01:51.227,0:01:52.767 ပူတင်းကို သင်မြည်းတဲ့အခါ 0:01:52.767,0:01:57.337 စားဖိုမှူး ရည်ရွယ်ချက်က အနံ့အရသာ (သို့) [br]မုန့်သား ကြိုက်၊ မကြိုက်ကို မသက်ရောက်ဘူး။ 0:01:57.337,0:02:01.597 သူတို့ပြောတာက ပူတင်းက အလုပ်ဖြစ်တယ်[br]ဆိုတာက အရေးကြီးတာပါတဲ့။ 0:02:01.597,0:02:05.677 တကယ်က တစ်ယောက်အတွက် အလုပ်ဖြစ်ပေမဲ့[br]အခြားသူအတွက် ဖြစ်ချင်မှဖြစ်မှာပါ။ 0:02:05.677,0:02:09.018 အနက်အမျိုးမျိုးက[br]လူအမျိုးမျိုးကို ဆွဲဆောင်နိုင်တာကြောင့် 0:02:09.018,0:02:13.268 ပန်းချီကားထဲက ငွေရောင်အစက်လေးတွေကို[br]နတ်သမီးတွေ၊ ကြယ်တွေ၊ ညစ်ညမ်းပစ္စည်းအဖြစ် 0:02:13.268,0:02:15.510 အတော်အသင့် အနက်ကောက်တတ်နိုင်တယ်။ 0:02:15.510,0:02:19.660 Wimsatt နဲ့ Beardsley ရဲ့တွေးခေါ်မှုအရ သူမ[br]လက်ရာအပေါ် အနုပညာရှင်ရဲ့ အနက်ကောက်မှုက 0:02:19.660,0:02:24.550 များစွာသော တူညီစွာ လက်ခံနိုင်တဲ့[br]ဖြစ်နိုင်ခြေတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ 0:02:24.550,0:02:26.202 ဒါကို ခဲရာခက်ဆစ်လို့ သင်ထင်ရင်တော့ 0:02:26.202,0:02:30.292 သင်ဟာ Knapp နဲ့ Walter Benn Michaels [br]တို့နဲ့ သဘောချင်းတူဖို့များပါတယ်။ 0:02:30.292,0:02:34.072 Intentional Fallacy ကို ပယ်ချခဲ့တဲ့[br]စာပေ သဘောထားပညာရှင်နှစ်ဦးပါ။ 0:02:34.072,0:02:36.462 အနုပညာရှင်တစ်ဦးရဲ့ ရည်ရွယ်တဲ့အနက်ဟာ 0:02:36.462,0:02:39.052 ဖြစ်နိုင်ခြေရှိတဲ့ အနက်ကောက်မှု[br]တစ်ခုသာမကပဲ 0:02:39.052,0:02:41.802 တစ်ခုတည်းသော ဖြစ်နိုင်တဲ့အနက်ရောပါ။ 0:02:41.802,0:02:44.492 ဥပမာ၊ သင်ဟာ ကမ်းခြေတစ်ခုမှာ[br]လမ်းလျှောက်နေပြီး သဲမြေထဲမှာ 0:02:44.492,0:02:49.012 ကဗျာတစ်ပိုဒ်ကို စာလုံးပေါင်းထားတဲ့[br]အမှတ်အသားတန်းကြီးကို တွေ့မိတယ်ဆိုပါစို့။ 0:02:49.012,0:02:52.221 Knapp နဲ့ Michaels ယုံကြည်တာက[br]ဒီအမှတ်အစားတွေဟာ လူသားတစ်ဦးရဲ့ 0:02:52.221,0:02:55.691 လက်ရာမဟုတ်ပဲ လှိုင်းတွေကြောင့်[br]ဖြစ်လာတဲ့ ကြုံတောင့်ကြုံခဲ 0:02:55.691,0:02:58.471 အဖြစ်လို့ သင်သိရင် ကဗျာဟာ[br]အဓိပ္ပါယ်အားလုံး ပျောက်သွားမယ်တဲ့ 0:02:58.471,0:03:00.421 တမင်ဖန်တီးသူတစ်ဦးဟာ ကဗျာကို လုံးဝ 0:03:00.421,0:03:04.591 နားလည်စေဖို့[br]ဖန်တီးပေးသူလို့ သူတို့ယုံကြည်တယ်။ 0:03:04.591,0:03:06.928 အခြားတွေးခေါ်ရှင်တွေက[br]ရည်ရွယ်ချက်ဟာ ပိုကြီးတဲ့ 0:03:06.928,0:03:11.818 ပဟေဠိထဲက အပိုင်းလေးတစ်ခုလို့ အဆိုပြုပြီး[br]အလယ်အလတ်မှာ ရပ်တည်တယ်၊ 0:03:11.818,0:03:15.258 ခေတ်ပြိုင် ဒဿနိကပညာရှင် Noel Carroll က[br]ဒါကို ရပ်တည်ခဲ့တယ်၊ 0:03:15.258,0:03:18.928 အနုပညာရှင်ရဲ့ ရည်ရွယ်ချက်တွေဟာ သူတို့[br]ပရိတ်သတ်နဲ့ သက်ဆိုင်တယ်လို့ ငြင်းခုံတယ်။ 0:03:18.928,0:03:20.658 စကားပြောသူရဲ့ ရည်ရွယ်ချက်တွေဟာ 0:03:20.658,0:03:24.158 စကားပြောရာမှာ သူတို့ပြောနေတဲ့ [br]သူနဲ့ သက်ဆိုင်သလိုမျိုးပေါ့။ 0:03:24.158,0:03:27.098 စကားပြောရာ ရည်ရွယ်ချက်[br]လုပ်ဆောင်ပုံကို နားလည်ဖို့ 0:03:27.098,0:03:31.208 Carroll က စီးကရက်တစ်လိပ်ကိုင်ထားတဲ့လူက[br]မီးခြစ်တောင်းနေတာကို မြင်ကြည့်ဖို့ပြောတယ်။ 0:03:31.208,0:03:33.201 မီးခြစ်ကမ်းရင်း သင်တုံ့ပြန်လိုက်တယ်၊ 0:03:33.201,0:03:36.251 သူတို့ရည်ရွယ်ချက်က စီးကရက်ကို [br]မီးညှိဖို့ဆိုတာ နားလည်ခြင်းပါ။ 0:03:36.251,0:03:39.102 မေးခွန်းမေးဖို့ သူတို့သုံးခဲ့တဲ့ [br]စကားလုံးတွေက အရေးပါပေမဲ့ 0:03:39.102,0:03:43.472 မေးခွန်းနောက်ကွယ်က ရည်ရွယ်ချက်က [br]သင့်ရဲ့ နားလည်မှုကို ဆုံးဖြတ်ပေးပြီး 0:03:43.472,0:03:45.492 နောက်ဆုံးတော့ သင့်တုံ့ပြန်မှုပါ။ 0:03:45.492,0:03:48.518 ဒီတော့ ဒီရောင်စဉ်ရဲ့ ဘယ်အစွန်းဆီ[br]သင်ယိမ်းယိုင်လဲ။ 0:03:48.518,0:03:52.258 သင်ရော၊ အနုပညာနဲ့ပတ်သက်လာရင် [br]Wimsatt နဲ့ Beardsley တို့လိုပဲ 0:03:52.258,0:03:53.998 ရွှေအကြောင်း ဖယောင်းသက်သေ[br]ဆိုတာယုံလား 0:03:53.998,0:03:57.688 (သို့) သူတို့လက်ရာအတွက် အနုပညာရှင်[br]တစ်ဦးရဲ့ အစီအစဉ်တွေနဲ့ လှုံ့ဆော်မှုတွေဟာ 0:03:57.688,0:03:59.348 ၎င်းရဲ့အဓိပ္ပါယ်ကို သက်ရောက်လား။ 0:03:59.348,0:04:02.108 အနုပညာဆိုင်ရာ အနက်အဓိပ္ပါယ်ကောက်ယူမှုဟာ 0:04:02.108,0:04:06.158 တိကျတဲ့အဖြေ ဘယ်တော့မှ မပေးနိုင်လောက်တဲ့[br]ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်တစ်အိမ်ပါ။