ကျွန်မဟာ မြို့ကြီးတစ်မြို့မှာ
ရဲအရာရှိဖြစ်နေတာ
သက်တမ်း ၂၅ နှစ်နီးပါးရှိပါပြီ။
ရူးမိုက်တာပေါ့နော်။
ဒီအချိန်အတွင်းမှာ ရဲအရာရှိကနေ၊
ဌာနအကြီးအကဲအထိအဆင့်တိုင်း
ကျွန်မ တာဝန်ထမ်းဆောင်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စိုးရိမ်ဖွယ်ရာ
တစ်ခုကို သတိထားမိခဲ့တယ်။
၂၀၁၄ မှာ စကာ
နယူး ဂျာစီပြည်နယ်က ရဲအတတ်သင်တွေကနေ
သူတို့ လည်ပတ်ခဲ့တဲ့ တက်သားသစ်ကို
စတင် စောင့်ကြည့်ခဲ့တယ်။
တွေ့ရှိရတာက အမျိုးသမီးတွေဟာ ၆၅ နဲ့
၈၀ ရာခိုင်နှုန်းအတွင်းမှာ ရှုံးနေခဲ့ကြတယ်။
ကာယ ကြံ့ခိုင်မှု စစ်ဆေးမှုရဲ့
ပြောင်းနေတဲ့ သွင်ပြင်တွေကြောင့်ပါ။
အခု မူဝါဒမှာ ပြောင်းလဲမှုတစ်ခုက
တက်သားသစ်တွေဟာ ကာယလေ့ကျင့်ချိန်
၁၀ ချိန်အတွင်း ကြံ့ခိုင်မှု စာမေးပွဲ
အောင်ဖို့လိုအပ်တယ်လို့ သိလိုက်ရတယ်။
ဒါက အမျိုးသမီးတွေအပေါ်
အကြီးမားဆုံးသက်ရောက်မှုရှိခဲ့တယ်
ပြောင်းလဲမှုဆိုတာက တပ်သားသစ်တွေဟာ
ကြံ့ခိုင်ရေး စာမေးပွဲအောင်ဖို့
ငါးလကြာ သင်တန်းတစ်ခုထဲက
သုံးပတ်လောက် အချိန်ရှိခဲ့တာပါ။
ဒဒါက အဓိပ္ပါယ်မရှိတော့မရှိဘူးလေ။
ရဲဌာနတွေနဲ့ ရဲတပ်သားသစ်တွေဟာ
အတတ်သင်ကျောင်းမှာ လူသစ်တွေရဖို့
ဧရာမ မြှုပ်နှံထားတယ်။
ရဲတပ်သားသစ်တွေဟာ ရှည်လျားတဲ့
နောက်ကြောင်း စစ်ဆေးမှုတွေ အောင်ခဲ့တယ်၊
ဆေးနဲ့ စိတ်ပညာ စာမေးပွဲတွေ အောင်ခဲ့တယ်။
အလုပ်တွေကနေ ထွက်ခဲ့ကြတယ်။
သူတို့ဟာ ပထမ သုံးပတ်အတွင်းမှာ
မောင်းထုတ်ခံရဖို့
အခတွေ၊ ပစ္စည်းကိရိယာတွေမှာ
ဒေါ်လာ ၂၀၀၀ ကျော် သုံးခဲ့ရတယ်။
နယူး ဂျာစီက အသေအလဲ အခြေအနေက
ကျွန်မကို အမေရိကန် ပြည်ထောင်စု
တစ်လွှားက ရဲလုပ်ငန်းထဲက
အမျိုးသမီးတွေကို စစ်ဆေးမိစေတယ်။
သိရှိရတာက ရဲအရာရှိတွေရဲ့ ၁၃ ရာခိုင်နှုန်း
လျော့လျော့ဟာ အမျိုးသမီးတွေပါ။
လွန်ခဲ့တဲ့ နှစ် ၂၀အတွင်း အများကြီး
ပြောင်းမသွားတဲ့ ကိန်းတစ်ခုပါ။
နောက်ဆုံး ဒေတာ ကောက်ယူခဲ့တဲ့
၂၀၁၃ အတိုင်းဆိုရင်
ရဲဌာန အကြီးအကဲတွေရဲ့
သုံးရာခိုင်နှုန်းလောက်ပါပဲ။
ဒီနှုန်းတွေကို တိုးတက်အောင်လုပ်နိုင်တာ
သိကြတယ်။
ကနေဒါ သြစတေးလျှနဲ့ UK လို
အခြားနိုင်ငံတွေမှာ
ရဲမေ ပမာဏရဲ့ နှစ်ဆနီးနီးရှိတယ်။
နယူးဇီလန်ဟာ ၂၀၂၁မတိုင်ခင် တပ်သားသစ် ကျားမ
ကွာဟာမှု
ပန်းတိုင်ဆီ မှန်မှန် ချီတက်နေတယ်။
အခြားနိုင်ငံတွေဟာ ရဲလုပ်ငန်းမှာ
အမျိုးသမီးဦးရေ တိုးဖို့
တက်ကြွစွာ လုပ်ဆောင်နေတာက
သုတေသန အထောက်အထားရဲ့
ဧရာမ အစုအဝေးကို သိလို့ပါ။
၎င်းက နှစ် ၅၀ ကျော် သက်တမ်းရှိကာ
ရဲလုပ်ငန်းက အမျိုးသမီးတွေအတွက်
အကျိုးတွေကို အသေးစိပ်ဖော်ပြပါတယ်။
ဒီသုတေသနကနေ သိရတာက
ရဲမေတွေဟာ (သို့) အလွန်အမင်း
အင်အားသုံးတယ်၊ အင်အားသုံးတယ်လို့
စွပ်စွဲခံရနိုင်ခြေနည်းတာ သိရတယ်။
ရဲမေတွေဟာ တရားစွဲဆိုမှုတစ်ခု (သို့)
ပြည်သူ့ တိုင်တန်းမှုတစ်ခုမှာ အမည်တပ်
ခံရနိုင်ခြေ ပိုနည်းနေတယ်။
ရဲမေတစ်ဦးရှိနဲ့ရုံကိုက
အခြားအရာရှိတွေကြားမှာ
အင်အားသုံးမှု လျော့ကျစေတာ သိရတယ်။
ရဲမေတွေဟာ သူတို့နဲ့အဆင့်တူ အမျိုးသားတွေလို
တူညိတဲ့ အင်အားသုံးမှုတွေနဲ့
ရင်ဆိုင်ရတာ သိရပြီး တစ်ခါတစ်ခါပိုများကာ
သူတို့ဟာ အကြမ်းဖက်
(သို့)ရန်လိုတဲ့ အပြုအမူတွေကို
ခွဲရာမှာ ယေဘုယျ ပိုအောင်မြင်ပါသေးတယ်။
ဒီတော့ ရဲလုပ်ငန်းက အမျိုးသမီးတွေအတွက်
အကျိုးများစွာရှိပြီး
ထင်ရာမြင်ရာ ကြံ့ခိုင်မှုအဆင့်တွေမှာ
သူတို့ကို ကျွန်မတို့ဆုံးရှုံးနေတယ်။
ပြဿနာက
အမေရိကန်ပြည်ထောင်စုမှာ
ရဲဌာန ၁၈၀၀၀ နီးပါးရှိတယ်၊
အကြီးအကျယ် ခြားနားနေတဲ့ ကြံ့ခိုင်မှု
အဆင့်တွေနဲ့ ဌာန ၁၈၀၀၀ ပါ။
အတတ်သင်ကျောင်း အများစုဟာ ရဲလုပ်ငန်းမှာ
အမျိုးသမီး အရေအတွက်လျှော့ချဖို့
အလုပ်ဖြစ်တဲ့ ယောက်ျားဆန်တဲ့
စံပြကြပ်မတ်မှုကို မှီခိုနေတာ သိကြတယ်။
ဒီအတတ်သင်ကျောင်း အမျိုးအစားတွေဟာ
ကာယ သန်စွမ်းမှုကို အလေးပေးတယ်၊
ရပ်ရွာ ရဲလုက်ငန်း၊ ပြဿနာဖြေရှင်းရေးနဲ့
လူအချင်းချင်း ဆက်ဆံရေး ကျွမ်းကျင်မှုတွေလို
အကြောင်းအရာတွေကို
အာရုံစိုက်မှု ပိုနည်းနည်းနဲ့ပါ။
ဒါက ရဲလုပ်တာရဲ့ ဒိဌဖြစ်ရပ်တွေကို
ထင်ဟပ်မှုမရှိတဲ့ လေ့ကျင့်ရေးဖြစ်စေတယ်။
ကာယ ဖျတ်လတ်မှုဟာ ရဲအလုပ်ရဲ့
သေးငယ်တဲ့ အစိတ်အပိုင်းလေးပါပဲ။
အရာရှိတစ်ဦးရဲ့ တစ်နေ့တာ အများစုဟာဆက်ဆံရေး
ပဋိပက္ခတွေကို ဆင်ခြင်ရင်းကုန်ဆုံးတယ်။
ဒါက ရဲလုပ်ငန်းရဲ့ လက်တွေ့ဘဝပါ။
ဒါ ကျွန်မရဲ့ကလေးတွေပါ၊
ကွာခြားတဲ့ ရလဒ်တွေထုတ်ပေးတဲ့
စာမေးပွဲတွေကို ပြောင်းလဲခြင်းနဲ့
ရဲလုပ်ငန်းလုပ်မှာ ကွာဟမှုကို
လျှော့ချနိုင်ပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ
ကာယ ကြံ့ခိုင်မှု
ရည်ရွယ်ချက်တွေအတွက် ဇီဝကမ္မပိုင်းအရ
မတူကြဘူးလို့ ပြည်ထောင်စု
တရားရုံးတွေက ဖော်ပြတယ်။
ဒါက သိပ္ပံပညာကို အခြေခံတာပါ။
ဥပေဒေ အာဏာတည်မှုကို လေးနက်စွာ
အလေးထားတဲ့ လေးစားခံရတဲ့ အဖွဲ့အစည်းတွေဟာ
ဥပမာ FBI US Marshals Service
DEA နဲ့ US စစ်တပ်တောင်ပါ၊
ကျားမ ကွာဟတဲ့ ရလဒ်တွေမပါဘဲ
ကြံ့ခိုင်မှုကို သူတို့တိုင်းတာ သေချာစေဖို့
ကြံ့ခိုင်မှု အစီအစဉ်တွေကို
တင်းကျပ်စွာ စစ်ဆေးကြတယ်။
ဘာကြောင့် ဒါဖြစ်တာလဲ။
အကြောင်းက လူသစ်စုဆောင်းခြင်းဟာ
စျေးကြီးလို့ပါ။
အရည်အချင်းပြည့်တဲ့ ဖြေဆိုသူတွေကို
စုဆောင်း ထိန်းထားချင်တယ်။
သုတေသနက တွေ့ရှိတဲ့ အခြားဟာက
ဘာလဲဆိုတာသိလား။
သေချာလေ့ကျင့်ထားတဲ့ အမျိုးသမီးတွေဟာ
ယေဘုယျ ကြံ့ခိုင်မှုမှာ အဆင့်တူအမျိုးသား
တွေလို လုပ်နိုင်စွမ်းရှိတယ်၊
ဒါပေမဲ့ ပိုအရေးပါတာက သူတို့
ရဲအလုပ်လုပ်ပုံပါ။
ဥပဒေ အာဏာတည်တဲ့ ရပ်ရွာဟာ
လူသစ်စုဆောင်းမှု အကျပ်အတည်းတစ်ခု
တွေ့ကြုံနေရတာ မငြင်းသာပါဘူး။
ဒါပေမဲ့ လျှောက်ထားသူ အရေအတွက်
တကယ် တိုးပွားချင်ရင်တော့ တိုးနိုင်ပါတယ်။
ခေါင်းစဉ် ခုနှစ်၊ ပြည်သူ့အခွင့်အရေး ဥပဒေက
လိုအပ်တဲ့အတိုင်း
ကျိုးကြောင်းညီညွတ်တဲ့၊ အလုပ်နဲ့ဆိုင်တဲ့၊
ဇီဝကမ္မ အခြေခံတဲ့
ကြံ့ခိုင်မှု စာမေးပွဲတွေအောင်ဖို့ အသေအချာ
လေ့ကျင့်ထားတဲ့ ဖြေသူတွေကိုလေ့ကျင့်ရင်းက
အမျိုးသမီးတွေကို အလွယ်တကူ
ပိုပြီး စုဆောင်းကာ
ဒီသုတေသန အကျိုးကျေးဇူးတွေကို
ခံစားနိုင်ပါတယ်။
ကွဲပြားတဲ့ ရလဒ်တွေထုတ်ပေးတဲ့
စာမေးပွဲတွေကို
ပြောင်းလဲရုံနဲ့
အမျိုးသမီးအရအတွက်ကို
တိုးနိုင်ပါတယ်၊ ကျားမ
ကွာဟချက်ကိုလျှော့ချနိုင်တယ်။
ကျွန်မတို့မှာ ကိရိယာတွေရှိတယ်၊
သုတေသနရှိတယ်၊ သိပ္ပံပညာရှိတယ်၊
ဥပဒေရှိတယ်။
ကျွန်မရဲ့ မိတ်ဆွေတို့ ဒါဟာ အင်မတန်
လွယ်ကူတဲ့ပြင်ဆင်မှုတစ်ခုဖြစ်သင့်ပါတယ်။
ကျေးဇူတင်ပါတယ်။
((လက်ခုပ်သံများ)