၁၉၇၀ ဆယ်စုနှစ်အချိန်ကာလ တရုတ်နိုင်ငံ
ဟုနန်မြို့တွင် ကျွန်မဟာ
ကိုယ်လက်ကြံ့ခိုင်ရေး တတ်မြောက်ကျွမ်းကျင်သူ
တစ်ဦးဖြစ်ရန် ၂ နှစ်ကြာ သင်တန်းတက်ခဲ့ပါတယ်။
ကျွန်မ ပထမတန်း တက်တုန်းက အစိုးရဟာ ကျွန်မကို
အားကစားသမားတွေအတွက် ဖြစ်တဲ့
အခမဲ့ ကျောင်းတစ်ကျောင်းကို
ပြောင်းရွှေ့ချင်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့ ကျားမေမေက "မရဘူး"တဲ့။
ကျွန်မရဲ့ မိဘတွေဟာ သူတို့လိုပဲ
ကျွန်မကိုလည်း အင်ဂျင်နီယာဖြစ်လာမှာကို လိုလားခဲ့ကြတယ်။
ယဉ်းကျေးမှုခေတ်ပြောင်းကာလရဲ့ နောက်မှာ
အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ နောက်မှာ
စိတ်ချမ်းသာရဖို့ သေချာတဲ့ နည်းလမ်းဟာ
တစ်ခုတည်းပဲ ရှိတယ်လို့ သူတို့ စွဲစွဲမြဲမြဲယုံကြည်လာတယ်။
အဲ့ဒီ နည်းလမ်းက လုံခြုံပြီး
လစာကောင်းတဲ့ အလုပ်ပဲဖြစ်တယ်။
အလုပ်ကို ကြိုက်တာ မကြိုက်တာက
အရေးမကြီးဘူး။
ဒါပေမယ့် ကျွန်မရဲ့ အိပ်မက်က
တရုတ်အော်ပရာဇာတ် အဆိုတော် ဖြစ်ဖို့ပါပဲ။
အဲ့ဒါက စိတ်ကူးထဲက
စန္ဒရားကိုတီးနေတဲ့ ကျွန်မပါ။
အော်ပရာဇာတ် အဆိုတော်
တစ်ဦးဟာ ငယ်စဉ်ကတည်းက
စပြီး ဂျွမ်းဘားကို လေ့ကျင့်ဖို့ လိုတယ်၊
အဲဒါနဲ့ ကျွန်မဟာ အော်ပရာဇာတ် ကျောင်းတက်နိုင်အောင်
ရှိသမျှနည်းလမ်းများဖြင့် ကြိုးစားခဲ့တယ်။
အော်ပရာဇတ်ကျောင်းရဲ့ ကျောင်းအုပ်ထံကို နဲ့
ရေဒီယိုအစီအစဉ် တင်ဆက်သူကိုတောင် စာရေးခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လူကြီးကမှ
ဒီ စိတ်ကူးကို မကြိုက်ခဲ့ကြဘူး။
ကျွန်မ လေးနက်မှု ရှိခဲ့တာကို ဘယ်လူကြီးမှ မယုံခဲ့ဘူး။
ကျွန်မရဲ့ သူငယ်ချင်းတွေပဲ ကျွန်မကို အားပေးခဲ့ကြတယ်။
ဒါပေမဲ့ သူတို့ဟာ ကလေးတွေဆိုတော့
ကျွန်မမှာလိုပဲ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူး။
အသက် ၁၅ နှစ် ရှိလာချိန်မှာ သင်ပေးဖို့
သက်ကြီးလွန်းတာကို ကျွန်မ နားလည်လာတယ်။
ကျွန်မရဲ့ အိပ်မက် ဘယ်တော့မှ
ပြည့်မီ မလာနိုင်တော့ပါဘူး။
ကျွန်မဟာ ကျန်ရစ်နေသေးတဲ့
ဘဝထဲမှာတော့ မျေှာ်လင့်ရနိုင်တဲ့
ဒုတိယတန်းစား စိတ်ချမ်းသာမှု တွေ့ရရင်ကိုပဲ
အကောင်းဆုံး ဖြစ်မယ်လို့
ကျွန်မ စိုးရိမ်မိနေခဲ့ပါတယ်။
အဲဒီလိုဆိုရင် ဘယ်တရားမျှတပါ့မလဲ။
အဲဒါနဲ့ နောက် အခွင့်အလမ်း တစ်ခုကို
ရှာကြံရန် ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ ကျွန်မကို သင်ပေးနိုင်သူ
ဘယ်သူမ မရှိဘူးတဲ့လား။ ကောင်းပြီ။
ကျွန်မ စာအုပ်တွေဆီကို လှည့်လိုက်တယ်။
စာရေးဆရာများ နဲ့ ဂီတသမားတွေ ဖြစ်တဲ့
မိသားစုက ရေးထားတဲ့ စာအုပ်နဲ့
မိဘအကြံဉာဏ်တွေ မရခဲ့တဲ့ ကျွန်မရဲ့
ဆာလောင်ခြင်းကို နှစ်သိမ့်ပေးခဲ့တယ်။
ကွန်ဖြူးရှပ် အစဉ်အလာများကို ခံယူလိုက်နာတဲ့
အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကျွန်မ
လိုက်နာရမယ့် နမူနာပဲလို့ သိရှိခဲ့တယ်။
ဒီစာအုပ်ထဲကနေပြီး ကျွန်မဟာ
စွမ်းဆောင်နိုင်သူ ဖြစ်ဖို့ လေ့လာခဲ့ပါတယ်။
အဲဒီ စာအုပ်တွေကို ဖတ်ပြီးတဲ့ နောက်မှာ
နိုင်ငံခြားမှာ လေ့လာဖို့
စိတ်ကူးရအားတက် လာခဲ့ပါတယ်။
ကျွန်မ ၁၉၉၅ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ရောက်တယ်။
ဒီမှာ ဦးဆုံဖတ်ခဲ့တဲ့ စာအုပ်တွေက
ဘာတွေလဲထင်ပါသလဲ။
တရုတ်နိုင်ငံမှာ တားမြစ်ထားတဲ့ စာအုပ်တွေပဲပေါ့။
"ကမ္ဘာကောင်း"ဟာ တရုတ် တောင်သူလယ်သမား
ဘဝ အကြောင်း ရေးထားပါတယ်။
အဲဒီလို ဟာမျိုးက ဝါဒဖြန့်လို့
ဘယ်အဆင်ပြေမလဲ။ သဘောပေါက်ပြီ။
သမ္မာကျမ်းစာကတော့ စိတ်ဝင်စားစရာ
ကောင်းပေမယ့် ထူးဆန်းတယ်။
(ရယ်မောသံများ)
အဲဒါက တခြားနေ့အတွက်
ဟောပြောစရာ အကြောင်းအရာပါ။
ဒါပေမယ့် ကျမ်းစာထဲက ပဉ္စမ ပညတ်ချက်ဟာ
ကျွန်မကို ဗျာဒိတ်တစ်ခုကို ပေးခဲ့ပါတယ်။
"သင်၏မိဘကို ရိုသေစွာပြုလော့။"
"ရိုသေစွာပြု"လို့ ကျွန်မ ရွတ်ဆိုမိခဲ့ပါတယ်။
"အဲ့ဒါဟာ လုံးဝကို မတူလိုက်တာ၊
နာခံတာထက်ကို ပိုကောင်းပါလား။"
ကွန်ဖြူရှင် အပြစ်ထောင်ချောက်ထဲကနေပြီး
လွတ်ထွက်လာစေရေး နဲ့
ကျွန်မ မိဘတွေနဲ့
အဆယ်အသွက် ပြန်လည်
စတင်ရေး ကိရိယာ ဖြစ်လာတယ်။
ယဉ်းကျေးမှုအသစ်ကို ထိတွေ့လာရခြင်းဟာလည်း
ကျွန်မရဲ့ နှိုင်းယှဉ်ချင့်ချိန်လျက် စာဖတ်ခြင်း အစဉ်အလာ
အသစ် တစ်ခုကို စပေးလိုက်တယ်။
အရာတွေကို ဖက်အမျိုးမျိုးမှ မြင်လာစေပါတယ်။
ဥပမာ ဦးဆုံးမှာ ဒီမြေပုံဟာ
အလကားပဲလို့ ကျွန်မထင်ခဲ့တယ်။
တရုတ်ကလေးတွေ ငယ်ရွယ်စဉ်တုန်းက
မြေပုံ ဖြစ်လို့ပါ။
တရုတ်နိုင်ငံဟာ ကမ္ဘာရဲ့ ဗဟိုချက် ဖြစ်ဖို့
မလိုအပ်ဘူး ဆိုတာကို
ကျွန်မကို ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။
တကယ်တော့ မြေပုံဆိုတာ
တစ်ဦးဦးရဲ့ အယူအဆနဲ့ပါ။
နှိုင်းယှဉ်ချင့်ချိန်လျက် စာဖတ်ခြင်းဟာ
တကယ်တော့ ဘာမှမဆန်းပါဘူး။
သိပ္ပံပညာရှင်များရဲ့ လောကထဲမှာ
ပုံမှန် လုပ်ရိုးလုပ်စဉ်ပါ။
ဘာသာရေး နှိုင်းယှဉ်ရေး၊ ပြီးတော့
စာပေ နှိုင်းယှဉ်ရေး စသဖြင့်
သုတေသန နယ်ပယ်တွေတောင် ရှိတယ်။
နှိုင်းယှဉ်ကြည့်ခြင်း နဲ့ တိုက်ဆိုင်ကြည့်ခြင်းဖြင့်
ပညာရှင်တွေဟာ
အကြောင်းအရာတစ်ခုကို ပိုပြီးပြည့်စုံစွာ
နားလည်လာနိုင်ကြတယ်။
ဒါကြောင့်မို့လို့ နှိုင်းယှဉ်ဖတ်ခြင်းက
သုတေသနအတွက် အကျိုးရှိတယ် ဆိုရင်
နေ့စဉ်နေ့တိုင်း ဘဝအတွက်ကော
အကျိုးရှိနိုင်၊ မရှိနိုင် စဉ်းစားမိတယ်။
မရှိနိုင်ဘူးလား
ကျွန်မ စဉ်းစားမိတယ်။
အဲဒါနဲ့ ကျွန်မဟာ စာအုပ် ၂ အုပ်ကို
ယှဉ်ဖတ်မှုကို စတင်ခဲ့ပါတယ်။
လူပုဂ္ဂိုလ်တွေအကြောင်း
စာအုပ်တွေ ဖြစ်နိုင်ပါတယ်။
အခြေအနေ တစ်မျိုးတည်းမှာ ပါဝင်ခဲ့ကြသူတွေ
သို့မဟုတ် အတွေ့အကြုံတူကြတဲ့
သူငယ်ချင်းတွေ ဖြစ်နိုင်ကြတယ်။
ကျွန်မဟာ ပုံပြင် တစ်ခုတည်းကို ရေးနည်းရေးဟန် အမျိုးမျိုးဖြင့်
ရေးထားတာတွေလဲ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ -- (ရယ်မောသံများ)
သို့မဟုတ် မတူကြတဲ့ ယဉ်းကျေးမှုတွေထဲက
ဆင်တူပုံပြင်တွေကိုလည်း နှိုင်းယှဉ်ခဲ့ပါတယ်။
Joseph Campbellရဲ့
အံ့ဩစရာ စာအုပ်ဆိုပါစို့။
ဥပမာ ခရစ်တော် နဲ့ ဗုဒ္ဓ နှစ်ပါးစလုံးတို့ဟာ
ဖြားယောင်းမှု ၃ မျိုးကို
ရင်ဆိုင်ဖြတ်ကျော် ခဲ့ကြရတယ်။
ခရစ်တော်အတွက် ဆိုရင် ဖြားယောင်းမှုတွေဟာ
စီးပွားရေး၊ နိုင်ငံရေး၊ နဲ့ ဝိညာဉ်ပိုင်းနဲ့
သက်ဆိုင်ကြပါတယ်။
ဗုဒ္ဓအတွက် ကျတော့ ဖြားယောင်းမှုတွေ အားလုံးဟာ စိတ်ပိုင်းနဲ့ ဆိုင်ကြပါတယ်-
တပ်မက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ နဲ့ ကျင့်ဝတ်များ
-- စိတ်ဝင်းစားစရာပဲ။
တကယ်လို့ တခြားဘာသာစကားကို
သိတယ်ဆိုရင်လည်း
အကြိုက်ဆုံး စာအုပ်တွေကို ဘာသာစကား ၂မျိုးဖြင့်
ဖတ်ကြည့်ရတာ ပျော်ရွှင်စရာ ကောင်းပါလိမ့်မယ်။
ဘာသာပြန်မို့လို့ ဆုံးရှုံးမှုတွေ ရှိတာမှန်ပေမဲ့ ရယူနိုင်တာ
အများကြီးရှိတာကိုလည်း ကျွန်မတို့ တွေ့ရပါတယ်။
ဥပမာ ဘာသာပြန်မှုမှတဆင့် ကျွန်မ သိနားလည်လာခဲ့တာက
တရုတ်လို "ပျော်ရွှင်ခြင်း" ဆိုတဲ့ စကားလုံးကို
ပင်ကိုယ် အဓိပ္ပာယ်ရင်းအတိုင်း ဆိုရင်
"မြန်တဲ့ ဝမ်းမြောက်ခြင်း" လို့ ဖြစ်နေတယ်။ ဟာ့။
တရုတ်လို "သတို့သမီး"ဟာ အဓိပ္ပာယ်ရင်းအတိုင်း ဆိုရင်
"အမေအသစ်" တဲ့။ အို့အို...
(ရယ်မောသံများ)
စာအုပ်တွေဟာ ကျွန်မအတွက်
အတိတ်ခေတ်များတုန်းက နဲ့ ပစ္စုပန်ခေတ်ထဲက လူတွေကို
ဆယ်သွက်ပေးတဲ့ မုခ်ဝကြီးပါပဲ။
ကျွန်မဟာ တစ်ယောက်တည်းဖြစ်နေပါကလား (သို့) အားအင်တွေ
မရှိတော့ပါကလား ခံစားရမှာ မဟုတ်တာကို ကျွန်မသိပါတယ်။
လူတွေ အများအပြား ခံစားခဲ့ကြရတဲ့
ဒုက္ခတွေနဲ့ နှိုင်းကြည့်ရင်
ကြွေမွ ပျက်ပြုန်းသွားတဲ့ အိပ်မက်
တစ်ခုဟာ ဘာမှမဟုတ်ပါဘူး။
တကယ်မှာတော့ အိပ်မက်တိုင်းဆီမှာ
ဖြစ်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်
ပါလာလေ့ မရှိတတ်တာကို
ကျွန်မ အခု ယုံကြည်လာပါပြီ
အိပ်မက်ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မတို့ကို
အိပ်မက်တေရဲ့၊ ခံစားစိတ်တွေရဲ့၊
ပြီးတော့ စိတ်ချမ်းသာမှုတွေရဲ့
ရင်းမြစ်နေရာနဲ့ ထိတွေ့ဆက်စပ်လျက်
ရှိနေရန်ပဲ ဖြစ်ပါတယ်။
ကြွေမွ ပျက်ပြုန်းသွားတဲ့ အိပ်မက်ကတောင်
အဲဒါကို လုပ်ပေးနိုင်ပါတယ်။
ဒီတော့ စာအုပ်တွေရဲ့ ကျေးဇူးကြောင့်မို့လို့
ဒီနေ့ ကျွန်မ ဒီမှာရပ်နေတယ်။
အချိန်အများစုမှာ စိတ်ချမ်းသာစွာဖြင့်
ရည်ရွယ်ချက်ဖြင့်
ရှင်းလင်းပြတ်သားတဲ့ အမြင်ဖြင့်
ပြန်ပြီး အသက်ရှင် ရပ်တည်နေပါတယ်။
စာအုပ်များ သင်တို့နှင့်
အစဉ်ပဲ ရှိပါစေသတည်း။
ကျေးဇူးတင်ပါတယ်ရှင့်။
(လက်ခုပ်တီးသံများ)
ကျေးဇူးပဲ (လက်ခုပ်တီးသံများ)
ကျေးဇူးပဲ။ (လက်ခုပ်တီးသံများ)