ပြီးခဲ့တဲ့ဘဏ်လုပ်ငန်းဗီဒီယိုတွေကိုကြည့်ပြီးနောက် လူတိုင်းဟာဘဏ်ထဲမှာရွှေတွေထည့်ရင် သူတို့ဟာကုန်သွယ်ဖို့၊အစားအစာဝယ်ဖို့စရိတ်တွေ စတာတွေကို ပေးဖို့ဘာကိုသုံးမလဲလို့ သုံးသပ်မိပါတယ် အဲ့ဒါဟာဘဏ်စုစာအုပ်တွေကိုအကောင်းဆုံးနားလည်နိုင်မယ့်နည်းပါပဲ ဘဏ်စုစာအုပ် သင်ဒီစကားလုံးကိုကြားဖူးပါလိမ့်မယ် Charles Dickens ရဲ့ စာအုပ်အချို့ မှာပေါ့ ဒါပေမယ့်ဒီဗီယိုထဲမှာအဖြေရှာကြည့်ကြမယ် ဒါဟာသင်နဲ့ရင်းနှီးပြီးသားအတွေးခေါ်ပါပဲ ပြီးတော့သင့်ပိုက်ဆံအိတ်ထဲမှာလည်း ဒီဘဏ်စာအုပ်တွေ အခုရှိနေနိုင်ပါတယ် ဥပမာကိုပြန်ကြည့်ရအောင် ငါ့မှာ Sal ဘဏ်စာအုပ်ရှိပါတယ် ငါ ရွှေတုံး၁၀၀ ကိုသုံးလိုက်ပါတယ် ဒါဟာငါ့ရဲ့လက်ကျန်ငွေပါပဲ ပုံဆွဲပြပါမယ် ငါ့မှာရွှေတုံး၁၀၀ ရှိတယ် နောက်ပြီးအဲ့ဒါကိုအဆောက်အုံဆောက်ဖို့သုံးလိုက်တယ် ဒါကြောင့်ဒီရွှေတုံး၁၀၀ဟာဆောက်လုပ်သူတွေဆီရောက်သွားမယ် သူတို့ဟာမြို့ ပြင်ကဖြစ်တဲ့အတွက် အဲ့ဒါကိုငါနဲ့ဘဏ်မှာပြန်မအပ်ထားပါဘူး ဒါကငါ့ရဲ့အဆောက်အအုံပါ သင်မြင်လားတော့မသိပါဘူး ဒါဟာအဆောက်အအုံရဲ့ပုံစံငယ်လေးပါ နောက်ပြီးမြို့ မှာရှိတဲ့လူအားလုံးကို ငါ့ဆီကိုလာပြီးသူတို့ရွှေတွေကိုအပ်နှံပါတယ် ငါ့အဆောက်အအုံကခိုင်ခံ့ပြီးလုံခြုံလို့ပေါ့ သူတို့မီးခံသေတ္တာထက်ပိုလုံခြုံတယ်လေ ဒါ့ကြောင့်သူတို့ဟာရွှေတုံး(၁၀၀၀)ငါ့ဆီလာစုပါတယ် ရွှေတုံး(၁၀၀၀) ငါ့လက်ကျန်ရှင်းတမ်းစာအုပ်ရဲ့ပေးရန်ရှိစာရင်းထဲမှာ ရွှေတုံး(၁၀၀၀)ချေးထားတယ်လို့ပြောလို့ရတယ် ရွှေတုံး(၁၀၀၀)ချေးထားတယ် ငါ့ရဲ့ပိုင်ဆိုင်မှုဘက်မှာဆိုင်ရင် ရွှေတုံး(၁၀၀၀)တကယ်ရလာပါတယ် အဲ့ဒါကို အ၀ါရောင်နဲ့ရေးပါမယ် ဒါဆိုလက်ကျန်ရှင်းတမ်းရဲ့ ပိုင်ဆိုင်မှုစာရင်းဘက်မှာ ဇယားကဘယ်ဘက်ကိုစောင်းသွားပါတယ် ပိုင်ဆိုင်မှုစာရင်းဘက်မှာရွှေတုံး(၁၀၀၀)ရှိတယ် ဒါဆိုသူတို့ဟာတကယ်ပဲငါ့ရဲ့မြေအောက်ခန်းထဲမှာရှိပါတယ် အခုမေးခွန်းကတော့ မြို့ ရဲ့ရွှေတွေအားလုံးကိုငါ့ရဲ့မြေအောက်ခန်းထဲမှာပဲစုထားမယ်ဆိုရင် သူတို့ဘာကိုသုံးပြီးရောင်းဝယ်ဖောက်ကားကြမလဲ ငါလုပ်နေတဲ့နည်းကတော့ ဒီဘက်ကငါ့ရဲ့ပိုင်ဆိုင်မှုဘက် ဒါကငါ့ရဲ့ ပေးရန်ရှိတွေ ဟုတ်တယ်မလား ငါသူတို့ဆီကရွှေတုံး(၁၀၀၀)ချေးထားပါတယ် သူတို့ငါ့ဆီကိုကြိုက်တဲ့အချိန်လာထုတ်လို့ရပါတယ် ဒါကိုကြည့်ပြီးအပ်နှံငွေတွေကိုစစ်နိုင်ပါတယ် နောက်ရှင်းပြပါမယ် နောက်ဗီဒီယိုမှာဒါကိုရှင်းပြနိုင်ပါတယ် ဒါမဲ့သူတို့ရဲ့ရွှေတုံး ၁၀၀၀ ဟာပိုင်ဆိုင်မှုစာရင်းဘက်မှာ (သို့)ငါ့မြေအောက်ခန်းထဲမှာရှိနေရင် သူတို့ရောင်းဝယ်ဖောက်ကားဖို့ဘာကိုသုံးမလဲ ဒီမှာသိဖို့က သင့်ရဲ့ရွှေတွေကိုထုတ်ပြီး ပိုက်ဆံအဖြစ်သုံးမှာမဟုတ်ဘူးနော် သင့်ကိုမှတ်စုတစ်ခုပေးနိုင်ပါတယ် သင်ဟာရွှေတုံး X တုံးထည့်ထားပါမယ် ဥပမာ ရွှေတုံးတစ်တုံးစီအတွက် ငါကဘဏ်စုစာအုပ်ထုတ်ပေးပါမယ် ရွှေတုံးတစ်တုံးရဲ့ ဘဏ်စုစာအုပ်ဆိုပါစို့ ဒါဆိုငါကသင့်ကိုဖြတ်ပိုင်းစာရွက်တစ်ခုပေးပါမယ် ဒီဖြတ်ပိုင်းစာရွက်က သင်နဲ့ကြည့်ရတာရင်းနှီးအောင် ဒီပုံနဲ့တူတယ်ဆိုပါဆို့ အလယ်မှာ Sal ရဲ့ပုံရှိလိမ့်မည် Sal ရဲ့ဘဏ်မလို့ပေါ့ ပြီးတော့ရွှေတစ်တုံးလို့ပြထားလိမ့်မည် အခုသင်ဟာငါ့ကိုရွှေပေးပြီးတော့ ငါတစ်ယောက်ပဲထုတ်လုပ်နိုင်တဲ့ဒီအစိမ်းရောင်စာရွက်လေးရလိမ့်မည် ပြီးတော့ဘယ်သူမှဒီလိုလုပ်မယ်ဆိုတဲ့အတွေးမရှိပါဘူး ငါကအရောင်အချို့ နဲ့ Sal လို့တံဆိပ်ရိုက်ထားလို့ပါ ပြီးတော့ငါကအတုလုပ်ဖို့ခက်ခဲအောင်အရာအားလုံးကိုလုပ်ထားပါတယ် ဒါကြောင့်ဘယ်သူမှမလုပ်နိုင်ပါဘူး ငါဘာလုပ်မယ်လို့ဘယ်သူသိမှာလဲဘယ်သူမှကူးချလို့မရပါဘူး ဒါ့ကြောင့်ငါပေးလိုက်တဲ့ဖြတ်ပိုင်းကဘာလဲဆိုတာ သင်သိပြီမလား ဒီဖြတ်ပိုင်းပိုင်တဲ့ဘယ်သူမဆို Sal ဘဏ်ကိုသွားပြီး ရွှေတုံးပြန်ထုတ်လို့ရပါတယ် ဒါကြောင့်လူတွေက Sal ဘဏ်ဟာအမြဲတမ်း ဖြတ်ပိုင်းတစ်ခုကိုရွှေတုံးတစ်ခုနဲ့ လဲပေးနေတာကိုယုံကြည်နေမယ်ဆိုရင် သူတို့ဟာပစ္စည်းဝယ်ရန်ရွှေသုံးမယ့်အစား ဖြတ်ပိုင်းစာရွက်ပဲသုံးလာကြတော့မှာပေါ့ ပြီးတော့ရွှေတစ်တုံးစီအတွက် သင်ဟာစာရွက်ပုံကြီးကိုလိုချင်မှာ မဟုတ်ပါဘူး သင်ဟာငါ့ကိုရွှေ ငါး တုံးပေးရင် ငါတခြားအရာင်တစ်ခုလုပ်ပေးပါမယ်။ ဖြတ်ပိုင်းစာရွက်က ငွေ ၁၀၀၀ ထက်ပိုကြီးသွားတာမျိုးရောပေါ့ သင်နားလည်ပြီလို့ထင်ပါတယ် ဒါဆို ဒီမှာပေးရန်ရှိ ရှိတယ်ဆိုတာက ငါ့မှာ ရွှေတုံးငါးတုံးပေးရန်ဖြတ်ပိုင်းစာရွက်ဖြစ်တယ် ဒီဟာကို b-note outstanding လို့ခေါ်ပါမယ် နောက်ငါလုပ်မယ့်ဟာကိုသင်မှန်းမိမှာပါ ငါအရောင်ကွဲနဲ့ဆွဲပေးပါမယ် ဒီဖြတ်ပိုင်းတွေမတူဘူးဆိုတာသင်သိဖို့အတွက်ပေါ့ ပြီးတော့ကျော်ကြားတဲ့လူတစ်ချို့ ပုံကိုထည့်ထားမယ် အတုလိုက်လုပ်လို့မရအောင်လုပ်ပါမယ် ပြီးတော့လေဆာဓာတ်ပုံလေးထည့်ပေးပါမယ် ဒါကရွှေငါးတုံးစာဖြတ်ပိုင်းစာရွက်ကိုရည်ညွှန်းပါတယ် သင်ဟာမြို့ သားတစ်ယောက်ဖြစ်ပြီး သင့်ရွှေတွေငါ့ဆီကိုအပ်မယ်ဆိုရင် အခုသင့်ရွှေတွေလုံခြုံရုံသွားပါလိမ့်မယ် သင့်မှာအတုလုပ်ဖို့ခက်တဲ့ဖြတ်ပိုင်းစာရွက်လေးတွေရှိလာပါလိမ့်မယ် အဓိကကတော့အဲ့ဒါဖြစ်ပါတယ် သူတို့ကအတုလုပ်ဖို့လွယ်ရင် လူတွေကဒီဘဏ်ကိုယုံကြည်တော့မှာမဟုတ်ပါဘူး ဒီဖြတ်ပိုင်းတွေကိုအတုလုပ်တော့မှာပေါ့ သင်ဒီလိုမျိုးကိုလိုလားမှာမဟုတ်ပါဘူး ဒါကြောင့်ဒါကိုအတုလုပ်လို့မရဘူးလို့ယူဆပါမယ် အခုသင့်ရွှေတွေဟာလုံခြုံသွားပါပြီ အခုသင့်မှာရောင်းဝယ်ဖောက်ကားဖို့ ရွှေထက်ပိုလွယ်တဲ့ဟာရှိသွားပါပြီ ငါ့မှာအကြွေလိုဖြတ်ပိုင်းလေးတောင်ရှိနိုင်ပါတယ် ရွှေတုံး၅၀၀ လိုပေါ့ ဒါဆိုလူတစ်ယောက်ကငါ့ကိုရွှေတုံး၅၀၀ပေးရင် ငါကလည်ရွှေတုံး၅၀၀တန်ဖြတ်ပိုင်းတစ်ခုပေးမှာပေါ့ ဒါကငါ့ရဲ့ပေးရန်ရှိတွေမလား လူတစ်ယောက်ကငါ့ကိုရွှေတုံး၅၀၀တန်ဖြတ်ပိုင်းပေးရင် ငါကလည်းသူ့ကို ရွှေတုံး၅၀၀ ပြန်ပေးပါမယ်ဒါ့ကြောင့်ဒါတွေက ပေးရန်ရှိတွေပါ ဒီစာရွက်ကိုလိမ္မော်ရောင်နဲ့ဆွဲပါမယ် ၅၀၀တန်ဖြတ်ပိုင်းပေါ့ ဒါကအရမ်းအသုံးဝင်ပါတယ် အခုငါ့ဘဏ်မှာအကုန်လုပ်ပြီးပါပြီ ဘဏ်တွေဟာဘယ်လိုငွေပေးသွင်းနှုန်းကို ဘယ်လိုမြင့်တင်ပါသလဲပြီးတော့ ငွေပေးသွင်းနှုန်းကို ထုတ်လုပ်မှုရယ် ကြီးပွားလာဖို့အတွက်ရယ်နဲပ ဘယ်လိုညှိသလဲဆိုတာပါပဲ ဒါပေမယ့်ဘဏ်ကလုပ်နေတဲ့နောက်ထပ်အသုံးဝင်တဲ့အရာတစ်ခုကတော့ သင့်ရဲ့ရွှေတွေကိုစောင့်ရှောက်ပေးရုံသာမက ရွှေနဲ့လုပ်ရတာလွယ်တဲ့ပြောင်းလဲမှုတွေကိုလည်း ထောက်ပံ့ပေးပါတယ် ဆိုလိုတာကသင်ကရွှေတုံး၅၀၀ကိုယူပြီးနေ့တိုင်း ဘယ်လောက်သုံးတယ်ဆိုတာရေတွက်နေရင်(သို့) လူတိုင်းမှာအတိုင်းအတာတစ်ခုတော့ရှိရပါမယ် အခုလူတွေဟာဒီမှာပဲရေတွက်နိုင်ပါတယ် အဲ့ဒါဟာပိုက်ဆံ(သို့)ငွေကြေးဖြစ်ပါတယ် သင်ကမကိုက်ညီတာတွေတွေ့နိုင်ပါတယ် ဒါဒီဟာကိုဆွဲရင် ဒီဟာကတစ်ဒေါ်လာတန်နဲ့တောင်တူပါတယ် မှန်ပါတယ်။အဲ့ဒါက Federal Reserve ဘဏ်ရဲ့ တစ်ဒေါ်လာတန်ဖြစ်ပါတယ် ဒါက US ကငွေစုဖြတ်ပိုင်းတစ်ခုဖြစ်ပါတယ် ကမ္ဘာဘဏ်တွေမပေါ်ခင်ကပေါ့ ကိုလိုနီအချိန်တုန်းကဆို ကိုလိုနီနိုင်ငံတိုင်းမှာဘဏ်ရှိပါတယ် ပြီးတော့သူတို့ဟာသူတို့ကိုယ်ပိုင်ဘဏ်စုစာအုပ်ကိုပေးပါတယ် ဒါကြောင့်သင့်မှာငွေကြေးစနစ်တစ်ခုတည်းမရှိပါဘူး ဒါကြောင့်ဒီဘဏ်စုစာအုပ်ကဒါနဲ့တူပြီး Sal ဘဏ်ဖြစ်ပါတယ် တခြားဘဏ်ကလည်းတခြားဘဏ်စာအုပ်ရှိပါလိမ့်မယ် George Bush နဲ့တခြားဘဏ်တွေပေါ့ လူတွေက သူတို့ကြားမှာ လဲလှယ်မှုတွေလုပ်ကြပါတယ် ဘယ်ဘဏ်ကကောင်းလဲဆိုတာသိဖို့ပေါ့ အခုငါတို့ဟာဘဏ်စာအုပ်အသုံးတွေနဲ့မရင်းနှီးသေးပါဘူး တစ်ခုတည်း(သို့)တစ်နိုင်ငံတစ်ခုပဲမြင်ဖူးတာကြောင့်ပေါ့ ငါတို့ဟာဘဏ်တစ်ခုတည်းကငွေစုစာအုပ်တွေကိုပဲမြင်ဖူးပါတယ် (သို့) US မှာလဲလှယ်လို့ရတဲ့ဘဏ်တစ်ခုနဲ့ပေါ့ အဲ့ဘဏ်ကတော့ Federal Reserve ဘဏ်ဖြစ်တယ် သူက ရွှေနဲ့ပြန်မပေးပါဘူး US ဘဏ်တိုက်များမှတကယ်ပြန်ပေးပါတယ် နောက်ကျရှင်းပြပါမယ် တကယ်တော့ဒါကအံ့သြဖို့ကောင်းတဲ့အတွေးလောကကြီးပါပဲ ငါအဓိကအချက်ကိုရှင်းပြချင်ပါတယ် ဘဏ်တွေမှာငွေစုစာအုပ်တွေထုတ်ပေးတဲ့ဝန်ဆောင်မှုအပြင် ငွေစုတာနဲ့မတူတဲ့အခြားလုပ်ငန်းတွေလည်းရှိပါတယ် နောက်ဗီဒီယိုမှာရှင်းပြပါမယ် အဲ့ဒီနောက် ငါက နည်းနှစ်နည်းလုံးသုံးပါမယ် ဒီပေါင်းကူးဆက်ဆံမှုကိုတစ်ဖန်ပြန်လုပ်ဖို့အတွက် ရွှေတွေကဘဏ်ထဲကတကယ်ပြန်ထွက်လာစရာမလိုအောင်ပေါ့ ရွှေကဘဏ်ထဲမှာပဲရှိနေမှာပါ ပြီးတော့ဘဏ်ကဘဏ်စုစာအုပ်ကိုသာသုံးပြီး ဆောင်ရွက်မှုတွေအားလုံးကိုလုပ်ဆောင်သွားပါလိမ့်မည်