ဒီတော့ ဒီမှာ ကျွန်မတို့ပါ။ ကျွန်မက အိမ်မှာပါ၊ သင်တို့အများအပြား ရောပဲဆိုတာ သေချာပါတယ်။ ကျွန်မတို့ကိုယ်တိုင်နဲ့၊ အချင်းချင်းနဲ့ ကျွန်မတို့ တည်ရှိနေတဲ့ နေရာလပ်တွေနဲ့ ကျွန်မတို့ ဆက်စပ်မှုဟာ ကျွန်မတို့ ပင်ကိုယ်သဘောနဲ့ ရည်ရွယ်ချက်ကို နက်ရှိုင်းစွာ သက်ရောက်ပုံ ကို အားလုံး စတင် နားလည်ကြပါပြီ။ အတော်များများဟာ သိသာစွာ ပြောင်းလဲသွာပါပြီ။ အရင်နဲ့မတူတဲ့ ယခု ဝေးကွာမှု သဘောတစ်ခုရှိတယ်။ ဒါပေမဲ့ သင့်နှလုံးသားကနေ သင့်လက်ကို တစ်ဖန် ပြန်ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုရှိပြီး ဒီလေ့ကျင့်မှုကနေ ဒီအကြောင်းရင်းကို လက်ခံယုံကြည်ခြင်းကို သင့်ကို ပြောပြမယ်ဆိုရင် ဒီလက်တွေ့ဘဝအသစ်ကို ပျော်ရွှင်မှု၊ ထက်သန်မှု၊ စိတ်ကူး၊ မျှော်လင့်ချက်နဲ့ သင် စူးစမ်းနိုင်အောင် သင့်စိတ်ကို ပြန်လည်ချိန်ညှိဖို့ ကျွန်မ ကူညီနိုင်တယ်ဆိုရင်ရော။ ဒါအားလုံးက ရိုးရိုး မင်တံ တစ်ချောင်းပဲ လိုမှာပါ။ ဒီကို ရောက်ရှိဖို့ အစကို ပြန်သွားရအောင်။ လန်ဒန် အရှေ့တောင်က ဒေသန္တရ အိမ်ရာတစ်ခုမှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်အနေနဲ့ ကျွန်မဟာ သူစိမ်းဖြစ်ခဲ့တယ်။ ကလေး ခြောက်ယောက်မှာ အကြီးဆုံးဖြစ်ပြီး မောင်နှမအားလုံးက အင်္ဂလိပ်ပုံပေါက်တယ်။ ဆံပင်ရွှေရောင်၊ မျက်လုံးပြာတွေနဲ့ သိပ်ချစ်စရာတွေပေါ့။ ဒီနောက်မှာ ကျွန်မပေါ့။ နိုက်ဂျီးရီယန်း တစ်ဝက်၊ ညိုတဲ့ ဆံပင်ထူထူ ကောက်ကောက်နဲ့လေ။ ဒီတော့ သင်က အသွင်ကွဲနေပြီး ခံစားချက်က ကွဲပြားတဲ့အခါ ဖြစ်တတ်တာက အတော်များများမှာ သင့်ဝန်းကျင်က လူတိုင်း၊ အရာတိုင်းနဲ့ ခြားနားစွာ စတင် တွေးခေါ်တာပဲမို့လား။ မှောင်မည်း၊ လူမျိုးခွဲခြား၊ လိင်တူရေး မုန်းတီး၊ အထီးကျန်လွန်းတဲ့ နေရာတစ်ခုကနေ ထွက်ဖို့ နည်းလမ်းတစ်ခု ဘယ်လိုရှာလဲ။ ဒါက မင်တံ ပါဝင်လာတဲ့ နေရာပါ။ ကျွန်မ ပုံစဆွဲခဲ့တယ်။ ဒီတော့ မြင်တဲ့အတိုင်း ဒီမင်တံရှိတယ်။ ဒါက သူသွားတဲ့နေရာကို သူသိတယ်လေ။ ဒါနောက်ကို လိုက်ဖို့ ကျွန်မ အသေအချာ သင်ယူခဲ့တာပေါ့။ ပထမဆုံး ကျွန်မ လုပ်ခဲ့တာက ဒီကောက်ကြောင်းနောက်ကို လိုက်ပြီး ကျွန်မ မလုပ်နိုင်ခဲ့တာပဲ ကျွန်မကို ပြောပြောနေတဲ့ ယဉ်ကျေးမှုတစ်ခုထဲကနေ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်ခဲ့တာပါ။ ကိုယ့် မင်တံကို ကိုယ်ယုံကြည်ခဲ့တယ်။ ဒါက ကျွန်မကို Central Saint Martin's ဆီ ခေါ်သွားတယ်။ လန်ဒန်မှာရှိတဲ့ ဆန်းပြားတဲ့ ပန်းချီကျောင်းပါ။ အဲဒီမှာ ကျွန်မရဲ့နှစ် ထိပ်တန်း ဘွဲ့ရတယ်။ ဒါပေမဲ့ လန်ဒန်မှာ ကျွန်မအတွက် နေရာတစ်ခု မရှိဘူးဆိုတာ မကြာခင် သိလိုက်တယ်။ ဘာလို့ဆိုတော့ သင် ယုံချင်ယုံ မယုံချင်နေပါ အင်္ဂလန်ဟာ အမြစ်တွယ်နေပြီး လူတန်းစား စနစ်အတွင်း လည်ပတ်တဲ့ နိုင်ငံတစ်ခု ဖြစ်နေဆဲပါ။ အလုပ်သမား လူတန်းစား မိသားစုမှ လူငယ် လူမည်း လိင်တူဆက်ဆံတဲ့ ပန်းချီဆရာမ တစ်ဦးအနေနဲ့ ကျွန်မမှာ အခွင့်အလမ်းမရှိခဲ့ဘူး။ ဒီတော့ လန်ဒန်ကနေ ထွက်ပြီး ဂျပန်ကို ပြောင်းခဲ့တယ်။ အဲဒီမှာ လူတွေက ကျွန်မ ဘယ်က လာလဲဆို တာကို အမေးခံရတာ မကြုံခဲ့ရဘူး။ ကျွန်မဟာ နောက်ထပ် gaijin ပါပဲ။ ရွဲ့တဲ့တဲ့ဆိုရရင် "သူစိမ်း" လို့ ဆိုလိုတာပါ။ ဖန်တီးခြင်းနဲ့ လက်မှုအတတ်ကို ဂုဏ်ပြုတဲ့ ယဉ်ကျေးမှုတစ်ခုထဲမှာ နှစ်မြှပ်နေခဲ့တယ်။ ဒီမှာ လူတွေက မျိုးဆက်တွေချီပြီး လက်မှုအတတ်ကို အကောင်းဆုံးမွမ်းမံတယ်။ အချိန်နဲ့နေရာနှစ်ခုစလုံးကို ပိုင်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခုဆိုတော့ အနုပညာရှင်တွေဟာ လွတ်လပ်မှုနဲ့အတူ စစ်မှန်စွာ ဖန်တီးနိုင်ကြတယ်။ ကျွန်မ တွေ့ရှိခဲ့တာက ကျွန်မ ဒေါသမဖြစ်တဲ့ နေရာတစ်နေရာပါ။ တိုကျိုဟာ ဘယ်နည်းနဲ့မှ ကျွန်မကို မမှားစေဘူး။ ဒေါသနဲ့ (သို့) နာကျင်မှုကန​ေ ဖန်တီးတာ လုပ်လို့မရတော့ဘူး။ မတူတဲ့ နေရာတစ်ခုကနေ ဖန်တီးဖို့ မိမိ ကိုယ်ကိုယ် ရဲဝံ့စွာ ခွင့်ပြုဖို့ပဲလိုတယ်။ ကျွန်မ တွေ့ရှိတာက ဒီမယုံနိုင်စရာ ကိရိယာက စာရွက်ပေါ်က ကောက်ကြောင်း တစ်ကြောင်းကို ကျော်သွားတာပါ။ ကျွန်မရဲ့ ခေါင်းကို နှလုံးသားဆီ ကျွန်မရဲ့ လက်ကို အရာတိုင်းဆီ ဆက်သွယ်ပေးတဲ့ ဒီအရာကို တွေ့ရှိလိုက်တာပါ။ ကမ္ဘာကြီးကို နည်းလမ်းသစ်တွေနဲ့ ကျွန်မ မြင်နိုင်ခဲ့တယ်။ ထောင့်ချိုးတွေမှာ ဆက်နွယ်မှုတွေနဲ့ တစ်ခါမှ မသိဖူးတဲ့ ပုစ္ဆာတွေအတွက် အဖြေတွေကို တွေခဲ့တယ်။ ၎င်းရဲအပြုသဘောနဲ့ အပျက်သဘော နေရာလပ် အားလုံးကို အခု တွေ့မြင်နိုင်တဲ့ ကမ္ဘာတစ်ခုလိုပါပဲ။ ဒါကို မြင်ခြင်းနဲ့ကို ဘာကြောက်စရာမှကို မရှိတော့တာပါ။ ကျွန်မရဲ့ မင်တံက လျှပ်တစ်ပြက်မီးလိုပါ။ မသိသေးတဲ့အရာက အဲဒီမှာ ရှိနေဆဲဆိုပေမဲ့ ထိတ်လန့်စရာတော့ မဟုတ်ဘူး။ ဂျပန်မှာ ငါးနှစ် နေပြီး ကျွန်မရဲ့ လက်မှုအတတ်ကို စူးစိုက်ပြီးနောက်မှာ စိန်ခေါ်မှုအသစ်တစ်ခုလိုတယ်လို့ ခံစားမိတယ်။ နယူးယော့ခ်ကို ပြောင်းတာက ပန်းချီပညာရှင်တစ်ဦးအဖြစ်နဲ့ ကိုယ်လုပ်တာ မို့ပါ။ ကိုယ့်ကို့ လုံးဝ၊ ပျောက်နေတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့ ကမ္ဘာထဲက အကြီးကျယ်ဆုံး မြို့တော်ဆီ ပြောင်းလိုက်တယ်။ ဒါက "နင် ဘယ်သူလဲ"လို့ ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ စမေးမိချိန်ပါ။ မနက်ဆို အိပ်ရာကနေထပြီး ကျွန်မရဲ့နေ့ မစခင်မှာ ဒီအကြောင်းကို အလေးအနက် ဆင်ခြင်တယ်။ စိတ်ထဲက ဒီမေးခွန်းနဲ့အတူ ကျွန်မ ပုံ ဆက်တိုက်ဆွဲတယ်၊ ကောက်ကြောင်းနောက်ကို လိုက်တယ်၊ ဒါကို လမ်းပြခွင့်ပေးတယ်။ မင်တံတစ်ချောင်းကို ကောက်ယူနိုင်ခြင်းက လူတိုင်း လုပ်နိုင်တဲ့ အရာတစ်ခုပါ။ အတွေးအားလုံး၊ အကြောက်အားလုံးနဲ့ မရေရာမှုတွေကို စွန့်လွတ်ဖို့ ကျွန်မကိုယ် ကျွန်မ ခွင့်ပေးခြင်းရဲ့ လုပ်ဆောင်မှုပါ။ လုံးဝ ကိုယ်ကိုယ်တိုင်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်ခွင့်ပေးတဲ့လမ်းမှာ ဝင်လာမယ့် အရာတိုင်းဟာ ကျွန်မရဲ့ လွတ်လပ်မှုကို တွေ့ကြုံခြင်းရဲ့ နည်းလမ်းဖြစ်လာခဲ့တယ်။ နယူး ယော့ခ်ကို ရောက်တော့ ကျွန်မက ပန်းချီလောက စည်းမျဉ်းတွေကို မလိုက်နာချင်ခဲ့ဘူး။ သူစိမ်းတစ်ယောက်အနေနဲပဲ လေ့ကျင့်မှုကို ဆက်လုပ်ခဲ့တယ်။ ကျွန်မ ဆက်ဆွဲနေခဲ့တယ်။ သိလိုမှုက ကျွန်မရဲ့ မင်တံအတွက် မင်ဖြစ်လာခဲ့ပြီး ပိုနက်ရှိုင်းစွာ ဆက်လက် ငုပ်ဝင်ခဲ့တယ်။ ကြာလာတော့ ကိုယ်တိုင်အတွက် ရဲဝံ့ပြီး ယုံကြည်ချက်ရှိတဲ့ နေရာတစ်ခု ​စဖန်တီးတယ်။ ကျွန်မပိုင်တဲ့ နေရာတစ်ခုပေါ့။ အစမှာတော့ ကျွန်မရဲ့ အိပ်ခန်းပါပဲ။ ဒါပေမဲ့ အိပ်ခန်းက "The New York Times" မှာ အဆုံးသတ်သွားခဲ့တယ်။ ရုတ်တရက် ကျွန်မ ဖန်တီးခဲ့တဲ့ ကမ္ဘာအတွက် ကျွန်မကို မြင်သွား၊ သိသွားကြတယ်။ အဲဒီအချိန်ကတည်းက ဖန်တီးပြီး အထူးခြားဆုံး ပန်းချီပညာရှင်တွေ၊ အဖွဲ့အစည်းတွ နေရာလပ်တွေနဲ့ ပူးပေါင်းလုပ်ခဲ့တယ်။ သူတို့ရဲ့အံဖွယ် အနုပညာရှင် ဖြစ်စဉ်တွေအတွက် Times Square စခရင်တွေကနေ New York City Ballet အထိပါ အဲဒီမှာ ကချေသည် အများအပြားကို တွေ့ဆုံမေးမြန်းခဲ့တယ်။ သူ့တို့ဇာတ်လမ်းတွေ၊ စကားလုံးတွေက လမ်းလျှောက်စင်္ကြံ နံရံတွေပြတင်းတွေနဲ့ ကြမ်းခင်းတွေပေါ်က ရုပ်ပုံနဲ့ ပန်းချီလက်ရာ ၃၀ ကျော်အတွက် အုတ်မြစ်ဖြစ်ခဲ့တယ်။ အချိန်အတော်ကြာကြာ ဆင်ခြင်ခြင်းနဲ့ ကဗျာလင်္ကာအတွက် နေရာတစ်ခုကို ဖန်တီးချင်ခဲ့တယ်။ ဒါနဲ့ ၂၀၁၉ မှာ Trust of Governor's Island က ကျွန်မကို ဒါလုပ်ဖို့ အခွင့်အလမ်း ပေးအပ်ခဲ့တယ်။ သူတို့က အရင် စစ်တပ် ဝတ်ပြုဆောင် တစ်ခုအသွင်ထဲမှာ အကောင်းစား ပတ္တူစတွေ ကျွန်မကို ပံ့ပိုးပေးတယ်။ "The May Room" ကို ကြည့်ပါ။ ကျွန်းရဲ့ သမိုင်းကနေ စေ့ဆော်ပေးတဲ့ အပြင်ဘက်က ရုပ်ပုံတွေနဲ့အတူ အတွင်းဘက်ကို လမ်းလျှောက်ဝင်၊ ဖိနပ်တွေကို ချွတ်၊ သင့်ကို နောက်ပြန်ရောက်စေတဲ့ ဝင်္ကပါတစ်ခုရဲ့ ပုံစံထဲက ကြမ်းပြင်မှာ ရုပ်ပုံတစ်ပုံရှိတယ်။ စိတ်အေးချမ်းလာစေဖို့ ဖိတ်ခေါ်မှုတစ်ခုပါ။ နံရံပေါ်က စကားစုတွေကို သင့်ကို မြင်ခွင့်ပေးတယ်။ "ဉာဏ်ပညာ ရှိပါစေ" "ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါစေ။" "သစ်ပင်တွေကို ကယ်တင်နိုင်ပါစေ။" "ဖြစ်ပါစေ" "ဖြစ်ပါစေ" "ဖြစ်ပါစေ" ဒီစကားစုတွေက သင့်ဆီကနေ တက်လာသလို၊ သင်ဆီကို ကျဆင်းသွားသလို ထင်ရတယ်။ ကောက်ကြောင်းတွေကို ဘာသာစကား တစ်ခုလို ဖြစ်လာစေခဲ့တယ်။ ဘဝနဲ့ အတော့ကို တူတာကို ဖြေပြတဲ့ ဘာသာစကားတစ်ခုပေါ့။ တိတ်ဆိတ်မှု ရှိတဲ့အခါ စကားပြောခြင်းကနေ ဆက်သွယ်မှုကို ရှာဖွေခဲ့တယ်။ ဒီစိတ်မသက်မသာမှုကနေ တွန်းထုတ်ဖို့ မေးခွန်းတွေ မေးရင်းပေါ့။ ပုံဆွဲခြင်းက ကျွန်မကို ကိုယ်ပိုင် စည်းမျဉ်းတွေ ဖန်တီးဖို့သင်ပေးတယ် ဘာဆိုတာတင်မက ဘာဖြစ်နိုင်တယ်ဆိုတာ မြင်ဖို့ ကျွန်မရဲ့ မျက်လုံးတွေ ဖွင့်ဖို့ သင်ပေးတယ်။ ကျိုးပျက်နေတဲ့ စနစ်တွေရှိရာမှာ လက်ရွေးစင် အနည်းငယ်အစား အားလုံးကို တကယ်ပဲ လုပ်ဆောင်စေပြီး အကျိုးရှိစေတဲ့ အသစ်တွေ ဖန်တီးနိုင်ပါတယ်။ ပုံဆွဲခြင်းက ကမ္ဘာကြီးနဲ့ အပြည့်အဝ ထိတွေ့ဖို့ သင်ပေးခဲ့တယ်။ ကောက်ကြောင်းတွေရဲ့ ဒီဘာသာစကားကနေ ကျွန်မ သိမြင်လာတာက လူမြင်ခံရတာက အရေးမကြီးဘဲ တကယ်တမ်းက အခြားသူတွေကို ကျွန်မတို့ပေးတဲ့ မြင်ခြင်း လက်ဆောင်နဲ့ လွတ်လပ်မှု အစစ်က မြင်နိုင်စွမ်းဖြစ်ပုံပါ။ ဒါကို တကယ့်ကို မရည်ရွယ်ခဲ့ဘူး။ ဘာလို့ဆို အမြင်အာရုံက လူတစ်ယောက် မြင်နိုင်တဲ့ တစ်ခုတည်းသောနည်းမို့ပါ။ ဒါပေမဲ့ ကျွန်မ ဆိုလိုတာက ကမ္ဘာကြီးကို အလုံးစုံ တွေ့ကြုံခံစားဖို့ပါ။ စိန်ခေါ်မှုအရှိဆုံး ကာလတွေအတွင်းမှာဆို ပိုတောင်ဖြစ်နိုင်ပါတယ်။ ဒီနေ့ ကျွန်မတို့ ရင်ဆိုင်ရတဲ့တစ်ခုလိုပေါ့။ ကျွန်မက Shantell Martin ပါ။ ကျွန်မ ပုံဆွဲတယ်။ သင်တို့ကို မင်တံတစ်ချာင်းကောက်ပြီး ၎င်းက ခေါ်သွားရာကို ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ (ဂီတသံ)