ကူပင်၏ပုံပြင်( ကြက်တွေတောင် နားထောင်တယ်)
ကျွန်တော့်နာမည်က မိုဟာမက်အက်စ်ရိုဖင်
မလေးရှားကိုရောက်နေတာနည်းနည်းကြာပြီ
၂၀၁၁ ကစရောက်တာ
သြဂုတ် ၂၀၁၁ မှာ 6P ကို စလုပ်တယ်
ခုချိန်ထိ မပြီးသေးဘူး
ဒီတော့ ဘယ်လိုလဲ?
ကျွန်တော့်ပွဲစားကိုခေါ်မေးတော့ သူကတစ်လစောင့်တဲ့
ထပ်ခေါ်မေးပြန်တော့ နောက်တစ်လထပ်စောင့်ပါ ပြောပြန်တယ်။ ဘယ်လိုလဲပေါ့
ခုဆို(၂)နှစ်ကျော်ပြီ
အဲဒီအတွက် အခုကြောက်နေရတယ်
6P က တကယ် မပြီးသေးဘူးလေ
အလုပ်သွားရင်တောင် တကယ်ကြောက်မိတယ်
တစ်ခါတစ်လေ ရဲတွေက လမ်းဘေးမှာစောင့်ပြီး နိုင်ငံခြားသားစောင့်ဖမ်းကြတာ
ကျွန်တော်လည်း ကြောက်တာပေါ့
ပို့ဆောင်အရာရှိကလည်းဖမ်း
စစ်တပ်ကလည်းဖမ်း
အရန်ရဲတွေကပါ ဖမ်းတာ
တစ်ခါတော့ ကျွန်တော်ဆိုင်ကယ်စီးနေတုန်း ရဲအရာရှိတစ်ယောက်ကလှမ်းတား ရပ်ခိုင်းတယ်
ပါမစ်ပြပါပေါ့
ပါမစ်မရှိတော့ 6P စာရွက်ပဲပြလိုက်တယ်လေ
ဒီတော့ရဲက ပြောတာ ဒီစာရွက်က သုံးမရဘူးဆိုပဲ
ကျွန်တော်သူ့ကိုမယုံတာနဲ့ 6P ပွဲစားကိုလှမ်းခေါ်ဖို့ပြောတော့
ကျွန်တော်က ပွဲစားခေါ်ချင်တာကို အဲဒီရဲကခွင့်မပြုဘူး
အကိုပဲခေါ်လို့ သူကပြောတာနဲ့ အကိုကိုပဲ ခေါ်လိုက်ရတယ်
အကိုရောက်လာတော့ ရဲနဲ့တစ်ခုခုသွားပြီး ဆွေးနွေးကြတယ်
အစကတော့ ရဲကအကို့ကို ဘာပြောမှန်းကျွန်တော်မသိဘူး
အဆုံးကျမှ ရဲက ရင်းဂစ်(၅၀)ငွေတောင်းနေမှန်းသိတာ
အဲဒီထဲကစပြီး ကျွန်တော် အချိန်တိုင်းကြောက်လာတယ်
ပွဲစားကိုခေါ်မေးတော့ သူက မစိုးရိမ်ဖို့၊တည်ငြိမ်ဖို့ ပြောတယ်
တစ်ခုခုဖြစ်လာရင် သူ့သာဖုန်းဆက်လိုက်ပါတဲ့
ဒါပေမယ့် ကျွန်တော်ညတောင် အိပ်မပျော်တော့ဘူး
အလုပ်လုပ်ချိန်မှာဆိုလည်း စိတ်ပူနေတာပဲ
မိတ်ဆွေအများစုက ပွဲစားတွေရဲ့ အလိမ်ခံခဲ့ရတာပါ
ပွဲစားတွေက သူတို့တာဝန်ယူပါမယ်လို့ အမြဲပြောတယ်
ဒါပေမယ့် တစ်ခုခုဖြစ်လို့ သူတို့ကိုခေါ်ရင် ဖုန်းကပိတ်နေပါရော
ရဲတွေက နိုင်ငံခြားသားတွေသာမက ပွဲစားတွေကိုပါ ငွေညစ်နေတာဖြစ်မယ်
အလုပ်သမားတွေကတော့ ပွဲစားတွေရဲ့အလိမ်ခံနေရတာပါပဲ
ပွဲစားဆိုတာကလည်း ငွေညစ်တာပဲလေ
ကျွန်တော့်တုန်းကဆိုရင် ရင်းဂစ် ၂၁၀၀ ပေး၇တယ်
အဲဒီအတွက် ကျွန်တော်ပြန်ရသမျှ ဒါပဲ
ဖြစ်နိုင်မယ်ဆိုရင် ဒီပါမစ်ကိစ္စကို ဖြေရှင်းပေးစေချင်တယ်
ဘယ်လိုပဲ ငွေများများထပ်လိုပေမယ့် ကျွန်တော်တို့ပေးနိုင်တယ်
အဲဒါပြီးဖို့ အချိန်ကြာလေဆိုပေမယ့်..
ခုဟာကကျ မပြီးတော့ ဘယ်လိုလုပ်ရမှာလဲ
သင်သာ ကူပင် ဖြစ်ရင် ဘယ်ဘာလုပ်မလဲ ?