ဒါကတော့ အ၀န်းနဲ့ ဧရိယာအကြောင်းရုပ်သံဖိုင်ပါ ဘယ်ဘက်က အ၀န်းဖြစ်ပြီးညာဘက်ကတော့ ဧရိယာပေါ့ အ၀န်းဆိုတာ အရာဝတ္ထုတစ်ခုခုကိုဝန်းရံထားတဲ့အကွာအဝေးပါ ခြံစည်းရိုးကာချင်တာပဲဖြစ်ဖြစ် အကွာအဝေးတိုင်းချင်တာပဲဖြစ်ဖြစ် ပုံတစ်ပုံကိုတိတ်နဲ့ကပ်ချင်တာပဲဖြစ်ဖြစ် တွက်လို့ရအောင်ပါ ကိုယ့်မှာ ထောင့်မှန်စတုဂံတစ်ခုရှိတယ်ဆိုပါစို့ အဲဒီထောင့်မှန်စတုဂံက အနားလေးနား ထောင့်လေးထောင့်ရှိတဲ့ပုံပါပဲ ထောင့်လေးထောင့် အနားလေးနားရှိတဲ့အထဲမှာမှ မျက်နှာချင်းဆိုင်အနားတွေညီနေတာ ထောင့်မှန်စတုဂံပါ အနားတွေကို ABCD လို့ထားပါမယ် AB က 7 ရှိပြီး BC က 5 ရှိတယ်လို့သိရပါတယ် ABCD ရဲ့အ၀န်းကဘယ်လောက်လဲသိချင်ပါတယ် ထောင့်မှန်စတုဂံ ABCD ရဲ့အ၀န်းက အနားတွေရဲ့ပေါင်းလဒ်နဲ့ညီမျှပါတယ် ဒီမြေနေရာကို ခြံစည်းရိုးကာချင်တယ်ဆိုရင် အနားတွေကိုတိုင်းကြည့်ဖို့ လိုအပ်ပါမယ် AB က 7 ရှိပြီး BC က 5 ရှိတယ်လို့သိထားပြီးသားပါ DC က AB နဲ့ညီနေမှာဖြစ်တဲ့အတွက် သူလည်း 7 ရှိပါမယ် DA က BC နဲ့ညီမှာဖြစ်တဲ့အတွက် 5 ရှိပါမယ် အနားလေးဘက်ကိုပေါင်းကြည့်မယ်ဆိုရင် ၇ + ၅+ ၇+၅ = ၂၄ ပါ အ၀န်းက ၂၄ ပါ ဒါကိုတခြားနည်းနဲ့လည်း တွက်လို့ရပါတယ် ကျွန်တော်တို့ဆီမှာ စတုရန်းတစ်ခုရှိတယ်ဆိုပါစို့ စတုရန်းမှာ အနားလေးဘက် ထောင့်လေးထောင့်ရှိပြီး အနားအားလုံးက ညီနေပါတယ် … ကဲ စတုရန်းတစ်ပုံဆွဲမယ် ABCD လို့ နာမည်ပေးမယ် ဒီစတုရန်းရဲ့အ၀န်းက 36 ရှိပါတယ် အနားတစ်ဘက်စီရဲ့အနားက ဘယ်လောက်ရှိပါမလဲ အနားညီစတုရန်းရဲ့ အနားတစ်ခုစီကို x လို့ထားပါမယ် AB လည်း x … BC လည်း x CD လည်း x … DA လည်း x အ၀န်းကိုလိုချင်ရင် အနားလေးဘက်စလုံးပေါင်းမယ် x + x+ x + x 4x = 36 ပါ လေးဆရှိတဲ့ 36 ကို တစ်ဆတည်းဖြစ်အောင်ရှင်းချင်ရင် 4 နဲ့စား အဖြေ 9 ထွက်ပါမယ် ဒါကတော့ အလျား 9 အနံ 9 ရှိတဲ့စတုရန်းပါ အဲဒါကတော့ အ၀န်းပါ ဧရိယာဆိုတာ နေရာယူထားတဲ့ပမာဏကို တိုင်းရတာပါ ဒီလိုလေးစဉ်းစားမယ်နော် အလျား 1 အနံ 1 ရှိတဲ့ စတုရန်းရှိတယ်ဆိုပါစို့ ထောင့်မှန်စတုဂံမှာဆို အလျားအနံနှစ်ခုကိုသိထားရင် သူ့မျက်နှာချင်းဆိုင်က အလျားအနံကိုသိပါတယ် ထောင့်မှန်စတုဂံကတော့ အလျား 5 အနံ 7 ရှိပါတယ် စတုရန်းမှာ အနားတစ်ဘက်ကို 1 ရှိရင် ကျန်အနားအားလုံး1 ရှိပါမယ် အဲဒီပုံမှာ အလျား 1 အနံ 1 ရှိတဲ့စတုရန်းဘယ်လောက်ဆန့်မလဲတွက်လို့ရရင် ဘယ်ပုံမဆိုရဲ့ဧရိယာကိုတွက်လို့ရပါတယ် ထောင့်မှန်စတုဂံကိုပြန်ကြည့်ပါမယ် ဒီထောင့်မှန်စတုဂံရဲ့ ဧရိယာကိုဘယ်လိုရှာမလဲဆိုတော့ ထောင့်မှန်စတုဂံ ABCD ရဲ့ ဧရိယာကို ကွင်းခတ်ပါမယ် ထောင့်မှန်စတုဂံ ABCD = ဒီထောင့်မှန်စတုဂံမှာ ဆန့်မယ့် အလျား 1 အနံ 1 စတုရန်းအရေအတွက်က သူ့ရဲ့ဧရိယာပါပဲ ကဲ … စမ်းကြည့်ရအောင် အလျား 1 အနံ 1 စတုရန်းငါးခုထည့်လို့ရမယ် ဒီလိုဆိုရင် အလျား 1 အနံ 1 စတုရန်း 7 ခုပေါ့ အလျားတစ်လျှောက်မှာ 7 ခုထည့်လို့ရမယ် အနံအပိုင်းမှာ 5 ခုထည့်လို့ရမယ် တစ်ခုကို 1 နဲ့ ခုနစ်ခုဆို 7 အလျား 1 အနံ 1 ရှိတဲ့ စတုရန်းလေးတွေရဲ့အရေအတွက်ကို ရေလို့ရသွားပါပြီ အတန်း 5 တန်း အတိုင် 7 တိုင်မှာ စတုရန်း 35 ခုရှိနေပါတယ် ဒီတော့ ဒီပုံရဲ့ဧရိယာက 35 ပါ အကြမ်းမှတ်ထားချင်ရင်တော့ အလျားနဲ့အနံကို မြှောက်တာပါ အလျား 2 အနံ 1/2 ရှိတဲ့ထောင့်မှန်စတုဂံမှာဆိုရင် အနံ 1/2 နဲ့ အလျား 2 ကိုမြှောက်ပေးလိုက်ရင် ဧရိယာ 1 ရပါတယ် ဒီမှာဆို စတုရန်းက တစ်ဝက်ပဲ ဆန့်ပါတယ် ကျန်တဲ့တစ်ဝက်ကို ကိုယ်ကဖြည့်ဆွဲပေးပါမယ် အခုဆို စတုရန်းရဲ့ဧရိယာကဘယ်လောက်ဖြစ်သွားမလဲ စတုရန်းရဲ့ထူးခြားဖြစ်စဉ်က အလျားနဲ့အနံတူတာပါ ဒီတော့ စတုရန်းပုံလေးတစ်ပုံထပ်ဆွဲကြည့်မယ် XYZS လို့နာမည်ပေးမယ် ဒီစတုရန်းရဲ့ဧရိယာကိုရှာမယ် ဒီမှာ XS က 2 ရှိတယ်လို့ သိထားပါတယ် ဧရိယာရှာချင်ရင် XYZS ကိုကွင်းခတ်ပြီး ပုံသေနည်းရေးမယ် XYZS= (XYZS) စတုရန်းမှာ အနားအားလုံးညီတယ်လို့သိထားတယ် ဒါလည်း ထောင့်မှန်စတုဂံရဲ့ထူးခြားဖြစ်စဉ်ပါပဲ အနားတစ်ဘက်က 2 ရှိရင် ဒီအနားတစ်ဘက်ကလည်း 2 ပါပဲ မြှောက်လိုက်တော့ နှစ် နှစ်လီ လေးပေါ့ ဒီပုံမှာတော့ အလျား 1 အနံ 1 ရှိတဲ့စတုရန်း လေးခုဆန့်တယ်ပေါ့ဗျာ