ဒါကတော့ အ၀န်းနဲ့ ဧရိယာအကြောင်းရုပ်သံဖိုင်ပါ
ဘယ်ဘက်က အ၀န်းဖြစ်ပြီးညာဘက်ကတော့ ဧရိယာပေါ့
အ၀န်းဆိုတာ အရာဝတ္ထုတစ်ခုခုကိုဝန်းရံထားတဲ့အကွာအဝေးပါ
ခြံစည်းရိုးကာချင်တာပဲဖြစ်ဖြစ် အကွာအဝေးတိုင်းချင်တာပဲဖြစ်ဖြစ်
ပုံတစ်ပုံကိုတိတ်နဲ့ကပ်ချင်တာပဲဖြစ်ဖြစ် တွက်လို့ရအောင်ပါ
ကိုယ့်မှာ ထောင့်မှန်စတုဂံတစ်ခုရှိတယ်ဆိုပါစို့
အဲဒီထောင့်မှန်စတုဂံက
အနားလေးနား ထောင့်လေးထောင့်ရှိတဲ့ပုံပါပဲ
ထောင့်လေးထောင့် အနားလေးနားရှိတဲ့အထဲမှာမှ
မျက်နှာချင်းဆိုင်အနားတွေညီနေတာ ထောင့်မှန်စတုဂံပါ
အနားတွေကို ABCD လို့ထားပါမယ်
AB က 7 ရှိပြီး BC က 5 ရှိတယ်လို့သိရပါတယ်
ABCD ရဲ့အ၀န်းကဘယ်လောက်လဲသိချင်ပါတယ်
ထောင့်မှန်စတုဂံ ABCD ရဲ့အ၀န်းက အနားတွေရဲ့ပေါင်းလဒ်နဲ့ညီမျှပါတယ်
ဒီမြေနေရာကို ခြံစည်းရိုးကာချင်တယ်ဆိုရင်
အနားတွေကိုတိုင်းကြည့်ဖို့ လိုအပ်ပါမယ်
AB က 7 ရှိပြီး BC က 5 ရှိတယ်လို့သိထားပြီးသားပါ
DC က AB နဲ့ညီနေမှာဖြစ်တဲ့အတွက် သူလည်း 7 ရှိပါမယ်
DA က BC နဲ့ညီမှာဖြစ်တဲ့အတွက် 5 ရှိပါမယ်
အနားလေးဘက်ကိုပေါင်းကြည့်မယ်ဆိုရင် ၇ + ၅+ ၇+၅ = ၂၄ ပါ
အ၀န်းက ၂၄ ပါ
ဒါကိုတခြားနည်းနဲ့လည်း တွက်လို့ရပါတယ်
ကျွန်တော်တို့ဆီမှာ စတုရန်းတစ်ခုရှိတယ်ဆိုပါစို့
စတုရန်းမှာ အနားလေးဘက် ထောင့်လေးထောင့်ရှိပြီး
အနားအားလုံးက ညီနေပါတယ် … ကဲ
စတုရန်းတစ်ပုံဆွဲမယ် ABCD လို့ နာမည်ပေးမယ်
ဒီစတုရန်းရဲ့အ၀န်းက 36 ရှိပါတယ်
အနားတစ်ဘက်စီရဲ့အနားက ဘယ်လောက်ရှိပါမလဲ
အနားညီစတုရန်းရဲ့ အနားတစ်ခုစီကို x လို့ထားပါမယ်
AB လည်း x … BC လည်း x CD လည်း x … DA လည်း x
အ၀န်းကိုလိုချင်ရင် အနားလေးဘက်စလုံးပေါင်းမယ် x + x+ x + x
4x = 36 ပါ
လေးဆရှိတဲ့ 36 ကို တစ်ဆတည်းဖြစ်အောင်ရှင်းချင်ရင်
4 နဲ့စား အဖြေ 9 ထွက်ပါမယ်
ဒါကတော့ အလျား 9 အနံ 9 ရှိတဲ့စတုရန်းပါ
အဲဒါကတော့ အ၀န်းပါ
ဧရိယာဆိုတာ နေရာယူထားတဲ့ပမာဏကို
တိုင်းရတာပါ
ဒီလိုလေးစဉ်းစားမယ်နော် အလျား 1 အနံ 1 ရှိတဲ့
စတုရန်းရှိတယ်ဆိုပါစို့
ထောင့်မှန်စတုဂံမှာဆို အလျားအနံနှစ်ခုကိုသိထားရင်
သူ့မျက်နှာချင်းဆိုင်က အလျားအနံကိုသိပါတယ်
ထောင့်မှန်စတုဂံကတော့ အလျား 5 အနံ 7 ရှိပါတယ်
စတုရန်းမှာ အနားတစ်ဘက်ကို 1 ရှိရင်
ကျန်အနားအားလုံး1 ရှိပါမယ်
အဲဒီပုံမှာ အလျား 1 အနံ 1 ရှိတဲ့စတုရန်းဘယ်လောက်ဆန့်မလဲတွက်လို့ရရင်
ဘယ်ပုံမဆိုရဲ့ဧရိယာကိုတွက်လို့ရပါတယ်
ထောင့်မှန်စတုဂံကိုပြန်ကြည့်ပါမယ် ဒီထောင့်မှန်စတုဂံရဲ့
ဧရိယာကိုဘယ်လိုရှာမလဲဆိုတော့
ထောင့်မှန်စတုဂံ ABCD ရဲ့ ဧရိယာကို ကွင်းခတ်ပါမယ်
ထောင့်မှန်စတုဂံ ABCD =
ဒီထောင့်မှန်စတုဂံမှာ ဆန့်မယ့် အလျား 1 အနံ 1 စတုရန်းအရေအတွက်က
သူ့ရဲ့ဧရိယာပါပဲ
ကဲ … စမ်းကြည့်ရအောင် အလျား 1 အနံ 1 စတုရန်းငါးခုထည့်လို့ရမယ်
ဒီလိုဆိုရင် အလျား 1 အနံ 1 စတုရန်း 7 ခုပေါ့
အလျားတစ်လျှောက်မှာ 7 ခုထည့်လို့ရမယ်
အနံအပိုင်းမှာ 5 ခုထည့်လို့ရမယ်
တစ်ခုကို 1 နဲ့ ခုနစ်ခုဆို 7
အလျား 1 အနံ 1 ရှိတဲ့ စတုရန်းလေးတွေရဲ့အရေအတွက်ကို
ရေလို့ရသွားပါပြီ
အတန်း 5 တန်း အတိုင် 7 တိုင်မှာ
စတုရန်း 35 ခုရှိနေပါတယ်
ဒီတော့ ဒီပုံရဲ့ဧရိယာက 35 ပါ
အကြမ်းမှတ်ထားချင်ရင်တော့ အလျားနဲ့အနံကို
မြှောက်တာပါ
အလျား 2 အနံ 1/2 ရှိတဲ့ထောင့်မှန်စတုဂံမှာဆိုရင်
အနံ 1/2 နဲ့ အလျား 2 ကိုမြှောက်ပေးလိုက်ရင်
ဧရိယာ 1 ရပါတယ်
ဒီမှာဆို စတုရန်းက တစ်ဝက်ပဲ ဆန့်ပါတယ်
ကျန်တဲ့တစ်ဝက်ကို ကိုယ်ကဖြည့်ဆွဲပေးပါမယ်
အခုဆို စတုရန်းရဲ့ဧရိယာကဘယ်လောက်ဖြစ်သွားမလဲ
စတုရန်းရဲ့ထူးခြားဖြစ်စဉ်က အလျားနဲ့အနံတူတာပါ
ဒီတော့ စတုရန်းပုံလေးတစ်ပုံထပ်ဆွဲကြည့်မယ်
XYZS လို့နာမည်ပေးမယ်
ဒီစတုရန်းရဲ့ဧရိယာကိုရှာမယ် ဒီမှာ XS က 2 ရှိတယ်လို့
သိထားပါတယ်
ဧရိယာရှာချင်ရင် XYZS ကိုကွင်းခတ်ပြီး ပုံသေနည်းရေးမယ်
XYZS= (XYZS)
စတုရန်းမှာ အနားအားလုံးညီတယ်လို့သိထားတယ်
ဒါလည်း ထောင့်မှန်စတုဂံရဲ့ထူးခြားဖြစ်စဉ်ပါပဲ အနားတစ်ဘက်က
2 ရှိရင် ဒီအနားတစ်ဘက်ကလည်း 2 ပါပဲ
မြှောက်လိုက်တော့ နှစ် နှစ်လီ လေးပေါ့
ဒီပုံမှာတော့ အလျား 1 အနံ 1 ရှိတဲ့စတုရန်း လေးခုဆန့်တယ်ပေါ့ဗျာ