1 00:00:06,085 --> 00:00:09,555 (ဆာဘီယန့်ဘာသာစကားဖြင့်) ကျေးဇူးတင်ပါတယ်။ 2 00:00:09,585 --> 00:00:11,535 ကျွန်တော့်နာမည်က Nick Vujicic ပါ။ 3 00:00:11,535 --> 00:00:13,668 ၁၉၈၂ခုနှစ် သြစတြေးလျမှာ မွေးခဲ့ပါတယ်။ 4 00:00:13,668 --> 00:00:18,197 ၂၀၀၆ ခုနှစ်မှာ ဩစတေးလျမှ ကယ်လီဖိုးနီးယား သို့ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ 5 00:00:18,268 --> 00:00:22,437 ပြီးတော့ ကျွန်တော့်ရဲ့ ဘဝဇာတ်ကြောင်းက- ကျွန်တော် ကျေးဇူးတင်ပါတယ်။ 6 00:00:22,736 --> 00:00:26,887 လူတွေဟာ ကျွန်တော့်ဘဝရဲ့ အဆင့် အချို့ကို ကြည့်ရှုအားပေးခဲ့တဲ့အတွက်၊ 7 00:00:26,887 --> 00:00:29,200 YouTube ဗီဒီယိုတွေကို ကြည့်ခဲ့တာ၊ 8 00:00:29,200 --> 00:00:32,804 ခြေလက်အင်္ဂါမဲ့ ကလေးလေးရဲ့ အပြုံးပုံတွေကို ကြည့်ခဲ့ကြတဲ့ အတွက်ပါ။ 9 00:00:32,804 --> 00:00:35,281 ခင်​ဗျားတို့ သိလား။ လူတွေက ကျွန်တော့်ကို အမြဲမေးကြတာက 10 00:00:35,435 --> 00:00:36,977 ခင်ဗျား ဘယ်လိုဖြစ်ခဲ့တာလဲ။ 11 00:00:36,977 --> 00:00:40,333 ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ဘယ်လို ကျော်လွှားခဲ့တာလဲ။ 12 00:00:40,333 --> 00:00:43,107 ကျွန်တော် ဖြေကြားပေးခဲ့တာတွေကို ခေါင်းစဉ် တပ်ပေးရမယ် ဆိုရင် 13 00:00:43,777 --> 00:00:46,763 "နံရံတွေကို ပြတင်းပေါက် အဖြစ်သို့ ပြောင်းလဲပစ်ခြင်း" ဖြစ်ပါတယ်။ 14 00:00:46,858 --> 00:00:48,991 အဲဒါကို အများပြည်သူ နားလည်အောင် ပြောရရင်၊ 15 00:00:48,991 --> 00:00:51,885 "အတားအဆီးများကို အခွင့်အရေး အဖြစ် ပြောင်းလဲခြင်း" ဆိုပြီး 16 00:00:51,885 --> 00:00:54,320 ရှင်းပြရတာကို ကျွန်တော် သဘောကျပါတယ်။ 17 00:00:54,595 --> 00:00:58,661 အဲဒါကို ကျွန်တော် ကောင်းကောင်း နားလည်လို့ ခင်ဗျားတို့နဲ့ ဝေမျှဖို့ အခု အသင့်ပါပဲ။ 18 00:00:58,677 --> 00:01:02,576 ဒီနေ့တွင် လူပေါင်း တစ်ဘီလီယံလောက် အဆာငတ်နေကြတာ ကျွန်တော်သိပါတယ်။ 19 00:01:02,976 --> 00:01:06,817 ဒီနှစ်ထဲမှာ လူတစ်သန်းလောက် မိမိကိုယ်ကို အဆုံးစီရင်ကြမှာကို ကျွန်တော် သိတယ်။ 20 00:01:06,817 --> 00:01:09,171 ဒါဟာ စက္ကန့် ၄၀ တိုင်းမှာ တစ်ယောက်နှုန်းကျပါ။ 21 00:01:09,271 --> 00:01:12,423 ဒီနေ့တွင် ကျေးကျွန်ပေါင်း သန်း ၁၂၀ ရှိတာ ကျွန်တော် သိထားရပြီး 22 00:01:12,523 --> 00:01:15,134 ကျွန်တော် ကျေးကျွန် ၆ ယောက်နဲ့ တွေ့ဆုံခဲ့ဘူးတဲ့ အပြင် 23 00:01:15,134 --> 00:01:20,053 ကျွန်တော်ဟာ စီးပွားရေးဆိုတဲ့ ပိရမစ်ရဲ့ ထိပ်ဆုံးကိုလည်း မြင်ခဲ့ပြီးလို့ 24 00:01:20,053 --> 00:01:22,046 ဘီလီယံနာတွေနဲ့လည်း တွေ့ဆုံခဲ့ဘူးတယ်။ 25 00:01:22,286 --> 00:01:26,328 ဘဏ် လုပ်ငန်းရှင်တွေကို တွေခဲ့ဘူးသလို မိဘမဲ့တွေကိုလည်း တွေ့ခဲ့ဘူးတယ်။ 26 00:01:26,328 --> 00:01:28,944 ကျွန်တော်တို့ အားလုံးဟာ တစ်စုံတစ်ခုကို ရှာဖွေနေကြပါတယ်။ 27 00:01:28,944 --> 00:01:31,548 ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို ရှာကြံနေကြတယ်။ 28 00:01:31,558 --> 00:01:35,314 ကိုယ်ဟာ မျှော်လင့်ချက်နဲ့ မွေးလာခဲ့ရုံနဲ့ မျှော်လင့်ချက်ကို ဆက်မရရှိနိုင်ပါဘူး။ 29 00:01:35,314 --> 00:01:38,551 အဲဒီလို မဟုတ်ဘဲ၊ ကျွန်တော်တို့တွေ နာကျင်မှုနဲ့အတူ မွေးဖွားလာရတာပါ။ 30 00:01:38,551 --> 00:01:42,412 ကျွန်တော်တွေ မွေးဖွားလာရတာ၊ နေထိုင်ရတာ အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်ရင်းနဲ့ပါ။ 31 00:01:42,412 --> 00:01:45,912 ကျွန်တော်တို့ရဲ့ ဘဝထဲမှာ - မိဘတွေက ကျွန်တော့်ကို အမြဲတမ်း သင်ပေးခဲ့ကြတာက၊ 32 00:01:45,912 --> 00:01:49,434 ကျွန်တော် ဘာကြောင့် ဒီလိုပုံစံမျိုးနဲ့ ဒမွေးလာရတာ ကျွန်တော်တို့ မသိကြတောင် 33 00:01:49,434 --> 00:01:51,157 ကျွန်တော်တို့မှာ ရွေးစရာ ရှိတာကိုပါ။ 34 00:01:51,157 --> 00:01:53,276 ကိုယ့်မှာ မရှိတဲ့အရာတွေ အတွက် ဒေါသထွက်နေမလား။ 35 00:01:53,276 --> 00:01:55,897 ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ အရာတွေအတွက် ကျေးဇူးတင်မလား။ 36 00:01:55,897 --> 00:01:58,050 အဲဒီရွေးချယ် ပိုင်ခွင့်ဟာဖြင့် 37 00:01:58,050 --> 00:02:02,125 ကျွန်တော် ကိုယ်တိုင် ဆင်ခြင် နားလည် ခဲ့ပြီးတဲ့ နောက်မှာ၊ မိမိဘာသာမိမိ 38 00:02:02,125 --> 00:02:05,381 အထူးသဖြင့် ကျောင်းနေစဉ် အစောပိုင်း နှစ်တွေမှာ ဆုံးဖြတ်ခဲ့ရတယ်။ 39 00:02:05,381 --> 00:02:08,378 ကလေးတွေ တော်တော်များများတို့က ကျွန်တော်ဆီလာပြီး ကျီစယ်တတ်ကြတယ်။ 40 00:02:08,378 --> 00:02:10,759 ကျွန်တော်ဟာ ညီလာခံ ၅ ခုမှာ တက်ပြီး စကားပြောခဲ့သူပါ၊ 41 00:02:10,759 --> 00:02:13,447 ကမ္ဘာတစ်ဝန်းက သမ္မတ ၇ ယောက်နဲ့ တွေ့ဆုံခဲ့သူပါ။ 42 00:02:13,447 --> 00:02:16,188 ကျွန်တော်ရဲ့ အကြီးမားဆုံး ပရိသတ်က လူ ၁၁၀၀၀၀ ရှိခဲ့ဘူးတယ်။ 43 00:02:16,188 --> 00:02:18,893 ဟောပြောပေးဖို့ ကျွန်တော် ဖိတ်ကြားချက် ၃၀၀၀၀ ရရှိထားပါတယ်။ 44 00:02:18,933 --> 00:02:22,260 ဒါကြောင့် ဘယ်နေရာကိုပဲ သွားသွား ကျွန်တော်ဟာ ဘဝဟာ တန်ဖိုးရှိပုံအကြောင်း၊ 45 00:02:22,260 --> 00:02:25,121 အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ရေး အမှာစကားတွေကို ပြောတတ်ပါတယ်။ 46 00:02:25,121 --> 00:02:27,297 နိုင်ငံအသီးသီးရှိ ပညာရေးစနစ်တွေ အတွက်ပါ။ 47 00:02:27,297 --> 00:02:29,427 အကြီးမားဆုံး အရာက ချစ်ခြင်းမေတ္တာပါပဲ။ 48 00:02:29,427 --> 00:02:32,184 ကျွန်တော်တို့ဆီမှာ အချစ်မေတ္တာ မလုံလောက်ဘူးလို့ ခံစားရရင်၊ 49 00:02:32,184 --> 00:02:34,384 မျှော်လင့်ချက် မလုံလောက်ဘူးလို့ ခံစားမိရင်၊ 50 00:02:34,384 --> 00:02:37,507 ကျွန်တော်တို့ဟာ ရှင်သန်ရေး ခွန်အားတွေ စပြီး ဆုံးရှုံးလာကြမှာပါ။ 51 00:02:37,688 --> 00:02:41,444 ကလေးဘဝတုန်းက ကျွန်တော့ဆီမှာ ကြီးမားတဲ့ နံရံကြီး ရှိခဲ့ပါတယ်။ 52 00:02:41,444 --> 00:02:45,891 ကျွန်တော့်ကို နံရံတွေလေးခု ဝန်းရံလျက် မျက် နှာကျက်က အခွင့်အရေးကို အုပ်မိုးထားခဲ့တယ်။ 53 00:02:46,132 --> 00:02:49,641 ကျွန်တော့ကို နည်းလမ်းများစွာဖြင့် လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့ကြတယ်။ 54 00:02:49,811 --> 00:02:52,679 အထူးသဖြင့် ကျွန်တော်ကိုချစ်ပြီး အားပေးခဲ့တဲ့ မိဘတွေနဲ့အတူ 55 00:02:52,679 --> 00:02:55,849 ကျွန်တော်ဟာ ကျွန်တော်ရဲ့ နဂိုပုံစံအရကို လှပသူ ဖြစ်တာမို့လို့ 56 00:02:55,849 --> 00:02:58,733 အခြားသူတွေ ဘယ်လိုပဲပြောပြေ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ 57 00:02:58,733 --> 00:03:02,944 ရှင်းပြခဲ့ကြတဲ့ မိဘတွေနဲ့အတူ နေထိုင်းရင်း နေ့စဉ်ဘဝကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့တာပါ။ 58 00:03:02,944 --> 00:03:06,334 တကယ်တော့ ကျွန်တော်ဟာ ခြေလက်မရှိလို့ အထူးလိုအပ်ချက် ရှိခဲ့ပေမဲ့ 59 00:03:06,354 --> 00:03:09,679 ဩစတျေးလျရဲ့ အခြေခံ ပညာရေး စနစ်ထဲ ပါဝင်ပြီး ပညာသင်နိုင်ခဲ့တဲ့ ပမထဦးဆုံး 60 00:03:09,679 --> 00:03:12,986 ကလေးဖြစ်ခဲ့ပြီး ၁၉၉၀ ခုနစ် လူငယ် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရသူပါ။ 61 00:03:12,986 --> 00:03:16,692 ကမ္ဘာကြီးဟာ ထိခိုက်လွယ်တဲ့ နေရာဖြစ်လို့ ကမ္ဘာကြီးဟာ မျှော်လင့်ချက် လိုအပ်ပါတယ်။ 62 00:03:16,882 --> 00:03:19,360 ကမ္ဘာကြီးဟာ ချစ်ခြင်းမေတ္တာကိုလည်း လိုအပ်ပါတယ်။ 63 00:03:19,510 --> 00:03:22,859 မျှော်လင့်ချက်မရှိရင် "တို့ ဒီမှာ ရှိနေတာ ဘာ့အတွက်လဲ"လို့ ခံစားရမှာပါ။ 64 00:03:22,912 --> 00:03:25,042 စိတ်ဓာတ်ကျစရာကြီးပဲလေ။ 65 00:03:25,725 --> 00:03:27,391 ကျွန်တော့် အဖြစ်က ဒီလိုပါ။ 66 00:03:27,755 --> 00:03:33,242 ဒီနေ့တွင်လည်း ကျွန်တော့်မှာ ခြေတွေ လက်တွေ မရှိသေးပေမဲ့၊ အရာရာတိုင်း ပြောင်းလဲနေပြီ။ 67 00:03:33,771 --> 00:03:35,127 အရာအားလုံးပါပဲ။ 68 00:03:35,597 --> 00:03:38,667 မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှု‌တွေကို ကျွန်တော် ရှာကြံနေခဲ့တယ်။ 69 00:03:38,877 --> 00:03:41,189 နှစ်များစွာ ကြာအောင် ကျွန်တော် ရှာမတွေ့မိဘူး။ 70 00:03:41,559 --> 00:03:45,620 တကယ်လို့ စားပွဲရဲ့ဒီဘက်ခြမ်းဟာ ကျွန်တော် ရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုရင် 71 00:03:45,690 --> 00:03:49,405 အမှန်တရားက ကျွန်တော်ဖြစ်နိုင်တဲ့ အရာအားလုံးဖြစ်လာဖို့ အားပေးပါတယ်။ 72 00:03:49,467 --> 00:03:52,305 ဒါပေမဲ့ ကျွန်တော်တို့ဟာ မုသားကိုလည်း နေ့တိုင်း ကြားနေရပြီး 73 00:03:52,445 --> 00:03:56,883 ကျွန်တော့်တို့ရဲ့ အသိစိတ်ထဲ ဝင်လာလို့ စိတ်ဓာတ်ကျအောင် လုပ်တဲ့သူတွေ ရှိတယ်။ 74 00:03:56,883 --> 00:03:59,534 ခင်ဗျားတို့ သိရဲ့လား၊ ခင်ဗျားတို့ ဘဝထဲက လူတချို့တို့ဟာ 75 00:03:59,534 --> 00:04:02,352 ခင်ဗျားတို့အတွက် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ နေ့ရက်ပဲ ဖြစ်ပါစေ၊ 76 00:04:02,352 --> 00:04:04,742 ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင် လုပ်ကြမယ့် သူတွေပါ။ 77 00:04:04,742 --> 00:04:07,597 ဒါမှမဟုတ် ခင်ဗျားတို့ သိပ်ကို ဆိုးဝါးတဲ့နေ့ကို ရင်ဆိုင်ရပါစေ၊ 78 00:04:07,597 --> 00:04:10,341 သူတို့ဟာ သင့်ကို ဒီထက် ပိုနှိမ့်ချဖို့ လုပ်ကြမယ့် သူတွေပါ။ 79 00:04:10,341 --> 00:04:12,847 ကျွန်တော်ဘာကို ဆိုလိုမှန်း ခင်ဗျားတို့ နားလည်တယ်နော်။ 80 00:04:12,847 --> 00:04:16,160 ခင်ဗျားတို့ ဘဝထဲက စိတ်ဓာတ်ကျစရာ အကြီးမားဆုံး သုံးချက်ကို တွေးကြည့်ပါ။ 81 00:04:16,160 --> 00:04:18,581 ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကျစရာက အဲဒီအချက်တွေ မဟုတ်ဘူး။ 82 00:04:18,610 --> 00:04:20,627 သင်ကိုယ်တိုင်ပါ။ 83 00:04:20,627 --> 00:04:24,535 ကျွန်တော်ဟာ ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင် ပြောချင်ရင် ၃ စက္ကန့်ပဲ လိုအပ်ပေမဲ့၊ 84 00:04:24,535 --> 00:04:27,793 အဲဒီ စကားလုံးတွေကို ခင်ဗျားတို့ တသက်လုံး မေ့ရနိုင်မှာ မဟုတ်ဘူး 85 00:04:27,829 --> 00:04:31,750 အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီး အများအပြားကို ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်။ 86 00:04:31,850 --> 00:04:34,659 သူတို့ဟာ ဖခင် ပြောခဲ့တဲ့စကားတွေကို မှတ်မိနေကြတုန်းပါပဲ။ 87 00:04:34,659 --> 00:04:36,688 ဘယ်တော့မှ မကြားချင်စရာ စကားလုံးတွေပါ။ 88 00:04:36,688 --> 00:04:39,219 စကားလုံးတွေဟာ စွမ်းထက်ကြပါတယ်။ 89 00:04:39,239 --> 00:04:41,502 သင်ဟာ အဲဒီလို စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ 90 00:04:41,502 --> 00:04:44,651 သင့်ရဲ့ အသိစိတ်ဟာ အဲဒီမုသားစကားတွေနဲ့ ကြီးထွားလာတော့မှာပါ။ 91 00:04:44,651 --> 00:04:48,535 "Nick၊ မင်း သိပ်မတော်သေးဘူး၊ ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူး၊ လက်လျှော့လိုက်တော့’’။ 92 00:04:48,668 --> 00:04:52,404 "မင်း လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ ဇနီးရဲ့ လက်ကိုတောင် ကိုင်ထားနိုင်မှာ မဟုတ်ဘူး။" 93 00:04:52,484 --> 00:04:55,597 "ကိုယ့်ကလေးတွေ ငိုနေချိန်မှာ မချီယူနိုင်စွမ်းတောင် မရှိဘူးဆိုရင်၊ 94 00:04:55,757 --> 00:04:58,261 မင်းဟာ ဘယ်လိုလုပ်ပြီး အဖေ တစ်ယောက် ဖြစ်နိုင်မှာလဲ။" 95 00:04:58,421 --> 00:05:02,113 ကိုယ်ဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာပဲ။ ကိုယ့်မိဘတွေ ကိုယ့်ကို ပွေ့ဖက်ကြမှာပါ။ 96 00:05:02,289 --> 00:05:05,114 ဒါပေမဲ့ သူတို့ရဲ့ ပွေ့ဖက်ခြင်းက ကိုယ့်ကို ကုသမပေးနိုင်ဘူး။ 97 00:05:05,433 --> 00:05:12,248 အရှုံးသာ ပေးလိုက်တော့။ အရှုံပေးလိုက်တော့။ အရှုံးပေးလိုက်တော့။ 98 00:05:12,630 --> 00:05:17,029 အသက် ၈ နှစ် အရွယ်မှာ ကျွန်တော် အဆုံးစီရင် သင့်တယ်လို့ တွေးမိခဲ့တယ်။ ဘာကြောင့်လဲ။ 99 00:05:18,175 --> 00:05:22,380 ကျွန်တော့်ဆီမှာ မျှော်လင့်ချက်တွေ မရှိဘူး၊ မျှော်လင့်ချက် မရှိဘူးလို့ ထင်ခဲ့လို့ပါ။ 100 00:05:23,400 --> 00:05:26,808 ဒီနေ့တွင် သင်တို့ မြင်ကြရသလို ကျွန်တော့်ဆီမှာ မျှော်လင့်ချက် ရှိနေပါပြီ။ 101 00:05:27,287 --> 00:05:31,273 ကိုယ်က ယုံကြည်ပေမဲ့ ကိုယ်မြင်မရနိုင်တဲ့ အရာအတွက် စကားလုံးက ဘာလဲ။ ယုံကြည်မှုပါ။ 102 00:05:31,500 --> 00:05:34,403 စကားလုံးတွေဟာ အရာအများကြီးကို ပြုလုပ်နိုင်စွမ်း ရှိကြတယ်၊ 103 00:05:34,473 --> 00:05:37,646 ပွေ့ဖက်ခြင်းတွေက စကားလုံး တွေထက် ပိုပြီး အစွမ်းထက်ကြပေမဲ့၊ 104 00:05:37,646 --> 00:05:41,907 ပွေ့ဖက်ခြင်းက ဘာကိုမှ လုပ်မပေးနိုင်ရင် ယုံကြည်မှုက ဝင်ပြီး ကူပေးရတယ်။ 105 00:05:41,947 --> 00:05:46,754 ကျွန်တော့်မှာ စကားလုံး‌တွေနဲ့ပွေ့ဖက်မှုတွေ မလုံလောက်ခဲ့ပေမဲ့၊ ယုံကြည်မှု မဲ့နေခဲ့တယ်။ 106 00:05:46,883 --> 00:05:49,161 ဒါကြောင့် အရှုံးပေးချင်စိတ် ပေါ်လာခဲ့တယ်။ 107 00:05:49,161 --> 00:05:54,449 အသက် ၁၀ နှစ်မှာ ၆ လက်မ အနက်ရှိတဲ့ ရေထဲမှာ နှစ်သတ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ 108 00:05:54,780 --> 00:05:56,263 ကျွန်တော့်ရဲ့ အိမ်မှာပါ။ 109 00:05:56,302 --> 00:06:01,281 အဖေ့ကို ကစားနေတာလို့ ရှင်းပြခဲ့ပေမဲ့ တကယ်တော့ ကိုယ့်ဘဝကို အဆုံးစီရင်ချင်ခဲ့တာ။ 110 00:06:01,488 --> 00:06:05,045 ဖြစ်ခဲ့ပုံက မျိုးစုံပါပဲ။ တော်လောက်ပါပြီ။ (ဆာဘီးယန်း ဘာသာစကားနဲ့) 111 00:06:07,456 --> 00:06:10,015 ပမထ နှစ်ကြိမ်မှာ ကျွန်တော် လက်လျှော့ ပေးလိုက်ရတယ်။ 112 00:06:10,572 --> 00:06:14,212 အသက်ရှူမထုတ်မီ အဆုတ်ထဲမှာ လေကို ဘယ် လောက်ကြာ အောင့်ထားနိုင်မလဲ သိချင်ခဲ့တယ်။ 113 00:06:14,668 --> 00:06:19,164 တတိယ အကြိမ်မှာကျတော့ ကိုယ့်ဘဝထဲက အနိုင်ကျင့်ခံရမှာတွေကြောင့်၊ 114 00:06:19,168 --> 00:06:21,740 ကိုယ်ဟာ ကိုယ့်မိဘတွေ အတွက် ဝန်ထုပ်ကြီး ဖြစ်နေတာကြောင့်၊ 115 00:06:21,800 --> 00:06:24,842 ကိုယ့်ဆီမှာ မျှော်မှန်းစရာ အနာဂတ်ရယ်လို့ မရှိခဲ့တဲ့ အတွက်ကြောင့် 116 00:06:24,842 --> 00:06:28,094 ကျွန်တော်ဟာ ဒီလောကကြီးကို စွန့်ပစ် ချင်တယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။ 117 00:06:28,094 --> 00:06:30,465 အဲဒီအချိန်မှာ ကျွန်တော် သဘောပေါက်လိုက်တဲ့ တစ်ချက်က 118 00:06:30,465 --> 00:06:33,290 ကိုယ်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် လိုက်မယ်ဆိုရင် 119 00:06:33,290 --> 00:06:37,067 ကျွန်တော့ မိဘတွေမှာ ရှိနှင့်နေတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ပိုဆိုးလာစေခဲ့မှာကိုပါ။ 120 00:06:37,252 --> 00:06:42,720 ခြေလက်မရှိတဲ့ ကလေးတစ်ယောက် ရှိတာနဲ့ စာရင် မျှော်လင့်ချက် နည်းစရာ 121 00:06:42,720 --> 00:06:45,868 ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ပိုးလေးလံစရာ အရာတစ်ခုပဲ ရှိနိုင်တယ်လေ။ 122 00:06:45,868 --> 00:06:50,284 အဲဒါက ဘာလဲ ဆိုတော့ ဘဝကိုအရှုံး ပေးလိုက်တဲ့ ခြေလက်မရှိတဲ့ ကလေးပါ။ 123 00:06:50,284 --> 00:06:53,192 ကိုယ့်ကို အဆုံးစီရင်ခဲ့လို့ ကျွန်တော့်အဖေနဲ့အမေကို၊ 124 00:06:53,324 --> 00:06:56,914 ပြီးတော့ ကျွန်တော့ ညီအကိုတွေ ကျွန်တော့်အုတ်ဂူမှာ ငိုနေကြတာကို 125 00:06:57,184 --> 00:06:59,743 မြင်ယောင်မိခြင်းက ကျွန်တော့်ကို ကယ်တင်လိုက်တယ်။ 126 00:06:59,743 --> 00:07:03,689 ကျွန်တော့် မိဘတွေက ကျွန်တော်ဟာ နဂိုရှိရင်း အတိုင်း လှပတယ်လို့ မပြောခဲ့ကြရင်၊ 127 00:07:03,689 --> 00:07:06,914 ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ထူးကဲတယ် ချစ်တယ်လို့ မပြောခဲ့ကြရင်၊ 128 00:07:06,984 --> 00:07:09,454 ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။ 129 00:07:09,454 --> 00:07:12,935 လူငယ်တွေကို အားပေးဖို့ ကြိုးစားနေကြတဲ့ မိဘတွေကို ကျွန်တော် အားပေးပါတယ်။ 130 00:07:12,935 --> 00:07:14,551 အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊ 131 00:07:14,551 --> 00:07:17,937 လူငယ်တွေဟာ တံခါးမှာ 'မနှောင့်ယှက်ပါနဲ့' ဆိုတဲ့ စာတန်းကို တပ်လေ့ရှိကြတော့ 132 00:07:17,937 --> 00:07:19,577 ပိုလို့ကို အားပေးဖို့ လိုပါတယ်။ 133 00:07:19,577 --> 00:07:22,420 ကမ္ဘာတစ်ဝန်းက မိဘတွေနဲ့ ဆယ်ကျော်သက်တွေကြား စကားပြောဆိုပုံဟာ 134 00:07:22,420 --> 00:07:25,205 -ကျောင်းမှာ ဘယ်လိုလဲ-ကောင်းတယ် -ဘာသင်ခဲ့လဲ-ဘာမှမသင်ခဲ့ရဘူး' 135 00:07:25,205 --> 00:07:26,970 -အိမ်စာ လုပ်ပြီးပြီလား။-မလုပ်ရသေဘူး။ 136 00:07:26,970 --> 00:07:29,276 တစ်နေ့တာ စကားပြောဆိုကြပုံက အဲဒီလို ပုံစံမျိုးလေ။ 137 00:07:29,276 --> 00:07:32,320 ကိုယ်က ကိုယ့်ကလေးတွေကို လှပပါတယ်လို့ ပြောတဲ့အခါ သူတို့ ပြောလာမှာက 138 00:07:32,320 --> 00:07:35,130 "ဟုတ်တယ်။ ကျွန်ုပ် လှတာပေါ့၊ ခင်ဗျားတို့ရဲ့ သား၊ သမီးပဲလေ။ 139 00:07:35,310 --> 00:07:37,060 ခင်ဗျားတို့ အဲဒီလိုပဲ ပြောကြရမှာပါ။" 140 00:07:37,420 --> 00:07:39,090 ဒါပေမယ့် သူတို့ မှန်ကြပါတယ်။ 141 00:07:39,340 --> 00:07:41,981 လူသား တစ်ဦးချင်းဆီမှာ တန်ဖိုးဆိုတာ ရှိတတ်ပြီး၊ 142 00:07:41,981 --> 00:07:45,348 ကိုယ်တန်ဖိုးကို ကိုယ့် ပုံပန်းကို ကြည့်ပြီး ဆုံးဖြတ် မရနိုင်ပါဘူး၊ 143 00:07:45,738 --> 00:07:48,787 ကိုယ့် အလုပ်တွေ၊ ဘယ်နေရာက လာ‌တာလဲ၊ ဘယ်မှာမွေးတာလဲ၊ 144 00:07:49,197 --> 00:07:52,299 ဘယ်လောက် ပိုက်ဆံရှိတာလဲ၊ အဲဒါတွေ အားလုံးဟာ ဘာမှ အရေးမပါပါဘူး။ 145 00:07:52,299 --> 00:07:56,155 ဆယ်ကျော်သက်တွေက အချင်းချင်း ကျွန်ုပ် တို့ရဲ့ အသွင်အပြင်တွေကို ကျီစယ်ကြတယ်ပေါ့။ 146 00:07:56,193 --> 00:07:58,132 ကျွန်တော်က ဆယ်ကျော် သက်တွေကို မေးတတ်တာက၊ 147 00:07:58,232 --> 00:08:01,553 "မင်းရဲ့ သူငယ်ချင်းအဖြစ် လက်ခံဖို့ ငါဟာ စမတ်ကျတယ် ထင်လား" 148 00:08:01,553 --> 00:08:03,760 သူတို့ ဖြေလေ့​ ရှိကြတာက၊ "သိပ် ဟုတ်တာပေါ့' 149 00:08:03,760 --> 00:08:07,249 ကျွန်တော်က၊ "ငါ့ဆီမှာ ခြေလက် တွေမရှိဘူး"၊ သူတို့က "အဲဒါ အရေးမကြီးဘူးတဲ့" 150 00:08:07,249 --> 00:08:10,034 ကျွန်တော်က "ခြေလက်တွေ မရှိတာ တကယ်ပဲ အရေးမကြီးဘူးလား။" 151 00:08:10,034 --> 00:08:11,946 သူတို့က အရေးမကြီးပါဘူးတဲ့။ 152 00:08:11,946 --> 00:08:14,508 အဲဒါနဲ့ ကျွန်တော်က "အဲဒါ တကယ့်ကို အရေးမကြီးဘူး ဆိုရင်၊ 153 00:08:14,508 --> 00:08:17,470 ဘာကြောင့်များ လူတွေ အချင်းချင်း စကားလုံးတွေနဲ့ ထိုးသတ်နေကြတာလဲ၊ 154 00:08:17,470 --> 00:08:19,113 တကယ့်ကို အရေးမကြီးဘူး ဆိုရင်ပေါ့။" 155 00:08:19,113 --> 00:08:22,239 ကျွန်ုပ်တို့ဟာ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ကြတဲ့ အခါ 156 00:08:22,239 --> 00:08:25,195 တန်ဖိုးထားရမယ့်သူ အစား ရုပ်ဆိုးသူကို မြင်ကြရတာ ဘာဖြစ်လို့လဲ။ 157 00:08:25,195 --> 00:08:28,976 ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက ခင်ဗျားတို့ ရှာဖွေနေကြတာက ဘာများလဲ။ 158 00:08:28,976 --> 00:08:32,646 ကျွန်တော်က ခင်ဗျားတို့ကို ဒေါ်လာတစ်ဘီလီယံ ပေးရင် ခင်ဗျားတို့ စိတ်ချမ်းသာမလား။ 159 00:08:32,716 --> 00:08:36,521 တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဒေါ်လာ တစ်ဘီလီယံ ပေးရင် ကျွန်တော်ပျော်မှာပါ။ 160 00:08:36,521 --> 00:08:38,606 ဒါပေမဲ့ ကျွန်တော့်အမေ ဒီညမှာ ဆုံးသွားရင်၊ 161 00:08:38,732 --> 00:08:41,352 ကျွန်တော် ပျော်နိုင်မလား။ ဘယ်ပျော်နိုင်မလဲဗျာ။ 162 00:08:41,589 --> 00:08:45,408 ကမ္ဘာပေါ် ရှိသမျှ ပိုက်ဆံတွေ ပိုင်တောင် ကျွန်တော် ပျော်နိုင်မှာ မဟုတ်ပါဘူး။ 163 00:08:45,408 --> 00:08:49,610 ဟုတ်တယ်မလား။ ငွေဆိုတာ စိတ်နှလုံးကို မကုစားနိုင်လို့ပါ။ 164 00:08:49,610 --> 00:08:53,502 ဒါကြောင့် ဆယ်ကျော်သက်တွေက အချစ်ကို၊ စိတ်နှလုံးကို ကုစားနိုင်မယ့် အချစ်ကို၊ 165 00:08:53,712 --> 00:08:57,014 အသည်းနှလုံးကို ပြီးပြည့်စုံလာစေမယ့် ချစ်ခြင်းမေတ္တာကို ရှာဖွေနေကြတာပါ။ 166 00:08:57,014 --> 00:09:00,645 ဒါပေမဲ့ လက်မထပ်မီအထိ ကျွန်တော်ဟာ လူပျိုစစ်စစ် ဖြစ်ခဲ့သူပါ။ 167 00:09:00,645 --> 00:09:04,025 ကျွန်တော့ ဇနီးဟာ တကယ့်ကို လှပသူပါ၊ ပထမဆုံးသား မွေးမှာကို စောင့်နေကြတယ်။ 168 00:09:04,025 --> 00:09:07,039 သူမရဲ့လက်ကို ဆုပ်ကိုင်ဖို့ ကျွန်တော့်ဆီမှာ လက်ရှိဖို့ မလိုပါဘူး၊ 169 00:09:07,039 --> 00:09:09,397 ကျွန်တော် ပွေ့ပိုက်ထားချင်တာက သူ့နှလုံးသားကိုပါ။ 170 00:09:09,397 --> 00:09:12,190 ကျွန်တော့် ကလေးကို ဘယ်လိုပွေ့ဖက်မှာကို ခင်ဗျားတို့ သိကြလား။ 171 00:09:12,190 --> 00:09:14,919 ကလေးတွေ ကျွန်တော့်ဆီလာကြတာ အများကြီး၊ အံ့အားသင့်စရာကြီးပဲ။ 172 00:09:14,919 --> 00:09:18,728 လည်ပင်းရဲ့ နောက်မှာ သူတို့လက်တွေ ချိတ် ထားရင်း လည်ပင်းနဲ့ ကျွန်တော့်ကို ဖက်ကြတယ်။ 173 00:09:18,728 --> 00:09:21,402 ကျွန်တော့ ဘဝမှာ၊ ဘဝထဲက အဆိုးဆုံး အစိတ်အပိုင်းကိုတောင်မှ၊ 174 00:09:21,402 --> 00:09:24,178 အကောင်းဘက်ကို ပြောင်းလဲရနိုင်တာကို ကျွန်တော် သိနားလည်မိတယ်။ 175 00:09:24,178 --> 00:09:25,663 ပိုလို့ကို ထူးကဲလာစေနိုင်ပါတယ်။ 176 00:09:25,943 --> 00:09:29,499 ဆယ်ကျော်သက်တွေ အချစ်ကို ရှာဖွေနေကြပြီး သူတို့ လုပ်ချင်ကြတဲ့ အရာတွေက၊ 177 00:09:29,749 --> 00:09:31,845 လက်မထပ်မီ ဖိုမဆက်ဆံဖို့ကိုပါ။ 178 00:09:32,065 --> 00:09:35,870 ကျွန်တော့် အတွက် လက်မထပ်ပဲ ဖိုမဆက်ဆံ ခြင်းဟာ ၅ ဒေါ်လာတန်တဲ့ Gucci နာရီလိုပါပဲ။ 179 00:09:36,070 --> 00:09:38,456 လက်ထပ်ပြီး လူတစ်ယောက်နဲ့ ဖိုမဆက်ဆံခြင်းဟာ၊ 180 00:09:38,516 --> 00:09:42,596 ကိုယ့်ကိုချစ်ပြီး ဘဝ တစ်သက်တာလုံး ကိုယ့်ကို သစ္စာရှိသူ၊ ကိုယ့်ကလေးရဲ့ 181 00:09:42,596 --> 00:09:45,596 အဖေ (သို့) အမေ ဖြစ်လာမယ့်သူနဲ့ ဖိုမဆက်ဆံခြင်းကမှ အချစ်စစ်စစ်ပါ။ 182 00:09:45,596 --> 00:09:48,481 ခင်ဗျားတို့ဟာ ကြိုက်သလောက် လူတွေ အများကြီးနဲ့ အိပ်နိုင်ပေမဲ့၊ 183 00:09:48,481 --> 00:09:51,855 "သူတို့ ငါ့ကို ချစ်ရဲ့လား" ဆိုတာ ခင်ဗျားတို့ သေချာပေါက် မသိနိုင်ဘူးလေ။ 184 00:09:51,855 --> 00:09:55,108 အချစ်ဆိုတာ တစ်သက်လုံးအတွက် ပေးရတဲ့ ကတိပါ။ ဘဝထဲ ရွေးရတာတွေ ရှိတတ်တယ်။ 185 00:09:55,108 --> 00:09:58,428 ကျွန်တော်တို့ စောင့်ကြည့်နေကြတုန်း။ ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။ 186 00:09:58,428 --> 00:10:01,544 တစ်ကြိမ်ပဲ နေထိုင်ရတော့၊ အရက်ကို သောက်ချင်ရင် သောက်နိုင်တာပေါ့ဗျာ။ 187 00:10:01,544 --> 00:10:04,185 သင် ယုံကြည်တဲ့ ဘဝပုံစံက အဲဒါမျိုး ဆိုလည်း ကောင်းပါပေ့။ 188 00:10:04,185 --> 00:10:06,728 ကျွန်တော်က လောဘကြီးတယ်၊ အသက် ၉၀ ထက် ပိုပြီးနေချင်တယ်။ 189 00:10:06,728 --> 00:10:08,968 ကျွန်တော် နှစ်ပေါင်း ကု​ဋေချီပြီး နေချင်ပါတယ်။ 190 00:10:08,968 --> 00:10:12,918 ပြီးတော့ ကျွန်တော် သိသေးတာက၊ နေ့စဉ်နဲ့ အမျှ ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီဘဝကို၊ 191 00:10:13,284 --> 00:10:16,513 အခြားသူတွေရဲ့ဘဝနဲ့ ကျွန်တော့် ထာဝရအသက်ကို သက်ရောက်မယ် ဆိုတာကိုပါ။ 192 00:10:16,948 --> 00:10:22,939 ကိုယ်ဟာ ဘယ်သူလဲ၊ ဒီနေရာကို ရောက်ရှိနေတာ ဘာကြောင့်လဲ ကိုယ်ဟာ သိဖို့ လိုအပ်တယ်။ 193 00:10:23,093 --> 00:10:27,251 William Barkley ပြောခဲ့ဘူးတာက၊ လူတိုင်း ရဲ့ ဘဝထဲမှာ အထူးကဲဆုံး ရက် ၂ ရက်ရှိပါတယ်- 194 00:10:27,251 --> 00:10:30,695 ကိုယ် မွေးဖွားခဲ့တဲ့ နေ့နဲ့ ဘာကြောင့် မွေးခဲ့တာကို ကိုယ် သိလာတဲ့ နေ့ပါ။ 195 00:10:31,311 --> 00:10:33,355 ဒါကြောင့် "အား၊ ငါအရုပ်ဆိုးလိုက်တာ။" 196 00:10:33,355 --> 00:10:36,813 မဟုတ်ဘူး၊ ငါဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ လှပါတယ်လေ။ 197 00:10:36,953 --> 00:10:40,859 တကယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘူး ဆိုရင်၊ မိန်းကလေးတွေ တော်တော်များလိုပဲ၊ 198 00:10:40,899 --> 00:10:44,415 စိတ်ပိုင်းအရ အလွှဲသုံးစားလုပ်တတ်ကြတဲ့ ချစ်သူတွေနဲ့ ဆက်နေနေကြတာက၊ 199 00:10:44,455 --> 00:10:47,657 "သူနဲ့ပြတ်ရင် ဘယ်သူက ကျွန်မကို လိုချင်မှာလဲ" စိုးရိမ်နေကြလို့ပါ။ 200 00:10:47,657 --> 00:10:51,151 ခင်ဗျားတို့ တွေ့မြင်ကြသလို ကျွန်တော်တို့ အားလုံးက အချစ်ကို လိုချင်ကြတယ်လေ။ 201 00:10:51,151 --> 00:10:54,069 အဲဒါက ကျွန်တော်တို့ ရံဖန်ရံခါ လုပ်တတ်ကြတာရဲ့ အကြောင်းရင်းပါပဲ။ 202 00:10:54,069 --> 00:10:55,437 လူအုပ်ထဲမှာ ဝင်ဆံ့နိုင်ဖို့၊ 203 00:10:55,437 --> 00:10:57,516 ကျွန်တော် ကျိန်ပြောရဲတယ်၊ အပြတ်သားနားရမယ်- 204 00:10:57,576 --> 00:10:58,860 လောကကြီးက အဲဒါမျိုးလေ။ 205 00:10:58,860 --> 00:11:02,868 "ငါ သူမနဲ့ တူချင်လိုက်တာ၊ ငါသာ သူ့ထက် အရပ် ပိုရှည်/တိုခဲ့ရင်၊ သားနား နာမည်ကြီးခဲ့ရင်" 206 00:11:02,868 --> 00:11:05,521 ကိုယ်က ဘာတွေပဲ လိုချင်လိုချင် မလုံလောက်နိုင်ပါဘူး။ 207 00:11:05,688 --> 00:11:07,768 အမှန်တရားကို သင် ရှာမတွေ့မချင်းပေါ့လေ။ 208 00:11:07,868 --> 00:11:11,170 ကျွန်တော့်ကို အံ့အားသင့်ဖွယ်၊ ပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားတာပါ။ 209 00:11:11,170 --> 00:11:14,218 ကျွန်တော့် ဘဝအတွက် ကြီးမားတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ 210 00:11:14,218 --> 00:11:16,698 ကျွန်တော် ဒီမှာ ရှိနေတာ အကြောင်းရှိတယ်။ 211 00:11:16,698 --> 00:11:19,725 ကျွန်တော့်မှာ အံ့ဩဖွယ်ရာ မရှိတာလည်း အမှန်ပါ။ 212 00:11:19,725 --> 00:11:23,315 ဒါပေမဲ့၊ အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်တဲ့ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီး၊ 213 00:11:23,315 --> 00:11:26,066 ကျွန်တော့်ရဲ့ ဗီဒီယိုထဲမှာ ဖိနပ်တစ်စုံလည်း အသင့်ရှိနေတယ်။ 214 00:11:26,066 --> 00:11:27,088 ဘာကြောင့်လဲ ဆိုတော့၊ 215 00:11:27,088 --> 00:11:30,468 မျက်မမြင်တွေ မြင်ကြတာ၊ စွံအသူတွေ ကြားနိုင်ကြတာ မြင်တွေ့ခဲ့ဘူးလို့ပါ။ 216 00:11:30,468 --> 00:11:33,993 ခင်ဗျားတို့ ကျွန်တော်ကို မယုံလည်း ရပါတယ်၊ အဲဒါကို ကင်မရာနဲ့ ရိုက်ထားတယ်လေ။ 217 00:11:33,993 --> 00:11:36,205 ဒါပေမဲ့၊ ကျွန်တော် နားလည်တာ တစ်ခုရှိတယ်။ 218 00:11:36,205 --> 00:11:38,948 ဘုရားသခင်က ကျွန်တော့် အခြေအနေကို ပြောင်းလဲမပေးဘူး ဆိုရင် 219 00:11:38,948 --> 00:11:42,066 ကျွန်တော့်ဘဝကို အခြားသူအတွက် အံ့သြဖွယ်အဖြစ် အသုံးပြုနိုင်မှာကိုပါ။ 220 00:11:42,136 --> 00:11:43,754 အံ့ဩဖွယ်ကို ကိုယ် မရရှိလိုက်ပေမဲ့၊ 221 00:11:43,754 --> 00:11:46,729 ကိုယ်ဟာ တစ်စုံတစ်ယောက် အတွက် အံ့သြဖွယ်ရာ ဖြစ်နိုင်ပါသေးတယ်။ 222 00:11:46,729 --> 00:11:49,829 ကျွန်တော် လှပတဲ့ ဇာတ်လမ်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ 223 00:11:49,859 --> 00:11:52,589 ကျွန်တော် ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ နေထိုင်ခဲ့တယ်။ 224 00:11:52,589 --> 00:11:54,458 ကျွန်တော့်ဆီမှာ အဖွဲ့ ၂ ဖွဲ့ ရှိခဲ့ကြရာ 225 00:11:54,638 --> 00:11:58,231 အမြတ်မရှာတဲ့ အဖွဲ့အစည်းနဲ့ အမြတ်ရဖို့ လုပ်ကိုင်တဲ့ အဖွဲ့အစည်းပါ။ 226 00:11:58,231 --> 00:12:02,039 ကျွန်တော် ၂၀၀၇ နဲ့၂၀၁၀ ခုနှစ်ကြား ခန့် မှန်းခြေ အကြိမ် ၁၀၀၀ လောက် ဟောပြောခဲ့ပြီး 227 00:12:02,366 --> 00:12:04,816 လေယာဉ်စီးပြီး အကြိမ် ၆၀၀ လောက် ခရီးထွက်ခဲ့ရတယ်။ 228 00:12:05,007 --> 00:12:08,680 ကျွန်တော် လူ ၄.၅ သန်းလောက်ကို မျက်နှာ ချင်းဆိုင် ဟောပြောခဲ့ပြီး အခုဆာဗီးယားကို 229 00:12:08,810 --> 00:12:14,285 ရောက်နေစဉ် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ မီဒီယာမှတစ်ဆင့် ၅ သန်း ပြည့်လာခဲ့ပြီ။ 230 00:12:15,095 --> 00:12:18,865 ဒါကြောင့်၊ ကျွန်တော်တို့မှာ အခြားသူတွေ ချစ်ဖို့ လူ့နှလုံးသား ရှိပါတယ်။ 231 00:12:19,391 --> 00:12:22,950 လူတွေကို တစ်ဦးနဲ့တစ်ဦး ချစ်စေချင်တယ်၊ မိမိကိုယ်မိမိလည်း ချစ်ဖို့လိုတယ်၊ 232 00:12:22,950 --> 00:12:26,160 ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးကြပါ၊ ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။ 233 00:12:26,160 --> 00:12:29,305 ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို ရှာဖွေကြနေတယ်၊ ဟုတ်တယ်မလား။ 234 00:12:29,305 --> 00:12:32,650 ခင်ဗျားတို့ ဘာကို ရှာဖွေကြနေတာလဲ။ ပိုက်ဆံ၊ ဆေးဝါး၊ လိင်ဆက်ဆံမှု၊ အရက်၊ 235 00:12:32,650 --> 00:12:35,658 ကာမရာဂစိတ်ကို လှုံဆော်တဲ့ အရာ၊ ကျော်ကြားမှု၊ အခွင့်အလမ်းတွေလား။ 236 00:12:35,777 --> 00:12:38,528 ဘယ်တော့မှ ကျေနပ်နိုင်မှာ မဟုတ်ဘူး။ 237 00:12:38,528 --> 00:12:40,538 ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။ 238 00:12:40,688 --> 00:12:44,516 ဒါပေမဲ့ စိတ်ချမ်းသာမှုကို လိုအပ်ရင် ဒါကို စဉ်းစားကြည့်ကြပါ။ 239 00:12:45,146 --> 00:12:49,331 လွန်ခဲ့တဲ့ ၅-၆ နှစ်တုန်းက ကျွန်တော် အသက် ၂၄ နှစ်တွင် ကယ်လီဖိုးနီးယားမှာ နေခဲ့တယ်။ 240 00:12:49,808 --> 00:12:52,208 ကျွန်တော်နဲ့ တူတဲ့လူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးဘူး။ 241 00:12:52,408 --> 00:12:56,326 ကျွန်တော် အသက် ၁၀ နှစ်တုန်းက ကျွန်တော်နဲ့ တူတဲ့လူ တစ်ယောက်ယောက်နဲ့ တွေ့ချင်ခဲ့တယ်။ 242 00:12:57,140 --> 00:13:00,023 ဘယ်တုန်းကမှ လက်တွေ့ ဖြစ်မလာခဲ့ဘူး။ အံ့ဩဖွယ်ရာ ဖြစ်မလာခဲ့ဘူး။ 243 00:13:00,023 --> 00:13:03,127 အသက်၂၄ နှစ်မှာ ကယ်လီဖိုးနီးယားတွင် ကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊ 244 00:13:03,127 --> 00:13:06,380 ခြေလက်တွေ မရှိဘဲ ကျွန်တော်နဲ့ တူခဲ့ပြီး ၁၉ လအရွယ် ကလေးလေးပါ။ 245 00:13:07,871 --> 00:13:10,536 သူလည်း အနိုင်ကျင့်ခံရမှာကို ကျွန်တော် သိခဲ့တယ်၊ 246 00:13:11,696 --> 00:13:14,882 သူဟာ စိတ်ဓာတ်ကျမှုတွေ ဖြတ်ကျော်ရမှာ၊ အထီးကျန်လို ခံစားရမှာ၊ 247 00:13:15,012 --> 00:13:18,867 ချစ်သူ ရှိမှရှိပါ့မလား သူစိုးရိမ်မိမှာ၊ စသဖြင့် ကျွန်တော် နားလည်ခဲ့တယ်။ 248 00:13:21,527 --> 00:13:25,420 ဒါနဲ့ လူ ၂၀၀၀ တို့ရဲ့ရှေ့မှာ ကလေးကို စင်ပေါ် ခေါ်လာဖို့ ဖခင်ကို ပြောလိုက်တယ်။ 249 00:13:27,163 --> 00:13:29,490 ခန်းမထဲက လူတိုင်းဟာ ငိုနေခဲ့ကြတယ်။ 250 00:13:30,478 --> 00:13:33,208 အဲဒီဖြစ်ရပ်က ကိုယ်ဟာ အံ့ဩဖွယ်ရာ တစ်ခုခုကို မရရှိခဲ့ပေမဲ့၊ 251 00:13:33,568 --> 00:13:36,538 ကိုယ်ဟာ အခြားသူ တစ်ယောက်ယောက် အတွက် အံ့ဩဖွယ်ရာ ဖြစ်နိုင်တာကို 252 00:13:36,728 --> 00:13:39,524 တကယ့်ကို လက်တွေ့ လုပ်ပြပြီး သက်သေထူပြမှုပဲ ဖြစ်ခဲ့ပါတယ်။ 253 00:13:39,904 --> 00:13:42,798 ကျွန်တော် လူစွမ်းကောင်း မဟုတ်ပါဘူး၊ သင်တို့လိုပါပဲ၊ 254 00:13:42,798 --> 00:13:45,958 ဘဝထဲ အနိမ့်အမြင့်တွေကို ကျော်ဖြတ်နေရသူပါ။ 255 00:13:46,018 --> 00:13:49,089 ဒါပေမဲ့ တစ်ခါတစ်လေ တစ်ရက်လောက် အချိန်ယူပြီး၊ ကိုယ်ဟာ ဘယ်သူလဲ၊ 256 00:13:49,089 --> 00:13:52,138 ဒီမှာ ရှိနေတာ ဘာကြောင့်လဲကို သိရှိထားလို့ စိတ်ချမ်းမြေ့နေပြီလား၊ 257 00:13:52,138 --> 00:13:55,338 ဒီမှာမရှိတဲ့အခါ ကိုယ်ဟာ ဘယ်ကိုဆက်သွားမှာလဲ ဆိုတာကို ဆန်းစစ်ကြည့်ပါ။ 258 00:13:55,448 --> 00:13:58,983 ကျွန်တော့် အတွက်ကျတော့၊ ကျွန်တော် ဘယ်လို ကျော်ဖြတ်ခဲ့တာကို နားလည်ချင်တယ်။ 259 00:13:59,133 --> 00:14:01,168 ကျွန်တော့်မှာ နံရံတွေ တစ်ခုမှ မရှိတော့ဘူး 260 00:14:01,168 --> 00:14:04,833 ကျွန်တော့် စာအုပ်အမည်က "အကန့်အသတ် မရှိသော ဘဝ" ဆိုတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ။ 261 00:14:04,833 --> 00:14:07,815 ကျွန်တော် ရုပ်ရှင်တိုမှာ သရုပ်ဆောင်ခဲ့ရာ ဆု ၃၀ ကို ရရှိခဲ့တယ်။ 262 00:14:07,815 --> 00:14:10,878 ကျွန်တော်ဟာ ရုပ်ရှင်တိုထဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရခဲ့တယ်။ 263 00:14:10,878 --> 00:14:13,278 ကျွန်တော် ကိုယ်ပိုင် ဂီတဗီဒီယိုကို ထုတ်လုပ်ခဲ့တယ်။ 264 00:14:13,278 --> 00:14:17,338 ကျွန်တော့ စာအုပ်နှစ်အုပ်ထဲက ပထမတစ်အုပ်ကို ဘာသာစကား ၃၀နဲ့ စောင်ရေ ၈၀၀၀၀၀ ထုတ်ပြီးပြီ။ 265 00:14:17,338 --> 00:14:21,513 အသက် ၂၉ နှစ်မှာ ကျွန်တော် ဘယ်သူလဲ ဆိုတာ သိတဲ့ လူတွေ တစ်ဘီလီယံ ရှိပါတယ်။ 266 00:14:21,741 --> 00:14:25,174 ကျွန်တော့် နာမည်ကို၊ အခြေအနေကို ကြွားဖို့အတွက် ပြောနေတာ မဟုတ်ပါဘူး၊ 267 00:14:25,224 --> 00:14:28,130 ကျွန်တော်ဟာ ခင်ဗျားတို့လိုပါပဲ ဆိုတာ ယုံကြည်စေလိုပါတယ်။ 268 00:14:28,130 --> 00:14:31,477 ဒါပေမဲ့၊ ကျွန်တော်က ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးနိုင်တယ် ဆိုတော့ 269 00:14:31,477 --> 00:14:34,909 ဒီလို လုပ်နိုင်တာ သိရှိရလို့ ခင်ဗျားတို့ပါ အားတက်မိကြမှာကို ခံစားမိပါတယ်။ 270 00:14:34,909 --> 00:14:36,402 နံရံတွေဆိုတာ မရှိပါဘူး။ 271 00:14:36,402 --> 00:14:40,286 စိတ်ချမ်းမြေ့မှုကို ရှာယူပြီး နံရံတွေကို ပြတင်းပေါက်တွေအဖြစ် ပြောင်းပစ်လိုက်ကြပါ။ 272 00:14:40,778 --> 00:14:42,139 ကျေးဇူးအများကြီးတင်ပါတယ်။ 273 00:14:42,139 --> 00:14:45,231 (လက်ခုပ်သံ)