ဒဿနပညာရှင် Plato တစ်ခါက
ပြောဖူးတာက
"ဂီတဟာ စကြာဝဠာကို ဝိဉာဉ်တစ်ခု၊
စိတ်ကို အတောင်ပံတွေ၊
စိတ်ကူးကို ပျံသန်းမှုနဲ့
အရာတိုင်းကို ရှင်သန်မှုပေးတယ်"တဲ့။
ဂီတဟာ ကျွန်မဘဝ အစိတ်အပိုင်းကြီးတစ်ခု
အမြဲ ဖြစ်တယ်
ဂီတဖန်တီးတာနဲ့ ဖျော်ဖြေမှုက
သင့်ကို လူတွေ၊ အဝေးက နိုင်ငံတွေနဲ့
ဘဝတာတွေကို ဆက်သွယ်ပေးတယ်။
သင်နဲ့အတူ တီးမှုတ်နေတဲ့ လူတွေနဲ့
သင့်ပရိတ်သတ်နဲ့
သင်ကိုယ်တိုင်နဲ့
သင့်ကို ဆက်သွယ်ပေးတယ်။
ကျွန်မ ပျော်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊
ငြီးငွေ့တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ
ဂီတကို နားထောင်တယ်၊ ဖန်တီးတယ်။
ငယ်ငယ်တုန်းက စန္ဒရားတီးခဲ့တယ်၊
နောက်တော့ ဂစ်တာစသင်ခဲ့တယ်။
အထက်တန်းမှာ စခဲ့တာကြောင့်
ဂီတဟာ ကိုယ်ပိုင်
အစိတ်အပိုင်းဖြစ်ခဲ့တယ်။
တီးဝိုင်းတိုင်းမှာ ပါခဲ့တယ်၊
ဂီတအနုသုခုမပွဲတိုင်း ပါဝင်ခဲ့တယ်။
ဂီတက ကျွန်မကို ဝိုင်းရံထားတယ်
ကိုယ်ဘယ်သူဆိုတာ ဖန်တီးပေးတယ်
ကိုယ့်ကို ပိုင်ဆိုင်ရာတစ်ခုပေးခဲ့တယ်။
ကဲ ဒီအရာဟာ စည်းချက်တွေနဲ့အတူ
အမြဲရှိနေခဲ့တယ်။
ငယ်ရွယ်တာကို အမှတ်ရမိတယ်
ကျောင်းရဲ့ စင်္ကြံတွေမှာလျှောက်ပြီး
ခြေထောက်ပေါ် လက်တွေနဲ့
(သို့) သွားတွေကိုရိုက်ရင်းကိုယ့်ကိုယ်ကို
စည်းချက်ခေါက်နေတာပေါ့။
ဒါက စိတ်ရှုပ်စရာ အကျင့်ပါ။
ကျွန်မ အမြဲ စိတ်ရှုပ်တယ်
စည်းချက်တွေကို ထပ်ကျော့တာ
ကျွန်မကြိုက်တယ်ထင်တယ်။
ဒါက တည်ငြိမ်စေတာပါ။
ဒီနောက် အထက်တန်းမှာ
ဂီတသီအိုရီ စတင်ခဲ့ပြီး
တက်ခဲ့ဖူးသမျှမှာ အကောင်းဆုံးသင်တန်းပါ။
ဂီတအကြောင်း သင်နေခဲ့ကြတယ်၊
ကျွန်မ မသိတဲ့ သီအိုရီတို့၊ သမိုင်းတို့လို
အရာတွေပေါ။
ဒါက အခြေခံအနေနဲ့ သီချင်းတစ်ပုဒ်ကို
နားထောင်တာသက်သက် အတန်းတစ်ခုပါ။
ကိုယ့်ကို ဘယ်အနက်ဆောင်တာ
ဆွေးနွေး၊
ဒါကို သရုပ်ခွဲတယ်၊
၎င်းအထာက ဘယ်လိုဆိုတာ မှန်းဆတာပါ။
ဗုဒ္ဓဟူးနေ့တိုင်း "စည်းချက် သတ်ပုံ"
လို့ခေါ်တာတစ်ခု လုပ်ကြတယ်၊
ဒီမှာ ကျွန်မ အတော်လေးတော်တယ်
ကျွန်မတို့ဆရာက တိုင်းတာမှု ပမာဏနဲ့
အချိန်ပြ သင်္ကေတပေးတယ်၊
နောက် စည်းချက်တစ်ခု ကျွန်မတို့ကိုပြောကာ
ကျွန်မတို့က ဆီလျော်တဲ့ ရပ်နားမှုတွေ၊
သင်္ကေတတွေ ရေးချရတယ်။
ဒီလိုမျိုးပေါ့။
တာ တာ တပ် ‘အတပ် ‘အ တာ
တာ တပ်‘အ‘တပ်‘အ‘တပ်‘အ တပ်‘အ
ကျွန်မ ဒါကို သဘောကျတယ်။
စည်းချက်ရဲ့ ရိုးစင်းမှုပါ
အခြေခံ နှစ်ကနေ လေး အတိုင်းအတာလိုင်းပါ
ပြီးတော့ ဒါတွေတစ်ခုစီက ဇာတ်လမ်းတစ်ပုဒ်
ပြောသလောက်ပါ၊
ဥပမာ ဒါတွေမှာ အစွမ်းအများကြီးရှိပြီး
လုပ်ဖို့လိုတာက တေးသွားဖြည့်တာပါ။
(ဂစ်တာတီး)
စည်းချက်တွေဟာ ထိပ်မှာ တီးခတ်ဖို့ တေးသွား
တွေနဲ့ သဟဇာတဖြစ်မှုအတွက် အုတ်မြစ်ချပေးတယ်
ဖွဲ့စည်းမှုနဲ့ တည်ငြိမ်းမှုကိုပေးတယ်။
ကဲ ဂီတမှာ ဒီအပိုင်းတွေရှိပါတယ်။
စည်းချက်၊ တေးသွားနဲ့ သဟဇာတဖြစ်မှုပါ၊
ကျွန်မတို့ ဘဝတွေလိုပေါ့။
ဂီတက စည်းချက်ရှိရာမှာ
ကျွန်မတို့က လုပ်ရိုးလုပ်စဉ်တွေ၊
အကျင့်တွေရှိတယ်။
ဘာ လုပ်ဖို့လိုတာမှတ်မိဖို့
လမ်းကြောင်းမှာနေဖို့၊ ရှေ့ဆက်နေဖို့
ကျွန်မတို့ကို ကူညီပေးတာတွေပေါ့။
သင် သတိမထားမိနိုင်လောက်ပေမဲ့
အြမဲ အဲဒီမှာရှိပါတယ်။
(ဂစ်တာတီးသည်)
ဒါက ရိုးစင်းပုံရပါတယ်၊
၎င်းသီးသန့်ဆို ငြီးငွေ့ဖွယ်ကောင်းပုံရပေမဲ့
၎င်းက နရီနဲ့ နှလုံးခုန်သံကိုပေးတယ်၊
နောက် သင့်ဘဝထဲက အရာတွေကို
ဒီမှာ ထပ်ပေါင်းတယ်၊
ဖွဲ့စပ်ပုံပေးရင်း
ဒါက သင့််မိတ်ဆွေတွေ၊ သင့်မိသားစုနဲ့
သင့်ဘဝနဲ့ သင့်သီချင်းထဲမှာ
သင်ဖန်တီးသမျှ အရာတိုင်းကို
သဟဇာတဖြစ်တဲ့ ဖွဲ့စည်းမှုတစ်ခုပါ။
သဟာဇာဖြစ်မှုတွေလို
အချီအချတွေနဲ့
ဒါကို သံစုံဖန်တီးတဲ့ အရာမှန်သမျှပါ။
ဒါတွေက လှပတဲ့ မိတ်ဖက်သံတွေနဲ့
အဆင်တွေ ဖန်တီးပေးတယ်။
(ဂစ်တာတီးသည်)
ဒီနောက် သင် အဲဒီမှာပါ၊
အရာတိုင်းရဲ့ ထိပ်ဆုံးမှာ သင်တီးခတ်တယ်၊
စည်းချက်တွေနဲ့ ရိုက်ချက်ရဲ့ ထိပ်ဆုံးမှာပါ၊
အကြောင်းက သင်က တေးသွားဖြစ်လို့ပါ။
အရာတွေဟာ ပြောင်းလဲ၊ ဖြစ်ပေါ်ပေမဲ့
ကျွန်မတို့ဘာလုပ်လုပ် အရေးမပါဘူး
ကျွန်တို့ဟာ ဒီလူတွေပဲဖြစ်တုန်းလေ။
သီချင်းနဲ့ တေးသွားတွေ ဖြစ်ပေါ်တဲ့
တစ်လျှောက်
သီချင်းက ဒီသီချင်းပဲလေ။
ကျွန်မတို့ဘာလုပ်လုပ်ပါ၊
စည်းချက်တွေကတော့ ရှိနေဆဲပါ
နရီနဲ့ နှလုံးခုန်သံ
ကျွန်မ ထွက်မသွားမချင်းပါ။
နောက် ကောလိပ်တက်ခဲ့တော့
အရာတိုင်း ပျောက်ကွယ်သွားတယ်။
ပထမဆုံး တက္ကသိုလ်ရောက်တော့
ဆုံးရှုံးမှုခံစားရတယ်။
တလွဲမထင်ပါနဲ့ဦး၊ တစ်ခါတစ်လေတော့
နှစ်သက်ပါတယ်၊ အရမ်းကောင်းပေမဲ့
အြခားအချိန်တွေမှာတော့
ကိုယ့်အားကိုယ်ကိုးဖို့ တစ်ဦးတည်း
ချန်ထားခံရသလို ခံစားရတယ်။
ဒါက ကိုယ့်သဘာဝ ဝန်းကျင်ကနေ
ထုတ်ယူခံလိုက်ရပြီး
နေရာသစ်တစ်ခုမှာ ထားတာမျိုးပါ
အဲဒီမှာက စည်းချက်တွေနဲ့ သဟဇာတဖြစ်မှုတွေနဲ့
ပုံစံက ပျောက်ကွယ်ကာ
ကျွန်မပဲရှိတော့တယ်..
(ဂစ်တာတီးသည်)
တိတ်ဆိတ်မှုနဲ့ တေးသွားပါ
ပြီးတော့ စတင်ယိမ်းထိုးတာတောင်မှ
ကိုယ်ဘာလုပ်နေမှန်း မသိခဲ့တော့
ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့
မိတ်ဖက်သံတွေ မရှိဘူး
ဒါမှမဟုတ် စည်းချက်၊
ဒါမှမဟုတ် နရီသိဖို့ ရိုက်ချက်ပေါ့။
(ဂစ်တာတီးသည်)
ဒီနောက် ဒီအခြား အသံတွေအားလုံးကို
စကြားလာခဲ့တယ်။
(ဂစ်တာတီးသည်)
ပြီးတော့ ဒါတွေက အချိန်ကိုက် မဟုတ်၊
သံစဉ်ကိုက် မဟုတ်ပါ။
ဒါတွေအနီးမှာ ရောက်ရှိခဲ့လေလေ
တေးသွားဟာ ၎င်းတို့အသံမျိုး
ထင်ရလေလေပါ။
တဖြည်းဖြည်း ကိုယ့်ကိုယ်ကို
စပျောက်ဆုံးလာတယ်၊
ရေစီးမှာပါသွားသလိုမျိုးပါ။
ဒါပေမဲ့ နောက်တဒင်္ဂမှာတော့
(ဂစ်တာတီးသည်)
ဒါကို ကျွန်မ ကြားနိုင်ခဲ့တယ်၊
ပြီးတော့ ခံစားလို့ရခဲ့တယ်၊
ဒါက ကျွန်မ ဖြစ်ခဲ့တယ်၊
ကျွန်မက ဒီမှာရှိခဲ့တယ်။
ပြီးတော့ ဒါက ကွဲပြားပေမဲ့
ပိုဆိုးမသွားဘူး။
အနည်းငယ် ပြောင်းလဲရုံလေးပါ။
ဂီတဟာ ကျွန်မဘဝထဲက အပြောင်းအလဲတွေကို
ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းပါ။
ဂီတနဲ့ဘဝကြားမှာ လှပတဲ့
ဆက်သွယ်မှုတစ်ခုရှိတယ်။
ပကတိတရားနဲ့ ချည်ပေးနိုင်တယ်
တစ်ချိန်တည်းမှာ
ကျွန်မတို့ကို လွတ်မြောက်စေတယ်။
ဂီတဟာ သင့်ကိုယ်တွင်းမှာ
ရှင်သန်တဲ့ တစ်ခုခုပါ။.
သင်က ဒါကဖန်တီးပြီး
ဒါက သင့်ကိုဖန်တီးလိုက်တယ်။
ကျွန်မတို့ဘဝတွေဟာ ဂီတနဲ့
လမ်းညွှန်ခံရတာတင်မက
ဂီတရဲ့ သီဖွဲတာပါခံရတယ်။
ဒီတော့ ဆွဲဆန့်မှုတစ်ခုလို ဖြစ်ပုံရပေမဲ့
ပြီးအောင် နားဆင်ပါဦး။
ဂီတဟာ ကျွန်မတို့ ဘာဆိုတာနဲ့
ကျွန်မတို့ဝန်းကျင်က အရာအားလုံးရဲ့
အခြေခံ အစိတ်အပိုင်းတစ်ခုပါ။
အခု ဂီတက ကျွန်မ စွဲလမ်းမှုပါ
ဒါပေမဲ့ ရူပဗေဒကလည်း ကျွန်မ
စိတ်ဝင်စားမှုဖြစ်ဖူးတယ်။
ပိုလေ့လာလေလေ
ဒီနှစ်ခုကြားက ဆက်စပ်မှုကို
ပိုမြင်ခဲ့လေလေပါ၊
အထူးသဖြင့် ကြိုးသီအိုရီနဲ့စပ်လို့ပေါ့။
ဒါက သီအိုရီများစွာထဲက
တစ်ခုပဲဆိုတာ သိပေမဲ့
ဒါက ကျွန်မကို ပြောခဲ့တယ်။
ဒီတော့ ကြိုးသီအိုရီရဲ့ ရှုထောင့်တစ်ခုက
အရိုးရှင်းဆုံးပုံစံအရ ဒါပါ၊
ဒြပ်ဟာ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတယ်၊
ဒါတွေက ပရိုတွန်၊ နူထရွန်နဲ့
အီလက်ထရွန်တွေနဲ့ ဖွဲ့စည်းထားတယ်၊
ဒါတွေက ဒြပ်မှုန်တွေနဲ့ ဖွဲ့စည်းတယ်။
ဒီမှာက ကြိုးကဏ္ဍ ပါဝင်ရာပါ။
ဒီဒြပ်မှုန်ဟာ ကြိုးခွေလေးတွေနဲ့
ဖွဲ့စည်းထားပြီး
ဒီကြိုးတွေရဲ့ တုန်ခါမှုတွေဟာ
အရာတိုင်းကို အရှိအတိုင်းဖန်တီးတယ်။
တစ်ခါက "စကြာဝဠာ အကျဉ်းချုပ်"
လို့ခေါ်တဲ့ ပို့ချက်ချက်ထဲမှာ
Michio Kaku က ဒါကို ရှင်းပြတယ်၊
အဲဒီမှာ သူဆိုတာက
"ကြိုး သီအိုရီက စကြာဝဠာရဲ့ အားလေးခု
ကမ္ဘာမြေဆွဲအား၊ လျှပ်စစ်သံလိုက်အားနဲ့
ကြီးမားတဲ့ အားနှစ်ခုကို
ဂီတအဖြစ် ရှုမြင်နိုင်တဲ့
ရိုးစင်းတဲ့ အယူအဆတစ်ခုပါ၊
သေးမျှင်တဲ့ သားရေကွင်းတွေရဲ့ ဂီတပါ။"
ဒီပို့ချချက်မှာ သူ ရူပဗေဒကို
ဒီကြိုးတွေအကြားက
သဟဇာတဖြစ်မှုရဲ့ နိယာမတွေအဖြစ်
ဓာတုဗေဒကို
ဒီကြိုးပေါ်မှာ တီးနိုင်တဲ့
တေးသွားတွေအဖြစ် ဆက်ရှင်းပြကာ
စကြဝဠာဟာ "ကြိုးတွေရဲ့
သံစုံတေးသွားတစ်ခု"လို့ ဖော်ပြတယ်။
ဒီကြိုးတွေက စကြာဝဠာကို ပြဌာန်းပေးတယ်၊
၎င်းတို့က ကျွန်မတို့ မြင်သမျှ၊
သိသမျှကို ဖန်တီးပေးတယ်
ဂီတသင်္ကေတတွေဆိုပေမဲ့
ကျွန်မတို့ ဘာဆိုတာကို ဖန်တီးပေးပြီး
စုစည်းပေးပါတယ်။
ဒီတော့ သင်နားလည်တာက
အရာတိုင်းဟာ ဂီတပါ။
(ဂစ်တာတီးသည်)
လောကကို ကြည့်တဲ့အခါ
ကျွန်မတို့ ဝန်းကျင်မှာ ဂီတကိုမြင်ရတယ်။
ကိုယ့်ကိုယ်ကို ကြည့်တော့
ဂီတကို မြင်တယ်။
ကျွန်မဘဝကို ဂီတက ပြဌာန်းထားပေးတယ်။
ဂီတကနေ ကျွန်မကိုယ် ကျွန်မတွေ့ရတယ်
ဂီတက နေရာတိုင်းမှာရှိပြီး
အရာတိုင်းရဲ့ အတွင်းမှာရှိတယ်။
ဒါက ပြောင်းလဲတယ်၊ တည်ဆောက်တယ်၊
ပြီးတော့ မှိန်သွားတယ်။
ဒါပေမဲ့ အဲဒီမှာ အမြဲရှိနေတယ်၊
ကျွန်မတို့ကို ပံ့ပိုးပေးနေတယ်၊
အချင်းချင်းကို ဆက်သွယ်ပေးကာ
ကျွန်မတို့ကို စကြာဝဠာရဲ့ အလှအပကို
ပြနေပါတယ်။
ဒီတော့ ပျောက်ဆုံးတယ်လို့ ခံစားရင်
ရပ်ပြီး သင့်သီချင်းကို နားဆင်ပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)