4/11 နဲ့ 9/13 ကို ပေါင်းကြရအောင် ဒီအပိုင်းကိန်း ၂ ခု ပေါင်းဖို့ဆိုရင် ဘုံပိုင်းခြေ တစ်ခုကို ကျွန်တော်တို့ရှာဖို့လိုတယ်။ ဒီ ဘုံပိုင်းခြေဟာ 11 နဲ့ 13 ရဲ့ အငယ်ဆုံး ဘုံဆတိုးကိန်း ဖြစ်တယ်။ ဒီ ဂဏန်း (၂)ခုမှာ တခြား ဘုံဆခွဲကိန်း မရှိဘူး။ ဒါကြောင့် 11 နဲ့ 13 ရဲ့ မြှောက်ခြင်းသည် သူတို့(၂) ခုရဲ့ အငယ်ဆုံး ဘုံဆတိုးကိန်းဖြစ်တယ်။ ဒါကြောင့် 13 x 11 လို့ပြောကြမယ်။ 13 ကို 1 နဲ့မြှောက်တာ 13 ရတယ်။ 13 ကို နောက်တစ်ခါ 1 နဲ့မြှောက်တော့ 13 (သို့) 13 ကို 10 နဲ့မြှောက် 130 . ဒါဆို ကျွန်တော်တို့ 3..4..1.. ဆိုရငိ 143 ရမယ်။ ဒီဂဏန်းဟာ ကျွန်တော်တို့ရဲ့ ဘုံပိုင်းခြေ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် ဒီမှာ ရေးမယ်။ ပိုင်းခြေ 143 နဲ့ ပိုင်းဝေ တစ်ခုခု အပေါင်း ပိုင်းခြေ 143 နဲ့ ပိုင်းဝေ တစ်ခုခု 4/11 ကနေ /143 ရဖို့ဆိုရင် ကွန်တော်တို့ဟာ 11 ကို 13 နဲ့ မြှောက်မယ် ဒါမှမဟုတ် ပိုင်းခြေကို 13 နဲ့မြှောက်မယ်။ ဒါဆို ကျွန်တော်တို့ ပိုင်းဝေ ကိုလည်း 13 နဲ့ မြှောက်ရမယ်။ 4 x 13 .. ကြည့်ရအောင်။. 4 x 10 က 40 4 x 3 က 12. ဒါကြောင့် 52 ရတယ်။ ဒါဆို လက်နဲ့ လည်း ခင်ဗျား ချတွက်ကြည့်လို့ရတယ်။ 4 x 13 သည် 52 ဖြစ်တယ်။ 13 ကို 143 ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့11 နဲ့မြှောက်ရမယ်။ ဒါဆို ကျွန်တော်တို့ပိုင်းခြေကို 11 နဲ့ မြှောက် ရင် အပိုင်းကိန်းကို အပြောင်းအလဲမဖြစ်စေရန် ပိုင်းဝေ ကိုလည်း 11 နဲ့ မြှောက်ရမယ်။ 9 x 11 က 99 ရတယ်။ ကဲအခုဆိုရင် ကျွန်တော်တို့ ပေါင်းဖို့အဆင်သင့်ဖြစ်ပြီ။ ဒါဟာ ကျွန်တော်တို့ဘုံပိုင်းခြေ 143 နဲ့ ညီတယ်။ 52 + 99 52 +100 ဟာ 152 ဖြစ်တယ်။ ဒါဆိုရင် 100 ဖြစ်ဖို့ 1 လျော့နေတယ်။ ဒါကြောင့် 151 ဖြစ်တယ်။ ကျွန်တော်ထင်ပါတယ် ဒါဟာ ကျွန်တော်တို့လုပ်နိုင်တဲ့ အရှင်းဆုံး ပုံစံပါ။ ကျွန်တော်သိသလောက်ဆိုရင် 151 နဲ့143 မှာ တခြား ဘုံကိန်း မရှိသလောက်ပဲ။ ကျွန်တော်တို့ 151/143 ရတယ်။ ဒါကို ကျွန်တော်တို့ကိန်းရော အဖြစ် ရေးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ 151 ကို 143 နဲ့ တစ်ကြိမ်စားလိုက်မယ်။ တစ်ကြိမ်စားလိုက်တော့ 143 နုတ်မယ်.. ကြည့်ရအောင် ဒါဆို 11 ဖြစ်သွားမယ် ဒါက 4 ဖြစ်တယ်။ 11 ထဲက 3 နုတ် 8 ရတယ်။ ခင်ဗျားမှာ အကြွင်း 8 ရနေတယ်။ ဒါဆို 151/143 ဆိုတာ 1 x 8/143 နဲ့ ညီတယ် ခုဆိုရင် ဒီထက် ပိုပြီး ရှင်းအောင် လုပ်လို့မရတော့ဘူး ကျွန်တော်တို့လုပ်ခဲ့ပြီးပြီ။ ဒါဟာ 1 x 8/143 ပဲဖြစ်တယ်။