0:00:00.720,0:00:05.416 နွေရာသီတိုင်း မိသားစုနဲ့ ကျွန်မဟာ[br]ကမ္ဘာတစ်လွှာ ခရီးထွက်ပါတယ်။ 0:00:05.440,0:00:07.296 မိုင် ၃၀၀၀ အဝေးက 0:00:07.320,0:00:09.920 ယဉ်ကျေးမှုပိုင်းအရ စုံလင်လှတဲ့[br]အိန္ဒိယနိုင်ငံကိုပါ။ 0:00:10.760,0:00:15.120 အိန္ဒိယဟာ ခြစ်ခြစ်တောက်အပူနဲ့ စိုထိုင်း[br]မှုအတွက် သတင်းဆိုးထွက်တဲ့ နိုင်ငံပါ။ 0:00:15.760,0:00:20.200 ကျွန်မအတွက်တော့ အပူကနေ သက်သာဖို့[br]နည်းက ရေအများကြီး သောက်ဖို့ပါပဲ။ 0:00:20.920,0:00:22.416 အိန္ဒိယမှာရှိတုန်း မိဘတွေက 0:00:22.440,0:00:26.920 ကျိုထားတဲ့ရေ (သို့) ရေသန့်ဗူးကိုပဲ[br]သောက်ဖို့ ကျွန်မကို အမြဲသတိပေးပါတယ်။ 0:00:27.400,0:00:29.656 အကြောင်းက ရေပိုက်ဖွင့်ပြီး[br]သောက်နိုင်တဲ့ 0:00:29.680,0:00:33.880 သန့်ရှင်းတဲ့ ရေကို အလွယ်တကူရတဲ့[br]ဒီအမေရိကနဲ့မတူပဲ 0:00:34.480,0:00:37.000 အိန္ဒိယမှာက ရေက မကြာခဏတော့ မသန့်ဘူးလေ။ 0:00:37.440,0:00:39.336 ဒီတော့ မိဘတွေဟာ ကျွန်မတို့ ဘေးကင်းကင်း 0:00:39.360,0:00:41.320 သောက်လို့ရတဲ့ ရေရဖို့ သေချာအောင်လုပ်ရတယ်။ 0:00:42.480,0:00:44.856 ဒါပေမဲ့ မကြာခင်မှာပဲ လူတိုင်းဟာ 0:00:44.880,0:00:47.536 ကျွန်မတို့လို သန့်ရှင်းတဲ့ ရေရဖို့ 0:00:47.560,0:00:50.000 ကံမကောင်းဘူးဆိုတာ သဘောပေါက်လိုက်တယ်။ 0:00:51.160,0:00:55.376 ကျွန်မရဲ့ အဖိုးအဖွားတို့ အိမ်အပြင်ဘက် [br]အိန္ဒိယရဲ့ လူရှုပ်တဲ့လမ်းတွေထဲမှာ 0:00:55.400,0:00:58.056 လူတွေဟာ နေပူပူထဲမှာ [br]တန်းအရှည်ကြီး ရပ်စောင့်နေပြီး 0:00:58.080,0:00:59.776 ရေပုံးတွေကို ဘုံပိုင်ရေနဲ့ 0:00:59.800,0:01:02.080 ဖြည့်နေတာ မြင်လိုက်တယ်။ 0:01:03.360,0:01:05.336 ကျွန်မအသက်တူရွယ်တူ ကလေးတွေတောင် 0:01:05.360,0:01:08.016 လမ်းဘေး စမ်းချောင်းတွေထဲက 0:01:08.040,0:01:10.416 ဒီပလပ်စတစ်အကြည် ပုလင်းတွေကို 0:01:10.440,0:01:13.520 ညစ်ပတ်တဲ့ရေနဲ့ ဖြည့်နေတာ[br]တွေ့လိုက်တယ်။ 0:01:14.880,0:01:16.576 ထိဖို့တောင် ညစ်ပတ်လွန်းတယ်လို့ 0:01:16.600,0:01:18.736 ခံစားမိတဲ့ ရေကို ဒီကလေးတွကို 0:01:18.760,0:01:21.776 အတင်းသောက်ခိုင်းတာကို ကြည့်ရင်း 0:01:21.800,0:01:23.960 ကျွန်မရဲ့ လောကအမြင် ပြောင်းလဲခဲ့ပါတယ်။ 0:01:25.040,0:01:28.576 ဒီလက်ခံနိုင်စရာမရှိတဲ့ လူမှုရေး မမျှတမှုက 0:01:28.600,0:01:31.656 ကမ္ဘာ့ သန့်ရှင်းတဲ့ ရေပြဿနာအတွက် [br]အဖြေတစ်ခုရှာစေဖို့ 0:01:31.680,0:01:33.640 ကျွန်မကို ဖမ်းစားလိုက်တယ်။ 0:01:34.840,0:01:38.096 ဘဝအတွက် မရှိမဖြစ် အရာတစ်ခုဖြစ်တဲ့ ရေကို 0:01:38.120,0:01:40.560 ဒီကလေးတွေ ကင်းမဲနေတာ[br]ဘာကြောင့်ဆိုတာ သိချင်ခဲ့တယ်။ 0:01:41.000,0:01:43.256 ကျွန်မတို့ဟာ ကမ္ဘာ့ရေ အကြပ်အတည်းကို 0:01:43.280,0:01:45.640 ရင်ဆိုင်နေရတာကို သိလိုက်တယ်။ 0:01:46.720,0:01:48.536 ဒါက အံသြစရာဖြစ်ပုံရတာက 0:01:48.560,0:01:52.656 ကျွန်မတို့ ဂြိုဟ်ဟာ ၇၅% ရေဖုံးထားပေမဲ့ 0:01:52.680,0:01:56.736 ဒါရဲ့ ၂.၅ % လောက်ပဲ ရေချိုဖြစ်ပြီး 0:01:56.760,0:02:00.696 ကမ္ဘာမှာ ရှိသမျှ ရေချိုရဲ့[br]တစ်ရာခိုင်နှုန်းလျော့လျော့ပဲ 0:02:00.720,0:02:02.680 လူသားတွေ သုံးစွဲဖို့ ရတာကြောင့်ပါ။ 0:02:03.760,0:02:05.456 တိုးလာနေတဲ့ လူဦးရေ၊ 0:02:05.480,0:02:08.455 စက်မှုဖွံ့ဖြိုးမှုနဲ့[br]စီးပွားရေး တိုးပွားမှုနဲ့အတူ 0:02:08.479,0:02:11.256 ကျွန်မတို့ရဲ့ ရေလိုအပ်ချက်က [br]တိုးလာနေပေမဲ့ 0:02:11.280,0:02:14.480 ကျွန်မတို့ရဲ့ ရေချိုအရင်းအမြစ်တွေကတော့[br]အလျင်အမြန်ပဲ ယိုယွင်းနေပါတယ်။ 0:02:15.840,0:02:18.456 ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း အဆိုအရ 0:02:18.480,0:02:22.376 ကမ္ဘာပေါ်က လူ သန်း ၆၀၀ ဟာ[br]သန့်ရှင်းတဲ့ ရေအရင်းအမြစ်ရဖို့ 0:02:22.400,0:02:25.000 အလားအလာ မရှိကြပါ။ 0:02:25.960,0:02:29.256 သန့်ရှင်းတဲ့ ရေ ရပိုင်ခွင့်[br]ကင်းမဲ့တာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ 0:02:29.280,0:02:32.296 အသက်ငါးနှစ်အောက် ကလေးတွေကို[br]သေစေတဲ့ အကြောင်းဖြစ်စေပြီး 0:02:32.320,0:02:35.776 UNICEF ရဲ့ ခန့်မှန်းချက်အရ [br]ကလေးပေါင်း ၃၀၀၀ ဟာ 0:02:35.800,0:02:38.520 ရေနဲ့ ဆက်စပ်တဲ့ ရောဂါကြောင့်[br]နေ့စဉ် သေဆုံးနေပါတယ်။ 0:02:40.280,0:02:43.656 ဒါနဲ့ အိမ်ပြန်ပြီးနောက်[br]ရှစ်တန်းတုန်းက နွေတစ်ရာသီမှာ 0:02:43.680,0:02:46.776 ကမ္ဘာ့ရေ အကြပ်အတည်းကို ဖြေရှင်းဖို့[br]ကျွန်မရဲ့ ထက်သန်မှုကို 0:02:46.800,0:02:48.936 ကျွန်မရဲ့ သိပ္ပံပညာ စိတ်ဝင်စားမှုနဲ့ 0:02:48.960,0:02:50.960 ပေါင်းစပ်ချင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ 0:02:51.440,0:02:53.576 ဒါနဲ့ အကောင်းဆုံးလုပ်ဖို့က 0:02:53.600,0:02:57.520 ကားဂိုဒေါင်ကို လက်တွေ့ခန်းအဖြစ်[br]ပြောင်းဖို့ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ 0:02:59.160,0:03:01.136 (ရယ်သံများ) 0:03:01.160,0:03:05.016 တကယ်က ပထမက မီးဖိုချောင်ကို[br]လက်တွေ့ခန်းအဖြစ် ပြောင်းလိုက်တာပါ။ 0:03:05.040,0:03:07.880 ဒါပေမဲ့ မိဘတွေက သဘေမတူပဲ[br]ကျွန်မကို ကန်ထုတ်လိုက်တယ်။ 0:03:09.400,0:03:13.856 ရေနဲ့ စပ်ဆိုင်တဲ့ ဂျာနယ်စာတမ်းတွေ[br]အများကြီးကိုလည်း ဖတ်ခဲ့ပြီး 0:03:13.880,0:03:16.736 သိခဲ့ရတာက လောလောဆယ် [br]ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ 0:03:16.760,0:03:19.176 နေရောင်ခြည်သုံး[br]ပိုးသတ်ခြင်း (သို့ ) SODIS ခေါ်တဲ့ 0:03:19.200,0:03:22.160 တစ်ခုခုကို ရေသန့်စင်ဖို့ သုံးတာကိုပါ။ 0:03:23.000,0:03:27.816 SODIS မှာ ပလပ်စတစ် ပုလင်းအကြည်တွေမှာ[br]ညစ်ပတ်တဲ့ ရေကိုဖြည့်ပြီး 0:03:27.840,0:03:30.760 ခြောက်နာရီကနေ ရှစ်နာရီကြာ[br]နေလှန်းထားပါတယ်။ 0:03:31.520,0:03:33.536 နေရောင်ခြည်ထဲက UV ရောင်ခြည်က 0:03:33.560,0:03:37.016 ဘေးဖြစ်စေတဲ့ ရောဂါပစ္စည်းတွေရဲ့[br]DNA ကိုဖျက်ဆီးပြီး 0:03:37.040,0:03:39.000 ရေကို သန့်စင်ပေးပါတယ်။ 0:03:39.880,0:03:43.616 SODIS က အင်မတန် လွယ်ကူပြီး[br]စွမ်းအင် တွက်ခြေကိုက်ပေမဲ့ 0:03:43.640,0:03:45.936 နေရောင်ခြည်စွမ်းအင်ကို သုံးတာကြောင့် 0:03:45.960,0:03:47.336 တကယ်ကို နှေးပြီး 0:03:47.360,0:03:50.120 မိုးအုံ့တဲ့အခါ [br]နှစ်ရက်လောက် ကြာနိုင်ပါတယ်။ 0:03:50.960,0:03:54.056 ဒီတော့ SODIS ဖြစ်စဉ် [br]ပိုမြန်လာအောင်လုပ်ဖို့ 0:03:54.080,0:03:57.376 photocatalysis လို့ခေါ်တဲ့ စနစ်ကို 0:03:57.400,0:03:59.040 မကြာခင်က သုံးကြတယ်။ 0:03:59.640,0:04:02.496 ဒီတော့ photo catalysis ဆိုတာ အတိအကျက ဘာလဲ။ 0:04:02.520,0:04:03.736 ဒါကို ပိုင်းကြည့်ရအောင်၊ 0:04:03.760,0:04:05.416 "photo" ဆိုတာ နေကလို့ ဖြစ်ပြီး 0:04:05.440,0:04:08.480 catalyst က ဓါတ်ပြုမှု မြန်စေတဲ့အရာပါ။ 0:04:09.040,0:04:11.216 ဒီတော့ photocatalysis လုပ်ပေးတာက 0:04:11.240,0:04:14.400 နေရေင်ခြည်သုံး သန့်စင်ခြင်းကို[br]မြန်အောင်လုပ်ပေးခြင်းပါ။ 0:04:15.400,0:04:18.736 နေရောင် ဝင်လာပြီး TiO2 (သို့) titanium [br]dioxide လို photocatalysis 0:04:18.760,0:04:22.376 တစ်ခုကို ထိတဲ့အခါ 0:04:22.400,0:04:25.816 ဒါက တကယ့်ကို ဓာတ်ပြုတဲ့[br]superoxides, hydrogen peroxide နဲ့ 0:04:25.840,0:04:30.120 hydroxyl အရင်းအမြစ် တွေလို အောက်စီဂျင်[br]အမျိုးအစားတွေကို ဖန်တီးပေးပါတယ်။ 0:04:30.920,0:04:32.816 ဒီဓာတ်ပြုတဲ့ အောက်စီဂျင် အမျိုးအစားတွေက 0:04:32.840,0:04:35.736 ဘက်တီးရီးယာနဲ့ အော်ဂင်းနစ်တွေနဲ့ 0:04:35.760,0:04:38.720 သောက်ရေက ညစ်ညမ်းမှုတစ်စုလုံးကို[br]ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ 0:04:39.920,0:04:43.136 ဒါပေမဲ့ ကံမကောင်းတာက[br]လက်ရှိ အသုံးချနေတဲ့ 0:04:43.160,0:04:47.040 photocatalytic SODIS နည်းမှာ [br]အာနည်းချက်အချို့ ရှိနေတယ်။ 0:04:47.640,0:04:50.776 ကြည့်ပါ၊ သူတို့လုပ်တာက ပလပ်စတစ် ပုလင်း[br]အကြည်တွေကိုယူပြီး 0:04:50.800,0:04:54.240 အတွင်ဘက်ကို photocatalytic[br]အလွှာနဲ့ သုတ်တာပါ။ 0:04:55.200,0:04:58.496 ဒါပေမဲ့ titanium dioxide လို[br]photocatalysis တွေဟာ 0:04:58.520,0:05:01.216 တကယ်တော့ UV ရောင်ခြည်ကို [br]ကာကွယ်ဖို့ အများအားဖြင့် 0:05:01.240,0:05:02.880 နေပူခံလိမ်းဆေးတွေမှာ သုံးပါတယ်၊ 0:05:03.320,0:05:06.176 ဒီတော့ ပုလင်းတွေရဲ့ အတွင်ဘက်မှာ[br]သုတ်တဲ့အခါ 0:05:06.200,0:05:08.976 ၎င်းတို့ဟာ UV ရောင်ခြည်[br]တစ်ချို့ကို ကာလိုက်ပြီး 0:05:09.000,0:05:11.560 ဖြစ်စဉ်ရဲ့ ထိရောက်မှုကို [br]လျော့ပါးစေပါတယ်။ 0:05:12.560,0:05:14.696 ဒါ့အပြင် ဒီ photocatalytic အလွှာတွေဟာ 0:05:14.720,0:05:17.576 ပလပ်စတစ် ပုလင်းမှာ [br]တင်းတင်း ကပ်မနေပါဘူး။ 0:05:17.600,0:05:21.520 ဆိုလိုတာက ၎င်းတို့ဟာ ရေနဲ့ပါသွားပြီး [br]လူတွေက ဓာတ်ကူပစ္စည်းကို သောက်မိသွားတာပါ။ 0:05:22.520,0:05:25.176 TiO2 ဟာ ဘေးကင်းပြီး ဓာတ်မပြုပေမဲ့ 0:05:25.200,0:05:27.936 ဓာတ်ကူပစ္စည်းကို ဆက်သောက်[br]နေရင် ထိရောက်မှု မရှိနိုင်တော့ပါး။ 0:05:27.960,0:05:30.336 ခဏကြာ သုံးပြီးတဲ့ နောက်မှာတောင်[br]အဲဒါကို 0:05:30.360,0:05:31.840 ဆက်ဖြည့်တင်းဖို့ လိုတာကြာင့်ပါ။ 0:05:32.440,0:05:35.696 ဒီတော့ ကျွန်မ ရည်ရွယ်ချက်က[br]လက်ရှိ လုပ်ဆောင်မှု နည်းစနစ်တွေရဲ့ 0:05:35.720,0:05:37.736 အားနည်းချက်တွေကို ကျော်လွှားပြီး 0:05:37.760,0:05:40.016 ဘေးကင်း၊ တည်တံ့ကာ တွက်ခြေကိုက်ပြီး 0:05:40.040,0:05:43.960 ဂေဟနစ်နဲ့ သဟဇာတဖြစ်တဲ့ [br]ရေသန့်စင်တဲ့ နည်းကို ဖန်တီးဖို့ပါ။ 0:05:45.120,0:05:48.176 ရှစ်တန်းအနေနဲ့ စခဲ့တဲ့[br]သိပ္ပံပြပွဲ ပရောဂျက်ဟာ 0:05:48.200,0:05:52.600 အခုတော့ ရေသန့်စင်ရေးအတွက်[br]ကျွန်မရဲ့ photocatalytic ပေါင်းစပ်မှုပါ။ 0:05:53.440,0:05:57.080 ဒီပေါင်းစပ်မှုက titanium dioxide ကို[br]ဘိလပ်မြေနဲ့ ပေါင်းစပ်တယ်။ 0:05:57.840,0:06:01.816 ဘိလပ်မြေလို ပေါင်းစပ်မှုတွေ အချို့ကို[br]ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ရာ 0:06:01.840,0:06:05.520 အသုံးချမှု နည်းစနစ်တွေရဲ့ အင်မတန်[br]စွယ်စုံရတဲ့ ကဏ္ဍတွေ ပေါ်ပေါက်လာတယ်။ 0:06:06.160,0:06:08.216 ဥပမာ တစ်ဦးချင်း သုံးဖို့အတွက်[br] 0:06:08.240,0:06:11.920 ရေပုလင်းတွေထဲမှာ လွယ်လွယ်ထည့်နိုင်တဲ့[br]တုတ်တံတစ်ချောင်း ဖန်တီးနိုင်ပါတယ်။ 0:06:12.560,0:06:17.080 (သို့) မိသားစုတွေအတွက် ရေစစ်နိုင်တဲ့[br]စိမ့်ဝင်တဲ့ ရေစစ်တစ်ခု ဖန်တီးနိုင်ပါတယ်။ 0:06:17.800,0:06:21.216 ရပ်ရွာတွေအတွက် [br]ပိုရှည်ကြာတဲ့ ကာလတစ်ခုအတွက် 0:06:21.240,0:06:23.096 ပိုများပြားတဲ့ ရေပမာဏကို သန့်စင်ဖို့ 0:06:23.120,0:06:26.080 လက်ရှိရှိနေတဲ့ ရေတိုင်ကီရဲ့ [br]အတွင်းဘက်ကိုတောင် သုတ်နိုင်ပါတယ်။ 0:06:27.640,0:06:29.576 ဒီလမ်းတစ်လျှောက်မှာ 0:06:29.600,0:06:32.056 ကျွန်မရဲ့ ခရီးက တကယ့်ကို မလွယ်ခဲ့ပါဘူး။ 0:06:32.080,0:06:35.456 သိတဲ့အတိုင်း၊ ကျွန်မမှာ ခေတ်မီတဲ့ [br]လက်တွေ့ခန်း သုံးခွင့်မရှိခဲ့ဘူး။ 0:06:35.480,0:06:38.976 ကျွန်မ စလုပ်တော့ အသက် ၁၄ နှစ်ဆိုပေမဲ့ 0:06:39.000,0:06:41.336 သိပ္ပံဆိုင်ရာ သုတေသနကို လေ့လာလိုက်စားတဲ့ 0:06:41.360,0:06:44.216 ကျွန်မရဲ့ စိတ်ဝင်စားမှုနဲ့[br]ကမ္ဘာ့ ရေအကြပ်အတည်း ဖြေရှင်းဖို့ 0:06:44.240,0:06:46.720 ကျွန်မ အသက်ကို အတားအဆီး[br]ဖြစ်ခွင့် မပြုခဲ့ပါဘူး။ 0:06:47.800,0:06:51.616 ကြည့်ပါ၊ ရေဟာ ဘာမဆိုကို[br]ပျော်စေတဲ့ အရာတင်မဟုတ်ပဲ 0:06:51.640,0:06:54.440 ရေဟာ လူသားရဲ့ အထွေထွေ ရပိုင်ခွင့်ကြီးပါ။ 0:06:55.160,0:06:56.416 ဒီအကြောင်းကြောင့် 0:06:56.440,0:07:00.616 ဒါကို လက်တွေ့ခန်းကနေ [br]လက်တွေ့ကမ္ဘာထဲကို ယူဆောင်ဖို့ 0:07:00.640,0:07:03.816 ၂၀၁၂ ကစပြီး ဒီသိပ္ပံပြပွဲ ပရောဂျက်ကို[br]ဆက်လုပ်ဆောင်နေတာပါ။ 0:07:03.840,0:07:07.296 ဒီနှစ်နွေရာသီမှာ World Water အတွက်[br]Catalyst ကို ကျွန်မ ထူထောင်ခဲ့တယ်။ 0:07:07.320,0:07:12.600 ကမ္ဘာ့ ရေအကြပ်အတည်းအတွက် ဖြေရှင်းနည်းတွေ [br]ဓာတ်ကူဖို့ ရည်ရွယ်တဲ့ လူမှုရေးလုပ်ငန်းပါ။ 0:07:13.280,0:07:15.160 (လက်ခုပ်သံများ) 0:07:20.240,0:07:24.216 ရေတစ်စက်တည်းနဲ့တော့အများကြီး [br]မတတ်နိုင်ပေမဲ့ 0:07:24.240,0:07:26.656 ရေစက်များစွာ စုပေါင်းလာတဲ့အခါ 0:07:26.680,0:07:29.160 ကျွန်မတို့ ဂြိုဟ်မှာ အသက်ကို[br]တည်တံ့နိုင်စေနိုင်ပါတယ်။ 0:07:30.280,0:07:33.616 သမုဒ္ဒရာတွေဖြစ်ဖို့ ရေစက်တွေ[br]စုပေါင်းလာသလိုပဲ 0:07:33.640,0:07:36.176 ဒီကမ္ဘာ့ ပြဿနာကို ဖြေရှင်းတဲ့အခါ[br]ကျွန်မတို့အားလုံး 0:07:36.200,0:07:38.320 အတူစုပေါင်းရမယ်ဆိုတာ[br]ယုံကြည်ပါတယ်။ 0:07:39.080,0:07:40.296 ကျေးဇူးတင်ပါတယ်။ 0:07:40.320,0:07:42.320 (လက်ခုပ်သံများ) 0:07:43.840,0:07:45.176 ကျေးဇူးတင်ပါတယ်။ 0:07:45.200,0:07:46.698 (လက်ခုပ်သံများ)