Aristotle က သဘာ၀ဟာ ဗလာနယ်ကိုကြောက် တယ်လို့ အထင်ကရ ဆိုခဲ့ပြီး ရုပ်မဲ့ဟင်းလင်ပြင် ဝါ တကယ့်လေဟာနယ်ဟာ ၎င်းကို ဘေးမှဝန်းရံတဲ့ ရုပ်ဒြပ်တွေက ချက်ခြင်း ၀င်ဖြည့်မှာကြောင့် မတည်ရှိ နိုင်လို့ အခိုင်မာဆိုခဲ့တယ်။ ကံအကြောင်း မလှစွာပဲ သူ မှားသွားခဲ့ပြန်တယ်။ လေဟာနယ်ဟာ ဘရော်မီတာလို လေဖိအားတိုင်းကရိယာရဲ့ အဓိကအစိတ်အပိုင်း တစ်ခုပါ။ ပြီးတော့ မေကြာင်းက လေဖိအားက အပူချိန်နဲ့ နှီးနွယ်ပြီး ၎င်းရဲ့ အပြောင်းလဲမြန်ဆန်ခြင်းဟာ လေမုန်တိုင်း၊ လေဆင်နှာမောင်းနဲ့ အခြား ပြင်းထန်တဲ့ ရာသီဥတုတွေ ဖြစ်နိင်လို့ပါ။ လေဖိအားတိုင်းကိရိယာဟာ မိုးဇလသမားများ နည်းတူ သိပ္ပံသမားများအတွက်လည်း မရှိမဖြစ် ကိရိယာတွေအနက် တစ်ခုပါ။ လေဖိအားတိုင်းကိရိယာ ဘယ်လိုအလုပ်လဲ၊ ဒါကို ဘယ်လို တီထွင်ခဲ့လဲ။ ဒါက အချိန်အတော်လေး ကြာခဲပါတယ်။ အကြောင်းမှာ Aristotle သီအိုရီ နဲ့ လေဟာနယ်မဖြစ်နိုင်ဟု ယူဆနေတဲ့ တခြားသော ရှေးဒဿနဆရာကြီးများဟာ ဖြစ်ရိုးဖြစ်စဉ်ကို အမှန်ထင်ခဲ့ပြီး အတွေးနယ်ချဲ့ကာ ဒါကို မေးခွန်းထုတ်ဖို့ မဖြစ်မနေ ကိစ္စပေါ်သည့်တိုင် နှစ် ၂၀၀၀ နီးပါ ကြာခဲ့ပါတယ်။ ၁၇ ရာစု အစောပိုင်းတွင် အီတလီမှ သတ္ထု တူးဖော်ရေးသမားတွေရဲ့ ရေတွန်းစက်များဟာ ရေကို ၁၀.၃ မီတာ အမြင့်ထက် ပိုမတင်နိုင်တာကို တွေ့ခဲ့ချိန်မှာ သူတို့ ဆိုးရွားတဲ့ ပြဿနာတစ်ခု ကြုံခဲ့တယ် Galileo Galilei အပါအဝင် ထိုခေတ် သိပ္ပံပညာရှင်အချို့က ပိုက်အပြင်ဘက် စုပ်ထုတ်တဲ့ လေနေရာ၊ ဟာကွက်ကို အစားထိုးဖို့ ရေဟာ တက်လာရတယ်လို့ အဆိုပြုခဲ့တယ်။ ဒါပေမဲ့ ဒါဟာ အားကန့်သတ်ချက်ရှိလို့ ရေကို ၁၀.၃ မီတာ ထက်ပို မတင်နိုင်ခဲ့ပါဘူး။ သို့သော်လည်း လေဟာနယ် လုံး၀တည်ရှိတဲ့ စိတ်ကူးဟာ အငြင်းပွားဖွယ် ဖြစ်ဆဲပါပဲ။ Galileo ရဲ့ သံသယမှတ်ကျောက် သဘောတရား နှိုးဆွချက်ဟာ၊ Gasparo Berti ကို လေဟာနယ်ဖြစ်နိုင်ကြောင်း သရုပ်ပြဖို့ရာ..... ရိုးပေမဲ့ သိပ်စွမ်းတဲ့ စမ်းသပ်ချက် ဆောင်ရွက်ဖို့ ဖြစ်စေခဲ့တယ်။ ပြွန်ရှည်တစ်ချောင်းကို ရေအပြည့်ဖြည့်၊ အစွန်းတွေကိုပိတ်၊ ရေဇလားထဲထောင် ထားခဲ့ပြီး ဒီနောက် ပြွန်အောက်ပေါက်ကို ဖွင့်လို့ ရေကို ရေဆေးဇလုံထဲ လျောဆင်းစေခဲ့ရာ ပြွန်အတွင်းကျန်ရစ်တဲ့ ရေရဲ့ အမြင့်ဟာ ၁၀.၃ မီတာ ဖြစ်သည့်တိုင်ပါပဲ။ ထိပ်မှာ 'အဟ' ကျန်နေပြီး လေဟာ ပြွန်ထဲမဝင်သည်မို့၊ Bertiဟာ တည်ငြိမ်တဲ့ လေဟာနယ်ကို တိုက်ရိုက် ဖန်တီးမှု အောင်မြင်ခဲ့တယ်။ သို့သော် ဒီလေဟာနယ် ဖြစ်နိုင်ခြင်းကို သရုပ်ဖော်ထုတ်ခဲ့တာတောင် ဒီ ဗလာဟင်းလင်းပွင့်က ရေပေါ်ကို အနည်းငယ်ထူးဆန်းတဲ့ ကန့်သတ် အားတစ်ခု သက်ရောက်ဆဲ ဆိုတဲ့ Galileo ရဲ့စိတ်ကူးနဲ့တော့ ပြေလည်မှု မရခဲ့ပါ။ လူငယ် Evangelista Torricelli ဟာ ဂယ်လီလီယိုရဲ့ တပည့်၊ မိတ်ဆွေ ဖြစ်ပြီး ပြဿနာကို မတူတဲ့ထောင့်မှ ရှု့မြင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြွန်ထဲက လေဟာနယ်ကို အာရုံစိုက်မဲ့ အစား ရေကိုလွှမ်းမိုးနေတာ တခြားဘာဖြစ်နိုင်မလဲ လို့ ..သူ့ဘာသာသူ ပြန်မေးခဲ့တယ်။ ရေနှင့် ထိနေတဲ့အရာဟာ ကန်ကို လွှမ်းထားတဲ့ လေ ဖြစ်တာကြောင့် သူက၊ ဒီလေဖိအားဟာ ပြွန်ထဲက ရေအမြင့်ကို ထပ်လျော့မကျအောင် တားဆီးနေတဲ့ အရာသာဖြစ်တယ်လို့...ယုံကြည်ခဲ့တယ်။ ဒီစမ်းသပ်ချက်ဟာ လေဟာနယ် ဖန်တီးယုံသာမက၊ မျှခြေတစ်ခုအဖြစ်လည်း လုပ်ဆောင်ခဲ့တာ သူသဘောပေါက်ခဲ့တယ်။ ဒါက ပြွန်အပြင်ဘက် ရေပေါ်ရှိ လေထုဖိအားနဲ့ ပြွန်အတွင်း ရေတိုင်ဖိအားရဲ့ မျှခြေဖြစ်ပါတယ်။ ဖိအားနှစ်ရပ် ညီသည်အထိ ပြွန်အတွင်း ရေအမြင့်ဟာ ကျဆင်းရင်း ရေဟာ ၁၀.၃ မီတာ အမြင့်မှာတည် ရှိလာပါတယ်။ ဒီစိတ်ကူးကိုလည်း လွယ်ကူစွာ လက်ခံသည် မဟုတ်ပါ။ Galileo နဲ့ အခြားသူတွေက လေထုမှာ အလေးချိန်မရှိလို့ ဖိအားမသက်ရောက်ဘူးလို့ ရှေးရိုးနည်းအတိုင်း တွေးပြန်တယ်။ Torricelli က Bertiရဲ့ စမ်းသပ်ချက်ကို နောက်ထပ်လုပ်ဖို့ ဆုံးဖြတ်ပြီး..ဒီအကြိမ်တော့ ရေအစား ပြဒါးပါ။ ပြဒါးဟာ ပိုသိပ်သည်းတယ်၊ ရေထက်လည်း ပိုနိမ့်ဆင်;ပါတယ် ပြီးတော့ ပြဒါးတိုင်ဟာ ၇၆ စင်တီမီတာ အမြင့်မှာသာ ရပ်တန့်နေခဲ့တယ် ဒါက Torricelliဖို့ ပိုပြီး ကိုင်တွယ်ရလွယ်တဲ့ ကိရိယာဖြစ်စေရုံမက အလေးချိန်ဟာ အဆုံးအဖြတ်ပေးတဲ့အရာဆိုတဲ့ သူ့စိတ်ကူးကို ထောက်ကူခဲ့တယ်။ ပြောင်းလဲစမ်းသပ်မှုမှာ ပြွန်နှစ်ခုသုံးပြီး ပြွန်တစ်ခုထိပ်မှာ ဖန်သီးကြီးပါဝင်လာတယ်။ Galileo အဓိပ္ပါယ်ကောက်ယူချက်သာ မှန်လျင် ဒုတိယပြွန်ရှိ ပိုကြီးတဲ့ လေဟာနယ်ဟာ ပိုစုပ်နိုင်လို့ ပြဒါးကို ပိုမြင့်မြင့် ပင့်တင်ထား သင့်ပါတယ်။ ဒါပေမဲ့... ပြွန်နှစ်ခုလုံးမှာ အမြင့် တူဖြစ်ခဲ့ပါတယ်။ Torricelli သီအိုရီအတွက် အပြီးသတ် ထောက်ခံချက်ဟာ ပြဒါးပြွန်ကို တောင်တစ်ခုပေါ် ယူဆောင်ခဲ့တဲ့ Blaise Pascal မှတဆင့် ဖြစ်ပေါ်လာပြီး၊ မြင့်လာတဲ့အခါ လေထုဖိအား လျော့နည်းလို့ ပြဒါးအမြင့်ဟာ တရိပ်ရိပ်ကျဆင်းကြောင်း သက်သေပြခဲ့ပါတယ်။ ပြဒါး လေဖိအားတိုင်းကိရိယာဟာ Torricelliရဲ့ မူလပုံစံကိုအခြေခံထားပြီး ၂၀၀၇ ခုနှစ်တိုင် လေထုဖိအားတိုင်းတာရာတွင် အသုံးတွင်နည်းများအနက် တစ်ခုဖြစ်ခဲ့တယ်။ အဆိပ်ကြောင့် ပြဒါး အသုံးပြုမှု ကန့်သတ်လိုက်တဲ့အခါ ဥရောပတိုက်မှာ ဒါတွေကို ဆက်မထုတ် ဖြစ်တော့ပါ။ သို့သော်လည်း Torricelli တည်ထွင်မှုဟာ လေဟာနယ်နှင့် လေရဲ့အလေးချိန်လို တရားသေ လက်ခံထားတဲ့ဝါဒတွေပေါ် စစ်ကြောဖို့ရာ၊ ပြွန်အပြင်ဘက်က(သို့) ဖောက်ထွက်စဉ်းစားပုံအကြောင်း ပြောင်မြောက်လှတဲ့ သာဓက တစ်ခုဖြစ်ပြီး ကြီးမားတဲ့ အကျိုးသက်ရောက်ရှိစေနိုင်ပါတယ်။