ဗိသုကာဆိုင်ရာ ကမ္ဘာ့ အံ့ဖွယ်တွေကို သင် စိတ်ကူးကြည့်တဲ့အခါ သင် ဘာကို တွေ့မြင်လဲ။ Pyramids of Giza ရဲ့ ကြီးကျယ်မှုလား၊ (သို့) ဖြစ်လောက်တာက ရောမ မြို့ဟောင်းလား။ ဒီနှစ်ခုစလုံးဟာ လူသား ဆန်းသစ်မှာရဲ့ အံ့ဖွယ်ရာ စွမ်းဆောင်မှုတွေပါ။ ဗိသုကာ တစ်ဦးအနေနဲ့ ကျွန်မ တွေးမိတာက ဘာကြောင့် ကျွန်မတို့ဟာ ဒီလောက် ကြာကြာတုန်းက ပြိုပျက်ခဲ့တဲ့ ယဉ်ကျေးမှုတွေရဲ့ ရှေးဟောင်း အံ့ဖွယ်တွေကို မော်ကွန်းအဖြစ် ထားရှိတာလဲပေါ့။ ကျွန်မဟာ ရှေးဟောင်း ဆန်းသစ်မှုကို လေ့လာရင်းကမ္ဘာကို ခရီးထွက်ခဲ့တယ်။ တွေ့ရှိရတာတွေက အသုံးဝင်နေဆဲဖြစ်တဲ့ ရှင်သန်နေတဲ့ယဉ်ကျေးမှုတွေဆီက တိုင်းရင်း နည်းပညာတွေပါ။ ဒီယဉ်ကျေးမှုတချို့ကို သင်တို့ မကြားဖူးလောက်ဘူး။ သူတို့ဟာ မျိုးဆက်တွေချီပြီး သဲကန္တာရ မိုးခေါင်ရေရှားမှုနဲ့ မကြာခဏ ရေကြီးခြင်းလို ပတ်ဝန်းကျင်ဆိုင်ရာ လွန်ကဲခြင်းတွေကို ရင်ဆိုင်ရင်း ကမ္ဘာပေါ်က အစွန်အဖျားအကျဆုံး နေရာတွေမှာ နေထိုင်ကြတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လ​ောက်က အိန္ဒိယမြောက်ပိုင်း ကိုသွားတယ်။ ဘင်္ဂလားဒေ့ရှ် ကွင်းပြင်တွေကို စီးမြင်နေရတဲ့ နေရာတစ်နေရာပါ။ အဲဒီမှာ Khasi လူမျိုးတွေဟာ ကမ္ဘာပေါ်က အခြားနေရာတိုင်းထက် မိုးရေချိန် ပိုရတဲ့ သစ်တောတစ်ခုအတွင်းမှာ နေထိုင်ကြတယ်။ မုတ်သုံရာသီအတွင်း တစ်ရွာနဲ့တစ်ရွာကြားက ခရီးဟာ ရေကြီးမှုတွေကြောင့် ပြတ်တောက်သွားတယ်။ ဒါက မြေပြင်အနေအထားတစ်ခုလုံးကို သစ်​ေတောလွှမ်းတဲ့ အမိုးကနေ သီးခြား ကျွန်းတွေအဖြစ် ပြောင်းလဲလိုက်တယ်။ ဒီတောင်ပေါ် လူမျိုးစုက လမ်းညွှန်ရင်း ကြီးထွားလာတဲ့ သစ်မြစ်တွေက ဖန်တီးပေးတဲ့ သစ်မြစ် တံတားရှင်တွေကို ပြောင်းလဲပေးခဲ့တယ်။ သေသေချာချာ ရက်ထားတဲ့ ငြမ်းကနေ သင့်လက်မောင်းတွေကို သင် ပတ်မိရုံသာရှိတဲ့ သစ်မြစ်တွေပါ။ Khasi အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ မျိုးဆက်ပေါင်းစုံဟာ ဒီသစ်မြစ်တွေ အခြားဘက်ကမ်းဆီ ကြီးထွားစဉ်မှာ ဒါတွေကို ဂရုစိုက်ကြမယ်။ ဒီနောက်တော့ သက်တမ်းနဲ့အမျှ ပိုခိုင်မာလာမယ့် အဆောက်အအုံတစ်ခုကို ဖန်တီးဖို့ ဒါတေွကို စိုက်ပျိုးတယ်။ သစ်မြစ် တံတားရှင်တွေကို စိုက်ပျိုးတဲ့ ဒီနှစ်ပေါင်း ၁၅၀၀ အစဉ်အလာက ဒီမယုံနိုင်စရာ အဆောက်အအုံတွေ ၇၅ ခုကို ထုတ်လုပ်ပေးခဲ့တာပါ။ ကြီးထွားဖို့ နှစ် ၅၀ အချိန်ယူရပေမဲ့ ဒီမြေပြင် အနေအထားမှာ တတယ်ကိုပဲ ရာစုနှစ်တွေချီကာ ခံတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရေနဲ့အတူ တွဲဖက်လုပ်ခွင့်ပေးတဲ့ ရှေးဟောင်း နည်းပညာတွေကို ဖြစ်ပေါ်စေရင်း နှစ်ထောင်ချီက ရေကြီးတာတွေနဲ့ ရှင်သန်ခဲ့တဲ့ ယဉ်ကျေးမှုတွေကို ကျွန်မ မြင်ဖူးထားတယ်။ တိုက်ဂရစ်နဲ့ ယူဖရေးတီး မြစ်ဆုံကြာင့် ဖြစ်ပေါ်တဲ့ အီရတ်ရဲ့တောင်ပိုင်း စိမ့်မြေအရပ်အတွင်းက ထူးခြားတဲ့ ရေ အခြေခံ ယဉ်ကျေးမှု ဘဝတွေပါ။ နှစ်ပေါင်း ၆၀၀၀ တိုင်တိုင် Maʿdān ဟာ သူတို့ ပတ်လည်မှာ ပေါက်တဲ့ ကျူပင် မျိုးစိတ်တစ်ခုတည်းကနေ တည်ဆောက်ထားတဲ့ လူလုပ် ကျွန်းတွေပေါ်မှာ ရွာတွေကို မျှောချခဲ့တယ်။ Qasab ကျူပင်ဟာ ဘဝရဲ့ ကဏ္ဍတိုင်းနဲ့ တစ်သားတည်းကျတယ်။ ၎င်းဟာ ကျွဲတွေအတွက် အစာဖြစ်ပြီး လူတွေအတွက် ဂျုံမှုန့်ဖြစ်ကာ ဒီဇီဝနည်းနဲ့ ပျက်စီးနိုင်တဲ့ ရေပေါ် ကျွန်းတွေ သုံးရက်လောက်အတွင်းမှာ ဆောက်တဲ့ သူတို့ရဲ့ ဘုရားကျောင်းတွေလို အိမ်တွေအတွက် ဆောက်လုပ်ရေး ကုန်ကြမ်းပါ။ ဒီ Qasab ကျူပင်ခြောက်ကို တိုင်တွေအဖြစ် စည်းနှောင်နိုင်တယ်။ ကြမ်းပြင်တွေ၊ အမိုးတွေ၊ အကာတွေ အဖြစ် ရက်လုပ်နိုင်ပြီး သံတစ်ချောင်းမှ သုံးမထားတဲ့ ဒီအဆောက်အဦတွေကို ချည်ဖို့ အသုံးပြုတဲ့ ကြိုးအဖြစ် ကျစ်လို့ရတယ်။ Maʿdān ရွာတွေကို စိမ့်မြေထဲမှာ တည်ဆောက်ထားတယ်။ မျိုးဆက်တွေချီကာ ရှိနေခဲ့တာကြောင့် ၎င်းတို့ တည်ရှိတဲ့ ကျွန်းတွေဟာ နှစ်ပေါင်း ၂၅ နှစ်ကျော် ပေါလောပေါ်နေတယ်။ ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုက ကမ္ဘာ့ကပ်ရောဂါကို စူးစိုက်ထားပေမဲ့ မြို့တွေဟာ နစ်မြုပ်နေပြီး ပင်လယ် ရေမျက်နှာပြင်တွေက မြင့်တက်နေဆဲပါ။ အဆင့်မြင့် ဖြေရှင်းချက်တွေက ဒီပြဿနာတချို့ကို ဖြေရှင်းဖို့ ကျိန်းသေ ကူညီပေးမယ်ဆိုပေမဲ့ ကျွန်မတို့ရဲ​့အနာဂတ်ဆီ လောဆော်မှုထဲမှာ အတိတ်ကို ကျွန်မတို့ မေ့နေတတ်ကြတယ်။ မိလ္လာနဲ့ ညစ်ညမ်းနေတဲ့ မြစ်တွေရှိတဲ့ ကမ္ဘာ့ကြီးရဲ့ အခြားအစိတ်အပိုင်းတွေမှာ လူ ၁၅ သန်းရှိတဲ့မြို့တစ်မြို့ဟာ ရေဆိုးကို ရေလွှမ်း လွင်ပြင်တွေနဲ့သန့်ရှင်းတယ်။ မြို့အမှိုက်ရဲ့ မီးခိုးထွက်နေတဲ့ ကမ်းပါးစောင်းတစ်ခုနဲ့ တစ်ဖက်စီ ရံကာ ၎င်းရဲ့ အဝေးပြေးလမ်းတွေနဲ့ အမျှင်တန်းနေတဲ့ ကာလကတ္တားရဲ့ အစွန်အဖျားတွေမှာ ငါးကန် ၃၀၀ ရှိတဲ့ တိုင်းရင် နည်းပညာတစ်ခုက အစာထုတ်ပေးရင်း ၎င်းရဲ့ရေကို သန့်စင်ပေးတယ်။ နေရောင်ခြည်၊ မိလ္လာနဲ့ ရေညှိနဲ့ ဘက်တီးရီးယားကြားက သဟဇီဝတစ်ခု ပေါင်းစပ်ခြင်းကနေ ရေးဆိုးဟာ ဓာတ်ပြယ်သွားတယ်။ ငါးကန်တွေက ရက် ၃၀ ခန့် ကြာတဲ့ လုပ်ငန်းစဉ်တစ်ခုထဲနမှာ ရေသန့်ရှင်းရေးကို ဆက်လုပ်တယ်။ ဒီတီထွင်ဆန်းသစ်မှုဟာ ဓာတုနဲ့ ကျောက်မီးသွေးစွမ်းအင် ကင်းမဲ့တဲ့ သန့်စင်ရေးအတွက် ပုံစံငယ်တစ်ခုပဲ မဟုတ်ဘူး။ ကာလကတ္တားရဲ့ ဗဟိုချက်မှာ တရားဝင် အရေးယူမှု မရှိတာကြောင့် ဒါဟာ ဘင်္ဂလား ပင်လယ်အော်ထဲကို ရေမဝင်မီ ရေစုန်ကို သန့်စင်ရာမှာ မြို့တော်ရဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဒီအခြေခံ အဆောက်အအုံနဲ့ပတ်ပြီး မယုံရလောက်အောင် ထင်မိတာက ဥရောပ၊ အာရှနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မြို့တွေဟာ ဒီအလားတူစနစ်ကို စတင် ပုံတူပွားခဲ့လို့ပါ။ အခု ကာလကတ္တားဟာ ဖွံ့ဖြိုးမှုရဲ့ ဖယ်ရှား ခံနေရတာကနေ ဒါကို ကယ်ဖို့ ရုန်းကန်နေတယ်။ ဒီနောက်မှာ လုံးဝ အခြားနည်းလမ်းတစ်ခုနဲ့ ရေကြီးခြင်းကို ကိုင်တွယ်ဖို့ Tofinu လူမျိုးစုဟာ အာဖရိကက အကြီးဆုံး ရေကန် မြို့ကို ဖန်တီးခဲ့တယ်။ "ငါတို့ ရှင်ကျန်ခဲ့တယ်"လို့ အနက်ရတဲ့ Ganvié က ကိုထွင်းလှေနဲ့ လှည့်ပတ်နိုင်တဲ့တူးမြောင်း စနစ်တစ်ခု နားမှာ စုစည်းထားတဲ့ ခြေတံရှည် အိမ်တွေနဲ့ ဆောက်ထားတယ်။ တော်ဝင် ရင်ပြင်က အတွင်းမှာ စာတိုက်တစ်ခု၊ ဘဏ်တစ်ခု၊ ဗလီတစ်ခုနဲ့ သီးခြား ငါးခြံ ၁၂၀၀၀ (သို့) လမုတောတွေက ဝန်းရံထားတဲ့ ဘားအချို့တောင်ပါဝင်တဲ့ ခြေတံရှည် အဆောက်အဦ ၃၀၀၀ ကြားမှာ တည်ရှိတယ်။ ဒီဓာတု ကင်းတဲ့ ကျူပင်အတုက ထုံးအိုင်ရဲ့ ထက်ဝက်နီးပါးကို ဖုံးထားပြီး ဒီတစ်ဝိုက်မှာ နေတဲ့ လူတစ်သန်းကို ကျွေးမွေးတယ်။ ကျွန်မကို အံ့ဩစေတာက သီးခြား လမုပင်တစ်ပင်ဟာ အတော်လေး မထင်ရှားတာပါ။ ၁၂၀၀၀ နဲ့ ဆပွားလိုက်တဲ့အခါ တိုင်းရင်း နည်းပညာတစ်ခု လုပ်ငန်းဆိုင်ရာ ရေမွေးမြုရေးပမာဏကို ဖန်တီးပေးတယ်၊ လမုပင် ဂေဟစနစ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါ။ ဒါပေမဲ့ ဒီနည်းပညာက အရင်ထက် ပိုများတဲ့ ဇီဝစုံလင်မှုကို တည်ဆောက်ပေးတယ်။ ဒီနှစ်အစောပိုင်းကပဲ ဩစတေးလျက အိမ်ကို ပြန်ရောက်တော့ အထူးဆန်းဆုံးအရာ ဖြစ်ပေါ်ခဲ့တယ်။ Sydney ကို ဝန်းရံနေတဲ့ တောမီးတွေကနေ ကျွမ်းနေတဲ့ ပြာတွေက Bondi Beach က ကျွန်မတို့အပေါ် ရွာချတယ်။ ကာဗွန် ထုတ်လွှင့်မှုအတွက် စိတ်ပူမိတယ်၊ ဗိုင်းရပ် ကူးစက်မှုတွေ မဟုတ်ပါ ကျွန်မတို့ဟာ နှာခေါင်းစည်းတွေ တပ်ထားပြီးသားပါ။ မီးခိုးလုံးတစ်ခုကြောင့် လေက မွန်းသွားတယ်၊ ဒါက နယူဇီလန်အထိ ရောက်သွားတဲ့အထိ ကြီးမားတယ်။ ဒီနောက်တော့ မှတ်တမ်းမှာ မြင်ဖူးသမျှတော့ အဆိုးဆုံးတွေဖြစ်တဲ့ ဒီတောမီးတွေ အလယ်မှာ မထင်မှတ်တာတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ မယုံနိုင်စရာ အံ့ဩဖွယ်ပါ။ တိုင်းရင်း မီးတုတ် စိုက်ပျိုးရေး အလေ့အထရှိခဲ့တဲ့ ဩစတေးလျက ဘိုးဘေးပိုင် မြေတွေဟာ ၎င်းတို့ ဝန်းကျင်မှာ ဒီ မီးတွေ အလျှံထနေစဉ် ကယ်တင်ခံရတယ်။ ဒီရှေးဟောင်း သစ်တောတွေက ရာသီအလိုက် မျိုးဆက်အလိုက် မီးလောင်ခြင်းကြောင့် ကျန်ရစ်ခဲ့တာပါ။ ဒါက သေးငယ်ပြီး မီးအေးအေး ရှို့ခြင်းရဲ့ ရှေးတိုင်းရင်း အလေ့အထတစ်ခုပါ။ ဒီတော့ တောမီးတွေဟာ သဘာဝ ဘေးဆိုပေမဲ့ ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်ကြောင့် ဒါတွေဟာ လူလုပ်တာတွလေည်း ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး သိပ်အံ့ဩစရာက ဒါတွေကို တားဆီးဖို့ ကူညီပေးတယ်လို့ ကျွန်မတို့သိတဲ့ ရှေးဟောင်းနည်းပညာ ကျွန်မတို့မှာ ရှိကာ ဒါကို နှစ်ထောင်ချီကာ ကွန်မတို့ အသုံးပြုခဲ့ကြတာပါ။ ဒီနည်းပညာတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းလွန်းတယ်လို့ ထင်မိတာက ၎င်းတို့ ခက်ခဲရှုပ်ထွေးပုံနဲ့ ၎င်းတို့ သဘာဝနဲ့ သဟဇာတဖြစ်ပုံပါ။ ဒီနောက်မှာ ဒါတွေကနေ သင်ယူခြင်းအားဖြင့် အားလုံး ကြံ့ကြံ့ခံလာနိုင်ပုံပါ။ ကပ်ကာလတစ်ခုနဲ့ ရင်ဆိုင်ရတာ များလွန်းတဲ့အခါ ကျွန်မတို့ ကာကွယ်ရေး တံတိုင်းတွေ ဆောက်တယ်။ ကျွန်မက ဗိသုကာတစ်ယောက်ပါ။ ခိုင်ခံမှုမှာ ဖြေရှင်းချက်တွေ ရှာဖို့ လေ့ကျင့်သင်ယူထားပါတယ်။ ကွန်ကရစ်၊ သံမဏိ၊ ဖန်သား ဒါတွေအားလုံးကို သဘာဝနဲ့ ဆန့်ကျင်တဲ့ ခံတပ်တစ်ခု ဆောက်ဖို့ အသုံးပြုကြတယ်။ ဒါပေမဲ့ ရှေးဟောင်း စနစ်တွေနဲ့ တိုင်းရင်း နည်းပညာတွေအတွက် ကျွန်မရဲ့ ရှာဖွေမှုက ခြားနားပါတယ်။ ကပ်ဆိုက်တဲ့ကာလမှာ ဖန်တီးမှု ပျိုးနိုင် တယ်ဆိုတဲ့ စိတ်ကူးတစ်ခုက စေ့ဆော်ပေးတာပါ။ ကျွန်မတို့မှာ နှစ်ထောင်ချီရှိနေတဲ့ ရှေးဟောင်း အသိပညာရှိပါတယ်။ ဒါကို နားထောင်ဖို့နဲ့ သဘာဝနဲ့ သဟဇီဝကျကျ ပုံစံထုတ်ခြင်းအကြောင်း တွေးခေါ်ခြင်းကို ပြန့်ကျယ်ခွင့်ပေးဖို့ပဲ လိုတာပါ။ နားထောင်ခြင်းအားဖြင့် ကျွန်မတို့ ပိုပြီးအမြော်အမြင် ရှိလာကာ လူတွေနဲ့ ကမ္ဘာဂြိုဟ်ကို ဘေးသင့်စေမယ်လို့ ကျွန်မတို့ သိတဲ့ ဒီ ၂၁ ရာစု စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်လာစေရုံပါ။ ဒါကို ကျွန်မ မြင်နေပါပြီ။ ဖြစ်နိုင်တာကို ကျွန်မသိတယ်။ .