ကျွန်တော်က "အနာဂတ်သမား"ပါ၊ အဲဒီ စကားလုံးကိုလည်း ကျွန်တော်ပဲ ထွင်ခဲ့တာပါ- (ရယ်သံများ) လွန်ခဲ့တဲ့ သုံးစက္ကန့် တုန်းကပါ။ ကျွန်တော်ဟာ အနာဂတ်ဆိုင်ရာကို လေ့လာနေတာ အနှစ် ၂၀ ရှိပါပြီ။ ကျွန်တော် အဲဒါကို ပထမအကြိမ် စတင်စဉ် လူတွေနဲ့ ထိုင်ချလျက်၊ "နှစ်ပေါင်း ၁၀၊ ၂၀ အကြောင်း ထုတ်ပြောကြရအောင်" ဆိုလေ့ရှိခဲ့ပါတယ်။ အဲဒါနဲ့ သူတို့က "ကောင်းပြီ " ဆိုကြပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလိုကာလဘောင်ဟာ တိုတိုလာတာကို ကျွန်တော် သတိထားမိပြီး၊ လွန်ခဲ့တဲ့ နှစ်လတုန်းက CEO တစ်ယောက်နဲ့ တွေ့တော့ ကျွန်တော်တို့ဟာ ကနဦး စကားဝိုင်းကို စခဲ့ကြတယ်။ သူက "ခင်ဗျား လုပ်တာ ကျွန်တော် သဘောကျတယ်။ နောက် ခြောက်လအကြောင်း ပြောကြရအောင်"တဲ့။ (ရယ်သံများ) ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အများကြီးပါ။ အဲဒါတွေက လူ့ယဉ်ကျေးမှု-စကေး ပြဿနာတွေပါ။ ဒါပေမဲ့ ခက်နေတာက၊ အဲဒီပြဿာနာတွေကို ကြိုစား ဖြေရှင်းဖို့ ကျွန်တော်တို့ အခုသုံးနေကြတဲ့ စိတ်ပိုင်း ပုံစံတွေကို သုံးြပီး ဒါတွေကို ဖြေရှင်းလို့မရနိုင်ဘူး။ နည်းပညာပိုင်းဆိုင်ရာ လုပ်နိုင်ခဲ့တာတွေ တကယ့်ကို များတာ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့က တကယ့်ကိုပဲ ခုနက ပြဿနာကြီးတွေကို ဖြေရှင်းဖြစ်ချင်ရင်၊ ကျွန်တော်တို့ အနေနဲ့ ဖြေရှင်းရန် လိုအပ်တဲ့ ရှေ့ပြေးပြဿနာ ရှိနေပါတယ်။ "ရေတိုဝါဒ" ပြဿနာကိုပါ။ တကယ်နော်။ ရေတိုဝါဒကို ဆန့်ကျင်တဲ့ ချီတက်ပွဲ မရှိပါ။ လက်ကြပ်လိုမျိုး မရှိပါ။ ရေတိုဝါဒကို ဆန့်ကျင်ချင်သူတွေ လက်မှတ် ထိုးစရာ လျှောက်လွှာလည်း မရှိပါ။ ကျွန်တော်က တင်ကြည့်ခဲ့ပေမဲ့ တစ်ယောက်မှ လက်မှတ်မထိုးခဲ့ပါ။ ကျွန်တော် စိတ်ပျက်မိတယ်။ (ရယ်သံများ) ဒါပေမဲ့ အများကြီး မလုပ်နိုင်အောင် ဟန့်တားပေးပါတယ်။ ရေတိုဝါဒဟာ အကြောင်းအမျိုးမျိုးကြောင့်၊ ကျွန်တော်တို့ လူတိုင်းရဲ့ လက်တွေ့ဘဝထဲ စိမ့်ဝင်လာနေပါတယ်။ ကျွန်တော်ဟာ တစ်စက္ကန့်လောက် အချိန်ယူပြီး ခင်ဗျားတို့ စဉ်းစားနေတဲ့ လုပ်ကိုင်နေတဲ့ ကိစ္စတစ်ခုကို စဉ်းစားစေချင်တယ်။ အဲဒါဟာ ကိုယ်ရေးဖြစ်နိုင်၊ အလုပ်ကိစ္စ ဖြစ်နိုင်တယ် တစ်ကမ္ဘာလုံးအတွက် သိပ်အရေးကြီးနိုင်ပါတယ်၊ ပြီးတော့ ဘယ်လောက် ဝေးတဲ့အထိ စဉ်းစားလျက် အဖြေရှာမယ် ဆိုတာကိုလည်း စဉ်းစားထားပါ။ ရေတိုဝါဒက CEO ကို တကယ့်ကို ဈေးကြီးကြတဲ့ လုံခြုံရေး ကိရိယာတွေကို မဝယ်နိုင်အောင် ဟန့်တားမှာပါ။ အဲဒါက အောက်ခြေကို ထိခိုက်ပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ Deepwater Horizon မျိုးကြုံလာရပါမယ်။ အဲဒီရေတိုဝါဒကပဲ ဆရာတွေကို သူတို့ရဲ့ ကျောင်းသားတွေကို တစ်ဦးချင်း အရည်အရည်အသွေး မြင့်မားစွာ သင်ဖို့ အချိန်မပေးပါ။ အဲဒါကြောင့် အခု အမေရိကမှာ အထက်တန်းကျောင်းသားတွေ ၂၆ စက္ကန့်တိုင်းမှာ ကျောင်းမှ ထွက်နေရတယ်။ ကွန်ဂရက်ကိုတောင်မှ အဲဒီ ရေတိုဝါဒက ဒီမှာ ကွန်ဂရက်ထဲက တစ်ဦးဦးရှိနေရင် ခွင့်လွတ်ဖို့ တောင်းပန်ပါရစေ- (ရယ်သံများ) ဒါမှမဟုတ် ဝမ်းနည်းစရာ ဟုတ်ချင်မှ ဟုတ်မှာပါ- (ရယ်သံများ) တကယ့်လိုအပ်တဲ့ အခြေခံအဆောက်အအုံ အတွက် ဘတ်ဂျက်ငွေကို ချမှတ်ခွင့် မပေးဘူး။ အဲဒါရဲ့ ရလဒ်အဖြစ် I-35W တံတါးကြီး ပြိုတာမျိုး ကြုံခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မီစီစီပီမြစ်ပေါ်က အဖြစ်လေ။ လူ ၁၃ ဦး သေဆုံးခဲ့ကြတယ်။ တစ်ချိန်လုံး ဒီလို မဟုတ်ခဲ့ပါ၊ ကျွန်ုပ်တို့ ပနားမားတူးမြောင်းကို တူးခဲ့ကြတယ်။ တစ်ကမ္ဘာလုံးမှာ ပိုလီယို ရောဂါကို တိုက်ဖျက်နိုင်ခဲ့ကြတယ်။ တိုက်ကြီးဖြတ် ရထားလမ်း၊ မာရှယ်စီမံကိန်း ကျွန်တော်တို့ ရုပ်လုံးဖေါ်ခဲ့တယ်။ အဲဒါက ထုထယ် ကြီးမားတဲ့ အဆောက်အအုံများ ဆိုင်ရာ ပြဿနာများသာ မဟုတ်ပါ။ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်လည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရေတိုဝါဒ ခေတ်ကြီးတွင်၊ အရာတိုင်းက အခုချက်ချင်း ဖြစ်ပျက်နေပြီး ကျွန်တော်တို့က တွီးတ် ဒါမှမဟုတ် ပို့စ်တစ်ခုရဲ့ သက်တမ်းကိုသာ စဉ်းစားနိုင်ကြလို့ ကျွန်တော်တို့ဟာ အလွန်အမင်း တုံ့ပြန်တတ်ကြပါတယ်။ အဲဒီတော့ ကျွန်ုပ်တို့ ဘာလုပ်ကြလဲ။ ကျွန်ုပ်တို့ဟာ စစ်မက်တွေ ဖြစ်နေတဲ့ နိုုင်ငံက လူတွေကို လက်ခံလျက် သူတို့ နောက်ကို လိုက်ကြပါတယ်။ ဆေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ယူပြီး ဘဝနဲ့ ဝေးရာတွင် ထားလိုက်ကြတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ McMansions ကို တည်ဆောက်ကြပါတယ်၊ လူတွေက အဲဒီမှ သူတို့ရဲ့ အလုပ်တွေကို ဘယ်လိုသွားမလဲ မစဉ်းစားခဲ့ကြပါ။ အမြန် ဖြေရှင်းနည်းပါ။ လက်တွေ့ အရှိတရားက ဘယ်လိုရှိလဲဆိုတော့ အဲဒီလို ပြဿနာများအတွက် နည်းပညာအရ ဖြေရှင်းနည်းတွေ ရှိပါတယ်၊ တော်တော်များများ အတွက်ပါ။ အဲဒီ နည်းပညာပိုင်း ဖြေရှင်းနည်းတွေကို ကျွန်တော်က သဲအိတ်မဟာဗျူဟာလို့ ခေါ်ပါတယ်။ မုန်တိုင်း ကျလာမှာကို ကိုယ်က သိတယ်ဆိုပါစို့၊ ရေကာတာ ကျိုးပေါက်နေပြီ၊ ဘယ်သူမှ ငွေမစိုက်လိုပါ၊ ကိုယ့်အိမ်ကို သဲအိတ်တွေနဲ့ ဝန်းရံခဲ့ရပါတယ်။ တကယ်တော့ အဲဒါ အလုပ်ဖြစ်ပါတယ်။ မုန်တိုင်း မရှိတော့ဘူး၊ ရေတွေလည်း ကျဆင်းသွားပြီ၊ သဲအိတ်တွေ ဖယ်ထုတ်လို့ ရပါပြီ။ မုန်တိုင်း တစ်ခုပြီး တစ်ခု အဲဒီလို လုပ်ကိုင်ကြရပါတယ်။ အဲဒီထဲတွင် အတွင်းကျတဲ့ အချက်တစ်ချက် ရှိပါတယ်။ သဲအိတ် မဟားဗျူဟာနဲ့ဆို ကိုယ် ပြန်ပြီး အရွေးခံ မရနိုင်ပါ။ သဲအိတ် မဟားဗျူဟာနဲ့ဆို သုံးလပတ် ကိန်းဂဏန်းတွေကို လှပအောင် လုပ်ပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရှေ့ကို ဆက်သွားချင်ရင်၊ လက်ရှိဟာနဲ့ မတူတဲ့ အနာဂတ်မျိုးဆီကို သွားချင်ကြတယ်ဆိုရင်၊ ဒီလိုသွားနေရင် အနာဂတ် မရှိဘူး ထင်တယ်၊ ၂၀၁၆ ခုနှစ်ဟာ ယဉ်ကျေးမှုရဲ့ အထွတ်အထိပ် မဟုတ်ပါဘူး။ (ရယ်သံများ) ကျွန်ုပ်တို့ လုပ်နိုင်တာ ရှိပါသေးတယ်။ ကျွန်တော် ထောက်ပြချင်တာက ကျွန်ုပ်တို့ရဲ့ တွေးခေါ်မှုပုံစံနဲ့ စိတ်ထဲက မြေပုံတွေကို ဒါမှမဟုတ် တွေးခေါ်ပုံကို မပြောင်းမချင်း ဘာမှ လုပ်လို့ ရမှာ မဟုတ်ပါဘူး။ ကျွန်တော် ရှာတွေ့ထားတာကို "ရေရှည်လမ်းကြောင်း" လို့ ခေါ်နိုင်ပါတယ်၊ လုပ်ကိုင်နည်း တစ်ခုပါ။ ပြီးတော့ အဲဒီရေရှည်လမ်းကြောင်းဟာ တစ်ကြိမ် လုပ်လုပ်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ ကျွန်တော် သေချာတာက ခင်ဗျားတို့လည်း အဲဒါမျိုး လုပ်ခဲ့ဘူးကြမှာပါ၊ သင်ပုန်းအဖြူတွေပေါ်မှာ မှတ်ချက်တွေ တစ်ပုံကြီးနဲ့ သူရော ကိုယ်ပါ လုပ်ခဲ့ကြပါတယ်- ဒီခန်းမထဲတွင် အဲဒီလို လုပ်ကိုင်ကြတဲ့ အကြံပေးတွေ ရှိရင် စိတ်မရှိကြပါနဲ့ - ရေရှည် စီမံချက် တစ်ခုခုကို ရေးဆွဲတတ်ကြပါတယ်၊ အဲဒီနောက် နှစ်ပတ်အကြာတွင်၊ လူတိုင်းက အဲဒါကို မေ့သွားကြပြီ။ ဟုတ်တယ် မှုတ်လား။ တစ်ပတ် ပိုကြာနိုင်တယ်၊ ကံကောင်းရင် သုံးလအပြီးမှာ မေ့သွားကြပြီ။ အဲဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီ လုပ်ကိုင်ရန် လိုအပ်တဲ့ အရာမဟုတ်လို့ပါ။ ကိုယ်က ဖြေရှင်းလိုတဲ့ ကိစ္စရပ်ကြီးတိုင်း အတွက် နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ချင်ရင် အဲဒါဟာ လုပ်ရိုးလုပ်စဉ်ကြီး ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်ဟာ စဉ်းစားနည်း သုံးနည်းကို ဆွေးနွေးချင်တယ်။ ပထမဟာက- မျိုးဆက်ကျော်ပြီး စဉ်းစားနည်းပါ။ ကျွန်တော်ဟာ ဒဿနိက ပညာရှင်တွေကို ချစ်ပါတယ်- Plato၊ Socrates၊ Habermas၊ Heidegger တို့လေ။ သူတို့ကို လေ့လာရင်း ကြီးပြင်းလာသူပါ။ ဒါပေမဲ့ ကျွန်တော်က ဒါကို အသေအချာ လေ့လာမကြည့်ခင်အထိ သတိမထားမိတဲ့ အချက်တစ်ချက်ကို သူတို့ အားလုံး လုပ်ကိုင်လေ့ ရှိခဲ့ကြတာကို သတိထားမိပါတယ်။ သူတို့ အားလုံးဟာ၊ သူတို့ရဲ့ လက်တွေ့ လုပ်ရပ်တွေကို တိုင်းထွာရေး ယူနစ်အဖြစ် တစ်ခုခုဟာ ကောင်းတယ် ဆိုးတယ် ဆိုတာ ဆုံးဖြတ်ရာတွင်၊ ဘဝတစ်သက်တာကို၊ မွေးရာမှ သေဆုံးတဲ့အထိ ကာလကို ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ချဉ်းကပ်စဉ်းစားကြရာတွင် ပြဿနာရှိနေတယ်- ပြဿနာတွေ ကျွန်ုပ်တို့အပေါ်မှာ ထပ်ပုံနေကြတယ်၊ ဒီလောကကြီးထဲ ကောင်းတာ တစ်ခုခုကို ကိုယ်မွေးပြီး မသေခင် လုပ်ပေးနိုင်ရင် အကောင်းဆုံး ဆိုတာ ကျွန်ုပ်တို့ သိကြပါတယ်။ ကျွန်ုပ်တို့ကို အဲဒီလို စီမံပေးထားလို့ပါ။ စာအုပ်ဆိုင်ထဲ ကိုယ့်ကိုကိုယ် ကူညီရေး ကဏ္ဍတွင် လေ့လာကြည့်ပါက၊ ကိုယ်နဲ့ ပတ်သက်နေတဲ့ အကြောင်းတွေချည်းပါပဲ။ အဲဒါဟာ အားရစရာကြီးပါ။ ခုနက ပြောပြခဲ့တဲ့ ပြဿနာကြီးတွေနဲ့ မသက်ဆိုင်ဘူး ဆိုရင်ပေါ့လေ။ ဒီတော့ မျိုးဆက်ကိုကျော်ပြီး တွေးခေါ်ကြည့်ရင်၊ တကယ်တော့ အဲဒါဟာ မျိုးဆက်ကိုကျော်တဲ့ ကျင့်စဉ်ပါပဲ၊ အဲဒီလိုဆိုရင် ကိုယ်ဟာ အဲဒီပြဿနာတွေကို တွေးခေါ်ပုံ ဘောင်ကို ချဲ့ပေးလျက်၊ အဲဒါတွေကို ကူဖြေရှင်းမှုထဲက ကိုယ်ရဲ့ အခန်းကဏ္ဍကို တွေ့နိုင်ပါမယ်။ ပြီးတော့ လုံခြုံရေးကောင်စီ ခန်းမကြီးထဲ တွင်သာ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အဲဒါကို ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ ပုံစံနဲ့ပါ လုပ်ပေးလို့ ရနိုင်ပါတယ်။ ဥပမာ ကံကောင်းချင်လို့၊ ကျွန်တော့ဇနီးနဲ့အတူ အပြင်ထွက် စားဖို့ရှိနေတယ်ဆိုပါစို့၊ ကျွန်ုပ်တို့မှာ ခုနှစ်နှစ်အောက် ကလေးသုံးဦးရှိသေးတယ်။ အဲဒါ အတော်လေး အေးချမ်းမယ့် ညစာ ဖြစ်နိုင်တာ ခန့်မှန်းနိုင်ကြပါပြီ။ (ရယ်သံများ) ကျွန်ုပ်တို့ ထိုင်ချလိုက်တာနဲ့၊ အေးဆေးစွာ စားသောက်လိုကြပါတယ်၊ ဒါပေမဲ့၊ ကိုယ့်ကလေးတွေရဲ့ ကျွန်ုပ်တို့ ဘာတွေ လုပ်ကြမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ စိတ်ကူးကျတော့ လုံးဝကို တမျိုးပါ။ ဒီတော့ ကျွန်တော်ရဲ့ ပထမဦးဆုံ စိတ်ကူးက သဲအိတ်မဟာဗျူဟာပဲလေ။ အဲဒါက ကိုယ့်အိတ်ကပ်ထဲက iPhone ကို ထုတ်ယူရန်နဲ့ ၎င်းကို "ပိတ်ချ" လိုက်ရန် ဒါမှမဟုတ် အကောင်းဆုံးဂိမ်းကို ပိတ်ချရန်ပါပဲ။ အဲဒီနောက်မှာ ကျွန်တော် ရပ်လိုက်တယ် ခုနက မျိုးဆက်ကျော် တွေးခေါ်မှုဆိုတာကို လုပ်ကိုင်ရန် လိုအပ်ပါတယ်။တင်ရန်ရှိသည်။ ခါတိုင်းဆို ကျွန်တော်ဟာ အဲဒါကို စားသောက်ဆိုင်မှာ လုပ်လေ့မရှိခဲ့ပါဘူး၊ အခုတော့ လုပ်ရတော့မယ်- တစ်ခါလုပ်ခဲ့ဘူးလို့၊ အဲဒါဟာ ထူးဆန်း နေခဲ့မှန်း ကျွန်တော် သိလာခဲ့ရတာပါ။ (ရယ်သံများ) ကိုယ်က "အိုကေ၊ ဒါကို ငါလုပ်နိုင်ပါတယ်" စဉ်းစားရန် လိုအပ်ပါတယ်။ ဒါနဲ့ အဲဒီအချက်က သူတို့ကို ဘာများသင်ပေးလဲ။ ကျွန်တော်ဟာ စာရွာက်စာတမ်း တချို့ကို ယူလာခဲ့မယ် ဒါမှမဟုတ် သူတို့နဲ့ တစ်ခုခုဆွေးနွေးဖို့ ကြိုးစားမယ်ဆိုရင်ကော။ အဲဒါ ခက်တယ်။ မလွယ်ပါဘူး၊ ကိုယ်ရေးကိစ္စ အဖြစ် လုပ်ပြခဲ့နေတာပါ။ အဲဒါဟာ စိတ်ကို ပိုထိခိုက်စေပါတယ် ကျွန်တော် လုပ်ကိုင်ခဲ့ရဘူးတဲ့ ပြဿနာကြီးတွေထက် ပိုခက်တဲ့အရာပါ - ကိုယ့်ကလေးတွေကို ညစာမှာ ဖြေဖျော်ရတဲ့ ကိစ္စပါ။ အဲဒါရဲ့ ကျေးဇူးအဖြစ် သူတို့ကို ကျွန်တော်နဲ့အတူ ပစ္စုပန်ထဲ ချိတ်ဆက်ခဲ့တယ်၊ တစ်ချိန်တည်းမှာ - မျိုးဆက်ကျော် ကျင့်စဉ်အရ တွေးခေါ်မှုရဲ့ အရေးကြီးဆုံးအချက်က - ကိုယ့်ကလေးတွေက သူတို့ရဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ကလေးတွေက သူတို့ရဲ့ ကလေးတွေကို အပြန်အလှန်တုံ့ပြန်ပေးကြရမှာကို သင်မှတ်ပေးချင်ပါပဲ။ ဒုတိယက အနာဂတ်ကို စဉ်းစားနည်းပါ။ ကျွန်တော်တို့က အနာဂတ်ကို စဉ်းစားရာတွင်၊ ၁၀၊ ၁၅ နှစ်ကို တွေးကြည့်ရင်၊ အနာဂတ်ဆိုတာ ဘယ်လိုများလဲ ကျွန်တော့်ကို ဖေါ်ပြပေးကြပါ။ ကျွန်တော့ကို ဖေါ်ပြပေးရန် မဟုတ်ဘဲ၊ ကိုယ့်ခေါင်းထဲမှာ စဉ်းစားကြပါ။ အဲဒီမှာ ခင်ဗျားတို့ မြင်ရဖို့ များတာက ယဉ်ကျေးမှုထဲ လွှမ်းမိုးနေတဲ့ မှန်ဘီလူးတွေပါ အနာဂတ်ကို စဉ်းစားရာတွင် လွှမ်းမိုးနေတဲ့ နည်းပညာဆိုတဲ့ မှန်ဘီလူးတွေပါ။ အဲဒါကြောင့် ပြဿနာတွေကို စဉ်းစားရင်၊ အမြဲတမ်း နည်းပညာဆိုတဲ့ မှန်ဘီလူးများမှ တဆင့် စဉ်းစားကြတာပါ၊ နည်းပညာ-ဗဟိုပြု၊ နည်းပညာ စိတ်ကူးရူး စသဖြင့် ဖြစ်နိုင်တယ်၊ အဲဒါ မမှားပါဘူး၊ ဒါပေမဲ့ အဲဒီအကြောင်းကို ကျွန်တော်တို့ ခုနက ပြဿနာကြီးတွေ ကျော်လွှားချင်ရင် လေးလေးနက်နက် စဉ်းစားဖို့ လိုပါတယ်၊ အဲဒါဟာ အမြဲတမ်း ဒီလိုမျိုး မဟုတ်ခဲ့ဘူးနော်။ ရှေးခေတ်တုန်းက လူတွေ သူတို့ အနာဂတ် အကြောင်းကို စဉ်းစားတွေးခေါ်ပုံက တစ်မျိုးပါ။ ပြီးတော့ အနာဂတ် ဘယ်လိုဖြစ်လိမ့်မလဲ ဆိုတာ ဘုရားကျောင်းမှာ သေချာပေါက် သိခဲ့ကြပါတယ်၊ ခင်ဗျားတို့ကလည်း ကိုယ့်အနာဂတ်ဆီ ကိုယ့်နည်းနဲ့ ခြေလှမ်းကြမှာ၊ ဟုတ်တယ်နော်။ ဒါပေမဲ့ လူသားတွေ ကံကောင်းချင်တော့၊ သိပ္ပံတော်လှန်ရေး ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီကတစ်ဆင့် နည်းပညာကို ကျွန်တော်တို့ ရလာကြတယ်၊ ဘယ်လို ဖြစ်ပျက်ခဲ့သလဲ ဆိုတော့ - ဒါနဲ့ ဝေဖန်နေတယ်လို့ မထင်မှတ်ကြပါနဲ့၊ ကျွန်တော်ဟာ နည်းပညာကို ချစ်ပါတယ်။ ကျွန်တော့အိမ်ထဲက အရာတိုင်း ကျွန်တော်နဲ့ စကားပြောနိုင်တယ်၊ ကိုယ့်ကလေးတွေနဲ့ စပီကာတွေမှအစ အရာရာတိုင်းပါပဲ။ (ရယ်သံများ) ဒါပေမဲ့ ကျွန်တော်တို့ဟာ အနာဂတ်ဆိုတာကို ရှေးရောမမြို့ ယဇ်ပုရောဟိတ်များထံမှ ယူလျက် Silicon Valley ထဲက ယဇ်ပုရောဟိတ်တွေ လက်ထဲကို ထည့်ပေးလိုက်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့က တစ်ခုခု စဉ်းစား ချင်ရင်၊ ရာသီဥတုပြဿနာကို ဒါမှမဟုတ် ဆင်းရဲမွဲတေမှု၊ အိမ်ယာမဲ့မှုကို စဉ်းစားရင် ကျွန်တော်တို့ဟာ ဦးစွာအနေနဲ့ အဲဒါကို နည်းပညာ မှန်ဘီလူးဖြင့် ကြည့်ချင်တယ်။ ကျွန်ုပ်တို့ဟာ ဒီလူဆီကိုမှ သွားရမယ်လို့ နားချနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ Joel ကို ချစ်ပါတယ်၊ ကျွန်တော့ကို တလွဲမထင်စေလိုပါ၊ Joel ဆီကို မသွားရဘူး မဆိုချင်ပါ။ ကျွန်တော် ပြောနေတာက ကျွန်ုပ်တို့ဟာ အနာဂတ်ကို ပုံစံတမျိုတည်းဖြင့် ကြည့်တတ်တဲ့ အကျင့်ကို ပြန်စဉ်းစားဖို့ကိုပါ၊ လွှမ်းမိုးနေတဲ့ မှန်ဘီလူးဖြင့်သာ ကြည့်တာမျိုး ရှောင်ဖို့ကိုပါ။ ကျွန်ုပ်တို့ရဲ့ ပြဿနာတွေက ကြီးမား ကျယ်ဝန်းကြလို့ ကျွန်ုပ်တို့ဟာ မျက်စိဖွင့်ကြည့်ရန် လိုပါတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ အတတ်နိုင်ဆုံး အနာဂတ် အကြေင်းကို ပြောချင်သူပါ၊ ကျွန်တော် အနာဂတ်အကြောင်းကို ပြောသူပါ။ ဆွေးနွေးမှုကို အဲဒါနဲ့ ထပ်ပြီး ဖွင့်ခဲ့ပါတယ်။ ဒီတော့ ခင်ဗျားတို့က ထိုင်နေပြီး အဲဒီလို အဓိကရ ပြဿနာနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘယ်လို လုပ်ကြမလဲကို စဉ်းစားရာတွင်၊ အိမ်မှာ ထိုင်နေတုန်း ဖြစ်နိုင်တယ်၊ ကိုယ့်အလုပ်မှာ ဖြစ်နိုင်ပါတယ်၊ အဲဒါ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဖြစ်နိုင်ပါတယ် - အဖြေကို ရှာကြံရာတွင် နည်းပညာရဲ့ ဘောင်ကို ကျော်ပြီး စဉ်းစားမှုကို ဖြတ်မပစ်ပါနဲ့၊ ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဆင့်ကဲ တိုးတက်မှုကို စဉ်းစားမယ့်အစား လောလောဆယ်မှာ နည်းပညာကို အလေးပေးနေကြလို့ပါ။ ကျွန်တော်တို့က အဲဒီလို မလုပ်နိုင်သရွေ့၊ ရေတိုဝါဒထဲမှ ရုန်းထွက်နိုင်လျက် ကိုယ်သွားလိုရာကို ရောက်နိုင်ကြမှာ မဟုတ်ပါဘူး။ နောက်ဆုံးပြောပြချင်တဲ့ တွေးခေါ်နည်းက ဂရိနိုင်ငံတွင် အမြစ်တွယ်ပါတယ်။ နောက်ဆုံး ရည်မှန်းချက်နှင့် နောက်ဆုံးပန်းတိုင်ပါ။ အဲဒါက တကယ်တော့ မေးခွန်း တစ်ခုကို မေးခြင်းပါပဲ- ဘယ်အဆုံးအထိကိုလဲ။ ခင်ဗျားတို့ ကိုယ့်ကိုကိုယ် ဘယ်အဆုံးအထိလဲ ဆိုပြီး မေးခဲ့တာ ဘယ်တုန်းကလဲ။ အဲဒီလို ကိုယ့်ကိုကိုယ်မေးခဲ့ချိန်မှာ ခင်ဗျားတို့ ဘယ်လောက်အထိ သွားနိုင်ခဲ့သလဲ။ ရှည်လျားမှုဟာ အခုတော့ ရှည်လျားပါတယ်လို့ ပြောမရတော့ပါ။ သုံးနှစ်၊ ငါးနှစ်နဲ့ အရာမရောက်နိုင်ဘူး။ နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၁၀၀ စသဖြင့် ဖြစ်ရမယ်။ Homer ရဲ့ ဂန္တဝင် "The Odyssey" ထဲတွင် Odyssey နိုင်ငံသားများဆီတွင် ‘‘ဘယ်လောက်အထိ’’ဆိုတာရဲ့ အဖြေရှိခဲ့ပါတယ်။ အဲဒါဟာ Ithaca ဖြစ်ခဲ့ပါတယ်။ သူရဲ့ ရဲဝံ့လှတဲ့ မျှော်မှန်းချက် ဖြစ်ခဲ့ပါတယ်- Penelope ကို ပြန်သွားရန်ပါ။ ကျွန်တော် လုပ်ကိုင်လာခဲ့တာရဲ့ နောက်မှာ ကျွန်တော် ပြောနိုင်တာက၊ ခင်ဗျားတို့လည်း အလိုလို သိပါတယ်- ကျွန်ုပ်တို့ရဲ့ Ithaca ပျောက်နေပြီ။ ကိုယ်ရဲ့ "ဘယ်အထိလဲ"ဆိုတာ ဆုံးရှုံးသွား ခဲ့လို့ တစ်နေရာတည်းမှာ လည်နေကြရပါတယ်။ ကျွန်ုပ်တို့ဟာ ပြဿနာ တွေကို ဖြေရှင်းဖို့ အားထုတ်ကြတယ်၊ ဒါနဲ့ ပြဿနာကို ဖြေရှင်းပြီးရင် ဘာဖြစ်လာမလဲ။ နောက်မှာ ဘာလာမလဲ ဆိုတာကို မသိသရွေ့ လူတွေဟာ ဘာမှ လုပ်ကြမှာ မဟုတ်ပါဘူး။ လုပ်ငန်းတွေကို လိုက်ကြည့်ရင်၊ လုပ်ငန်းတွေနဲ့သာ ဆိုင်တာ မကပါ၊ ရေတို ဝါဒကို ကျော်ပြီး ကြည့်နိုင်ကြတဲ့ လုပ်ငန်းများဆိုလို့ မိသားစုလုပ်ငန်းများ ဖြစ်နေတာ အားလုံး မြင်တွေ့ကြရမှာပါ။ သူတို့ဟာ မျိုးဆက်ကိုကျော်ပြီး ကြည့်သူတွေ၊ သူတို့မှာ ရည်မှန်းချက်နဲ့ အနာဂတ် ရှိတယ်။ ဒီနေရာမှာ Patek Philippe ကို ကြော်ငြာသလို ဖြစ်ပါမယ်၊ အဲဒီနာရီဟာ ၁၇၅ နှစ်ရှိပါပြီ၊ ပြီးတော့ ဒီတံဆိပ်ထဲမယ် ကျွန်တော် ပြောတဲ့ ရေရှည်ဝါဒ ဆိုတာကို မြှုပ်နှံ ထည့်သွင်းပေးထားသလို ဖြစ်နေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ Patek Philippe ကို ဘယ်တော့မှ ပိုင်ဆိုင်ကြမှာ မဟုတ်ပေမဲ့၊ ကျွန်တော်က တော့ ကျိန်းသေပါတယ်- (ရယ်သံများ) တစ်ယောက်ယောက်က စင်ပေါ်ကို ဒေါ်လာ ၂၅၀၀၀ ပစ်မပေးသရွေ့ပေါ့လေ။ အဲဒီလို နာရီဟာ နောက်မျိုးဆက်ဆီကို မျှော်မှန်းမှု ဖြစ်တာရှင်းနေပါပဲ။ ဒီတော့ ကျွန်တော်တို့ မှတ်မိနေရန် အရေးကြီးတာက၊ အနာဂတ်ကိုပါ၊ ကျွန်တော်တို့က အဲဒါကို နာမ်လို သဘောထားကြပါတယ်။ အဲဒါမဟုတ်ဘူး၊ အဲဒါဟာ ကြိယာဖြစ်ပါတယ်။ လှုပ်ရှားရန် တောင်းဆိုပါတယ်။ အဲဒါက တွန်းပို့ပေးရန်ကို တောင်းဆိုပါတယ်။ အဲဒါက ကျွန်တော်တို့ကို ဆေးကြောပေးတဲ့ အရာမျိုး မဟုတ်ပါ။ ကျွန်ုပ်တို့ လုံးဝကို ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုပါ။ ရေတိုဝါဒ လူ့အဖွဲ့အစည်းထဲ ထိန်းချုပ်မရနိုင်စကောင်းပါ။ ထောင်ချောက်ထဲ ပိတ်မိနေသလို ခံစားရတယ်။ ကျွန်ုပ်တို့ဟာ အဲဒါကို ကျော်လွန်နိုင်ကြပါတယ်။ ကျွန်တော်ဟာ တစ်ချိန်ချိန်မှာ ရှောင်လွှဲမရနိုင်တဲ့ အနာဂတ်အချိန်မှာ ကျွန်တော် သေဆုံးသွားရမှာကို သိထားတဲ့ နောက်မှာ နေထိုင်ရတာ သက်တောင့်သက်သာ ရှိလာပါတယ်။ အဲဒီလို ပုံစံသစ်ဖြင့် စဉ်းစားရင်း လုပ်ကိုင်လာတဲ့ အခါမှာ၊ ပြင်ပကမ္ဘာထဲမှာရော၊ ကျွန်တော့ အိမ်မှာ ရှိတဲ့ မိသားစုထဲမှာပါ၊ ကလေးတွေအတွက် ချန်ထားခဲ့မှာနဲ့ ပတ်သက်ပြီး စိတ်ထဲ ပိုအဆင်ပြေလာပါတယ်။ လူတော်တော်များများက အဲဒီကိစ္စနဲ့ပတ်သက်ရင် တကယ့်ကို စိတ်ပျက်ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက၊ အဲဒါကို စဉ်းစားကြည့်ကြပါ။ ဒီစဉ်းစားနည်းကို ကျင့်သုံးခြင်းဖြင့် ရှောင်လွှဲမရနိုင်တဲ့ ခုနက အတော့်ကို မသက်သာမှုတွေကို နောက်မှာ ချန်ထားနိုင်ခဲ့မှာပါ။ အဲဒါဟာ တကယ်တော့ ကိုယ့်ကိုကိုယ် ဒီလို မေးခွန်းမျိုး မေးမှုမှ စတင်ပါတယ်- ကိုယ့် ရေရှည်လမ်းကြောင်းက ဘာလဲ။ ခင်ဗျားတို့က အဲဒီမေးခွန်းကို ကိုယ့်ကိုကိုယ် မေးတဲ့အခါမှာ ဒီနေ့ည ဒါမှမဟုတ် ကားမောင်းနေတုန်း ဒါမှမဟုတ် အစည်းအဝေးခန်းထဲ ဒါမှမဟုတ် ပြဿနာအတွက် အဖြေရှာနေစဉ်- ရေရှည်လမ်းကြောင်းကို ကျော်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။ လာမယ့် သုံးနှစ် ဒါမှမဟုတ် ငါးနှစ်အတွက် ငါရဲ့ ရေရှည်လမ်းကြောင်းက ဘာလဲ။ ကိုယ့် တစ်သက်တာမှာ လုပ်နိုင်မှာအတွက် လမ်းခရီးကို ချမှတ်ကြပါ၊ အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ထင်ခဲ့ကြတာထက် ပိုကြီးမားတဲ့ အရာတွေကို လုပ်နိုင်လာတာကို တွေ့လာရမှာပါ။ ကျွန်တော်တို့ဆီမှာ ဧရာမ ပြဿနာကြီးတွေ အများကြီး ရှိနေတာ အမှန်ပါပဲ။ ဒီလို လုပ်ကိုင်ပုံနဲ့၊ ဒီလို စဉ်းစားပုံနဲ့၊ ကျွန်တော်တို့ဟာ တမူထူးအောင် လုပ်နိုင်ကြမှာပါ။ ခင်ဗျားတို့လည်း အဲဒီလို သူမတူ ထူးခြားအောင် လုပ်နိုင်ကြမှာပါ။ ကျွန်တော် ခင်ဗျားတို့ အားလုံးကို ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)