ကျွန်တော်တို့ ဒီနေ့ ပြောပြလိုတာ အိုင်ရီးစ် ဆိုတဲ့ ကလေးမလေးရဲ့ အဖြစ်အပျက်ပါ။ အိုင်ရီးစ်ဟာ သိပ်ကို ထိခိုက်လွယ်သူလေးပါ။ ဘယ်လောက်အထိတောင်လဲ ဆိုတော့ တစ်ချိန်လုံးကို မျက်ရည် စက်လက်နဲ့ပါ။ သူဟာဝမ်းနည်းတဲ့ အခါမှာ ငိုတယ်၊ ဝမ်းသာတဲ့ အခါမှာ အကြောင်းဖြစ်ရပ်တွေက သူမကို စိတ်အနျောက်အယှက် ပေးတဲ့ အခါတွေတောင်မှာမှ မျက်ရည်ကျတတ်တယ်။ သူမဆီမှာ ရှိတဲ့ အထူး အကျိတ် (lacrimal gland) တွေဟာ မျက်ရည်အသစ်တွေကို ထုတ်လုပ်ပေးကြပါတယ်၊ ပြီးတော့ lacrimal puncta လို့ခေါ်တဲ့ အထူးပြွန်တွေကျတော့ မျက်ရည် အဟောင်ေးတွကို အဝေးယူထုတ်ပစ်ပြီး ခြောက်သွားစေဖို့ အတွက်ပါ။ သူငိုတာ ဘယ်လောက်တောင် များသလဲဆိုတော့၊ တစ်ရက်တစ်ရက်ကို မျက်ရည် ဆယ်အောင်စ ရှိတာမို့လို့ တစ်နှစ်ကို ဂါလံ သုံးဆယ်ကြီးတောင်ဗျာ။ တကယ့်တကယ်ကျတော့၊ အနီးကပ် ကြည့်ကြည့်မယ်ဆိုရင်၊ သူမဟာ တစ်ချိန်လုံးလိုလိုမှာ အနည်းနဲ့အများ ငိုနေတာပါ။ အိုင်ရီးစ်က တစ်ချိန်လုံး ထုတ်လုပ်ပေးနေတဲ့ အခြေခံ မျက်ရည်တွေကတော့ ပါးလှတဲ့အလွှာပါး သုံးခုမှ ထွက်လာခြင်း ဖြစ်ပြီါ် သူမကို လွှမ်းခြုံထားတဲ့ အညစ်အကြေးများကို ထုတ်ယူပစ်ပေးပါတယ်။ အိုင်ရီးစ်နဲ့ကပ်လျက် နောက်တစ်ခုက ချွဲရည်အလွှာပါ ၎င်းဟာ အရာအားလုံးကို တုတ်ချီထားတာပါ။ အဲဒါရဲ့ အပေါ်မှာက ရေကြည်လွှာ ရှိတယ် အိုင်ရီးစ်ကို ရေစိုနေအောင် လုပ်ပေးတယ် ကျူးကျော်ဝင်လာကြတဲ့ ဗက်တးရီးယားတွေကို တွန်းထုတ်ပါတယ်၊ ပြီးတော့ သူမရဲ့ အသား ဒါမှမဟုတ် မျက်ကြည်လွှာကို ကာကွယ်ပေးပါတယ်။ နောက်ဆုံးမှာတော့ အဆီရဲ့အလွှာ ရှိပါတယ်။ အပြင်မှနေပြီး ဖုံးအုပ်ထားတဲ့ အဆီလွှာဖြစ်ပြီး မျက်နှာပြင်ကိုချောမွေ့အောင်လုပ်ပေးပါတယ်။ အဲဒါမှ အိုင်ရီးစ်ဟာ ထုတ်ချင်းပေါက် မြင်နိုင်မှာ ဖြစ်သလို ကျန်တဲ့ အလွှာတွေ အငွေပျံ ခြောက်မသွားအောင် ကူပေးပါတယ်။ ပုံမှန်အားဖြင့် အိုင်ရီးစ်ဟာ တစ်နေ့လုံး သွားလာနေရင်း ပင်ကိုမူလ မျက်ရည်တွေ သူတို့ရဲ့ အလုပ်ကို လုပ်နေကြတာကို သတိတောင် မထားမိပါဘူး။ အဲဒါမျိုးကို စဉ်းစားမိတာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့၊ တစ်နေ့တော့ သူမဟာ ကြက်သွန်နီ ဆိုတဲ့ ကလေးမလေးနဲ့ တွေ့မိပါတယ် အိုင်ရီးစ်ဟာ တစ်ချက်တည်းနဲ့ကို အရမ်းကြိုက်မိတယ်။ ကြက်သွန်နီဟာ သူမရဲ့ ခရမ်းရောင် အပေါ်အင်္ကျီနဲ့ သားနားနေလိုက်တာ၊ ပြီးတော့ အနံ့ကလဲ အရမ်းကို ကောင်းလိုက်တာ။ အဲဒါနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီကို ညာစာစားဖို့ သူ့အိမ်ကို ဖိတ်လိုက်ပါတယ်။ ဒါပေမဲ့ သူမဟာ အိမ်ကို ရောက်လာလို့ အပေါ်အင်္ကျီကို ချွတ်လိုက်တာနဲ့ ကြောက်မက်စရာ တစ်ခုခု ဖြစ်လာပါတော့တယ်။ ဖြစ်ပုံက ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်ခွာလိုက်တာနဲ့ ဓါတု အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့လို့ပါ။ ၎င်းရဲ့ ထက်မြက်တဲ့ အနံ့ရဲ့ အကြောင်းရင်း ဖြစ်တဲ့ ဆာလ်ဖိုဆိုက်တွေဟာ ဆာလ်ဖဲနစ် ငရဲမီး အဖြစ် ပြောင်းလဲလာပြီး အဲဒါက တဖန် syn-Propanethial S-oxide လို့ ရှည်လျားစွာခေါ်ယူရတဲ့ မနှစ်မြို့ဖွယ် ဓါတ်ငွေ့အဖြစ်ကို ပြောင်းလဲလာခဲ့ခြင်း ကြောင့်ပါ။ အဲဒီဓါတ်ငွေ့ဟာ အိုင်ရီးစ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာစေတော့တာပေါ့။ အဲဒါနဲ့ ရုတ်ခနဲဆိုသလို သူမဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ ထိန်းမရ သိမ်းမရ ငိုလာပါတော့တယ်။ အဲဒီ အလိုလို တုန့်ပြန်ပြီး ထွက်လာကြတဲ့ မျက်ရည်တွေဟာ အိုင်ရီးစ် အနေနဲ့ ရိုးနေပြီဖြစ်တဲ့ ပင်ကိုမူလ မျက်ရည်တွေနဲ့ မတူပါဘူး။ အဲဒီလို ထွက်လာတဲ့ မျက်ရည်တွေရဲ့ ရည်ရွယ်ရင်းကိုက အန္တရာယ် ရှိနိုင်ကြတဲ့ အရာများ ဒါမှမဟုတ်အပိုင်းအစလေးတွေကို ဆေးကြောပစ်ဖို့ ဖြစ်တာမို့လို့ အလုံးအရင်းနဲ့ ထုတ်လုပ်ပေးရပါတယ်။ ပြီးတော့ ၎င်းတို့ရဲ့ အရည်ကြည်လွှာထဲမှာ ပဋိပစ္စည်းတွေ အများကြီး ပါဝင်နေလို့ အထဲကိုဖောက်ဝင်ဖို့ ကြိုးစားနိုင်ကြတဲ့ ဘယ်လို မိုက်ခရို အကောင်လေးတွေကိုမဆို တားဆီးပစ်မှာပါ။ အိုင်ရီးစ်ရော ကြက်သွန်နီ နစ်ဦးစလုံး စိတ်ပျက်ကြရပါတယ်။ အခုလို ပုံစံမျိုးနဲ့ အိုင်ရီးစ်ဟာ ကြက်သွန်နီက သူ့အပေါ်အင်္ကျီကို ချွတ်လိုက်တိုင်း နာကျင်လွန်လို့ သူ ငိုနေရမယ့် အဖြစ်ကြောင့် သူတို့ဟာ ဆက်လက်ဆက်ဆံ မရနိုင်တော့ပါ။ အဲဒါနဲ့ သူတို့ဟာ ခွဲလိုက်ကြဖို့ ဆုံးဖြတ်ကြရပါတယ်။ ကက်သွန်နီက တံခါးအပြင်ကို ထွက်သွားတာနဲ့ အိုင်ရီးစ်ဟာ အငိုတိတ်သွားပါတယ်။ ပြီးတော့ ချက်ချင်းဆိုသလို ပြန်ပြီး ငိုလာတယ်။ အခုတစ်ချါမှာတော့ သူမရဲ့ မျက်ရည်တွေဟာ အလိုလိုတုံ့ပြန်တဲ့မျက်ရည် မဟုတ်ဘဲ စိတ်လှုပ်ရှား ဝမ်းနည်းမှု မျက်ရည်တွေပါ။ တစ်ယောက်ယောက်ဟာ သိပ်ကို ဝမ်းနည်းနေမယ် ဒါမှမဟုတ် ဝမ်းသာနေမယ်ဆိုရင် ကိုယ့်ကို ထိန်းချုပ် မရသလို ခံစားလာရခြင်းဟာ အန္တရာယ် ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ စိတ်လှုပ်ရှားမှု မျက်ရည်တွေကို စေလွှတ်ပြီး စိတ် ခြေအနေကို အတတ်နိုင်ဆုံး အမြန်ဆုံး တည်ငြိမ်အောင် လုပ်ပေးတာပါ။ အဲဒီ တစ်ချိန်တည်းမှာ နှလုံးခုန်နှုန်း မြန်လာတာတို့၊ အသက်ရှူမှု နှေးလာတာတို့လို တခြား ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကိုလည်း တွေ့မြင်ကြရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေကတော့ ဒီကိစ္စထဲမှာ မျက်ရည်တွေ ကိုယ်၌ ကိုက ဘယ်လို ကူညီပေးကြတာလဲ ဆိုတာ မသေချာကြပါဘူး။ ၎င်းတို့ဟာ လူမှုရေး ယန္တရား တစ်ခု ဖြစ်နိုင်ပြီး၊ တဖက်သားရဲ့ ကြင်နာမှုကို ဒါမှ အရှုံးပေးမှုကို ခံယူချင်လို့ ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ တချို့သော လေ့လာမှုများအရ စိတ်လှုပ်ရှားလို့ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ ဖိစီးမှု ဟိုမုန်းဓါတ်တွေ တိုးပွားလာတာကို တွေ့ရပါတယ်။ ACTH နဲ့ enkephalin လိုခေါ်တဲ့ endorphin နဲ့ နာကျင်မှုကို ပျောက်စေတဲ့ အရာတွေပါပါတယ်။ ကျွန်တော်တို့ အခုမြင်ကြရတဲ့ အဖြစ်ထဲမှာ စိတ်လှုပ်ရှားမှု မျက်ရည်တွေက အိုင်ရီးစ်ကို စိတ်ငြိမ်အောင် တိုက်ရိုက် ကူညီပေးတာကို ပြီးတော့ သူမရဲ့ စိတ်လှုပ်ရှားမှု အခြေအနေကို အခြားသူတို့အား ပြသပေးနေတာကို တွေ့မြင်နိုင်ပါတယ်။ ဆော်ရီးပဲ ကြက်သွန်နီရေ၊ အိုင်ရီးစ်နဲ့ အဆင်မပြေတာကို စိတ်မပူပါနဲ့လေ။ ကျွန်တော်တို့ အားလုံးဆီမှာ အဲဒီလို မျက်ရည်တွေ သုံးမျိုးသုံးစား ရှိနေသရွေ့ ကျွန်တော်တို့ဟာ စိတ်ချက်လက်ချ ကျန်းမာစွာ နေထိုင်နိုင်ကြမှာ ဖြစ်ပြီး အားလုံး အခြေအနေ ကောင်းနေမှာပါ။ ခင်ဗျားတို့အားလုံး မြင်လာကြရမှာပါ။